Gym memes and knowledge

Gym memes and knowledge Just for knowledge

ကမ္ဘာ့အလုရဆုံးဂြိုဟ်သားစက်
17/09/2023

ကမ္ဘာ့အလုရဆုံးဂြိုဟ်သားစက်

27/08/2023

အသားတွေပါတုန်တယ်

📌 လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ချက် ◾ကြွက်သားနှင့်အရိုးတွေကိုသန်မာစေတယ်။◾စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်။◾ကို...
20/08/2023

📌 လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူး
၁၀ ချက်

◾ကြွက်သားနှင့်အရိုးတွေကိုသန်မာစေတယ်။

◾စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်။

◾ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်။

◾ပိုနှစ်ခြိုက်စွာအိပ်ပျော်စေတယ်။

◾အားရုံစူးစိုက်မှုပိုကောင်းစေတယ်။

◾အူမကြီး ရင်သား သားအိမ်နှင့် အဆုတ်ကင်ဆာဖြစ်နိုင်​​​ခြေကိုလျှော့ချပေးတယ်။

◾နှလုံးရောဂါ လေဖြတ်ခြင်းနှင့် ဆီးချိုရေ​ာဂါ​
​ဖြစ်နိုင်​​ခြေကိုလျှော့ချပေးတယ်။

◾သွေးဖိအားကိုလျှော့ချပေးတယ်။

◾ကိုယ်အလေးချိန်တက်နိုင်ချေကိုလျော့​​ချပေးတယ်။

◾ခွန်အားတိုးစေပြီး ပင်ပန်းနွမ်းနယ်မှုကို​ေလျှာ့ချပေးပါတယ်။


&K

06/08/2023

ရှည်ရှည်ဝေးဝေးမပြောတော့ဘူး

ဂိမ်းလာဆော့တဲ့သူကရှိသေး
29/07/2023

ဂိမ်းလာဆော့တဲ့သူကရှိသေး

ဝိတ်တင်​နေတဲ့သူတစ်ယောက်အနေ နဲ့ ဘာတွေသိထားရမလဲ❓❓❓📌 တစ်နေ့ကို အိပ်ချိန် ၇နာရီ ၈ နာရီလောက် အိပ်ပေးသင့်ပါတယ်။📌 ဝိတ်တင်တဲ့အခါ...
16/07/2023

ဝိတ်တင်​နေတဲ့သူတစ်ယောက်အနေ နဲ့ ဘာတွေသိထားရမလဲ❓❓❓

📌 တစ်နေ့ကို အိပ်ချိန် ၇နာရီ ၈ နာရီလောက် အိပ်ပေးသင့်ပါတယ်။

📌 ဝိတ်တင်တဲ့အခါတစ်နေ့တာလိုအပ်တဲ့ calories ထက်ပိုစားရတာမှန်ပေမယ့် ဝိတ်တက်ပြီးရောဆိုပြီး လျှောက်မစားသင့်ပါ့ဘူး။

📌 တစ်ခါထဲအများ​ကြီးစားတာမျိုးမလုပ်ပဲ အနပ်ငယ်လေး ၅/၆ နပ်လောက်ခွဲစားပေးပါ။

📌 အစာတစ်နပ်စီတိုင်းမှာ ပရိုတိန်း၊ကာဗိုဟိုက်ဒရိတ်၊အဆီ စတဲ့အာဟာရသုံးမျိုးပါဝင်အောင်စားပေးပါ။

📌 တစ်နေ့ကို ရေ ၃ လီတာ ၄ လီတာလောက်သောက်ပေးသင့်ပါတယ်။

📌 လေ့ကျင့်ခန်းကို အချိန်အကြာကြီးမကစားသင့်ပါဘူး။

📌 အလေးကိုမနိုင်ဝန်ထမ်းတာမျိုးမလုပ်ပဲ ကိုယ်နိုင်တဲ့အလေးပမာဏနဲ့ ပုံစံမှန်မှန်လေ့ကျင့်ပါ။

📌 ဝန်တိုးလေ့ကျင့်ပါ။ ဝန်တိုးလေ့ကျင့်တယ်ဆိုတာ အလေးတိုးတာအပြင် အကြိမ်တိုးတာ အကျော့တိုးတာ ကြွက်သားညှစ်ချိန်တိုးတာ တစ်ကျော့နဲ့တစ်ကျော့ကြားနားချိန်လျော့တာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။

Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz


&K

မတက်တာဆိုလို့ bodyပဲရှိတော့တယ်
08/07/2023

မတက်တာဆိုလို့ bodyပဲရှိတော့တယ်

◾ ကျန်းမာစွာအဆီချနိုင်မယ့်နည်းလမ်း-အာဟာရဝိတ်ချရင် တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက်လျော့စားရတာမှန်ပေမယ့် အလွန်အကျူးလျှော့...
28/06/2023

◾ ကျန်းမာစွာအဆီချနိုင်မယ့်နည်းလမ်း

-အာဟာရ

ဝိတ်ချရင် တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက်လျော့စားရတာမှန်ပေမယ့် အလွန်အကျူးလျှော့စားတာမျိုးမလုပ်သင့်ပါဘူး။တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက် ၃၀၀ သို့မဟုတ် ၅၀၀ ကယ်လိုရီသာလျော့စားသင့်ပါတယ်။ တစ်ခါထဲအဝစားတာမျိုးမလုပ်ပဲ အနှပ်ငယ်လေး ၄ / ၅ နှပ်လောက်ခွဲစားပေးရပါမယ်။ စားတဲ့အနှပ်တိုင်းမှာ
ပရိုတိန်း ကာဗိုဟိုက်ဒရိတ် အဆီစတဲ့အာဟာရသုံးမျိုးကို မျှတစွာစား​ပေးရပါမယ်။ အချိုရည် ဆီကြော်မုန့်တွေကိုရေ​ှာင်ပေးပါ။

-လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ချမယ်ဆို ကျသွားတဲ့ဝိတ်တွေထဲမှာ ကြွက်သားတွေပါဆုံးရှုံးသွားမှာပါ။ကြွက်သားတွေဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဥ်နှေးကွေးသွားပြီး တစ်နေ့တာလိုအပ်တဲ့ကယ်လိုပမာဏလည်းလျော့နည်းလာတဲ့အတွက် စားသောက်ရတဲ့ပမာဏ နည်းသထက်နည်းလာမှာဖြစ်ပြီး အသားတွေတင်းတင်းရင်းရင်းရှိမှာမဟုတ်​ေတာ့ပါဘူး။ ဘယ်သူမှအဲ့လိုဖြစ်ချင်မယ်မထင်ပါဘူး ကျစ်လစ်တဲ့ခန္ဓာကိုယ်မျိုးရချင်ရင် လေ့ကျင့်ခန်းမဖြစ်မနေလုပ်ပေးဖို့လိုအပ်ပါတယ်။

-အိပ်ချိန်

အိပ်ချိန်ပြည့်ဝအောင်အိပ်ပေးပါ။အိပ်ချိန်မပြည့်ပါကလည်း အဆီ​ေတွကိုထိန်းသိမ်းပေးပြီး ကြွက်သားတေကိုဆုံးရှုံးစေပါတယ်။တစ်ညကိုအိပ်ချိန်အနည်းဆုံး ၇နာရီ ၈နာရီလောက်အိပ်ပေးဖို့လိုအပ်ပါတယ်။

Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz


&K

ဟဲဟဲ
18/06/2023

ဟဲဟဲ

🔰 Weight gain ဆော့တဲ့အခါသိထားသင့်တဲ့အခြေခံအချက်◾ အိပ်ချိန်တစ်နေ့ကို အိပ်ချိန်ကအရေးကြီးပါတယ်။၇နာရီ ၈နာရီလောက် အိပ်သင့်ပါတ...
10/06/2023

🔰 Weight gain ဆော့တဲ့အခါသိထားသင့်တဲ့အခြေခံအချက်

◾ အိပ်ချိန်တစ်နေ့ကို အိပ်ချိန်ကအရေးကြီးပါတယ်။၇နာရီ ၈နာရီလောက် အိပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကြောင့်ပျက်စီးသွားတဲ့ကြွက်သားမျှင်တွေကို အိပ်တဲ့အချိန်မှာ ပြန်လည်ပြုပြင်ပေးတာပါ။အိပ်ချိန်မပြည့်ဝတဲ့အခါ အဆီတွေကိုထိန်းသိမ်းပေးပြီး ကြွက်သားတွေကိုဆုံးရှုံးစေပါတယ်။

◾ ဝိတ်တင်တဲ့အခါတစ်နေ့တာလိုအပ်တဲ့ calories ထက်ပိုစားရတာမှန်ပေမယ့် ဝိတ်တက်ပြီးရောဆိုပြီး တွေ့ကရာမစားပါနဲ့။ နားလည်တတ်ကျွမ်းတဲ့ ဆရာတွေရဲ့အကူအညီရယူပါ။

◾ တစ်နေ့ကို ရေ ၂ လီတာ ၃ လီတာလောက်သောက်ပေးသင့်ပါတယ်။

◾ တစ်ခါထဲအများကြီးစားတာမျိုးမလုပ်ပဲ အနပ်ငယ်လေး ၄/၅ နပ်လောက်ခွဲစားပေးပါ။တစ်နပ်နဲ့တစ်နပ်ကြား ၃ နာရီ​ြခားပြီးစားပေးပါ။

◾ စားတဲ့အနပ်တိုင်းမှာ ပရိုတိန်း ကာဗိုဟိုက်ဒရိတ် အဆီ စတဲ့အာဟာရသုံးမျိုးပါဝင်အောင်စားပေးပါ။

◾ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်တင်မယ်ဆို တက်လာတဲ့ဝိတ်တွေ အဆီတွေပဲဖြစ်နေမာပါ။ဘယ်သူမှ အဆီမတက်ချင်ပါဘူး။ ဒါကြောင့် ဝိတ်တင်တဲ့အခါ ​ကြွက်သားပမာဏတိုးပွားလာဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။

Online program ဝယ်ယူလိုပါက page messengerကနေဆက်သွယ်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz


&K

စိတ်မကောင်းဘူး
03/06/2023

စိတ်မကောင်းဘူး

💢 အဆီကျတာနဲ့ ဝိတ်ကျတာ 💢◾ အဆီကျတယ်ဆိုတာ ခန္ဓာကိုယ်အတွင်းအဆီပမာဏလျော့ကျသွားတာဖြစ်ပါတယ်။◾ ဝိတ်ကျတယ်ဆိုတာ အဆီအပြင်ကြွက်သားပမ...
28/05/2023

💢 အဆီကျတာနဲ့ ဝိတ်ကျတာ 💢

◾ အဆီကျတယ်ဆိုတာ ခန္ဓာကိုယ်အတွင်းအဆီပမာဏလျော့ကျသွားတာဖြစ်ပါတယ်။

◾ ဝိတ်ကျတယ်ဆိုတာ အဆီအပြင်ကြွက်သားပမာဏတွေပါဆုံးရှုံးသွားပြီး ကိုယ်အလေးချိန်လျော့ကျသွားတာဖြစ်ပါတယ်။ကြွက်သားပမာဏဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဥ်တွေနှေးကွေးသွားပြီး တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏလည်းလျော့ကျလာတဲ့အတွက် စားသောက်ရတဲ့ပမာဏ​အရမ်းနည်းသွားမယ် အဆီမကျ​ေတာ့တဲ့​အပြင် ရောဂါတွေပါဝင်လာနိုင်ပါတယ်။အခုလိုအခြေအနေမျိုးဖြစ်ရတာဟာအလွန်အကျူး​ေလျှာ့စားလို့​ဖြစ်ပါတယ်။အဆီတစ်ပေါင်မှာ ကယ်လိုရီ ၃၅၀၀ ရှိတဲ့အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် ၅၀၀ ကယ်ရီလောက်လျှော့စားမယ်ဆို တစ်ပတ်ကို တစ်ပေါင်ကျသွားမာပါ တစ်လဆိုရင် ၄ ပေါင်လောက်​​ကျန်းမာစွာအဆီချနိုင်မှာပါ။

အဆီကျချင်တယ်ဆိုရင်
-အိပ်​ချိန်ပြည့်အောင်အိပ်ပါ။
-ကယ်လိုရီလျှော့စားပြီး အသားဓာတ်ကိုပြည့်ဝအောင်စား​ပေးပါ။
-အလေးမလေ့ကျင့်ခန်းနှင့်ကာဒီရိုလေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဖြင့် ကျန်းမာစွာအဆီချနိုင်မှာပါ။

Online programဝယ်ယူလိုပါက Page messenger ကနေဆက်သွယ်နိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=160912340242407&id=100089709263567&mibextid=Nif5oz


&K

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Gym memes and knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share