06/10/2023
ခု မန်ယူကြုံနေတယ့် အဖြစ်အပျက်တွေက ဝင်းဂါးရဲ့နောက်ဆုံးပိုင်းကာလတွေ အမ်မရီဒုတိယ ရာသီက အာဆင်နယ်အသင်းကိုမြင်နေရသလိုပဲ... လုံးဝ broken Arsenal ကျိုးကြေမွထနေပြီး အသင်းမှာကန်နေတယ့်ကောင်က ဘာရလဒ်ထွက်ထွက် အချိန်တန်လစာရမယ် ပုံမှန်လည်းကန်နေရမယ် ကျန်တာငါတို့နဲ့မဆိုင်ဆိုတယ့်စောက်ခွက်တွေနဲ့ ကစားသမားတွေဖြစ်နေတယ်..
အဲ့တုန်းက ကိုယ့် postအောက်မှာ တစ်ယောက်က အူဘာမီယန်းဆိုတာ ဘုရားပေးတယ့်အာဆင်နယ်ရဲ့လက်ဆောင်လို့ ပြောတုန်းက ကိုယ့်မှာဒေါကန်လိုက်ရတာ..သူ့အမြင်မှာတော့ အူဘားမီးယန်း ကယ်နေလို့ အာဆင်နယ်ကခံသာတယ်ပေါ့.. အူဘာမီးယန်းကို အဆိုးလို့မပြောလိုပေမယ့် အာဆင်နယ်ကိုရောက်တယ့်အချိန်မှာ အူဘာမီးယန်းက သူ့အကောင်းဆုံးရဲ့နောက်ဆုံးထတောက်ချိန်..မကြာခင်နေဝင်တော့မှာ..ဧရိယာဘယ်ဖက်ထိပ်ကနေ အူဘာမီးယန်းလှမ်းဂိုးကန်တယ့်တပေါက်ပဲရှိတယ် အာဆင်နယ်မှာ..အူဘာမီးယန်းမှာအသင်းကိုခေါင်းဆောင်နိုင်စွမ်းမရှိသလို စောက်ရမ်းကြမ်းထော်တယ့်ခြေစွမ်းမရှိဘူး..အဲ့လိုကစားသမားကို အသင်းခေါင်းဆောင် အသငိးရဲ့အားထားရာ တသင်းသားလုံးက စံပြထားရမယ့်ကစားသမားဆိုပြီး ဖြစ်နေတယ့်အသင်းရဲ့အခြေအနေဘယ်လောက်ဆိုးဝါးလဲ
ဂိုးနေရာမှာဆက်ချ် နောက်တန်းမှာလူးဝစ် ညာအစွန်မှာ ဘယ်လာရင် ဘယ်ဖက်က ကိုလာစီနက် ကွင်းလယ်မှာ ဆီဘယ်လော့စ် ရှေ့တန့်းမှာ အူဘာ လာကာ ပီပီ တို့က အသင်းရဲ့ မရှိမဖြစ် ကစားသမားတဲ့..သူတို့ကတော့ ကြည့်လိုက်ရင်ကြိုးစားတော့ကန်နေတာပဲ.. အကောင်းဆုံးအချိန်ကျော်တာပဲဖြစ်ဖြစ် အရည်အသွေးမမှီတာပဲဖြစ်စေ ကစားသမားတွေကပွဲပြီးရင် တော့ သူတို့နဲ့အရှုံးအနိုင်ကမဆိုင်တော့ဘူး..သူတို့စွမ်းသလောက်လုပ်ပြီးပြီဆိုတယ့်ပုံ..ဘယ်မှာလဲ အသင်းချစ်စိတ်..ဘယ်မှာလဲ ဒီဂျာစီဝတ်ရတာကိုတန်ဖိုးထားတယ့်စိတ်..ဘယ်မှာလဲ အားပေးတယ့်ပရိသတ်ကိုလေးစားရကောင်းမှန်း အသင်းရဲ့ရလဒ်ကပရိသတ်စိတ်ကိုဘယ်လောက်ထိခိုက်စေလဲ ဆိုတယ့်စိတ်..ခုနပြောသလိုပဲ..အစွမ်းရှိသလောက်လုပ်မယ် အချိန်တန်လစာရမယ် ပုံမှန်ကန်ရမယ်..ဖက်ရှင်တွေကျွေးမယ်..ကားအကောင်းကြီးတွေစီးမယ်..အိမ်အကြီးကြီးမှာနေမယ်..အသင်းဘာဖြစ်ဖြစ် ငါနဲ့မဆိုင် ငါ့အထာကျနေဖို့သာဆိုတယ့် ကစားသမားတွေကိုအားကိုးအားထားပြုနေရတာ့်အသင်း..
အဲ့တုန်းက ဘဝမှာတခါမှအဲ့လောက် အာဆင်နယ်ကို စိတ်မပျက်ဖူးဘူး..အာဆင်နယ်ဂျာစီ အာဆင်နယ်ရဲ့ပုံရိပ် အာဆင်နယ်ရဲ့ကစားပုံ ကိုတန်ဖိုးထားပြီး ကစားပေးချင်တယ့်ကစားသမားတွေရော ရှိရဲ့လား??တခြားအသင်းကခေါ်မယ်ဆိုရင်ရော အဲ့လိုအသင်းကိုလာချင်ပါ့မလား??အဲ့တုန်းက လီဗာပူးမှာကန်နေတယ့် မာနေးရဲ့စိတ်ဓာတ်ခြေစွမ်းကိုအားကျ သူ့လို လီဗာပူးလ်ပြောင်းချင်သလိုအာဆင်နယ်ကိုပြောင်းချင်တယ့်ကစားသမားရောရှိပါ့မလား ရင်လေးနေရတယ်..အသင်းက တစ်သင်းလုံးမြေလှန်မှရတော့မယ်..အသင်းရဲ့အကယ်ဒမီထွက်တွေ အရင်တုန်းကဘယ်လိုခြေစွမ်းပြနေတာတွေ ဘာတွေမလိုချင်ဘူး..ခုလက်ရှိစုတ်ပြတ်နေတာကိုမြေလှန်မှရမယ်..နောက် နည်းပြပြောင်းရင်တောင် တစ်သင်းလုံးပြောင်းပစ်ဖို့ကလွယ့်ပါ့မလား??အဲ့နည်းပြကရောသိပါ့မလား??
အသင်းကနောက်ဆယ်နှစ်လောက်တော့သွားပြီ ထင်တာကနေ အာတီတာရောက်လာပြီး trust the processဆိုတာနဲ့တင်လုံလောက်အောင်ယုံကြည်သွားတယ်..ဟုတ်တယ် အသင်းကchange တစ်ခုတင်မဟုတ်ဘူး revolution လုပ်ရမှာ..process အတိုင်း phase အလိုက်သွားရမှာ..အဲ့မှာတင် အူဘာကို စည်းကမ်းပိုင်းကြောင့် အသင်းရဲ့ခေါင်းဆောင်သော ခြေစွမ်းအပြဆုံးသောနားမလည်ဘူး..ကန်ပလိုက်တယ်..အဆင့်၈ ရတယ်..ဒါပေမယ့် အသင်းရဲ့အနာဂတ်ကိုမြင်နေရပြီ..ဒီအသင်းဂျာစီဝတ်ရလို့ ဂုဏ်ယူပြီးပျော်ရွှင်စွာနဲ့ပရိသတ်ကိုလေးစားစွာ ကန်မယ့်ကစားသမားတွေမြင်နေရပြီ..အဲ့တာနဲ့တင် အချိန်တွေ အဆင့်၈တေွ အူဘာမီယန်းတောင် မောင်းထုတ်တာ မင်းတို့ကဘာမို့လို့လဲဆိုတာတွေ လုံလောက်ပြီ..တန်ခဲ့ပြီ...ခု အာဆင်နယ်မှာကန်နေတယ့် ကစားသမားတွေကအကုန်ငယ်ရွယ်သေးသလို ခုချိန်မှာ ရီးရဲလ်,ဘာကာ,ဘိုင်ယန်,မန်စီးတီး တို့လာခေါ်ရင်တောငိဆော်ရီးပဲ လို့ပြောလို့ရတယ့်အထိ အသင်းမှာပျော်နေသလို အသင်းကိုချစ်ခင်စွာနဲ့ ပရိသတ်ကို သမိုင်းတစ်ခုရေးပြမယ်ဆိုပြီးလေးစားတယ့်စိတ်နဲ့ နောက်လေးငါးနှစ်အထိ ပျော်ရွှင်အောင်ထားနိုင်တယ့် အသင်းဖြစ်နေပြီ...မန်ယူ လိုနေတာ changeမဟုတ်ဘူး..revolutionပဲ..ရက်ရှ်ဖို့ဒ်ကနေ စသင့်ရင်လည်းစရမှာပဲ..အူဘာမီယန်းတုန်းကလို အသင်းရဲ့မန်နေဂျာမပြောနဲ့..အသင်းရဲ့အထက်မှာဘယ်သူမှမရှိအောင် လုပ်ပစ်ဖို့လိုတာ...
(အဲ့တုန်းက ဘယ်လောက်ရင်နာခဲ့ရလဲ ကိုယ်တွေအာဆင်နယ်ဖန်တွေသိလို့ ကိုယ်ချင်းစာလို့ပြောတာ)