Fitness Trainer Theint

Fitness Trainer Theint Female Trainer Theint Revolution Gym
Thu Mingalar St. Thingangyun
Coming Soon!!

19/03/2020

ဒီ​နေ့ Train​ပေးဖြစ်​တာ​လေး

29/02/2020
🍲ကလီစာ နဲ့ ကျန်းမာ​ရေး 🍲 ဒီတခါ သိမ့်​က ကလီစာအ​ကြောင်း ​မျှ​ဝေ​ပေးချင်​ပါတယ်​။သင်​ဟာ ကြက်​🐔 ၀က်​🐷 နွား စတဲ့🐮 ကလီစာ​တွေက...
29/02/2020

🍲ကလီစာ နဲ့ ကျန်းမာ​ရေး 🍲

ဒီတခါ သိမ့်​က ကလီစာအ​ကြောင်း ​မျှ​ဝေ​ပေးချင်​ပါတယ်​။
သင်​ဟာ ကြက်​🐔 ၀က်​🐷 နွား စတဲ့🐮 ကလီစာ​တွေကို
ကြိုက်​နှစ်​သက်​တဲ့ သူတစ်​​ယောက်​လား ???

ကလီစာ စားခြင်းရဲ့ ​ကောင်းကျိုး👍 ဆိုးကျိုး​တွေ👎 ​ကို​ရော သင်​သိပါသလား ???

ကလီစာ ​တွေထဲကမှ အသည်း​​​တွေမှာ Ironဓာတ်​ပါဝင်​လို့ သံဓာတ်​ချို့တဲ့ တဲ့သူ​တွေအတွက်​ အနည်းငယ်​သာ ​စားသုံး​ပေးသင့်​ပါတယ်​။

ကလီစာ စားခြင်းရဲ့ ဆိုးကျိုး​တွေက ဘာလဲ? 👎
တိရိစ္ဆာန်​🐮🐷🐓 မျိုးစုံရဲ့ ကလီစာ များမှာ -
သိမ့်တို့ ခန္ဓာကိုယ်​ အတွက်​ မလိုလားအပ်​တဲ့အဆီတက်​​စေဖို့ ​ကယ်​လိုရီ Calအများအပြား ပါဝင်​​နေပါတယ်။ ဒါ​​ကြောင့်​​သိမ့်​တို့က ကလီစာေ​တွကို စားမယ်ဆိုရင်​​တော့ ခန္ဓာကိုယ်အတွက်​မလိုလားအပ်​တဲ့ အဆီ​တွေပဲ ရရှိနိုင်​မှာဖြစ်​ပါတယ်​ အဟာရမဖြစ်​နိုင်​ပါဘူး Weight Loss- Fat Loss ဝိတ်​ချ​နေ​တဲ့ သူ​တွေအတွက် ​က​တော့ ကလီစာ လုံးဝ လုံးဝမစားသင့်​ပါဘူး ။

သူငယ်​ချင်း တို့က တချို့ ဝိတ်​ချ​နေတယ်​ ဒါ​ကြောင့်
ဆိတ်​ အမဲ ကြက်​ ဝက်​ အစရှိတဲ့ ကလီစာစွတ်​ပြုတ်​ ဒါမှမဟုတ်​ ဒုတ်​ထိုးလိုမျိုး​တွေ အစားထိုးစားမိ​နေပါလိမ့်​မယ်
ဒါဆို နည်းလမ်းမှား​နေပါတယ်​ အပြုတ်​ သို့​ပေမယ့်​ မိမိမသိလိုက်​ဘဲ ကယ်​လိုရီပါဝင်​မှု များပြား​နေပါသည်​။
ဒါ​ကြောင့်​ သိမ့်​တို့က ကလီစာ စားခြင်းဆိုးကျိုး ​ကောင်းကျိုး​တွေကို သိထားရပါမယ်​​နော်

Fitness Trainer
Theint
YFC -7 Sanchaung Branch
Photo crd

ဒီတခါမှာတော့ သိမ့်က ဝိတ်ကျဖို့အတွက်ရော ကျန်းမာရေး အတွက်ရော အထောက်ကူပြုတဲ့  #အုန်းစိမ်းရည် အကြောင်းနဲ့ အကျိုးကျေးဇူးများ ...
20/02/2020

ဒီတခါမှာတော့ သိမ့်က ဝိတ်ကျဖို့အတွက်ရော ကျန်းမာရေး အတွက်ရော အထောက်ကူပြုတဲ့
#အုန်းစိမ်းရည် အကြောင်းနဲ့ အကျိုးကျေးဇူးများ ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ် ရှင့်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ရေဟာ🍸 အုန်းစိမ်းရည်ပါပဲ
သဘာဝတရားကြီးက ပေးတဲ့အားအရှိရေဟာ🍸 အုန်းစိမ်းရည်ပါ။ကြိုက်သလောက် သောက်သုံးနိုင်ပါတယ်
လူတိုင်း တစ်ခုမေးချင်တာ ရှိကြမယ် 🤔
Que:အပူမကန်ဘူးလား???ဝိတ်မတက်ဘူးလား???
Ans:မကန်ပါဘူး🙅 လုံးဝ ဝိတ်မတက်ပါဘူး🙅
ဝိတ်တောင်ကျစေပါတယ်💁
သိမ့်တို့ခန္ဓာကိုယ်တို့ အတွက်များစွာ အကျိုးပြုပါတယ် နော်🤗
ကဲ👉 ဆက်လေ့လာရအောင်နော် 👈
လူအများစုက အုန်းစိမ်းရည် လို့ ပြောလိုက်တာနဲ့ အပူကန်တယ်လို့ပဲ ကြားဖူးနားဝပြောကြပါလိမ့်မယ်
နိုး😏 အဲ့အချက်က မှားပါတယ် နော်
တကယ်တော့ နားမလည်လို့ပြောတာပါ အပူကန်တယ်ဆိုတာ အုန်းစိမ်းရည်မဟုတ်ပါဘူး
အုန်းသီးရင့်ရည် ကမှတကယ်အပူကန်တာပါ

အုန်းသီးစိမ်းရည်နဲ့ အုန်းသီးရင့်ရည် ကဆန့်ကျင်ဘက်ပါ
အုန်းစိမ်းရည်ကတော့ အဟာရဓာတ်တွေ အက်ျိုးပြုဓာတ်များစွာပါဝင်ပါတယ်။
ရင့်သွားတဲ့ အရင့်သီးရေကတော့ အုန်းစိမ်း မဟုတ်တော့တဲ့အတွက် ဓာတ်တွေကအသားဖြစ်အောင်ပြောင်းလဲသွားတယ် အာနိသင်မကောင်းတော့ဘူး အုန်းဆီနဲ့အငံဓာတ်တွေရော ကုန်ရောပေါ့ ....ဒါကြောင့်အပူကန်ပါတယ်
အုန်းစိမ်းရည်နဲ့ အုန်းသီးရင့်ရေက လုံးဝ ဆန့်ကျင့်ဘက်ပါလို့
အုန်းစိမ်းရည်က အပူကန်တာကိုတောင် ကာကွယ် ပေးပါသေးတယ်

သိမ့်တို့က အစာလုံးဝမစားဘဲ အုန်းစိမ်းရည်တမျိုးတည်း သောက်ပြီးနေရင်တောင် အဟာရပြည့်ပြီးအသက်ရှင်နိုင်ပါတယ်နော်
နောက်ပြီး Glucoseဓာတ်ထက်တောင် အာနိသင်ပိုရှိပါတယ်
ဝမ်းလျောလို့ အားအင်မရှိရင်လည်း ဓာတ်ဆားတွေအစား သဘာဝ အုန်းစိမ်းရေကိုသောက်သုံးနိုင်ပါတယ် ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်လဲများစွာပါရှိပါတယ် အားကစားလုပ်နေတဲ့နေရာမှာလဲ
ကြွက်မတက်အောင်ထိန်းချုပ်ပေးပါတယ် နောက်ပြီး သိမ့်တို့ကျောက်ကပ်က အညစ်ကြေးတွေကိုလဲ ဆီးမှတဆင့် ဆေးကြောသန့်စင်ပေးပါတယ်
ကျောက်ကပ်မှာ ကျောက်မတည်အောင်လဲကာကွယ်ပေးပါတယ် မကောင်းတဲ့အဆီ အဆိပ်အတောက် အညစ်ကြေးတွေကို လဲ ဆီးမှတဆင့်ဖယ်ရှားပေးပါတယ်
အရေပြားလမ်းကြောင်းက စွန့်ပစ်ရမယ့် အဆိပ်တွေကိုလဲ စွန့်ထုတ်ပေးပါသေးတယ်
နောက်ပြီး အကောင်းဆုံးတခုက
ဝိတ်ကျစေတာပါပဲ😍😍😍 အညစ်ကြေးတွေ ဖယ်ရှားပေးတဲ့အတွက် ကိုယ်အလေးချိန် ကျစေပါတယ်
အုန်းစိမ်းရေက ဝိတ်ကျစေပြီး
အုန်းသီးခြောက်ကရတဲ့ရေကတော့ ကယ်လိုရီများပြီးဝိတ်တက်စေပါတယ်
အုန်းစိမ်းတလုံးမှာ ကယ်လိုရီ ၅၅ပါ ပါတယ် အုန်းနို့ကျတော့ ဆယ်ဆ၅၅၀ပါ ပါတယ်
ဒါကြောင့်သိမ့်တို့က အုန်းနို့နဲ့လုပ်ထားတဲ့မုန့်တွေကို ဝိတ်ချနေတဲ့ချိန်ရှောင်ရပါမယ် နောက်ပြီး
အခြား Gasပါတဲ့ အချိုရည်မျိုးစုံ နဲ့ အားဖြည့်အချိုရည်မျိုးစုံကို သောက်မဲ့အစား
အုန်းစိမ်းရည်ကို🍸 သောက်သုံးကြရအောင်လို့ တိုက်တွန်းပါရစေနော် 😊

ဒီတခါမှာတော့ သိမ့်က အုန်းစိမ်းရည် အကြောင်းဝေမျှရေးသားပေးလိုက်ပါတယ် ဒါကြောင့် လူ့ကျန်းမာရေးအတွက်များစွာအကျိုးပြုတဲ့ အုန်းစိမ်းရည်ကို အင်မတန်ကောင်းတဲ့ သဘာဝဓာတ်စာအဖြစ်ရော ဝိတ်ကျဖို့အတွက် အထောက်ကူပြုတဲ့အတွက် သောက်သုံးကြပါလို့ အကြံပြုပါရ​စေ​နော်​🤗

ဆရာမင်းကျော်ဝင်း
ပထမတန်းစားကျန်းမာရေးစာအုပ် မှ ကိုးကားရေးသားသည်။
လေးစားစွာဖြင့်
Trainer Theint
Sanchaung Branch

 #နည်းလမ်း​မှား​ဖြင့်​ဝိတ်​ချခြင်းသည်​ ကျန်းမာ​ရေး ထိခိုက်​ခြင်း🙅🙅🙅သိမ့်​က​တော့   YFC-7Sanchaung Branch ရဲ့🙌 နည်းပြ...
18/02/2020

#နည်းလမ်း​မှား​ဖြင့်​ဝိတ်​ချခြင်းသည်​ ကျန်းမာ​ရေး ထိခိုက်​ခြင်း🙅🙅🙅

သိမ့်​က​တော့
YFC-7
Sanchaung Branch ရဲ့🙌 နည်းပြဆရာမ
သိမ့်​ပါ အခု​ပြောပြချင်​တဲ့ အ​ကြောင်းရာက​တော့
နည်းလမ်းမှားဖြင့်​ ဝိတ်​ချ​နေခြင်း​တွေပါ...

ယ​နေ့​ခေတ်​ လူငယ်​အများစုက👬👭 အလွယ်​နည်းလိုက်​ပြီး
Gymမကစားဘဲ ဝိတ်​ချ​နေတာ သိမ့်​​တို့​တွေ့ရှိ​နေရပါတယ်​...

ဥပမာ...​ခေတ်​စား​နေ​တဲ့
အပြောများလေ့ရှိ​သော ဝိတ်ကျနည်း
တွေလုပ်နေကြပါတယ်
အဲ့ဒါဘာလဲဆိုတော့………👇👇👇
ကြက်ဥ ( ၆)လုံး အားပြုတ်စားပြီးတော့
မနက်အိပ်ယာထ ( ၃ )လုံးစား
နေ့လည်ခင်း ( ၃ )လုံးစား
ညစာကတော့ သစ်သီး/ဂျုံ/စားသုံးပြီး
ဝိတ်ချနေကျတာတွေ့ရပါတယ်
ဒါတွေက မိမိကိုယ်တိုင် Gymကစားခြင်း/အချိန်​မ​ပေး
အပင်အပန်းမခံဘဲ အလွယ်နည်းဖြင့်ြ​​​ပုလုပ်နေကြတာကို
တွေ့ရပါတယ်🙆
ဒါတွေက အင်မတန်မှားယွင်းနေပါတယ်​🙅
ဒီလိုအလွယ်နည်းလမ်းဖြင့်​ လုပ်​လို့သာ ​ရေရှည်​ဖြစ်​နိုင်​မယ်​ဆို ယနေ့ခေတ်မှာ👈
Fitness Centerဆိုတဲ့အားကစားခန်းမ​တွေ💪 ရှိလာစရာအ​ကြောင်းမရှိပါဘူး လိုလဲမလိုအပ်​ပါဘူး🙅
သိမ့်တို့လို ​Fitness trainnerတွေလည်းရှိမလာကြ​တော့ပါ
ဘူး​နော်​………

ဒီလိုဝိတ်​ချ​နေရင်​ ဘယ်​လို​တွေဖြစ်​မလဲ ?
အဲ့လိုစားသုံး အလွယ်လိုက်
ပြီး ဝိတ်ချနေသူများ အ​နေဖြင့်​....
#မျက်ကွင်းတွေညိုမဲစွဲ လာခြင်း။
#အဟာရ ပြည့်ဝစွာ မစားသုံးသည့်တွက်​​​ တ​နေ့တာမှာ စိတ်​​ပျော်​ရွှင်​ခြင်းမရှိဘဲ အလုပ်​မှာထိခိုက်​လာခြင်း။
#အားအင်​ကုန်​ခမ်း မူး​ဝေတတ်​ခြင်း။
#အ​ရေပြား​တွေ တင်းရင်းမှုမရှိဘဲ ​ပျော့တွဲခြင်း။
#အလွယ်​တကူ စိတ်​တိုခြင်း။စိတ်​ဓာတ်​ကျလွယ်​ခြင်း။
#အခြားသူများ နည်းတူမစားသုံးရသည့်​အတွက်​ မလိုလားအပ်​တဲ့အ​ကြောင်းရာ ​ပေါင်းစုံ​တွေး​တောပြီး စိတ်​ဓာတ်​ကျလာခြင်း။
#ပထမစားတဲ့ရက်​သက်​တပတ်​သာ ဝိတ်​ကျသွားပြီး အဲ့နည်း​တွေ ဆက်​မစားနိုင်​တဲ့အခါ အလွန်​အမင်းဝိတ်​တတ်​လာခြင်း
#ပုံမှန်​စား​နေကြ မဟုတ်​ဘဲ နည်းလမ်းမှား​တွေ စား​နေခြင်း​ကြောင့်​ အစာအိမ်​အတွက်​လဲ ဆိုးကျိုးများစွာရှိ​စေပါတယ်​​နော်​ ဒါ့ပြင်​မလိုလားအပ်​တဲ့ အခြားကျန်းမာ​ရေးဆိုးကျိုးများစွာရှိလာနိုင်​ပါတယ်​​နော်​....
ဒါ​ကြောင့်​ သိမ့်​တို့က အစာအဟာရ ပုံမှန်​စား​သောက်​ပြီး​တော့ မိမိအိမ်မှာ Workoutဆယ့်ငါးမိနစ် သို့မဟုတ်
Gymခန်းမသို့သွားပြီး
မိနစ်သုံးဆယ်​၊ တစ်​နာရီ အချိန်​​ပေးပြီးသွားကစားခြင်းဖြင့်​ ကျန်းမာတဲ့ ခန္ဓာကိုယ်​တစ်​ခု တည်​​ဆောက်​ဖို့ တိုက်​တွန်းချင်​ပါတယ်

Gymမှာလဲ တတ်ကျွမ်း​​​နားလည်တဲ့ နည်းပြဆရာ💪 သို့💪 ဆရာမဖြင့်​ တိုင်​ပင်​​ဆွေး​နွေးပြီး ကျန်းမာ​ရေး နဲ့ညီတဲ့ Meal Plan​တွေ စား​သောက်​ရင်း အားကစားပြုလုပ်​မယ်​ဆိုရင်​​တော့ သိမ့်​တို့က ​ရေရှည်​ကျန်းမာ​ရေးအတွက်​လဲ​ကောင်း လှပကျစ်​လစ်​တဲ့ ခန္ဓာကိုယ်​​လေးလဲပိုင်​ဆိုင်​နိုင်​ပြီ​ပေါ့ရှင်​....💪💪💪
အားလုံး​ခင်မင်ေ​​လးစားစွာဖြင့်
Trainer Theint
YFC-7(Sanchaung Branch)

Address

Freelance Female Trainer And Home Personal Trainer
Yangon

Telephone

+959421099069

Website

Alerts

Be the first to know and let us send you an email when Fitness Trainer Theint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share