KP Futsal -Dagon Sate Kan

KP Futsal -Dagon Sate Kan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KP Futsal -Dagon Sate Kan, Stadium, arena & sports venue, 67D/10, Yadanar Street, Dagon sate Kan, Yangon.

အစဥ်အလာရှိသော ပြည်ထောင်စုနေ့ ကေပီဖူဆယ်ဖလား ပြိုင်ပွဲဝင် (၁)  သင်းလျှင် အုပ်ချုပ်သူ တစ်ယောက်၊ ကစားသမား (၁၀) ဦးမှ (၁၄) ဦးထ...
14/12/2023

အစဥ်အလာရှိသော ပြည်ထောင်စုနေ့ ကေပီဖူဆယ်ဖလား

ပြိုင်ပွဲဝင် (၁) သင်းလျှင် အုပ်ချုပ်သူ တစ်ယောက်၊ ကစားသမား (၁၀) ဦးမှ (၁၄) ဦးထိ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင်အသင်း (၂၄) သင်း၊ (၃) သင်း တစ်အုပ်စု၊ ၈ အုပ်စု ပြိုင်ပွဲ ဖြစ်ပါသည်။

ပြိုင်ပွဲဝင် ဆုကြေး။ ။ ပထမဆု (၇) သိန်း၊ ချန်ပီယံ Winner ဖလား၊ ကစားသမားတစ်ဦးလျှင်ရွှေတံဆိပ် ဆုဆွဲကြိုး တစ်ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ကေပီ Training Kit (၆ )ထည် ။
-ဒုတိယဆု (၅) သိန်း၊ Friendship ဖလား၊ ကစားသမားတစ်ဦးလျှင် ငွေတံဆိပ် ဆုဆွဲကြိုး တစ်ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာ ။

-တတိယဆု (၃) သိန်း၊ ကစားသမားတစ်ဦးလျှင်ကြေးတံဆိပ် ဆုဆွဲကြိုး တစ်ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာ သတ်မှတ် ချီးမြင့်သွားမည်။

- အကောင်းဆုံးကစားသမားဆု တံဆိပ်၊ ဆုကြေးငွေ (၅) သောင်းကျပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကေပီ Training kit (၁) ထည်။
-အကောင်းဆုံး ဂိုးသမားဆု တံဆိပ်၊ ဆုကြေးငွေ (၅) သောင်းကျပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ကေပီ Training kit (၁) ထည်။
- ဂိုးသွင်း အများဆုံး ကစားသမားဆု တံဆိပ်၊ ဆုကြေးငွေ (၅) သောင်းကျပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ကေပီ Training kit (၁) ထည်။
ကိုလည်း ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြင့်သွားမည်။

(မှတ်ချက်။ အကောင်းဆုံး ကစားသမားဆု နှင့် ဂိုးသမားဆု ရွေးချယ်ရာတွင် ပြိုင်ပွဲကျင်းပရေးကော်မတီမှ အဆိုပြုပြီး ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများထံမှ အကြံဥာဏ်များတောင်းခံ၍ ရွေးချယ်ချီးမြင့်သွားမည်)

(၃) ပြိုင်ပွဲနေရာ ။ ကေပီဖူဆယ်
။ ။ ကုန်းဘောင်အလယ်လမ်း၊ Pro 1 အနောက်၊ တပ်ရင်း(၃) မှတ်တိုင် တွင် ဆင်းပါ။
ဖုန်းနံပါတ် ။ 09961866866 09961867867
Viber ။ 09775051987 (Kpay)

ပြိုင်ပွဲ ကျင်းပမည့် အချိန် ။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အုပ်စု ပွဲစဥ်များကို ကျင်းပသွားပါမည်။
-ဖေဖော်ဝါရီလ ၁၀ တွင် ရှုံးထွက် ပွဲစဥ်များ နှင့် ကွာတားဖိုင်နယ် ပွဲစဥ်များကို ကျင်းပသွားပါမည်။
- ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဆီမီးဖိုင်နယ်၊ တတိယနေရာ ယှဥ်ပြိုင်ပွဲ နှင့် ဖိုင်နယ် ပွဲစဥ်များကို ယှဥ်ပြိုင်ပြီး ဆုပေးပွဲကိုလည်း ကျင်းပသွားပါမည်။
(မှတ်ချက်။ ပြိုင်ပွဲ အချိန်ဇယားများကို အောက်တွင် ပူးတွဲ ဖော်ပြသွားပါမည်။)

(၄) ပြိုင်ပွဲဝင်ကြေး။ အသင်းတစ်သင်းလျှင် (၈) သောင်းကျပ် သတ်မှတ်ပြီး ဝါ / နီ ကြေး အဖြစ် (၃) သောင်းကျပ် သတ်မှတ်ပါသည်။
-အဝါ (၁) ကတ်လျှင် ၃၀၀၀ ကျပ်၊ အနီ (၁) ကတ်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ပါသည်။
-ထိုဒဏ်ကြေးငွေများကို ဝါ/နီကြေး မှ နုတ်ယူသွားမည်ဖြစ်ပြီး၊ ပြစ်ဒဏ်မထိသော အသင်းများ၊ ပိုသော ဝါ/နီ ကြေးများကို ပြိုင်ပွဲ အပြီး ၁ ရက် အကြာတွင် ကေပီကွင်းတွင် ပြန်လည်ထုတ်ယူနိုင်ပါသည်။

-ပွဲစဥ် (၁) ပွဲ ကန်တိုင်း တစ်ဘက် တစ်သင်းလျှင် ၁၅၀၀၀ ကျပ် နှင့် (၂) သင်းပေါင်း ၃၀၀၀၀ ကျပ် သတ်မှတ်ပါသည်။

-မည်သည့်ကစားသမား မဆို ပွဲစဥ် (၁) ပွဲ (သို့) ပွဲစဥ် ၂ ခုတွင် အဝါကတ် (၂) ခါ ပြစ်ဒဏ်ထိပါက (၁) ပွဲနား ပြစ်ဒဏ် ကျခံရမည်ဖြစ်ပြီးနောက်ပွဲစဥ်တွင် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ပြုမည် မဟုတ်ပါ။
- (၂) ဝါ၊ (၁) နီ (သို့) တိုက်ရိုက် အနီ ပြခံရပါက ကစားသမားသည် (၁) ပွဲနား ပြစ်ဒဏ်ခံရပါမည်။

( မှတ်ချက် ။ ဒိုင်များ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက် အတိုင်း ဝါ/နီ ကြေး ကောက်ခံသွားမည်။)

(၅) ပြိုင်ပွဲ အချိန် ။ ပထမပိုင်း မိနစ် ၂၀၊ နားချိန် ၅ မိနစ်၊ ဒုတိယပိုင်း မိနစ် ၂၀ ၊ စုစုပေါင်း ၄၅ မိနစ်ဖြစ်သည်။

-ဆီမီးဖိုင်နယ်၊ ဖိုင်နယ် ပွဲစဥ်များကိုသာ အချိန်ပို (၅) မိနစ်၊ (၂) ပိုင်း (၁၀) မိနစ် ကစားသွားမည်၊ ထို့နောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူသွားမည်။

-ရှုံးထွက် နှင့် ကွာတားဖိုင်နယ် ပွဲစဥ်များကို ပွဲချိန် ပြီးပါက တိုက်ရိုက် ပင်နယ်တီ ကန်၍ ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ် ခံယူသွားမည်။ ရှုံးထွက် နှင့် ကွာတား ပွဲစဥ်များတွင် အချိန်ပို ကစား(၅) မိနစ် (၂) ပိုင်း ကစားသွားမည် မဟုတ်ပါ။

-ဖွင့်ပွဲရက်တွင် ပြိုင်ပွဲဝင်အသင်းတိုင်း၊ ကစားသမားတိုင်း၊ အသင်းအုပ်ချုပ်သူများ အားလုံး တက်ရောက်၍ အုပ်စု ပွဲစဥ်များကို မဲနှိုက် ရွေးချယ်ရမည်။

(၆) ပြိုင်ပွဲစည်းကမ်းများ

- ပြိုင်ပွဲဝင် အသင်းဖောင်၊ ပြိုင်ပွဲဝင်ကြေး နှင့် ဝါနီကြေးများကို ဇန်နဝါရီလ ၂၅ ရက်နေ့ တွင် နောက်ဆုံးထား ပေးသွင်းရမည်။ သတ်မှတ်ရက်ထက် ကျော်လွန်သော အသင်းများကို လက်ခံမည် မဟုတ်ပါ။
- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသော ကွင်းကြီးပြိုင်ပွဲလိဂ်များ၊ ဖူဆယ်လိဂ် ပြိုင်ပွဲများ၊ ဝင်ရောက်ယှဥ်ပြိုင်ဖူးသော ပရိုကစားသမားများ ယှဥ်ပြိုင်ခွင့်မပြုပါ။
- တာဝန်ရှိသူများမှ လည်းကောင်း၊ ပြိုင်ပွဲဝင် အသင်းများမှလည်းကောင်း အငြင်းပွားဖွယ် ပရိုကစားသမားကို တွေ့ရှိပါက ပြိုင်ပွဲကျင်းပရေး နှင့် အသင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်သွားမည်။
- တူညီဝတ်စုံ၊ ဖူဆယ်ဖိနပ်ဖြင့်သာ ဝင်ရောက်ယှဥ်ပြိုင်ရမည်။ ဂိုးသမားသည် အခြားကစားသမားများဖြင့် အရောင်ကွဲ ဝတ်ဆင်ရမည်။
- ပြိုင်ပွဲဝင်အသင်းများ ပွဲမစမှီ မိနစ် ၂၀ အလိုတွင် ကွင်းသို့ ရောက်ရှိရမည်။ နောက်ကျ၍ သော်လည်းကောင်း၊ ဆက်လက် မယှဥ်ပြိုင်၍ သော်လည်းကောင်း၊ မိနစ် ၂၀ စောင့်ဆိုင်းပေးမည် ဖြစ်ပြီး၊ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက တဖက်ပြိုင်ဘက်အသင်းအား အနိုင်ပေးမည် ဖြစ်သည်။
-ပြိုင်ပွဲဝင်ရန် အသင်းအရေအတွက် ပြည့်မှီခြင်း မရှိပါက ပြိုင်ပွဲဝင် အသင်းအရေအတွက် နှင့် ဆုကြေးများကို ပြောင်းလဲသတ်မှတ်သွားမည်။ ပြိုင်ပွဲဝင်အသင်းအရေအတွက် နှင့် ဆုကြေး ပြောင်းလဲမှုကို အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
-ကစားသမားဦးရေ၊ ကစားသမား အမည်များသည် ပြိုင်ပွဲစတင်သည့် ရက်တွင် အတည်ဖြစ်ပြီး၊ ပြိုင်ပွဲယှဥ်ပြိုင်စဥ် ကစားသမားဦးရေ ထပ်တိုးခြင်း၊ ကစားသမား လဲလှယ်ခြင်း၊အမည်စာရင်းသစ် ပေးခြင်းများ လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။

-ယှဥ်ပြိုင်ခြင်းကိုသာ အဓိကထားသော ပြိုင်ပွဲ ဖြစ်၍ ခိုက်ရန် ဖြစ်ပွားခြင်း မရှိစေရန် အသင်းအုပ်ချုပ်သူနှင့် အသင်းသားများ မိမိအသင်းကို မိမိ ထိန်းသိမ်း ကြပ်မတ်သွားရန် တိုက်တွန်းအပ်ပါသည်။
- ပြိုင်ပွဲဝင် အသင်း အချင်းချင်း၊ ကစားသမား အချင်းချင်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဖြင့် အပြန်အလှန် လေးစားကြရန်။
- ခိုက်ရန် ဖြစ်ပွားသော အသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်။
- တားမြစ်ဆေးနှင့် မူးယစ်ဆေး သုံးစွဲခြင်း မပြုရန်နှင့် တွေ့ရှိပါက ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်။
-ဖူဆယ်ပြိုင်ပွဲ အားကစားနှင့် ပတ်သက်မှု မရှိသော နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ကိစ္စများ၊ logo နှင့် အခြားဆက်စပ်သော အရာများ အသုံးပြုမှု မပြုကြရန် မေတ္တာရပ်ခံ အပ်ပါသည်။
-ကစားသမားများ၏ ရုပ်ပုံ နှင့် အသင်း တံဆိပ်၊ အသင်းကစားပုံများကို ကေပီဖူဆယ် page တွင် အသုံးပြုခွင့်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာများနှင့် ပူးတွဲ ဖော်ပြချက်များကို အသင်းအုပ်ချုပ်သူ နှင့် အသင်းသားများအားလုံး သိရှိပြီး ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

Address

67D/10, Yadanar Street, Dagon Sate Kan
Yangon
0000

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

09893780141

Website

Alerts

Be the first to know and let us send you an email when KP Futsal -Dagon Sate Kan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share