16/01/2026
#ချိတ်မိလေသော ဂျိတ်ကလေး နှစ်ခု
( ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် )
ဆေးဆိုင်မန်နေဂျာ ဦးစီနှင့်
စျေးသည်မခင်ရီတို့
၉ရပ်ကွက်ကောင်စီရုံးသို့
ရောက်နေကြသည်။
ရုံးမှာ… !
လာကြည့်သူတွေက အများကြီး ….
စပ်စုချင်သူတွေပေါ့။
မခင်ရီက စပြီးတိုင်တာတဲ့
ဦးစီကလည်း ပြန်တိုင်ထားသတဲ့
ကောင်စီဥက္ကဌ ဦးစောမောင်ညစ်နေပြီ။
အမှုကသည်လို
မခင်ရီက စျေးထောင့်မှာ
ရာသီစာသီးနှံ ရောင်းတယ်။
သရက်သီးစိတ်ကို
နွယ်ချို ဆားထောင်းနဲ့
မရမ်းပြားကင် ထန်းပင်မြစ်
အာတာလွတ်၊ကန်စွန်းဥ ပြောင်းဖူး၊
ကြံပန်းခိုင်၊မာလကာ အူနီစတဲ့
ရာသီပေါ်တွေကို ရောင်းတယ်။
ကုန်စိမ်းဒိုင်…ဆင်းဝယ်တာပေါ့။
မုဆိုးမ ….သားသမီးမရှိဘူး…
အရွယ်ကောင်း …စျေးနားမှာပဲနေတယ်။
ဦးစီက …
ဆေးဆိုင်မန်နေဂျာ အသက်ကကြီးလှပြီ ငါးဆယ်လောက်ထင်ရတယ်။
သူလည်း ….
မုဆိုးဖို ထင်တာပဲ
မြောင်းကြီးလမ်းမှာနေတာ
တစ်ယောက်ထဲရယ်…။
သူက …. ! မခင်ရီကို
အမြဲ ရိသဲ့သဲ့လုပ်နေကျ
မခင်ရီကကြည့်မရဘူး။
သို့ပေသိ .. တစ်ကျပ်မျိုးနှစ်ကျပ်မျိုး
ဝယ်နေကျဖောက်သည်…
ဆိုတော့လည်း
မကြိုက်ပေသိ မသိယောင်ဆောင်
နေတာ သိတ်တော့မကြည်ဘူးပေါ့။
အလကားလူကြီးလို့
ကွယ်ရာမှာပြောတယ်။
ဘာလို့…. ! ပြောလည်းဆိုတော့…အလကားရရင် ယူမယ့်ရုပ် ….
မျက်ခွက်ကြည့်ပါလား
စပလိန်မျက်ခွက် တဲ့…။
ဦးစီက …..
အဲ့ဒီရာသီစာတွေ လာလာဝယ်ပြီး
ခွက်ပုန်းချရင် မြည်းတာ ပေါ့။
ဆေးဆိုင်မန်နေဂျာပေမယ့်
ကပ်စေးကနည်းသေးတာ…။
မခင်ရီက ဖောက်သည်ကြီးအနေနဲ့
ဘာမှ ရှေ့တင်တော့….
မတုန့်ပြန်ပေမယ့် သိတ်ကြည်တာ
မဟုတ်…။
တစ်နေ့ …..
အရပ်ထဲမှာ သတင်းကြားရတယ်။
ဆေးဆိုင်တွေ….. !
မှောင်ခိုထုတ်လို့ ဆရာဝန်ဆေးလက်မှတ် အတုတွေလုပ်လို့ ကုန်သွယ်ရေးက ဆိုင်တိုင်းစစ်ဆေးရေး ဝင်နေတာ…။
ဦးစီတို့…..ဆိုင်လည်း ပါသတဲ့…။
ဦးစီ ….ဆပ်စမိုင်းကျနေတာ စစ်ဆေးဆဲဆိုလား…။
မကြာခင်…..
ထောင်ကျတော့မယ်ဘာညာ သတင်းထွက်လာတာ ဟုတ်မဟုတ်…မသိပေမယ့် ဦးစီကြီးက မခင်ရီဆိုင် မလာတော့ဘူး။
လမ်းဖြတ်သွားလည်း ကုပ်ချောင်းချောင်းနဲ့ ခေါင်းကြီးငုံ့ပြီး သုတ်ခြေတင်နေတာဆို တော့…
ရပ်ကွက်က….ပါးစပ်ထဲ
ဟုတ်နေပါပြီပေါ့…။
တစ်နှစ်တော့…. !
အနည်းဆုံးနေမှာတို့ဘာတို့
ပိုပြောလာကြတာ ပေါ့…။
မခင်ရီက စုံစမ်းတယ်။
ဒါမျိုးဖြစ်နေတာသေချာသလား။
ထောင်ကျတဲ့အထိဖြစ်မလား
လိုက်စုံစမ်းတာ
သေချာပြီ လည်းဆိုရော…
တစ်သက်လုံး…. !
အောင့်ထားရတာ ပွင့်လာသလို
စျေးကို….အော်ရောင်းတော့တာလေအသံကလည်းအောင်ပါ့…။
ဦးစီ…..ဖြတ်သွားတဲ့အချိန်ကျမှ
အော်တာ ပြောင်းဖူးပြုတ်
ရောင်းနေရင်းကနေ ထထအော်တာ…
အပြုတ်တွေ အပြုတ်တွေ
ကောင်းတယ် ကောင်းတယ်ဟေ့…
အပြုတ်တွေ ရတော့မယ်။
မကြာခင်…. !
ပြုတ်မယ့်ဟာလည်းရမယ်…
အပြုတ်တွေ ကောင်းတယ်..
အပြုတ်တွေ…
ရှေ့တင်ပြုတ်မှာ အပြုတ်တွေ…
အဲ့သလိုအော်တာ။
ဦးစီ ခလုတ်တွေတိုက်
စျေးခွေးတွေတက်နင်း
ရှက်လို့ထင်ပါရဲ့..
နှစ်ရက်လောက် အော်ခံထိပြီး
တစ်ပါတ်လောက်…
ဦးစီပျောက်နေရော
စသုံးလုံးကပဲ ဆွဲသွားသလိုလို
ပြောကြပြန်ရော…။
နောက်တစ်ပါတ်လောက်နေတော့
မခင်ရီဆိုင်ရှေ့ကို ဝတ်ကောင်းစားလှနဲ့ ဦးစီ ရောက်လာတယ်။
ဆိုင်မယ်..မခင်ရီမရှိဘူး။
ဘေးဆိုင်က ကလေးကိုဆိုင်အပ်ခဲ့တာ။
ပြောင်းဖူးဝယ်မလို့တဲ့။
ဆိုင်ရှင်မရှိဘူးပေါ့…ဆိုတော့ ကာ…
အေး …. ! ဆိုင်ရှင်လာရင်ပြောလိုက် ရာသီမမှန်တဲ့ အဖုတ်
ဘယ်လိုရောင်းလည်းလို့ ကြားလား..
ဟုတ်ကဲ့..။
ဘေးကဝိုင်းရယ်ကြတာပေါ့..။
နေပါအုန်း ….ဦးစီ ….
ခင်ဗျားပြုတ်လို့
ထောင်ကျမယ်ပြောနေကြတယ်။
ခုဘယ်နှယ်လည်း လို့မေးကြတော့…
ငါက…
မောင်သန့်ရှင်း ကွ…
အပြစ်ကင်းလွန်းလို့..
မပြုတ်တဲ့အပြင်..
ဒီထက်ကောင်းတဲ့ ကြီးတဲ့ဆိုင်ကို
ပရိုမိုရှင်းနဲ့ပြောင်းရလို့
အလွှဲယူနေရတာ တစ်ပါတ်ကြာသကွ။
ဝမ်းသာတယ်ဗျာ.
အရပ်ထဲ….စကားသံတွေတိတ်ကရော…
မကျေနပ်တာက..မခင်ရီ … ! ! !
မပြုတ်တဲ့အပြင်…
သူ့အဖုတ်…. ! ဘယ်လိုရောင်းသလည်း မေးခံထိလို့ ပေါ့…
ဟုတ်တယ်..ဘေးဆိုင်ကလေးက
ပြောပုံလည်းကြည့်အုန်း…
အမ အမ…
ရာသီမမှန်တဲ့..အမအဖုတ်
ဘယ်လိုရောင်းသလည်းလို့
ဦးစီက လာမေးတယ်။
အဲဒါ … ! အမလာမှ
မေးလို့ပြောလိုက်တယ်တဲ့…။
ညနေကျ ဦးစီ လာရော…
ဒီတစ်ခါ…. !
ခေါင်းငုံ့နေသူက မခင်ရီရယ်ပေါ့…
ဒီမယ် ဒီမယ်..မပြုတ်ဘူးနော်…
အဖုတ်ဘယ်လိုရောင်းလည်း
ခင်ဗျားဟာ ….
ရာသီမှန်လည်းမဟုတ်ဘူးနော်။
ဦးစီကမေးတယ် ..
တစ်ဖူးတစ်မတ်
မော့မကြည့်ဘူးဖြေတာ…။
အဖုတ်က… ! ပိုသက်သာတယ်ဟေ့…
အဖုတ်ပဲ ပေးတော့။
ဘယ်နှစ်ဖူးယူမလည်း
နင့်အဖုတ်က စျေးသက်သာတာပဲဟာ
ငါပဲယူလိုက်ပါ့မယ် အကုန်ပေး..။
အားလုံး…. ! ဝိုင်းဟားကြတာ
ဆူညံပွက် ရော…
ဘယ်လောက်ကျလည်း မေးပြန်ရော
လေးကျပ်ခွဲ…
ငါ့မှာ…. !အတန်ကြီးပဲပါတယ်…
ငါ့ဟာ….နည်းနည်းပြဲနေလို့
နည်းနည်းလေးပါ နင်နဲ့ ဖြစ်ပါ့မလား…
ဘာပြောတယ်။
ငါ့ ….အတန်ကြီး…
နည်းနည်းပြဲနေတယ် ပြောတာလေ..
နင့်ပြမလို့ နင်နဲ့ဖြစ်ပါ့မလားလို့…
ဝါးဟားဟား….ဝိုင်းရယ်ကြလေရော
အဲ့ဒိမယ်ပေါက်ကွဲပြီး…
သေချင်းဆိုးကြီး၊မသာကြီးဆိုပြီး
ပြောင်းဖူးတွေနဲ့ထပေါက်
ထရိုက်လုပ်ကြတာနဲ့
ကောင်စီရုံး ရောက်လာတာတဲ့။
မခင်ရီက အတန်ကြီး နဲ့ အဖုတ်ကိစ္စ
အမှုဖွင့်…
ဦးစီက… !အပြုတ်တွေ ကိစ္စ
ပြန်အမှုဖွင့် ကြပါလေရော…
သူက…. ! ပြောင်းဖူးအပြုတ်တွေ
ကောင်းတယ်အော်ရောင်းတာ
အဲ့ဒါ ထုံးစံတဲ့….။
ဒါဘာဖြစ်လည်းပေါ့…
မခင်ရီ…
လျောက်လဲချက် ငိုယိုလို့…
ဥက္ကဌက
အေးလေ … !
ဒါဘာဖြစ်လည်း ရောင်းပေါ့တဲ့…
ဦးစီက….
သူကအဖုတ်ကြိုက်လို့ ပြောင်းဖူးအဖုတ် ဘယ်လိုရောင်းလည်းမေးတာတဲ့။
ပြောင်းဖူးပေါ်ချိန်မဟုတ်လို့
ရာသီမမှန်တဲ့ အဖုတ်ပြောတာ…
အဖုတ်က…
အပြုတ်ထက် သက်သာလို့
နင့်အဖုတ်က သက်သာသားပဲ
ပြောတာတဲ့…။
အေးလေ …. !
ဟုတ်သားပဲ ….
သီးနှံတွေကလည်း
ရာသီမရှိတော့ပါဘူး။
လိုသလိုသီးအောင်
လုပ်လို့ရနေတဲ့ခေတ်ကိုး…
ကဲဆက်ပါအုန်း…။
ရာတန်….နည်းနည်းပြဲနေတာကို
အိတ်ထောင်ထဲကထုတ်ပြပြီး
အတန်ကြီးဆိုတာ…
ဟောဒီ ….ရာတန်ကိုပြောတာ မအမ်းနိုင်မှာစိုးလို့ အကောင်းနဲ့သတိပေးတာ…
ငါ့အတန်ကြီးက နည်းနည်းပြဲနေတယ်
ပြောတာပါတဲ့…
သူကသာ ….
သူကြိုက်တာကို သူ့ဘာသာတွေးပြီး ဟိုဟာနဲ့ပေါက် ဒီဟာနဲ့ရိုက် လုပ်တာ…
ကျုပ်က…..ရွယ်တောင်မရွယ်ဘူး။
ကောင်စီဥက္ကဌ ဦးစောမောင်
တစ်ယောက် ဘယ်လိုရှင်းရမှန်း
မသိတော့ဘူး။
အရေးယူလို့မှမရတာ….ရယ်ရခက် …. !ငိုရခက် ဖြစ်နေ ရော…
နောက်ဆုံးကျတော့
ဒီလိုဆုံးဖြတ်လိုက်တယ်…
နှစ်ယောက်လုံးက
ဂျိတ်ဂျိတ်ချင်းချိတ်တာမို့
ကြေအေးစေ ….
လက်ဆွဲနှုတ်ဆက်ကြစေ…
နောင်ကို ခင်ရီကလည်း
ကိုယ်ထိလက်ရောက် မလုပ်နဲ့ပေါ့
ကြားလား…။
တစ်ရပ်ထဲ နေကြတာ
တစ်ယောက်နဲ့တစ်ယောက်
စောင့်ရှောက်ကြ..။
ရပ်ကွက်ရုံးကို စားရိတ် မကျ အလှူငွေမကျ လှူကြပေါ့…။
ဦးစီ , မခင်ရီကောင်းမှုလို့
လှူရမှာလား ဥက္ကဌကြီး…
ပရိတ်သတ်ထဲက ထအော်တယ်
သဘောပဲကွာ။
ဥက္ကဌက ….. !
ညည်းတွားသလို ပြောရင်းထတယ်။
ဆိုရင်းကို …. မသိရှာဘူးလေ
ဦးစောမောင်ကရိုးတယ်။
ရေကျော်မယ် ….
ဘယ်သူမှမလုပ်ချင်လို့ သူ့တင်ထားတာ တစ်ရပ်လုံးလည်း တစ်ဝါးဝါး
တစ်ဟားဟား ပေါ့…။
အမှုဖြစ်ပြီး သိတ်မကြာဘူး…
တစ်ပါတ်နှစ်ပါတ်ကြာတော့…။
မခင်ရီ….ဆိုင်မထွက်တော့ဘူး။
ဦးစီ….လာတာလည်းမတွေ့တော့ဘူး။
မထွက်ဆို…
မတွေ့ဆို…
ရုံးမှာ …..
အမှုစစ်တုန်း
မခင်ရီမျက်ရည်ကျတာမြင်တော့
ဦးစီက သနားပြီး မူးမူးနဲ့
ညဘက်တစ်ည လူမသိအောင်
သွားတောင်းပန်သတဲ့…။
ဘယ်လိုဘယ်ပုံ
တောင်းပန်တယ်တော့မသိဘူး…။
မခင်ရီ….
ဆေးဆိုင်မန်နေဂျာကတော်
ဖြစ်သွားတာတဲ့။
ဥက္ကဌပြောတဲ့ ဂျိတ်ဂျိတ်ချင်းက
ခုမှချိတ်တာနေမယ်…။
စောင့်ရှောက်လိုက်ကြတာများ
တစ်သွေမတိမ်း…။
ခု ….ဆိုင်မထွက်တော့ဘူး။
အဖုတ်ရော…
အပြုတ်ရော ….
မရောင်းတော့ဘူးတဲ့။
ရောင်းစရာမလိုတော့ဘူးလေ။
ဦးစီ…..ပြောတဲ့အတန်ကြီး တွေ
ကိုင်နိုင်ပြီပဲဟာ…
ရပ်ကွက်ထဲကနေလည်း
ပြောင်းသွားကြသတဲ့…။
တပ်မြေဘက်ကို ပြောင်းသွားတယ်။
နောက်တော့မှသိတာပါ။
အိမ်သစ်လေးနဲ့ ဆိုင်းဘုတ်လေးချိတ်ထားတယ်။
(စီစီရီရီ ဂေဟာ) တဲ့…။
ရပ်ကွက်ထဲက သုံးနှုန်းကြတဲ့အတိုင်း တွေ့ကြုံခဲ့ရတာလေးကို ပြန်ပြောပြခြင်းသာ…သူတို့နှစ်ယောက် ပေါင်းဖက် ညားတာကို
တစ်ချို့က … ! ထင်သားပဲတဲ့။
တစ်ချို့က …. !
တစောင်းစေးနဲ့မျက်ချေး
ဘယ့်နှယ်ဖြစ်တယ်မသိ အံ့ရောတဲ့..။
ပြောကြတာပြောတာ…😅😅😅😅
Credit to original writer