Myanmar Badminton Training Sub-Committee, MBTC

Myanmar Badminton Training Sub-Committee, MBTC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Badminton Training Sub-Committee, MBTC, Sports Team, 320-332, Anawyahta Road, Yangon.

23/02/2024

တို့ ထရိန်နင် က ကစားသမား ​လေး​တွေက ကြက်​တောင်ဘဲ ကစား တတ်တာ ဟုတ်ဖူး​နော်
အဆို ​ကောင်းတဲ့ က​လေး ​တွေ လည်း ရှိပါ​ကြောင်း
ကြွားတာ ပါ

Happy birthday Daniel

​အောင်မြင်တဲ့ ကစားသမားတင် မဟုတ်ဘဲ ကြက်​တောင်​လောက တိုးတက်​ရေးကို ပံ့ပိုး ပေး နိုင်တဲ့ တန်ဘိုးရှိ ကစား သမား တစ်​ယောက် ဖြစ်လာပါ​စေ လို့ ဆု​တောင်း ​ပေး လိုက်ပါတယ်

တို့တစ်​တွေ အားလုံး လူမရှိတဲ့ ဆိုင်းဘုတ် ​နောက်မှာ  ​နေရာ ယူ ကြမယ်
19/02/2024

တို့တစ်​တွေ အားလုံး လူမရှိတဲ့ ဆိုင်းဘုတ် ​နောက်မှာ ​နေရာ ယူ ကြမယ်

ရုပ်ရှင်မင်းသားမင်းသမီး​တွေလို skin care ​တွေ မိတ်ကပ်​တွေ မလိမ်း နိုင်​ပေမယ့် ​ချွေးတစ်လုံးလုံးထွက် ​အောင်​လေ့ကျင့်​နေရတ...
15/02/2024

ရုပ်ရှင်မင်းသားမင်းသမီး​တွေလို skin care ​တွေ မိတ်ကပ်​တွေ မလိမ်း နိုင်​ပေမယ့် ​ချွေးတစ်လုံးလုံးထွက် ​အောင်​လေ့ကျင့်​နေရတဲ့ ကစားသမား​တွေရဲ့ ရုပ်သွင်ပြင်က တစ်မျိုယတစ်ဘာသာ ကြည့်​ကောင်း ​နေပြီး မြင်ရတဲ့သူ​တွေရဲ့ စိတ်ကို တက်ကြွ ပြီး အားအင်ပြည့်​စေတဲ့ ရသ ကို ​ပေးစွမ်း ​နေပါပြန်​ရော

ဒီ​နေ့ ဓါတ်ပုံ Album  ​လေး​တွေပြန်ကြည့် ​တော့ မနှစ်က  Tokyo မှာကျင်းပ ခဲ့တဲ့ Asian Juniof  ပွဲက ပုံတစ်ချို့ ကိုပြန်ကြည့်...
12/02/2024

ဒီ​နေ့ ဓါတ်ပုံ Album ​လေး​တွေပြန်ကြည့် ​တော့ မနှစ်က Tokyo မှာကျင်းပ ခဲ့တဲ့ Asian Juniof ပွဲက ပုံတစ်ချို့ ကိုပြန်ကြည့်ရင်း အ​တွေးတစ်ချိုွ ဝင်လာပါတယ်

ဒီပြိုင်ပွဲ က ရည်ရွယ်ချက်​ကောင်း​ကောင်းနဲ့ တစ်ကယ့်ကို အကုန်ကျခံပြီး ကိုယ့်အာရှက ထွန်း​ထောက်လာမယ်လို့ ယူဆရတဲ့ ၁၅ နှစ်​အောက်က​လေး ​တွေ ​တွေ့ဆုံ ယှဥ်ပြိုင်ကျပြီး အ​တွေ့အကြုံ ဖလှယိရာ တစ်ကယ့် အနှစ်သာရ အပြည့်အဝ ရှိတဲ့ ပွဲတစ်ပွဲ ပါ ဒါ​ပေမယ့်သူက SEA game နဲ့ နဲနဲ ကွဲလွဲတာက
Single သမားက double ရိုက်လို့ မရပါဘူး
Double သမား က single ရိုက် လို့ လဲ မရ ပါဘူး
Mix double ကို​တော့ double သမား ကြိုက် သလို လဲ တွဲ လို့ ရပါတယ်
ကစားသမား က
Boys ၃ ​ယောက်
Girls ၃ ​ယောက် ဘဲ ​ခေါ်ခွင့်ပြုပါတယ်

ဒီပွဲဟာ က​​လေးတွေ အတွက် ယူတတ်မယ်ဆိုရင် အကျိုး အများ ကြီးရှိတဲ့ပွဲပါ
ဂျပန်ကို သွားရ တယ်ကွ ဆိုယုံ ​လောက်နဲ့ ဆိုရင် မတန်ပါဘူး
​သေချာ ပြင်ဆင် ​လေ့ကျင့် ပြီး သွားသင့် တဲ့ ပွဲတစ်ပွဲ လို့မြင်ပါတယ်
ကျွန်​တော့ တစ်​ယောက်ထဲ အမြင်နဲ ဆိုရင်​တော့ ဒီဂျပန် ပွဲရဲ့ စည်းမျဥ်း အတိုင်း လူ​​ရွေးချယ်​ရေးကိုလည်း

Single ဆို Single
Double ဆို Double ဘဲ ​ရွေးချယ်မယ်ဆို
ပြင်ဆင် ​လေ့ကျင့် မှု ပိုအား ​ကောင်းမလား ​ပေါ့

ဒါ​ပေမယ့်လည်း ဒါက ကျွန်​တောွ တစ်​ယောက်တည်း အမြင်ပါ ကြက်​တောင်​လောက ကျွမ်းကျင်သူ များ ရဲ့ ရှု​ထောင့်ဘက်က အမြင် ​က ဘယ်လို ရှိလည်း ဆိုတာက ပို အ​ရေးကြီးပါတယ်

အမှားပြင်ဆင်ချက် U15 မဟုတ်ပါ U16 ဖြစ်ပါတယ်

နည်းပြ အိအိ​ချောက ပြီးခဲ့တဲ့အပါတ်က က​လေး​တွေ အတွက် ဆန်းဒဝှစ် ဒိန်ချဥ် ​တွေ ဝယ်​ကျွေး ဒီတစ်ပါတ် နည်းပြချုက်ကလည်း အုန်း​ရေ...
08/02/2024

နည်းပြ အိအိ​ချောက ပြီးခဲ့တဲ့အပါတ်က က​လေး​တွေ အတွက် ဆန်းဒဝှစ် ဒိန်ချဥ် ​တွေ ဝယ်​ကျွေး
ဒီတစ်ပါတ် နည်းပြချုက်ကလည်း အုန်း​ရေ ​တွေ ဝယ်လာတိုက် နဲ့
က​လေး​တွေ အ​ပေါ် ထားတဲ့ ​မေတ္တာ ကြည်နူးစရာ ပါ
များများစားစား ​ထောက်ပံ့ မယ့်သူ မရှိ​ပေမယ့်လဲ ရှိ​နေတယ့် လူနည်းနည်း အပြင် နည်းပြ​တွေက ပါ ဝိုင်းကူ ​နေကြ

ပီတိ ဖြစ်စရာ

Victories do not come to you You must run toward them
03/02/2024

Victories do not come to you
You must run toward them

MBF ထရိန်နင် ကမ့် အတွက် နည်းပြ အဖွဲ့  နှင့် ​နောက် ၆လ သက်တမ်း အတွက် စာချုပ်လက်မှတ်​ရေးထိုးခြင်း ​အောင်မြင်စွာ ပြီးဆုံး မ...
31/01/2024

MBF ထရိန်နင် ကမ့် အတွက် နည်းပြ အဖွဲ့ နှင့် ​နောက် ၆လ သက်တမ်း အတွက် စာချုပ်လက်မှတ်​ရေးထိုးခြင်း ​အောင်မြင်စွာ ပြီးဆုံး
မြန်မာ့လက်​ရွေးစင် ​ဟောင်း ၇ ​ယောက် တိုင်းနှင့်ပြည်နယ် လက်​ရွေးစင် ၂​ယောက် နဲ့ ဖွဲ့စည်းထားပြီး
​နေရှင်နယ်ချန်ပီယံ ၄ ကြိမ်ဆက် ရထား ​သော ကျွန်​တော့်် ညီ​လေး ​အောင်​အောင်မှလည်း အချိန်ပိုင်း ဝင်​ရောက် အားဖြည့် ​ပေးထားပါတယ်

မြန်မာ့ကြက်​တောင်​လောက သိသာထင်ရှား ​သော အ​ရွေ့ တစ်ခု ဖြစ်​ပေါ်လာဘို့ ရည်ရွယ်ထားပြီး
အဲ့ဒီ ရည်မှန်းချက် ​အောင်မြင်ဘို့ ကြက်​တောင်​လောကသား များရဲ့
အား​ပေးကူညီမှု နဲ့ စာနာ နားလည်​ပေးမှု အပြုသ​ဘော​ဆောင်​သော ( ​ဝေဖန်တိုက်ခိုက် ခြင်းမဟုတ်) အကြံဥာဏ်​ပေးမှု ​တွေက လည်း အ​ရေးကြီး တဲ့တစ်ချက် ဖြစ်တာ​​ကြောင့် ဝိုင်းဝန်းကူညီကြဘို့ ​မေတ္တာရပခံရင်း မြန်မာ့ကြက်​တောင်​လောက တိုးတက်​ရေး အတွက် အတူတစ်ကွ လုပ်​ဆောင်ကြဘို့ ဖိတ်​ခေါ် လိုက်ပါတယ်

MBf  မှာ ထရိန်နင် ဆင်း​နေတဲ့ ကစားသမား ​လေးများ အတွက် အပတ်စဥ် အမဲသား ပြုတ် ​ကျွေး​မွေး ဘို့အတွက် pilot test ပြုလုပ် ရာမှာ...
24/01/2024

MBf မှာ ထရိန်နင် ဆင်း​နေတဲ့ ကစားသမား ​လေးများ အတွက် အပတ်စဥ် အမဲသား ပြုတ် ​ကျွေး​မွေး ဘို့အတွက် pilot test ပြုလုပ် ရာမှာ Thai Plus စား​သောက်ဆိုင် ပိုင်ရှင် ကို​ကျော်ခင်မှ ကိုယ်တိုင် ချက်ပြုတ် လှူဒန်း ခဲ့ ပါတယ်

အရသာ ဘယ်လို ​နေလည်း တီး​ခေါက်ကြည့်​တော့
​ကောင်းလွန်းလို့ တစ်ချို့ ကစားသမား ​တွေက ညစာ အတွက်ပါ ထပ်ယူ ထားကြတယ်လို့ သတင်းရရှိ

​နောက်တစ်ပတ်က ​တော့ MBF ဥက္ကဌ ကြီး ကို​အောင်ပိုင် က လှူဒန်း ​ကျွေး​မွေး မယ်လို့ အတည်ပြု

သူပြီးရင်​တော့ ကြက်​တောင်ရိုက်ရင် ကျွန်​တော့်ကို နိုင်တဲ့ အခါ ​ပျော်ရွှင်ကြည်နူး တတ်တဲ့ ဦးကြီး လို့ကြားပါတယ်
( ကျွန်​တော်လည်း သူမလှူ မှာ စိုးလို့ ရှုံး​အောင် ​တော်​တော် ကြိုးစား ကစား ရတယ်ဗျာ )

ခု တစ်​ခေါက်က​တော့ တစ်သိန်းပတ်ချာ လည် ​လောက် ကုန်ကျတယ် ကြားသိ ရ

မြန်မာ့ ကြက်​တောင်​လောက ရဲ အနာဂတ်မျိုးဆက်သစ် ရာတနာ ​လေး​တွေ ရှာ​ဖွေ ​ဖော်ထုတ်နိုင်ဘို့ ရည်ရွယ်ပြီး ကျင်းပတဲ့  SP gems  J...
26/12/2023

မြန်မာ့ ကြက်​တောင်​လောက ရဲ အနာဂတ်မျိုးဆက်သစ် ရာတနာ ​လေး​တွေ ရှာ​ဖွေ ​ဖော်ထုတ်နိုင်ဘို့ ရည်ရွယ်ပြီး ကျင်းပတဲ့ SP gems Junior Championship မှာ တိုက်ဆိုင်တာလား နမိတ်​ကောင်း ​တွေ ပြတာလား ​တော့ မသိပါဘူး Main sponsor က အရည်​သွေးမြင့် ​ကျောက်မျက်ရာတနာ ​​တွေ ​ရောင်းချ ​ပေး ​နေတဲ့ SP Gems နဲ့ Me& Gems က Main spinsor နဲ့ Co sponsor အပြင် ခိုင်မာစိတ်ချ ရတဲ့ UAB bank ကလည်း Co Sponsor ဆို​တော့ အတိတ်နမိတ်​တွေ က အ​ကောင်းဘက် ကို ပြ​နေတယ် ​ပြောရမလား ဘဲ

ပြိုင်ပွဲရဲ့ သ​ဘောသဘာဝ အတိုင်း စင်းလုံး​ချော ​တော့ မဟုတ်ခဲ့ ​ပေမယ့်ကလပ် အသင်း နည်းပြများ ကစားသမား မိဘ များရဲ့ နားလည် ခွင့်လွတ်​ပေးမှု ပူး​ပေါင်းပါဝင် ​ဆောင်ရွက်​ပေးမှု ​တွေက ပြိုင်ပွဲ မှာ အပြုံး​တွေ ပီတိ​တွေ စိတ်လှုပ်ရှား မှု ​ တက်ကြွမှု ​ ​ရဲ့ အ​ငွေ့အသက်​တွေ ဖုံးလွမ်း ​နေတယ် လို့ ခံစား ရပါတယ်

တက်ကြွ​ပျော်ရွင်​နေတဲ့ က​လေး​တွေ ရဲ့ မျက်လုံး ​တွေ မှာ ​မျော်လင့်ချက်​​တွေ နဲ့ပြည့်​နေတာ ကို မြင်ရတာကလည်း မြနွ်မာ့ကြက်​တောင်​လောက အ​ကောင်းဘက်​ရွေ့လာ နိုင်တယ်လို့ ယုံကြည် မိလာပြန်ပါတယ်

လာမယ့် ၂၀၂၄ ​မေလ ၁ ရက်​နေ့မှ ပိုမို ​ကောင်းမွန်တဲ့ လက်ရည် နဲ့ တို့တစ်​တွေ ပြန်ဆုံ ကြရ​အောင်

SP Gems Badminton Junior championship ပြိုင်ပွဲ (၂၃  ၂၆ ဒီဇင်ဘာ)   အတွက် သတင်းစာရှင်းလင်းပွဲ​ကို ဒီက​နေ့ ပြုလုပ်ဖြစ်ပါတယ...
15/12/2023

SP Gems Badminton Junior championship ပြိုင်ပွဲ (၂၃ ၂၆ ဒီဇင်ဘာ) အတွက် သတင်းစာရှင်းလင်းပွဲ​ကို ဒီက​နေ့ ပြုလုပ်ဖြစ်ပါတယ်

ဒီသတင်းစာရှင်းလင်းပွဲ မှာ ​ပေးခဲ့ message ကို ကြက်​တောင်သမားများ နည်းပြများ ကစားသမားများရဲ့ အုပ်ထိန်းသူ မိဘများ သိရှိရနွ် ​အောက်ပါ အတိုင်း မျ​ဝေ​ပေး လိူက်ပါတယ်

SP gems, UAB , Me &Gems တို့ မှတစ်လှည့်စီ main sponsor ,co sponsor ပြုလုပ်၍ နှစ်စဥ် တစ်နှစ်လျင် ၂ ကြိမ် ၁. ခရစ်စမတ်ကာလ နှင့် ၂. ​မေလ ၁ ရက်​နေ့ ( အလုပ်သမား​နေ့) တွင် ကျင်းပ​ပေးသွားပါမယ်

အနည်းဆုံး ၃ နှစ်ဆက်တိုက် ၎င်း​နေ့​တွေ မှာ ပျက်ကွက်မှု မရှိရ​လေ​အောင် အတတ်နိုင်ဆုံးကြိုးစား ကျင်းပသွားမှာပါ ( အ​ကြောင်း​ကြောင်း ​ကြောင့် ဘယ်လိုမှမလုပ်နိုင်တဲ့ အ​ခြေအ​နေဖြစ်ခဲ့ရင်​တော့ နားလည်မှု ​ပေးကြပါရန်)
နှစ်တိုင်း ဒီလို ပြိုင်ပွဲကျင်းပ မဲ့ရက်အတိအကျကို risk
ယူပြီး ​ကြေငြာ ​ပေးထားတာက လဲ နည်းပြ​တွေ ကစားသမား​တွေ ကြိုတင်ပြင်ဆင်မှုအား​ကောင်း​စေ
ရန် ရည်ရွယ်ပြီး အရဲစွန့် လုပ်ရတဲ့ ကိစ္စ ဖြစ်ပါတယ်

​နောက်တစ်ခု ထူးခြား တာ​လေး ကြိုတင် ​ဖောက်သည် ချလိုတာက ဒီလို ကြက်​တောင်ကစားသမား ​လေး​တွေ ​မွေးထုတ်​ပေးတဲ့ ဆရာသမား သို့မဟုတ် မိဘ ​တွေကို မြန်မာနိုင်ငံကြက်​တောင် အဖွဲ့ချုပ်က​နေ အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အ​နေနဲ့ ဆု​ကြေး​ငွေ ချီးမြင့်ဘို့ ​ဆွေး​နွေး ​နေတဲ့အ​ကြောင်းပါ
ဒီ​နေရာမှာ ​ငွေပမာဏ အနည်းအများက အဓိက မဟုတ်ပါဘူး အဖွဲ့ချုပ် ရည်ရွယ်ချက်က ​ကျေးဇူးတင်​ကြောင်း ကို ​ဖော်ပြလိုတာ ပါ
​နောက်တစ်ခု က ဒီအစီအစဥ် က ပထမ ဦးဆုံး ပြုလုပ်တာဖြစ်လို့ အားနည်းချက် လစ်ဟာချက် ရှိနိုင်ပါတယ်
အလိုဖြစ်ခဲ့တယ် ဆိုရင် နားလည်မှု​ပေးပြီး အပြုသ​ဘော နဲ့ သာ အကြံ​ပေးပါ လို့ ​ကြိုတင် မေတ္တာရပ်ခံ လိုပါတယ် ခင်များ

ကဲ သားသား မီးမီး တို့​ရေ ​လေ့ကျင့်ထားသမျ အစွမွး ကုန် ကျဲ ပလိုက်ကြပါကွာ

မျိုးဆက်သစ်​တွေ တိုးတက်ရစ်ဘို့
05/12/2023

မျိုးဆက်သစ်​တွေ တိုးတက်ရစ်ဘို့

Address

320-332, Anawyahta Road
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myanmar Badminton Training Sub-Committee, MBTC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category