Autozonic Media Myanmar

Autozonic Media Myanmar မင်္ဂလာပါ
(5)

မိုင် ၃၀၀ ကျော်မောင်းလို့ရပြိး 128kW Charging Speed နဲ့အားသှငျးလျို့ရတာကွောငျ့ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ Kia EV3---...
06/06/2025

မိုင် ၃၀၀ ကျော်မောင်းလို့ရပြိး 128kW Charging Speed နဲ့အားသှငျးလျို့ရတာကွောငျ့ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ Kia EV3
--------------------------------------
မြန်မာပြည်ကိုရောက်လာတော့မယ်လို့ သတင်းထွက်နေတဲ့ electric subcompact SUV ကားသစ်တစီးဖြစ်တဲ့ Kia EV3 ရဲ့ Shale Grey Color လေးပါ။ single-motor နဲ့ front-wheel drive အမျိုးအစားဖြစ်ပါတယ်။ Version က ၂ မျိုးရှိပြီးတော့ standard range က Battery Capacity 58.3-kWh Battery နဲ့လာမှာဖြစ်ပြီးတော့ long-range အမျိုးအစားကတော့ 81.4-kWh နဲ့လာမှာဖြစ်ပါတယ်။

Range ကတော့ 330miles အထက်ရမှာဖြစ်ပြီးတော့ 128kW Charging Speed နဲ့အားသွင်းလို့ရမယ်။ 10% to 80% ကို မိနစ် ၃၀ နဲ့အားသွင်းနိုင်မှာပါ။ 12.3-inch touchscreens Infotainment screen ပါဝင်ပါတယ်။ Dashboard နဲ doors တွေကတော့ သဘာဝပန်းဝန်းကျင်ကိုကာကွယ်ဖို့အတွက် recycled fabrics materials တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ Kia EV3 2026 အဓိက စျေးကွက်ထဲမှာ ပြိုင်ဆိုင်ရမဲ့ competitor ကတော့ Volkswagen ID.4. EV ပဲဖြစ်ပါတယ်။

SUV ကားကောင်းစီးချင်တဲ့သူတွေအတွက် Jetour T2 က ဝယ်ဃူသင့်တဲ့ ကားတစီးလား? -------------------------------------Jetour T2 က ...
26/05/2025

SUV ကားကောင်းစီးချင်တဲ့သူတွေအတွက် Jetour T2 က ဝယ်ဃူသင့်တဲ့ ကားတစီးလား?
-------------------------------------
Jetour T2 က (SUV Series) ဟာ တရုတ်နိုင်ငံက Chery Group ရဲ့ sub-brand ဖြစ်တဲ့ Jetour က ထုတ်လုပ်တဲ့ rugged off-road SUV ဖြစ်ပါတယ်။

မင်္ဂလာပါမိတ်ဆွေတို့ရေ။ ဒီနေ့မှာတော့ တရုတ် SUV စီးရီးထဲက အလွန်စိတ်ဝင်စားဖွယ် ဖြစ်နေတဲ့ Jetour T2 အကြောင်းရှင်းပြ ပေးဖို့ အချိန်ကျရောက်လာပါပြီ။ Rugged အပြင်အဆင်နဲ့ Off-road အတွက် တိုက်ရိုက်ပြုလုပ်ထားတဲ့ ဒီကားဟာ လူကြိုက်များတဲ့ တခြား SUVs တွေနဲ့ ယှဉ်လို့ရတဲ့အထိ မိုက်ပါတယ်။ ဒီတော့သူ့ရဲ့ထူးခြားတဲ့ အားသာချက်တွေကို အသေးစိတ် ပြောပြသွားပါမယ်။

Jetour T2 ရဲ့ ဒီဇိုင်းကတော့ boxy-shaped Land Rover Defender Design ဖြစ်ပြီး military rugged look ရပါတယ်။ ဒါကြောင့် လေးထောင့်ပုံစံ ဘော်ဒီနဲ့ မြင့်မားတဲ့ မြေပြင်အမြင့် (ground clearance) က သူ့ကို လမ်းကြမ်းတွေအတွက်ပါ အသင့်တော်ဆုံးဖြစ်စေပါတယ်။ ထောင့်ဘက်တွေထိ LED headlamps အပြင် ပိုမိုကြည်လင်တဲ့ night vision အတွက် matrix-style lighting system နဲ့ Rugged အပြည့်ရှိတဲ့ grille ဒီဇိုင်းတို့က ဒီကားကို စတိုင်ကျစေတဲ့အပြင် နေရာမရွေးအသုံးပြုနိုင်တဲ့ SUV တစ်စီးအဖြစ်ပါ ညွှန်းဆိုရလောက်တဲ့အထိပဲ။ 20-inch all-terrain alloy wheels တွေ၊ ပိုမိုမြင့်မားတဲ့ Ground Clearance (223mm ခန့်) ၊ အကြမ်းစား off-road bumpers တွေနဲ့ roof rack ပါဝင်တာကြောင့် တောထဲ၊ ဒါမှမဟုတ် ကျောက်တောင်တက်တာလိုမျိုး ကြမ်းတမ်းတဲ့ သွားလာမှုမျိုးတွေမှာတောင် အသုံးတည့်စေပါတယ်။ နောက်ဖက်ကလည်း ခိုင်ခံ့မှုပိုင်းကို ထပ်မံပြသနိုင်တဲ့ vertical taillamps နဲ့ side-hinged rear gate ပါဝင်ပါသေးတယ်။

Jetour T2 ရဲ့အတွင်းပိုင်းကတော့ luxury SUV တစ်စီးလို ခံစားရမယ့် design ဖြစ်ပါတယ်။ Cabin ထဲမှာ 15.6-inch central infotainment screen, 10.25-inch full-digital instrument cluster တို့ ပါဝင်ပြီး Huawei HiCar OS ကို အသုံးပြုထားပါတယ်။Apple CarPlay/Android Auto တိုက်ရိုက် support မရှိနိုင်ပေမယ့် HiCar နဲ့ တချို့တရုတ်ဖုန်းတွေကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Leather upholstery များ၊ soft-touch surfaces နဲ့ ခေတ်မီပစ္စည်းတွေကို အသုံးပြုထားပြီး ထိုင်ခုံများမှာ power adjustable, heated, cooled, နှင့် massage function ပါဝင်တဲ့ trims တွေပါရှိပါတယ်။ ထိုင်ခုံစနစ်ဟာ ခန္ဓာကိုယ်နဲ့အံဝင်ခွင်ကျတဲ့ ergonomic design ဖြစ်တာကြောင့် ခရီးဝေးသွားလာရင်တောင်မှတ်ပင်ပန်းမှုနည်းစေပါတယ်။ Cabin ထဲက နေရာချပေးမှု, especially rear legroom နဲ့ headroom, ဟာ mid-size SUV အတွင်းအကောင်းဆုံးတွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

Jetour T2 ကို 2.0-liter TGDI turbocharged petrol engine တပ်ဆင်ထားပြီး 187kW (254 hp) နှင့် 390 Nm torque ထုတ်ပေးနိုင်ပါတယ်။ ထုတ်လိုက်တဲ့စွမ်းအင်ကို Wet-type 7-speed Dual-Clutch Transmission (DCT) မှတစ်ဆင့် 4WD System ဆီ လွှဲပြောင်းပေးပါတယ်။ T2 မှာ body-on-frame platform ကို အသုံးပြုထားတာကြောင့် ခိုင်ခံ့မှုအမြင့်မားပြီး ရိုးရှင်းတဲ့ off-road maintenance ကို allow လုပ်ပေး ပါတယ်။ Torsen Limited Slip Differential, Multiple Terrain Drive Modes, Crawl Control နဲ့ Hill Descent Control တို့ပါဝင်ပါတယ်။ ဒီကားဟာ ကြမ်းတဲ့လမ်းမကြီးတွေထဲမှာတောင် သာမန် luxury SUV တစ်စီးလို စီးနင်းခံစားမှုကို ရနိုင်ပါတယ်။

ဒီကားရဲ့နည်းပညာနဲ့ Security ပိုင်းဆက် ပြောရမယ်ဆိုရင် Jetour T2 ရဲ့ဘရိတ်စနစ်ပိုင်းမှာ ABS (Anti-lock Braking System) နဲ့ EBD (Electronic Brakeforce Distribution) စနစ်တွေပါဝင်တာကြောင့် ရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့အခါမှာတောင် ကားကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဒါအပြင် Jetour T2 ဟာ Level 2 ADAS System ပါဝင်တဲ့ SUV တစ်စီးဖြစ်ပါတယ်။ ဒါအပြင် ထိရောက်တဲ့ Electronic Safety Systems တွေဖြစ်တဲ့ Adaptive Cruise Control, Lane Departure Warning & Lane Keeping Assist, Autonomous Emergency Braking (AEB), Blind Spot Detection, 360-degree Panoramic Camera နဲ့ Front & Rear Parking Sensors စတဲ့ features များစွာပါဝင်လို့ လမ်းမရှိတဲ့နေရာတွေမှာပါ ယုံကြည်မှုအပြည့်နဲ့ မောင်းနိုင်စေမှာအမှန်ပဲ။ ယာဉ်မောင်းသူအတွက်မကဘဲ ခရီးသည်များအတွက် လုံခြုံရေးအတွက်ကိုလဲ ဒီကားထဲမှာ Airbags အများအပြားကို နေရာအနှံ့မှာ တပ်ဆင်ပေးထားပါတယ်။

Jetour T2 ဟာ rugged design, practical interior, high ground clearance, and proper off-road credentials တို့နဲ့ SUV စျေးကွက်ထဲမှာ ထင်ရှားတဲ့ အခန်းကဏ္ဍတစ်ခုကို ရယူနိုင်မယ့်ကားတစ်စီးပါပဲ။ မိသားစုအတွက်ဖြစ်စေ၊ ခရီးဝေးစီးနင်းမှုများအတွက်ဖြစ်စေ၊ ဒါမှမဟုတ် တောလမ်းကြမ်းတွေသွားချင်တဲ့ adventure lover တစ်ယောက်အတွက်ဖြစ်စေ Jetour T2 ဟာ စိတ်ချလက်ချ ရွေးချယ်လို့ရတဲ့ SUV တစ်စီးလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်။

Ultimate Off-Road Adventure SUV လို့ တင်စားကြတဲ့ JETOUR T2 -------------------------------------------------------------...
21/03/2025

Ultimate Off-Road Adventure SUV လို့ တင်စားကြတဲ့ JETOUR T2
-------------------------------------------------------------
JETOUR ဆိုတာ Global Car Market မှာတော်တော်လေးတိုးတက်တာမြန်တဲ့ fast growing automotive brand လို့ပြောလို့ရတယ်။ အခု မြန်မာပြည်မှာလဲ အသစ်စက်စက် JETOUR T2 off-road SUV ကို မိတ်ဆက်ပီပေါ့နော်။

JETOUR T2 က JETOUR ရဲ့ပထမဦးဆုံး T-Series product လဲ ဖြစ်တယ်။ 4-cylinder 2.0 Turbo-charged engine နဲ့လာပြီးတော့ 7-speed automatic transmission နဲ့လာတယ်။ Four-wheel drive ကားအမျိုးအစားဖြစ်ပြိးတော့ JETOUR ကတော့ XWD လို့ အသုံးအနူန်းနဲ့ ခေါ်တယ်။

Design & Exterior Features

JETOUR T2 ရဲ့ Design ပိုင်းက durability အရမ်းကောင်းတဲ့ လေးထောင့်ကျကျ boxy ဆန်ဆန် design နဲ့ပွဲထွက်လာပြီးတော့ လမ်းကြမ်းလမ်းချော စွယ်စုံသုံးလို့ရတဲ့ design မျိုးပဲ။ Off-Road Adventure SUV ဖြစ်တာကြောင့် အားသာတဲ့ exterior features တွေကိုပြောရမယ်ဆိုရင် 20-inch alloy wheels ဖြစ်သွားမယ်။ LED Lighting ပါမယ်။ Shark fin antenna ပါမယ်။ အရောင်တွေ အနေနဲ့ကတော့ Sand Castle Night Black နဲ့ Sliver Snow ဆိုပြီး ၃ ရောင်ရမယ်။

Interior Features

JETOUR T2 မှာ Interior Features တွေကတော့ SONY ရဲ့ audio system speakers ကြီးပဲ ၁၂ လုံးတောင်ပါတယ်။ Dual-zone climate control ပါတယ်။ Power front seats နဲ့ Ventilated front seats ပါတယ်။ Media consumption အတွက် Android Auto & Apple CarPlay ပါတယ်။ အနောက်ဘက် Rear Seats မှာ Rear AC vents ရယ် Ventilated centre armrest ရယ် ပါတယ်။

Performance ပိုင်းကိုတော့ ကျွနိတော် ကိုယ်တိုင် test drive မောင်းကြည့်ပြီးမှပဲ Review Video ကျ အပြည့်အစုံပြောပြပေးပါ့မယ်။




မတ်လ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့သောChery Myanmar Showroom ဖွင့်လှစ်ခြင်းနှင့် Chery ၏ လျှပ်စစ် ကားမော်ဒယ်သစ်များ မိတ်ဆ...
09/03/2025

မတ်လ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့သော
Chery Myanmar Showroom ဖွင့်လှစ်ခြင်းနှင့် Chery ၏ လျှပ်စစ် ကားမော်ဒယ်သစ်များ မိတ်ဆက်ခြင်း အခမ်းအနားကို Chery Myanmar Showroom မှာ ကျင်းပပြုလုပ်ခဲ့သောပုံရိပ်များ။

ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ် ပြာသိုလန်း ၁ ရက်တနင်္လာနေ့မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုရင်းစီးပွါးလာဘ်လာဘမ...
30/12/2024

ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ် ပြာသိုလန်း ၁ ရက်

တနင်္လာနေ့မှာကျရောက်တဲ့
ကရင်နှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုရင်း
စီးပွါးလာဘ်လာဘများတိုးတက်ပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ Autozonic Media Myanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


#ကရင်နှစ်သစ်ကူး

တရုတ်ပြည်ရဲ့နာမည်ကျော် Smartphone Company Xiaomi က သူတို့ရဲ့ ပထမဆုံး SUV EV ဖြစ်တဲ့ Xiaomi YU7 ကို မိတ်ဆက်ပေးလိုက်ပါပီ။ ...
10/12/2024

တရုတ်ပြည်ရဲ့နာမည်ကျော် Smartphone Company Xiaomi က သူတို့ရဲ့ ပထမဆုံး SUV EV ဖြစ်တဲ့ Xiaomi YU7 ကို မိတ်ဆက်ပေးလိုက်ပါပီ။ Xiaomi YU7 က Xiaomi ရဲ့ ဒုတိဃမြောက်ထုတ်လုပ်တဲ့ EV ဖြစ်သလို Xiaomi က world's top five automakers ထဲမှာ ပါဝင်သွားဖို့ အစွမ်းကုန်ကြိုးစားသွားမယ််လို့ဆိုထားပါတယ်။

Xiaomi YU7 ကားရဲ့ Size ကတော့ Telsa Model X နဲ့အတူတူပဲ ဖြစ်ပြီးတော့ Dual motors ပါဝင်ပါတယ်။ 157 MPH top speed ရမှာဖြစ်ပြီးတော့
စျေးနူန်းကတော့ Telsa Model Y ရဲ့ စျေးနဲ့ သိပ်မကွာဘူးလို့ ဆိုထားတာကြောင့် $44,000 နဲ့ $54,000 ကြားလောက်ရောင်းမယ်လို့ထင်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလ အခါတော်နေ့) မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ် နိုဝင်ဘာလ ( ၁၅ ) ရက် နေ့တွင် ကျရောက်သော မြန်မာလူမျ...
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလ အခါတော်နေ့)

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ် နိုဝင်ဘာလ ( ၁၅ ) ရက် နေ့တွင် ကျရောက်သော မြန်မာလူမျိုးတို့၏ မြတ်နိုးတန်ဖိုးထားရာ နေ့ထူးနေ့မြတ်ဖြစ်သော ''တန်ဆောင်မုန်းလပြည့်'' နေ့မှာ ဘေးဘယာ တွေ ဝေးကွာ၍ ချစ်ရတဲ့ မိဘပြည်သူများနှင့် မိသားစုဝင်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါရန် Autozonic Media Myanmar မိသားစု မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🙏

#တန်ဆောင်မုန်းလပြည့်နေ့

𝐀𝐥𝐥 𝐍𝐞𝐰 𝐊𝐈𝐀 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 မိတ်ဆက်ပြသခြင်းအခမ်းအနား𝐊𝐈𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 သည် နာမည်ကျော် 𝐌𝐏𝐕 ဖြစ်သည့်  𝐀𝐥𝐥 𝐍𝐞𝐰 𝐊𝐈𝐀 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ကို ယနေ့မှာမိ...
10/11/2024

𝐀𝐥𝐥 𝐍𝐞𝐰 𝐊𝐈𝐀 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 မိတ်ဆက်ပြသခြင်းအခမ်းအနား

𝐊𝐈𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 သည် နာမည်ကျော် 𝐌𝐏𝐕 ဖြစ်သည့် 𝐀𝐥𝐥 𝐍𝐞𝐰 𝐊𝐈𝐀 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ကို ယနေ့မှာမိတ်ဆက်ပြသခဲ့တာပဲဖြစ်ပါတယ်။
𝐀𝐥𝐥 𝐍𝐞𝐰 𝐍𝐞𝐰 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ၏ အပြင်ဖက် ဒီဇိုင်းကို 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 နှင့် 𝐒𝐭𝐲𝐥𝐢𝐬𝐡 တို့ ပေါင်းစပ်ထားသည့် ဒီဇိုင်းဖြင့် ထူးထူးခြားခြား ဖန်တီးထားပြီးအရင် 𝐌𝐨𝐝𝐞𝐥 တွေထက် ပိုပြီးပြေပြစ်သည့် ပုံစံရှိကာ 𝐔𝐧𝐢𝐪𝐮𝐞 𝐀𝐥𝐥𝐨𝐲 𝐃𝐞𝐬𝐢𝐠𝐧 တွေကို ဆန်းဆန်းပြားပြား ဖန်တီးထားမှုမှာ အထူးနှစ်သက်စရာပင်ဖြစ်ပါသည်။ခေတ်မှီ ဆန်းသစ်သည့် အပြင်ဖက်ဒီဇိုင်းနှင့် ကိုက်ညီစေရန် အတွင်းခန်းကို သပ်ရပ်ခမ်းနားစွာ ခင်းကျင်းထားပါတယ်။ 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 ရဲ့အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ခင်းကျင်းထားပြီး 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐅𝐞𝐞𝐥𝐢𝐧𝐠 စစ်စစ်ကို အပြည့်အ၀ ခံစားရအောင် ဖန်တီးပေးထားပါသည်။
၂၀၁၃ မှ စတင်ကာ 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 𝐌𝐏𝐕 ကို 𝐊𝐈𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 တွင် မိတ်ဆက်ရောင်းချခဲ့ပြီး 𝐊𝐈𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ စေတနာ ၊ 𝐊𝐈𝐀 𝐁𝐫𝐚𝐧𝐝 ၏ ပြီးပြည့်စုံခြင်း၊ အချက်များပေါင်းစပ်ခဲ့ခြင်းကြောင့် 𝐊𝐈𝐀 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 𝐌𝐏𝐕 သည် တာထွက်အလွန်ကောင်းခဲ့ပြီး ၂၀၁၃ မှ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး 𝐌𝐏𝐕 𝐌𝐨𝐝𝐞𝐥 စာရင်းဝင်သည်အထိ အောင်မြင်မှု ကြီးကြီးမားမား ရရှိထားပါတယ်။

ယခုလို ထူးခြားပြည့်စုံခြင်းများစွာဖြင့် ထွက်ရှိလာသည့် 𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥 သည် 𝐊𝐈𝐀 ကားတွေကို အစဉ်တစိုက် အားပေးနေကြသည့် 𝐊𝐈𝐀 ချစ်သူများသာမက မိတ်သစ်များကိုပါ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိစေမည့် 𝐌𝐏𝐕 𝐌𝐨𝐝𝐞𝐥 အသစ်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
𝐊𝐈𝐀 𝐁𝐫𝐚𝐧𝐝 ၏ 𝐏𝐫𝐞𝐦𝐢𝐮𝐦 ဆန်မှုနှင့်တမူ ထူးခြားမှုများကို မြန်မာနိုင်ငံမှ ကားချစ်သူများအား တွေ့ကြုံခံစားစေခဲ့ပြီး အထူးကောင်းမွန်သည့် ဝန်ဆောင်မှုများစွာကိုလည်း 𝐊𝐈𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ အစဉ်အမြဲပေးအပ်လျက်ရှိပါသည်။

📌𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟕𝟕 𝟎𝟎𝟖 𝟖𝟖𝟖
#𝐌𝐨𝐯𝐞𝐦𝐞𝐧𝐭𝐓𝐡𝐚𝐭𝐈𝐧𝐬𝐩𝐢𝐫𝐞𝐬
#𝐊𝐈𝐀𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐒𝐮𝐩𝐞𝐫𝐬𝐞𝐯𝐞𝐧𝐬𝐭𝐚𝐫𝐬

မြန်မာနိုင်ငံတွင် Premium Brand ZEEKR ကို အောက်တိုဘာ ၂၆ ရက်၌စတင်မိတ်ဆက်မည်တရုတ်နိုင်ငံအခြေစိုက် Premium လျှပ်စစ်ကားထုတ်လ...
21/10/2024

မြန်မာနိုင်ငံတွင် Premium Brand ZEEKR ကို အောက်တိုဘာ ၂၆ ရက်၌စတင်မိတ်ဆက်မည်

တရုတ်နိုင်ငံအခြေစိုက် Premium လျှပ်စစ်ကားထုတ်လုပ်သူ ZEEKR သည် မြန်မာနိုင်ငံဈေးကွက်အတွက် Premier Automotive Ltd (PAL) နှင့် Exclusive Distributor အဖြစ်တရားဝင်ခန့်အပ်ပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့၌ အမှတ်(၃)၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်းမ၊ လှိုင်မြို့နယ်ရှိ ZEEKR Space Showroom တွင် အရောင်းပြခန်းဖွင့်လှစ်ခြင်းအခမ်းအနား နှင့်အတူ Brand New EV မော်ဒယ်များအားစတင် မိတ်ဆက်သွားမည်ဖြစ် ကြောင်းသိရသည်။
Premier Automotive Limited (PAL) သည် Capital Diamond Star Group (CDSG) ၏ ဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ZEEKR Intelligent Technology (ZEEKR) နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ PAL သည် မြန်မာနိုင်ငံဈေးကွက်တွင် ZEEKR အမှတ်တံဆိပ်အတွက် Exclusive Distributor ဖြစ်လာပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ZEEKR Brand နှင့် Brand New EV များအား တရားဝင်မိတ်ဆက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်လာခဲ့ပြီး
မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် Premium အရည်အသွေးရှိ ZEEKR လျှပ်စစ်ကားများကို တင်သွင်းဖြန့်ဖြူးရောင်းချကာ ဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။

PAL သည် မြန်မာနိုင်ငံတွင် ZEEKR ၏ World-class ကားမော်ဒယ်သစ်များဖြစ်သည့် Shooting-brake အမျိုးအစား ZEEKR 001၊ ဘက်စုံသုံး SUV အမျိုးအစား ZEEKR X တို့ကိုစတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများအတွက် အဆင်အပြေဆုံး ကား၀ယ်ယူမှုများနှင့် ထိပ်တန်းအဆင့် After-sales ၀နဆြောငမြှုမွားဖှင့ြ ဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။
PAL ၏ CEO ဖြစ်သူ ဦးအောင်မျိုးမြတ်က Geely Holding Group ရဲ့ ခိုင်မာတဲ့ကျောထောက် နောက်ခံနဲ့အတူ EV စျေးကွက်မှာ နာမည်ကျော်ကြားတဲ့ ZEEKR Brand ကိုတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိတဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ZEEKR ရဲ့ တရားဝင်ဖြန့်ဖြူးသူအနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် EV များကို တင်သွင်းပြီး Premium စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ပါတယ် ဟုပြောကြားခဲ့သည်။

ZEEKR သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် အခြေစိုက်ပြီး ကမ္ဘာ့ကားဈေးကွက်တွင် နာမည်ကျော်ကြားသော Geely Holding Group ၏ Premium EV Brand အဖြစ် ရပ်တည်လျက်ရှိ သည်။ တီထွင်ဆန်းသစ်ပြီး ရေရှည်တည်တံ့သော ရွေ့လျားသွားလာမှုဆိုင်ရာ ဖြေရှင်းချက်များအတွက် Geely Holding Group သည် Geely Auto၊ Lynk & Co၊ ZEEKR၊ Volvo Cars၊ Polestar၊ Lotus၊ London Electric Vehicle Company၊ Maple Auto၊ Farizon Auto၊ RADAR AUTO နှင့် CaoCao အပါအဝင် အမျိုးမျိုးသော နာမည်ကျော်ကားအမှတ်တံဆိပ်များကို စီမံကွပ်ကဲလျက်ရှိပါသည်။

ZEEKR ၏ လျှပ်စစ်ကားများသည် ၎င်း၏နောက်ဆုံးပေါ်ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည့် Sustainable Experience Architecture (SEA) Platform တွင်အခြေခံတည်ဆောက်ထားပြီး အနာဂတ်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ဆန်းသစ်တီထွင်မှုများတွင်ထိပ်တန်းမှ ဦးဆောင်လျက်ရှိပါသည်။

19/10/2024

EV ကားချစ်သူတွေအတွက် Design လှပြီး Suspension လဲကောင်းတဲ့အပြင် Battery နဲ့ Motor ကို ၈ နှစ်နဲ့ ကီလို တသိန်းခွဲတောင်ရတဲ့ AION Y Younger ကို Showcase လေး လုပ်ပေးချင်ပါတယ်။





KIA ရဲ့ အတိုးမဲ့အရစ်ကျ သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်ကြီးကတော့ စတင်ကျင်းပပြုလုပ်တဲ့ဒီ အတိုးမဲ့အရစ်ကျ အစီအစဉ်ကနေ  ရဲ...
17/10/2024

KIA ရဲ့ အတိုးမဲ့အရစ်ကျ သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်ကြီးကတော့ စတင်ကျင်းပပြုလုပ်တဲ့
ဒီ အတိုးမဲ့အရစ်ကျ အစီအစဉ်ကနေ ရဲ့ နှစ် ၃၀ ပြည့် အထူးထုတ်ကားဖြစ်တဲ့ KIA Sportage 30th edition နဲ့ လူကြိုက်များတဲ့ KIA Sorento ကားတွေကို ပိုင်ဆိုင်နိုင်မှာပါ။
50% downpayment နဲ့အတူ တစ်နှစ်အတွင်း အတိုးနှုန်းလုံးဝ(လုံးဝ)ပေးစရာမလိုတဲ့ ..
ဒီအထူးအခွင့်အရေးကြီးက အစီးရေအကန့်အသတ်၊ အချိန်ကာလအကန့်အသတ်နဲ့မို့လို့ အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
အောက်တိုဘာလကုန်အထိသာ ရရှိနိုင်မယ့် သီတင်းကျွတ် အထူးပရိုမိုးရှင်းကြီးကို နီးစပ်ရာ KIA Myanmar Showroom တိုင်းမှာရယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီ အတိုးမဲ့အရစ်ကျ ပရိုမိုးရှင်းအစီအစဉ်အား ရန်ကုန်မှာရှိသည့် KIA Showroom အပြင်၊ နေပြည်တော်၊ မန္တလေး တို့မှာရှိသည့် KIA Showroom တွေမှာလည်းရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Address

Pyay Road
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Autozonic Media Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category