DREAM LAND Gym & Fitness Center

DREAM LAND Gym & Fitness Center Gym and Fitness Center Gym/Physical Fitness Center

29/11/2025

🔥

Dreamland Gym တွင်လုပ်ကိုင်ရန် Trainer male တစ်ဦး အလိုရှိသည်လုပ်သက်  ၁ နှစ်အနည်းဆုံးရှိရမည်Gym ကစားနည်း / Nutrition အကြေ...
16/11/2025

Dreamland Gym တွင်လုပ်ကိုင်ရန် Trainer male တစ်ဦး အလိုရှိသည်
လုပ်သက် ၁ နှစ်အနည်းဆုံးရှိရမည်
Gym ကစားနည်း / Nutrition အကြောင်းနားလည်ရမည်။
Gym မှ ချမှတ်သောစည်းမျဉ်းများကို လိုက်နာနိုင်ရမည်။
ပေါင်းသင်း ဆက်ဆံရေးပြေပစ်ရမည်။
Gym တွင်နေစရာပေးမည်။
ဆန်ပေးမည်။
နယ်မှ လာသူ ဦးစားပေးမယ်။
တနင်္ဂနွေနေ့ ပိတ်ရက်ရမည်။

နေရာ - လှိုင်သာယာ၊ နဝဒေးအိမ်ယာ၊ ရန်ကုန်။

လစာ- 400000 (ညှိနိုင်း)

ဆက်သွယ်ရန် - 095137407
Viber / cb / Dream Land Gym & Fitness Page သို့ CV Form ပို့ပေးနိုင်ပါသည်။
Welcome ✌️

14/05/2024

အဆီတွေ ဘယ်လိုလောင်ကျွမ်းလဲ….. ✌️

14/05/2024

Diet အကြောင်းသိကောင်းစရာ။…

နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် (၁၂.၄.၂၀၂၄) ရက် မှ (၁၉.၄.၂၀၂၄) ရက် အထိ gym ပိတ်ပါသည်။ပိတ်ရက်များအား အစားထိုးရက်များ ပြန်လည်ပေ...
09/04/2024

နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် (၁၂.၄.၂၀၂၄) ရက် မှ (၁၉.၄.၂၀၂၄) ရက် အထိ gym ပိတ်ပါသည်။
ပိတ်ရက်များအား အစားထိုးရက်များ ပြန်လည်ပေးအပ်သွားပါမည်။

အားလုံး စိတ်ရွှင်ကျန်းမာ နှစ်သစ်ကူး သင်္ကြန်ဖြစ်ပါစေ။

ကျေးဇူးတင်ပါသည်။ 🎉🎈🎊

Workout လုပ်တဲ့အခါ တချိူ့မိန်းခလေးတွေပြောပြောနေကြတာ ‘ဝိတ်ကျချင်လို့မှ gym ဆော့တာ ကိုယ်အလေးချိန်ပိုတက်လာတယ်’ ဆိုပြီး စိတ်...
28/03/2024

Workout လုပ်တဲ့အခါ တချိူ့မိန်းခလေးတွေပြောပြောနေကြတာ ‘ဝိတ်ကျချင်လို့မှ gym ဆော့တာ ကိုယ်အလေးချိန်ပိုတက်လာတယ်’ ဆိုပြီး စိတ်ညစ်တာတွေ..
လေ့ကျင့်ခန်းတွေ အတင်းလုပ်ပြီး အစားတွေလျှော့တာတွေ.. အများကြီးမြင်ဖူး ကြားဖူး ကိုယ်ကိုယ်တိုင်လည်းဖြစ်ဖူးခဲ့တယ်။

သင်အမှန်တကယ် အဆီပိုမရှိ ကျစ်ကျစ်လစ်လစ် ဖြစ်ချင်ရင်

၁- ပေါင်ချိန်စက်ပေါ် တရက်တည်း အခေါက်ပေါင်းများစွာမတက်ပါနဲ့ ။ ပုံမှာပြထားတဲ့အတိုင်း အဆီ ၅ပေါင်နဲ့ ကြွက်သွား ၅ပေါင်ရဲ့ ဆိုဒ်ကွာဟမှုကို တွေ့နိုင်မှာပါ။ workout လုပ်တဲ့နေ့တွေမှာ သင့်ကိုယ်အလေးချိန်တက်လာတိုင်း အဆီတက်ခြင်းမဟုတ်ပါဘူး.. ကြွက်သားသန်စွမ်းလာခြင်းဖြစ်ပါတယ်။

၂- အစားအစာကို ဝလင်အောင်စားပါ။ သင် workout လုပ်တိုင်း ကြွက်သားတွေ အားပြည့်ဖို့ protein လိုအပ်သလို carbs လည်းလိုအပ်ပါတယ်။ Asian တွေဟာ ထမင်း၊ ဂျူံခေါက်ဆွဲ စတာတွေနဲ့မကင်းနိုင်ပါဘူး။ ကယ်လိုရီတွက်ချက်ပြီး စားပါ။ အဆာမခံပါနဲ့။

၃- မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ပုံမှန် ၁ပတ်မှာ ၆ရက် workout လုပ်ပြီး တချို့အပတ်တွေမှာ ခန္ဓာကိုယ်ပင်ပန်းနေတယ်ဆိုရင် ဇွတ်မမောင်းပါနဲ့.. အနားယူပါ။ သို့သော် ဒီအကြောင်းပြချက်နဲ့ ကိုယ့်ကိုကိုယ်မလိမ်မိပါစေနဲ့။

၄- တနေ့ရေ အနည်းဆုံး ၂-၃ လီတာသောက်ပါ။ အိပ်ရေးဝတအိပ်ပါ။

၅- မိမိကိုယ်ကိုအရမ်းမတင်းကြပ်ပါနဲ့။ ကိုယ်က အမြဲ high protein, low carbs တွေစားနေပေမဲ့ တခါတလေ အပေါင်းသင်းတွေနဲ့ အပြင်မှာဆုံရင် သောက်ပါ၊ စားပါ။ သို့သော် နောက်ရက်ရောက်လာရင် ပုံမှန်စားနေကျ diet ကို ပြန်စားပါ။

၆- Instagram model တွေ Youtube model တွေရဲ့ ပုံတွေကြည့်ပြီး အားကျသင့်သလောက် အားကျပါ။ တချိူ့တွေက implant လုပ်ထားတာဖြစ်ချင်ဖြစ်မယ်။ တချိူ့တွေ photoshop လုပ်ထားတာဖြစ်ချင်ဖြစ်မယ်။ တချိူ့တွေ တကယ်ကိုလှကြတာဖြစ်မယ်။ သင်အားကျပြီး လိုက်ကြည့်တဲ့ သူတို့ရဲ့ workout ပုံစံတွေ အစားသောက်ပုံစံတွေဟာ သူတို့အတွက် အလုပ်ဖြစ်ရင်ဖြစ်မယ်။ သင့်အတွက် အလုပ်ဖြစ်ချင်မှဖြစ်မှာပါ။ လူတဦးတယောက်ဆီက တုံ့ပြန်မှုချင်း ကွာခြားတတ်တာကြောင့် ကိုယ့်အတွက်ထိရောက်မဲ့ လေ့ကျင့်ခန်းမျိူး စားသောက်မှုမျိူးကိုလေ့လာပါ။

၇- gym သွားတဲ့အခါ ကိုယ်လုံးအရမ်းလှပြီး abs တွေထွက်နေတဲ့လူတွေကိုမြင်ရင် စိတ်ဓါတ်မကျပါနဲ့။ သူတို့ဟာ လွန်ခဲ့တဲ့ ၃နစ်လောက်က စဆော့ပြီး ခုလို result ရနေတာပါ။ သင်က ခုမှစဆော့တာဆိုတော့ လိုက်ယှဉ်ပြီး စိတ်ဓါတ်မကျပါနဲ့။

၈- ဘယ်အရာမဆို အကောင်းဆုံးလိုချင်ရင် အချိန်ရော လူရောပေးဆပ်ရပါတယ်။ ၁လတည်း ၃လတည်းနဲ့ ဘယ်အရာမှ သိသိသာသာဖြစ်မလာပါဘူး။ အနည်းဆုံး ၆-၈လလောက်မှ တဖြည်းဖြည်း result အရာထင်လာမှာပါ။ ဇွဲမလျှော့ပါနဲ့။

၉- အစားအသောက်လျှော့ပြီး ဝိတ်ထိမ်းခြင်း၊ လိမ်းဆေးလိမ်းပြီး ဝိတ်ထိန်းခြင်းတွေဟာ ခဏတာ အကျိူးပဲရနိုင်တာပါ။ နောက်ပိုင်းမှာ သင့်ကြွက်သားအားနည်းလာခြင်း အသားပျော့တွဲလာခြင်းတွေ ကြုံလာရမှာပါ။

၁၀- စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချပါ။ ဥပမာ စိတ်ရှုပ်လာရင် မိမိဝါဒနာပါရာကိုထလုပ်ပါ။ သီချင်းနားထောင်ခြင်း၊ yoga၊ gym၊ လျှောက်လည်ခြင်း၊ မိမိယုံကြည်ရသူနှင့်စကားပြောခြင်းများပြုလုပ်ပါ။

ကျစ်လစ်သန်မာပြီး ကျန်းကျန်းမာမာလှချင်ရင် ဒီအချက်လေးတွေဂရုစိုက်ပေးကြပါ။


05/02/2024
မုန်းလဲ လုပ်ရမှာပဲ အားတီတို့… 😂
03/02/2024

မုန်းလဲ လုပ်ရမှာပဲ အားတီတို့… 😂

31/01/2024

Wednesday Gym Time.. 💪

22/01/2024

Group Plank Exercise Day.. 💪😊👍

Address

No(4)/Block 58 , Nawaday Garden, Hlaing Thar Yar Township. Yangon
Yangon
5137407

Telephone

+9595137407

Website

Alerts

Be the first to know and let us send you an email when DREAM LAND Gym & Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DREAM LAND Gym & Fitness Center:

Share