T. NOVA

T. NOVA (I don’t just train your body - I guide you to a healthier, happier life) “” Transform your life beyond fitness “”

04/05/2026

"နံနက်ခင်းမှာသဘာဝတရားရဲ့စွမ်းအင်ကိုယူကြသူများ 🌿✨🧘‍♀️"



***NO COPYRIGHT INFRINGEMENT INTENDED - We do not own the copyright of this song, this is educational purpose only .They belong their rightful owners***

29/04/2026

"အင်္ဂါနေ့ နံနက်ခင်း Yoga Group Session🌳🧘‍♂️"
Small steps every day lead to big results.
Nova Htet


***NO COPYRIGHT INFRINGEMENT INTENDED - We do not own the copyright of this song, this is educational purpose only .They belong their rightful owners***

Nova တို့ မိန်းကလေးတွေ ကိုယ့်အတွက် *daily schedule* ဆွဲတဲ့အခါမှာ ၁ ပတ်စာ ၂ ပတ်စာမဟုတ်ပဲ ❗️၁လစာ ၁လခွဲစာ ကိုယ့်ရဲ့ရာသီစက်ဝ...
07/11/2025

Nova တို့ မိန်းကလေးတွေ ကိုယ့်အတွက် *daily schedule* ဆွဲတဲ့အခါမှာ ၁ ပတ်စာ ၂ ပတ်စာမဟုတ်ပဲ ❗️၁လစာ ၁လခွဲစာ ကိုယ့်ရဲ့ရာသီစက်ဝန်းချိန်ပေါ်မူတည်ပြီးဆွဲသင့်ပါတယ်❗️
* Supplements ကိုပုံမှန်အချိုးအတိုင်းသောက်ရုံနဲ့မရတဲ့ ပိုလိုတဲ့ရက်တွေရှိတယ် … (Vitamin C, Iron, D3, Zinc)
* နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ၁လလုံးနီးပါးလိုတတ်တတ်ကြွကြွနဲ့ပြီးမြောက်အောင်မလုပ်ဆောင်နိုင်တော့တဲ့နေ့ရက်တွေရှိတယ် …
* စိတ်ရဲ့အကောင်းဆုံးအတတ်ကြွဆုံးရက်တွေကနေ private time, private day နဲ့ meditation လေးလုပ်၊ ပန်းပင်လေးရေလောင်းရုံလောက်ပဲလုပ်ဖို့ကို လိုအပ်လာတဲ့ရက်တွေလည်းရှိတယ် …
* အစားအမျိုးအစားတွေကိုပုံမှန်လိုအပ်မှုပုံစံထပ်ပိုစားသုံးဖို့နဲ့ ပြောင်းလဲစားသုံးဖို့လိုအပ်လာတဲ့နေ့ရက်တွေရှိတယ် …
* ရာသီစက်ဝန်းချိန်ပေါ်မူတည်ပြီး ကိုယ်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအတွက် လေ့ကျင့်ခန်းအစီစဉ်တွေကိုလည်း ပြင်းအားအကောင်းဆုံး၊ ပုံမှန်၊ လျော့လျော့ပေါ့ပေါ့၊ Active recovery စတဲ့ပုံစံတွေနဲ့ ပုံစံချစီစဉ်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
Nova တို့ဟာမိန်းကလေးတွေမို့ပါ။ အမျိုးသားတွေခန္ဓာကိုယ်မှာ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းစဉ်အတွက် မလိုအပ်လို့ သိသိသာသာမထုတ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းက Nova တို့မိန်းကလေးတွေဆီမှာတော့လစဉ်ရာခိုင်နှုန်းများများနဲ့ထုတ်တာမို့ပါ။ ဒါ့ကြောင့် Nova တို့ မိန်းကလေးတွေ ကိုယ့်အတွက် *daily schedule* ကို ၁ ပတ်စာ ၂ ပတ်စာမဟုတ်ပဲ ❗️၁လစာ ၁လခွဲစာ ကိုယ့်ရဲ့ရာသီစက်ဝန်းချိန်ပေါ်မူတည်ပြီးဆွဲပါနော်❗️

❗️အိပ်စက်ခြင်းနဲ့ဝိတ်တတ်ခြင်း❗️🍔Ghrelin (ဆာလောင်မှုဟော်မုန်း)🍗Leptin (ဗိုက်ပြည့်သည်ဟုအချက်ပြသောဟော်မုန်း)😴အိပ်ချိန်မလုံလ...
06/11/2025

❗️အိပ်စက်ခြင်းနဲ့ဝိတ်တတ်ခြင်း❗️
🍔Ghrelin (ဆာလောင်မှုဟော်မုန်း)
🍗Leptin (ဗိုက်ပြည့်သည်ဟုအချက်ပြသောဟော်မုန်း)
😴အိပ်ချိန်မလုံလောက်ရင် Ghrelin မြင့်တတ်လာပြီး Leptin ကျဆင်းသွားတာကြောင့် အစားပိုစားဖြစ်ကြပြီး ရေရှည်မှာဝိတ်တတ်လာကြခြင်းဖြစ်ပါတယ်။

#နိုဗာ Photo from Google

30/10/2025

❗️လည်ပင်းနောက်ဖက်သတိပြုရန်❗️ #နိုဗာ

လက်မထုံကျင်တာ၊ ရုတ်တရက်လက်ချောင်းများဆန့်ထုတ်ရခက်တာ၊ တံတောင်ဆစ်အကွေးအဆန့်မှာ စူးဖျဉ်းဖျဉ်းဖြစ်တာ၊ လက်တစ်ချောင်းလုံးရုတ်တ...
30/10/2025

လက်မထုံကျင်တာ၊ ရုတ်တရက်လက်ချောင်းများဆန့်ထုတ်ရခက်တာ၊ တံတောင်ဆစ်အကွေးအဆန့်မှာ စူးဖျဉ်းဖျဉ်းဖြစ်တာ၊ လက်တစ်ချောင်းလုံးရုတ်တရက်ကျင်ခဲတာ၊ လည်ပင်းအပေါ်ပိုင်း၊ ဦးခေါင်းအနောက်ဖက်ပိုင်း၊ ပခုံးထဲနှင့်လက်မောင်းများထဲတွင် နာကျင်ခြင်း၊ ထိုးခြင်းများသည် (Cervical Radiculopathy) Cervical Spine အာရုံကြောရင်းများကို ဖိမိခြင်း၊ ထိခိုက်မိခြင်းကြောင့်လဲဖြစ်နိုင်ပါတယ်။
အာရုံကြောရင်းတွေကို ဖိမိ၊ ထိခိုက်မိလျှင် နာကျင်၊ ထုံကျင်နိုင်သော နေရာအစိတ်အပိုင်းများကို အရောင်ကာလာကွဲများနဲ့ ပုံတွေမှာတွေ့နိုင်ပါတယ်။
လည်ပင်းအနောက်ပိုင်းနာတာသည် ကျီးပေါင်းဖြစ်ခြင်း C - 3/4/5, ကျောပြင်ထဲနာတာသည် လက်ပြင်ငုတ်ခြင်း C - 6/7, လည်ပင်းအောက်ဖက်တစ်ဝိုက်နာကျင်တာသည် အုန်းလွဲခြင်း C - 4/5/6, လက်မောင်းနဲ့ပခုံးထဲနာတာ၊ လက်ချောင်းလေးများထုံကျင်တာသည် C - 6/7/8, ရှေ့ပခုံးထဲနှင့်ရင်ဘတ်တစ်ဝိုက်၊ ဂျိုင်းမှလက်မောင်းအောက်ဖက်တစ်လျှောက်နေရာများတွင် နာကျင်ခြင်း C - 5 and T - 1 ….
ထို့ကြောင့်အပေါ်တွင်ရေးထားသည်များခံစားရပြီဆိုလျှင် ရုတ်တရက်မှာမနှိပ်ပါနဲ့ *Screen time ကိုလျော့ချပါ* *ဦးခေါင်းနှင့်လည်ပင်းပိုင်းနေရာအထားအသိုများကို သတိပြုပြင်ဆင်ပါ* *နာနေတဲ့နေရာကိုအသာအယာထားပါ* *ထပ်မံအသုံးမပြုပါနှင့်* *အရမ်းဆိုးလျှင် ဆရာဝန်နှင့်တိုင်ပင်ပါ**သက်ဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်၍ပြေလျော့အောင်ပြုလုပ်ပေးပါ*
#နိုဗာ

တို့အမျိုးသမီးတွေနော် 👋 အစားဘယ်လောက်လျော့စားစား၊ ဘယ်လောက်ဆေးထိုးထိုး အသက် ၃၀ ကျော်လာပြီး နောက်ပိုင်းမှာ ….၁။ ကော်လဂျင်ထု...
25/10/2025

တို့အမျိုးသမီးတွေနော် 👋 အစားဘယ်လောက်လျော့စားစား၊ ဘယ်လောက်ဆေးထိုးထိုး အသက် ၃၀ ကျော်လာပြီး နောက်ပိုင်းမှာ ….
၁။ ကော်လဂျင်ထုတ်အားနည်းလာလို့အရေပြားပိုပျော့တွဲလာတာရယ်
၂။ နေ့စဉ်နေ့တိုင်းရဲ့ stress တွေကိုဘယ်လ်ိုမှရှောင်လွှဲမရတာရယ်
၃။ ဟော်မုန်းအပြောင်းအလဲတွေရယ်ကြောင့် *သေချာပေါက်အောက်ဗိုက်နေရာအဆီစုပျော့တွဲကျလာပြီး ခါးပိုတုတ်လာမှာပါပဲ။

အဲ့အတွက်ကို ….
🍏စိတ်ပိုင်းဆိုင်ရာမှာ အသက်အရွယ်အပိုင်းအခြားကိုသေချာပေါက်လက်ခံပါ။
🍏ရုပ်ပိုင်းဆိုင်ရာအတွက်ညီညွတ်မျှတစွာစားသောက်လေ့ကျင့်ခန်းလုပ်အိပ်စက်နေထိုင်ပါ။ အစားမလျော့ပါနဲ့၊ မရှောင်ပါနဲ့ အဟာရညီညွတ်မျှတအောင်စားပါ။
🍏အသက်အရွယ်နဲ့လိုက်ဖက်မဲ့ လေ့ကျင့်ခန်းအစီစဉ်တွေကို တစ်ပတ် ၃-၅ ရက် ရွေးချယ်လုပ်ပါ။
🌶️Strength training, Cardio, Yoga, HIIT, Active recovery🌶️ မျိုးတွေပါ။
🍏ပိန်ဖို့ ဝိတ်ကျဖို့ပဲမလုပ်ပါနဲ့ တခြားသူနဲ့ မိမိကိုယ်ကိုနဲ့ကိုလဲမယှဉ်ပါနဲ့ ….
လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုအားပေးနိုင်ဖို့အတွက်(သို့)လူသိများဖို့အတွက်ကို အချို့သော Fitness Influencer တွေမှာလည်း Workout + Meal plan အပြင် Aesthetic/ Beauty clinic တွေသွားပြီး ဗိုက်နဲ့ခါးအတွက်အကူညီယူကြရပါတယ်။ သူတို့ကိုကြည့်ပြီး စိတ်အားတတ်လို့ရပါတယ် သို့သော် သူနဲ့ယှဉ်ပြီးအားတော့မလျော့ပါနဲ့ (ကိုယ့်အမတွေ around and over 40 တွေမှာဖြစ်တတ်ကြလို့ ရှင်းပြရနေကြမို့ပါ။ ကိုယ်ကသူတို့လို ဒီအလုပ်နဲ့ပဲဝင်ငွေရှာနေပြီး supplement တွေအပြင် အချိန်အားလို့ Aesthetic and Beauty clinic တွေပါသွားနိုင်ရင်တော့တမျိုးပေါ့)။
အရေးကြီးတာကကိုယ်ရောက်နေတဲ့အသက်မှာ ကိုယ့်ရဲ့ performance တွေက 🌶️၃၀ တုန်းကအတိုင်းပဲဟဲ့ 🌶️၃၅ 🌶️၄၅ တုန်းကအတိုင်းပဲဟဲ့ ပေါ့ပါးသွက်လက်နေ၊ သွားလာနိုင်နေ၊ အလေးအပင်မလို့ခါးမနာနေ၊ အထိုင်အထတွေမှာအဆစ်အရွတ်တွေအဆင်ပြေနေ၊ ကောင်းကောင်းစားဝင်ပြီး ကောင်းကောင်းအိပ်ပျော်နေတယ်၊ နေရတာပေါ့ပါးပြေလျော့နေတယ်ဆိုရပါပြီ …. နိုဗာကတော့ တို့အမတွေအမျိုးသမီးတွေ ပိန်ပြီရှုံ့သွားတာမြင်ရင်စိတ်မကောင်းတတ်လို့ပါ၊ ပိန်ချောင်ဝိတ်ကျအရေပြားလျော့သွားတာဟာ ကျန်းမာကြံ့ခိုင် Fit ဖြစ်နေတာမဟုတ်ပါဘူး … 🫶

Address

Pyay Road, Dagon Township, Yangon, Myanmar.
Yangon

Opening Hours

Monday 09:00 - 19:30
Tuesday 05:45 - 18:30
Wednesday 06:00 - 19:00
Thursday 05:45 - 18:30
Friday 06:00 - 19:00
Saturday 06:00 - 13:00
Sunday 05:45 - 15:00

Telephone

+959254177018

Website

Alerts

Be the first to know and let us send you an email when T. NOVA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T. NOVA:

Share