Ennoble Fitness Centre

Ennoble Fitness Centre Open at 7:00 am to 9:00 pm.Sunday Closed. (Ennoble Fitness_Push yourself!!)💪🏼 Gym/Physical Fitness Center

🧘‍♀️ယောဂလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး(၅)ချက်🧘‍♂️************************************************1️⃣ကိုယ်ခန္ဓာ ပျော့ပျောင်...
28/08/2026

🧘‍♀️ယောဂလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး(၅)ချက်🧘‍♂️
************************************************
1️⃣ကိုယ်ခန္ဓာ ပျော့ပျောင်းစေခြင်း

🧘‍♀️ယောဂလေ့ကျင့်ခြင်း၏ ပထမဆုံးနှင့်သိသာထင်ရှားမှုအရှိဆုံးအကျိုးကျေးဇူးများထဲမှတစ်ချက်ကတော့ ကိုယ်ခန္ဓာပျော့ပျောင်းလာမှုပါ။ဟုတ်ပါတယ်။သင်ဟာယောဂအတန်း ပထမဆုံးနေ့မှာ သင့်ရဲ့ခြေချောင်းထိပ်လေးတွေကို ခန္ဓာကိုယ်ကွေးညွှတ်ပြီးထိနိုင်ဦးမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဖြေးဖြေးချင်းစီကိုယ်ခန္ဓာကို လိုက်လျောညီထွေဖြေလျှော့ပြီးလိုက်လုပ်ကြည့်မယ်ဆိုရင် နောက်ဆုံးမှာ သင်လုပ်နိုင်သွားတာကို သတိပြုမိလာပါလိမ့်မယ်။နာကျင်ခြင်းဝေဒနာတွေလည်းဖြေလျှော့ပျောက်ကင်းသွားပါလိမ့်မယ်။ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ပေါင်နဲ့ ခြေသလုံးရိုးတို့ မလျော်ညီတဲ့ ဖြောင့်တန်းမှုကြောင့် တင်ပါးဆုံရိုးများသည် အဆစ်ကိုတင်းမာစေနိုင်တယ်။တင်းကျပ်သောဒူးကောက်ကြောဒဏ်ရာများက ခါးဆစ်ကျောရိုးကို နာကျင်စေနိုင်ပါတယ်။ အရွတ်ကဲ့သို့ ကြွက်သားများနှင့်ချိတ်ဆက်ထားတဲ့ တစ်ရှူးများ ရှုပ်ထွေးမှုသည်လည်းကိုယ်ဟန်အနေအထားကို ဆိုးရွားစေပါတယ်။

2️⃣စိတ်တည်ငြိမ်မှုကို ရရှိစေခြင်း

🧘‍♂️ယောဂလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို ဖြစ်စေသည့် နောင်တရခြင်း၊ဒေါသထွက်ခြင်း၊ကြောက်ရွံ့ခြင်း တို့ကို လျှော့ချပေးနိုင်ပါတယ်။ကျွန်တော်တို့ဟာစိတ်ဖိစီးမှုကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အိပ်မပျော်ခြင်း၊သွေးတိုးရောဂါနှင့်နှလုံးရောဂါများကိုခံစားရလေ့ရှိပါတယ်။သို့သော် ယောဂလေ့ကျင့်ခြင်းက စိတ်ကို တည်ငြိမ်စေသောကြောင့် ၎င်းရောဂါဘယများမှ ကင်းဝေးစေမှာ အမှန်ပါပဲ။

3️⃣သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

🧘‍♀️ယောဂလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေသည်။အထူးသဖြင့်ယောဂ၏ လေ့ကျင့်ခန်းများသည် လက်နှင့်ခြေထောက်ရှိ သွေးကြောများကို ပိုအထောက်အကူပြုသည်။ယောဂလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ရှိ ဆဲလ်များ
သို့ အောက်ဆီဂျင်ပိုရောက်စေပြီး ခန္ဓာကိုယ်၏ကိုယ်တွင်း အဂါင်္ံများ၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသည်။ ယောဂ၏ "twisting pose" ကစားနည်း
သည် သွေးလှည့်ပတ်သည့်ကိုယ်ခန္ဓာအတွင်းအဂါင်္များ၏ သွေးပြန်ကြောမှသွေးများကို ဖယ်ထုတ်ပြီး "twisting pose" ပြန်လွှတ်လိုက်သည်နှင့် အောက်ဆီဂျင်ရှိတဲ့သွေးများကိုစီးဆင်းစေသည်။"Headstand, Handstand,Shoulderstand စသည့် ပြောင်းပြန်ယောဂလေ့ကျင့်ခန်းများသည်
ခြေထောက်များနှင့်တင်ပါးဆုံတွင်းရှိသွေးပြန်ကြောမှသွေးများကို နှလုံးသို့ပြန်စီးဆင်းစေပြီး၎င်းကို
အဆုတ်သို့အောက်ဆီဂျင်ပြန်ရရန်ပို့ပေးသည်။၎င်းလေ့ကျင့်ခန်းများသည် နှလုံးနှင့်ကျောက်ကပ်တစ်ခုခုအားနည်းတာကြောင့်ဖြစ်တဲ့ ခြေထောက်ယောင်ရမ်းလာခြင်း မဖြစ်အောင်ကူညီပေးပါသည်။

4️⃣အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း

🧘‍♀️သင့်ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ လေ့ကျင့်ခန်းများသည် အရိုးများကို ပိုမိုခိုင်မာစေပြီး အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ယောဂတွင် ကိုယ်ဟန်အနေအထားအများစုသည် မိမိ၏ကိုယ်အလေးချိန်ကိုသုံးပြီးလေ့ကျင့်ရသည့် နည်းတွေဖြစ်ပါတယ်။အထူးသဖြင့် "downward " နှင့် "upward face-dog" ယောဂကိုယ်ဟန်အနေအထားများသည် လက်မောင်းအရိုးများကို သန်မာစေပြီး အရိုးပွရောဂါကြောင့်ဖြစ်တဲ့ အရိုးကျိုးလွယ်ခြင်းများမဖြစ်အောင် တားဆီးပေးပါတယ်။

5️⃣အာရုံစူးစိုက်မှုကောင်းမွန်ခြင်း

🧘‍♂️ပုံမှန်ယောဂလေ့ကျင့်သူသည် တစ်ခြားသူများထက် ညှိုနှိုင်းမှု၊ တုံ့ပြန်မှု၊ မှတ်ဉာဏ်အားကောင်းမွန်မှုတို့ပိုမိုသာလွန်ပါတယ်။"Transcendental Meditation" ကိုကျင့်သုံးတဲ့သူများဟာ ပြဿနာကိုဖြေရှင်းရာနှင့် သတင်းအချက်အလက်များကိုမှတ်ဉာဏ်ပြန်ခေါ်ရာမှာ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းကြပါတယ်။

ဒါကြောင့်မို့…Yoga လေ့ကျင့်ဖို့ရာ သင်တန်းလေးရှာနေတယ်ဆို မင်္ဂလာဒုံ၊ခရေပင်လမ်းခွဲ၊သုံးရာသီမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ မင်တို့ရဲ့ Ennoble Fitness Centre ကိုပဲလှမ်းလာခဲ့လိုက်တော့နော် ..

⏰ Opening Time - 7 : 00 AM To 9 : 00 PM

☎️ Contact Us : 09 969 131 994

09 974 202285

09 77166 7367

📮 Address : မင်္ဂလာဒုံမြို့၊ ခရေပင်လမ်းမ၊ သုံးရာသီ မှတ်တိုင်အနီး ၊KBZ bank အနောက်ဘက် ၊(၂)လမ်းမြောက်မှာ ရှိပါတယ်ရှင့်။





📢 Today’s InBody Measurement Sessionဒီနေ့ညနေ 5:00 PM မှ 7:00 PM အထိInBody Measurement တိုင်းတာပေးသွားမှာဖြစ်ပါတယ်။မိမိရဲ...
22/07/2026

📢 Today’s InBody Measurement Session

ဒီနေ့ညနေ 5:00 PM မှ 7:00 PM အထိ
InBody Measurement တိုင်းတာပေးသွားမှာဖြစ်ပါတယ်။

မိမိရဲ့ Body Fat, Muscle Mass, Weight နှင့် Body Condition ကို သိချင်သူများ လာရောက်တိုင်းတာနိုင်ပါတယ် 💪✨

📍ENNOBLE FITNESS CENTRE

13/07/2026

Fitness journey starts here.🏋️

゚viralシ

📢 INBODY MEASUREMENT DAY ကျွန်တော်တို့ရဲ့ ENNOBLE FITNESS CENTRE မှMember များရဲ့ လေ့ကျင့်ခန်းရလဒ်များကို စနစ်တကျစောင့်က...
13/07/2026

📢 INBODY MEASUREMENT DAY

ကျွန်တော်တို့ရဲ့ ENNOBLE FITNESS CENTRE မှMember များရဲ့ လေ့ကျင့်ခန်းရလဒ်များကို စနစ်တကျစောင့်ကြည့်နိုင်စေရန် ရည်ရွယ်ပြီးနှစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးနေကျဖြစ်တဲ့ InBody Measurement Service ကိုလာမည့် ဇူလိုင်လ(၂၂)ရက်‌နေ့ တွင်ပြန်လည်တိုင်းတာပေးသွားမည်ဖြစ်ပါသည်။

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်နေသူများအတွက် ကိုယ့်ရဲ့ကြိုးစားမှုရလဒ်ကို သိမြင်နိုင်ရန်အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပြီး၊ fitness goal ကို ရောက်ရှိရန် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း သိရှိနိုင်ပါတယ်။

InBody Measurement ဖြင့် သိရှိနိုင်မည့်အချက်များ👇
✅ Body Fat Percentage (ခန္ဓာကိုယ်အဆီရာခိုင်နှုန်း)
✅ Skeletal Muscle Mass (အရိုးကြွက်သားထုထည်)
✅ Body Weight (ခန္ဓာကိုယ်အလေးချိန်)
✅ BMI
✅ Basal Metabolic Rate (BMR)

ဒါကြောင့် Member များအားလုံး အချိန်မီ လာရောက်တိုင်းတာပြီး မိမိရဲ့ progress ကို စစ်ဆေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ 💪

🗓️ Date – 22.7.2026 (Wednesday)

⏰ Time - 5:00Pm to 7:00Pm

ENNOBLE FITNESS CENTRE
⏰Opening time : 7:00Am to 9:00Pm

☎️ Phone : +959 969 131 994 +959 974 202 285

📍 Address : မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမ သုံးရာသီမှတ်တိုင်အနီး KBZ Bank အနောက်ဘက် (၂)လမ်းမြောက်


08/07/2026

📍Gym စဆော့တဲ့သူတွေ လုပ်ဖူးလေ့ရှိတဲ့ အမှားများ


Vacancy Announcement 📢📍Receptionist - မ(5)ဦး- အလုပ်ချိန် (ညှိနှိုင်း)- အသက် -20အထက်-ပညာအရည်အချင်း-10တန်းအောင်- Computer ...
01/07/2026

Vacancy Announcement 📢

📍Receptionist - မ(5)ဦး

- အလုပ်ချိန် (ညှိနှိုင်း)
- အသက် -20အထက်
-ပညာအရည်အချင်း-10တန်းအောင်
- Computer (Excel/Word)အခြေခံတတ်‌မြောက်ရမည်။
- လူမှုရေးအရှုပ်အရှင်းကင်းရမည်။
- အလုပ်ခွင်စည်းကမ်းကို တိကျစွာလိုက်နာပြီး Mutual Respect ရှိရမည်။
- ကိုယ်နှုတ်အမူအရာ ယဉ်ကျေးရမည်။
- လစာ (၂သိန်း) မှ (၄သိန်း)

📍Hr Executive - မ(2)ဦး

-အလုပ်ချိန် (9:00Am - 5:00Pm)
-အသက်-30နှင့်အထက်
-ပညာအရည်အချင်း-ဘွဲ့ရ
-လုပ်ငန်းအတွေ့အကြုံ-အနည်းဆုံး 3နှစ်ရှိရမည်။
-Hr Certificate/Hr Diploma ရရှိထားသူဖြစ်ရမည်။
-Computer (Word/Excel)ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
-လူမှုရေးအရှုပ်အရှင်းကင်းရမည်။
-အလုပ်ခွင်စည်းကမ်းကို တိကျစွာလိုက်နာပြီး Mutual Respect ရှိရမည်။
-လစာ (ညှိနှိုင်း)

📍မင်္ဂလာဒုံမြို့နှင့် အနီးတဝိုက်နေထိုင်သူဦးစားပေးမည်။

✅လျှောက်ထားလိုပါက (CV Form)အပြည့်အစုံ၊ passport ဓာတ်ပုံ-1ပုံ၊ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက်ထောက်ခံစာမိတ္တူ အပြည့်အစုံဖြင့် ENNOBLE FITNESS CENTRE သို့လူကိုယ်တိုင်လာရောက်၍ဖြစ်‌စေ၊ [email protected] သို့ E-mailမှဖြစ်စေ လျှောက်ထားနိုင်သည်။

📞 ဆက်သွယ်ရန် - 09 969 131 994 - 09 974 202 285

📍 လိပ်စာ - မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမ၊ သုံးရာသီမှတ်တိုင်အနီး၊ KBZ Bank အနောက်ဘက်(၂)လမ်းမြောက်

#အလုပ်အကိုင်

29/06/2026

Types of Biceps 🔥

24/06/2026

Gym Ratsလေးတွေ Gymဆော့ပြီးရင် ဒီလိုမျိုးဖြစ်ကြလား 🤣

Address

အမှတ် (၂၃၄/၂၃၅) ဗိုလ်မင်းခေါင်လမ်း၊ ၂(ခ) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်။
Yangon
11

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959974202285

Website

Alerts

Be the first to know and let us send you an email when Ennoble Fitness Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share