09/05/2025
ပံ့ပိုးမှုများရှိရင်ဝင်ရောက်ယှဥ်ပြိုင်သွားပါမည်။
MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း ၅၀ဖြင့် ကျင်းပမည်
-----------------------
MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို MFF Futsal Stadium တွင် အသင်းပေါင်း ၅၀ ဖြင့် ဇွန်လ ၄ ရက်မှ ၂၉ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် လိုသည့် အသင်းများအနေဖြင့် မေ ၂၀ ရက်မှ ၂၃ ရက် အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် နှင့် သဲသောင်ပြင် ဌာနတွင် အသင်းဝင်ခွင့် လျှောက်လွှာများကို ထုတ်ယူ၍ အသင်းဝင်ခွင့်လျှောက်ထားရမည် ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် နှင့် သဲသောင်ပြင်ကော်မတီ အနေဖြင့် ထိုပြိုင်ပွဲကို အသင်းပေါင်း ၅၀ ဖြင့်သာ ကျင်းပမည် ဖြစ်ပြီး အသင်းအရေအတွက် ပြည့်မီပါက အသင်းဝင်ခွင့် လျှောက်လွှာတင်ခြင်းကို ရပ်ဆိုင်းသွားမည် ဖြစ်သည်။
MFF Futsal Amateur Cup 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် လိုသော အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် ၃ သိန်း၊ Deposit ကျပ် ၂ သိန်းပေးသွင်းရမည် ဖြစ်ပြီး အနည်းဆုံး ဂိုးသမား နှစ်ဦး အပါအဝင် ကစားသမား ၁၄ ဦးမှ ၁၆ဦးအထိ လည်းကောင်း၊ အုပ်ချုပ်နည်းပြ အနည်းဆုံး ၃ ဦးမှ ၆ ဦးအထိ လည်းကောင်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။
MFF Futsal Amateur Cup 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် ကစားသမားများ မှတ်ပုံတင်ရာတွင် လက်ရွေးစင် ဖူဆယ်/ဘောလုံးကစားသမားများ၊ Futsal League 1,2, MNL 1,2 နှင့် MNL Youth League ပြိုင်ပွဲများတွင် ၀င်ရောက်ကစားခဲ့ဖူးသူများနှင့် အထက်ပါ ပြိုင်ပွဲများတွင် အုပ်ချုပ် နည်းပြ အဖွဲ့၀င်များ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများကို ကစားသမားအဖြစ် မှတ်ပုံတင်ခွင့် ပြုမည် မဟုတ်ပါ။
MFF Futsal Amateur Cup 2025 ပြိုင်ပွဲတွင် တရာမဝင် ကစားသမား ထည့်သွင်း အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိပါက အသင်းအား ပြိုင်ပွဲမှ ထုတ်ပယ်သွားမည် ဖြစ်ပါသည်။