Ke Ke Daily Football

Ke Ke Daily Football နေ့စဉ်နောက်ဆုံးရ ဘောလုံးသတင်းများကို အချိန်နှင့်တပြေးညီတင်ပေးသွားမှာဖြစ်ပါတယ်။

ဂျာမန် စနိုက်ပါ လို့လည်းခေါ်ကြတယ်နော် သူ့ကို…..  Ke Daily Football
12/10/2023

ဂျာမန် စနိုက်ပါ လို့လည်းခေါ်ကြတယ်နော် သူ့ကို…..

Ke Daily Football

၈ပွဲဆက် ရှုံးပွဲမရှိ ဇယားထိပ်မှာဦးဆောင်နေတဲ့ စပါးအသင်း...စပါးအသင်းဟာ ဒီနှစ်ရာသီမှာတော့ ၈ပွဲ ကစားထားရာ ၆ပွဲ နိုင် ၂ပွဲ သ...
10/10/2023

၈ပွဲဆက် ရှုံးပွဲမရှိ ဇယားထိပ်မှာဦးဆောင်နေတဲ့ စပါးအသင်း...
စပါးအသင်းဟာ ဒီနှစ်ရာသီမှာတော့ ၈ပွဲ ကစားထားရာ ၆ပွဲ နိုင် ၂ပွဲ သရေနဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
Son ဦးဆောင်တဲ့ စပါးအသင်းဟာ အုပ်စုဖွဲအားကောင်းတဲ့ နည်းဗျူဟာ ကစားကွက်တွေနဲ့ အတူ ပွဲစဥ်တိုင်းကို အကောင်းဆုံး ကစားထားနိုင်ခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း Kane မရှိတော့ပေမဲ့ Son ကတော့ အကောင်းဆုံး သွင်းဂိုးတွေနဲ့အတူ စပါးအသင်းကို ရှေ့ကနေ ဦးဆောင်ပေးနေပါတယ်။ Son နဲ့အတူ ပွဲစဥ်တိုင်းမှာ ခြေစွမ်းပြအကောင်းဆုံး ကစားပေးနေတဲ့ Maddison ကိုလဲမေ့ထားလို့မရပါဘူး။ဥရောပပြိုင်ပွဲ ဝင်ခွင့်မရပေမဲ့ လက်ရှိ ပရီးမီးယားလိပ် ကိုသာ အာရုံစိုက်ပြီး ကစားနေတဲ့ စပါးအသင်းကတော့ နောက်ထပ်ပွဲစဥ်တွေမှာရော နိုင်ပွဲတွေရရှိနိုင်အုန်းမလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Ke Ke Daily Football

Martinelli ရဲ့သွင်းဂိုးနဲ့ အိမ်ကွင်းမှာ မန်စီးတီးကို အနိုင်ရယူခဲ့တဲ့ အာဆင်နယ်.....💪💪Arsenal 1-0 Manchester City (FT)Mart...
09/10/2023

Martinelli ရဲ့သွင်းဂိုးနဲ့ အိမ်ကွင်းမှာ မန်စီးတီးကို အနိုင်ရယူခဲ့တဲ့ အာဆင်နယ်.....💪💪

Arsenal 1-0 Manchester City (FT)

Martinelli 86”

Ke Ke Daily Football

ဂီတာဖေး အသင်းအတွက် Greenwood ရဲ့ပထမဆုံးသွင်းဂိုးရရှိခဲ့ပါပြီ....Never Give Up Boy 💪💪Ke Ke Daily Football
09/10/2023

ဂီတာဖေး အသင်းအတွက် Greenwood ရဲ့ပထမဆုံးသွင်းဂိုး
ရရှိခဲ့ပါပြီ....Never Give Up Boy 💪💪

Ke Ke Daily Football

လူကာကူရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ နည်းပြကြီးမော်ရင်ဟိုရဲ့ ရိုးမားအသင်း......Cagliari 1-4 Roma...
09/10/2023

လူကာကူရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ နည်းပြကြီးမော်ရင်ဟိုရဲ့ ရိုးမားအသင်း......

Cagliari 1-4 Roma (FT)

Ke Ke Daily Football

စပိန်မြေမှာတောက်ပနေတဲ့ အင်္ဂလန်သားလေး ဘယ်လင်ဟမ်ရဲ့ ဦးဆောင်ဂိုးနဲ့ အတူ Osasuna အသင်းကို အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရရှိခဲ့...
08/10/2023

စပိန်မြေမှာတောက်ပနေတဲ့ အင်္ဂလန်သားလေး ဘယ်လင်ဟမ်ရဲ့ ဦးဆောင်ဂိုးနဲ့ အတူ Osasuna အသင်းကို အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ တော်ဝင် မက်ဒရစ်။

⚽️ Jude Bellingham 9’ , 54’
⚽️ Vinicius 65’
⚽️Joselu 70’

Arsenal Vs Manchester City အသင်းတို့ရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်...Super Sunday ရဲ့ အကောင်းဆုံးပွဲစဥ်တစ်ပွဲဖြစ်တဲ့ Ar...
08/10/2023

Arsenal Vs Manchester City အသင်းတို့ရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်...

Super Sunday ရဲ့ အကောင်းဆုံးပွဲစဥ်တစ်ပွဲဖြစ်တဲ့
Arsenal အသင်းနဲ့ Manchester City တို့ရဲ့ပွဲကတော့
ဘယ်လိုရလဒ်တွေနဲ့ ထွက်လာအုန်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ နှစ်တိုင်းအပြိုင်အဆိုင် ဖြစ်တဲ့ ဒီနှစ်သင်းကတော့ ဒီနှစ်မှာရော ဘယ်လိုပြိုင်ဆိုင်မှုတွေနဲ့လယှဥ်ပြိုင်လာကြအုန်းမှာလဲ။ နှစ်သင်းလုံးမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေကြတဲ့အတွက် ဘယ်လိုလူစာရင်းတွေနဲ့ ပွဲထွက်လာကြမလဲ အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့အဓိက ကစားသမား "Saka” ပြန်လည်ပါဝင်
လာမယ်လို့ နည်းပြ အာတီတာက အတည်ပြုထားပါတယ်။ မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲ့ အားကိုးရတဲ့ ကွင်းလယ်ကစားသမား "Rodri” ကတော့ ပွဲနားခံထားရတာဖြစ်တဲ့အတွက် မန်စီးတွးကွင်းလည်မှာ ဘယ်လိုတွေအားဖြည့်လာမှာလဲဆိုတာလဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဒီနှစ်သင်းတွေ့တိုင်း ဂိုးတွေ မြူးကြပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ "Community” ဖလားပွဲမှာတော့ ၁-၁ နဲ့ သရေကျထားပါတယ်။ အာဆင်နယ်ကတော့ ချန်ပီယံလိပ်ရှုံးပွဲတွေ့ထားပြီး မန်စီးတီးကတော့ ချန်ပီယံလိပ် နိုင်ပွဲတစ်ပွဲ ပြန်လည်ရယူထားပါတယ်။ ရှူံးပွဲတွေ့ခဲ့တဲ့ အာဆင်နယ်အသင်းကဘဲ ပြန်လည်ပြီး နိုင်ပွဲပြန်တွေ့နိုင်မလား
နှစ်ပွဲဆက်နိုင်ပွဲကို မန်စီးတီးအသင်းကဘဲယူဆောင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့ Super Sunday ရဲ့ အကောင်းဆုံးတစ်ပွဲဖြစ်တဲ့ Arsenal အသင်းနဲ့ Manchester City တို့ရဲ့ပွဲစဥ်မှာတော့ " အာတီတာရဲ့ အစုအဖွဲ့ကောင်းကောင်းနဲ့ ပွဲထွက်လာမဲ့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ မန်စီးတီးအသင်းကို အရှုံးခံမှာ မဟုတ်ဘူးလို့ သုံးသပ်ချင်ပါတယ်”

ကျွန်တော်သိသလောက်လေးနဲ့ အကောင်းဆုံးခံမှန်းထားတာဖြစ်လို့ အမှားပါခဲ့ရင်လဲ နားလည်ပေးပါညီကိုတို့။

Ke Ke Daily Football

07/10/2023

တိုမီနေးရဲ့ နောက်ကျ အနိုင် သွင်းဂိုးတွေနဲ့ အတူ သရဲနီတို့အိမ်ကွင်း Old Trafford မှာ နိုင်ပွဲရရှိခဲ့ပါတယ်။

အဝေးကွင်းမှာ Burnley ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ Chelsea....💪Burnley 1-4 Chelesa (FT) Ke Ke Daily Football
07/10/2023

အဝေးကွင်းမှာ Burnley ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ Chelsea....💪

Burnley 1-4 Chelesa (FT)

Ke Ke Daily Football

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ke Ke Daily Football posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category