Lwin Fitness

Lwin Fitness Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lwin Fitness, Sports & Fitness Instruction, Tharkayta, Yangon.

15/07/2024

အားလုံးဘဲ မင်္ဂလာပါဗျ

ကျေးဇူးပြု၍ မိမိကိုယ်ကို မေးခွန်းလေးတွေမေးကြည့်ကြဘို့ တောင်းဆိုပါတယ်

(၁) ကျွန်တော်တို့ မအားတဲ့ကြားထဲကနေ လေ့ကျင့်ခန်း ကို အချိန်အနည်းငယ်ပေးပြီး ပုံမှန် လုပ်ကြမယ်ဆိုရင်

- ကျန်းမာရေး အခုထက် ပိုကောင်းလာမယ် ဆိုတာ ယုံကြည်ပါသလား ၊

- ကျွန်တော်တို့ရဲ့ body ပို လန်းပြီး ပိုကြည့် ကောင်းလာမယ် ဆိုတာ ယုံကြည်ပါသလား ၊

-မိမိကိုယ်ကို ပိုကျေနပ်အားရပြီး confidence ပိုရှိလာမယ်ဆိုတာ ယုံကြည်ပါသလား ၊

(၂) ကျွန်တော်တို့ နေ့စဉ် စားနေတဲ့ အနပ်တိုင်းကို ကြုံသလို စားသောက်တာမျိုး မလုပ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုမို ဉီးစားပေးပြီး စားကြမယ် ဆိုရင် ပို ကျန်းမာလာ မယ်ဆိုတာကို ယုံကြည်ပါသလား ။

အပေါ်က မေးခွန်းလေးတွေ အတွက် အဖြေက ‘YES ‘ ဆိုရင် ဘယ်အရာတွေကများ မိတ်ဆွေကို လေ့ကျင့်ခန်း ပုံမှန် လုပ်ဘို့ ၊ ကျန်းမာရေး နဲ့ ညီညွတ်အောင် စားသောက်ဘို့ တားဆီး နေတာလဲဗျ ၊

လူတော်တော်များများကတော့ အချိန် မရှိလို့ ဘဲ ဖြေကြမယ် ထင်ပါတယ် ၊

မိတ်ဆွေ ကျန်းမာရေး မကောင်းဘဲနဲ့ ဘာကိုမှ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ဗျ ၊ ကျန်းမာရေးကို ဉီးစားပေး နေရာမှာ ထားရမှာ ၊ အချိန်မရှိဘူး ဆိုတာက လုံလောက်တဲ့ ဆင်ခြေ မဟုတ်ပါဘူး ။

အကယ်၍ အထက်ပါ မေးခွန်းလေးတွေအတွက် မိတ်ဆွေရဲ့
အဖြေက ‘NO ‘ ဆိုရင်လည်း အကြောင်းပြချက်လေးတွေ ရေးပေးသွားပါဉီး ဗျာ ၊

မိတ်ဆွေတို့ ထဲက တယောက် ၊နှစ်ယောက် လောက်ကဘဲ ဒီ မေးခွန်းလေးတွေ ဖြေပြီး Awareness ရလို့ ကျန်းမာရေးကို ပထမ ဉီးစားပေး နေရာမှာ ထား ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဒီပို့စ် ကို စေတနာနဲ့ တင်ရကြိုး နပ်ပြီဗျ ၊

အားလုံးဘဲ အဆင်ပြေ ကျန်းမာကြပါစေ

စေသနာသက်သက်ဖြင့်

လွင်ကို

18/07/2023

အားလုံးပဲ မဂ်လာပါဗျ ။ 😇😇😇

ဒီနေ့မှာတော့ Fitness knowledge လေး တစ်ခုဖြစ်တဲ့ လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး များကို sharing လုပ်ပေးချင်ပါတယ် ဗျ ။

ကျွနိတော်တို့ လေ့ကျင့်ခန်း စလုပ်ဘို့ စဉ်းစားမယ်ဆိုရင်
Cardio (aerobic exercise ) နဲ့ resistance training (anaerobic exercise) နှစ်မျိုးလုံးကို ကစားပေးဘို့ လိုအပ်ပါတယ်ဗျ ။

နှလုံး အဆုတ် ကျန်းမာစေဘို့ cardio exercise တွေ ကစားသင့်သလို ကျွန်တော်တို့ ကြွက်သား များ ၊ အရိုးအဆစ်များ ကျန်းမာကြံ့ခိုင် စေဘို့အတွက် အလေးမ လေ့ကျင့်ခန်းတွေ၊bodyweight exercise တွေကိုလည်း မဖြစ်မနေ လုပ်ပေးရပါမယ်။ဒါမှသာ ကျွန်တော်တို့ လိုချင်တဲ့ ကျန်းမာကြံ့ခိုင်တဲ့ သူတွေ ဖြစ်လာမှာပါ။

🏃Cardio exercise တစ်မျိုးဘဲလုပ်ပြီး strength training 🏋️‍♂️ မလုပ်ဘူးဆိုရင် ခင်ဗျားရဲ့ နှလညံး အဆုတ် တော့ကျန်းမာပါရဲ့ ကြွက်သားတွေ အားမရှိဘူး အရိုးအဆစ်တွေ မသန်မာဘူးဆိုရင် exercise benefit အပြည့်အဝ ရမှာမဟုတ်ဘူးဗျ ။ အသက်ကြီးလာတာနဲ့ အမျှ ကြွက်သားတွေအားနည်းလာမယ် ၊ bone density တွေလျှော့လာမယ် ၊ကိုယ့်ပါ့ကိုယ် လမ်းမလျှောက်နိုင်တာတွေ ကိုယ့်ထမင်းပန်းကန်တောင် မ မနိုင်တာတွေ ကြုံလာရတော့မယ် ။ အသက်ကြီးလာမှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင် မလွယ်တော့ပါ ။ အချိန်ရှိခိုက် လုံ့လစိုက်ဘို့ လိုအပ်လှပါတယ် ။

Cardio exercise နဲ့ resistance training လုပ်ခြင်းရဲ့ အကျိုးကျေးဇူး အချို့ကို မျှ ဝေပေးလိုက်ပါတယ်။👉🏿👉🏿

Benefits of Cardio ( Aerobic exercise)
- Decreased risk of heart disease
- Weight loss
- Increased Metabolism
- More energy
- Greater mental alertness
- Reduced stress and tension

Benefits of Resistance (Strength training )
- Builds lean body tissue
- Increases metabolism
- Increases strength
- Enhances coordination and balance
- Increase bone density ( which help prevent bone diseases )
- Improves appearance and increases confidence

အားလုံးပဲ ကျန်းမာကြံ့ခိုင် ကြပါစေဗျာ ။😊😊😊

Lwin Fitness 🏃🏋️‍♂️

15/07/2023

ဒီနေ့တော့ ဝိတ်ကျချင်တဲ့ ကျွန်တော့် မိတ်ဆွေများအတွက် လိုက်နာသင့် တဲ့ အလေ့အကျင့်ကောင်းလေး တစ်ချို့ကို မျှဝေပေးချင်ပါတယ်ဗျ။

(၁) ရေ သောက်ဘို့ မမေ့ပါနဲ့ ။ ကျွန်တော်တို့ရဲ့ လူ့ခနာကိုယ်ဟာ ရေဓါတ် ၆၀% နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ရေများများသောက်ဘို့ လိုအပ်ပါတယ် ။ ဆီးသွားခြင်း ၊ ချွေးထွက်ခြင်းတွေကြောင့် ဆုံးရှုံးသွားတဲ့ ရေ ဓာတ်တွေကို ပြန်ဖြည့်ပေးဘို့ လိုအပ်ပါတယ်။
ရေများများသောက်သုံးခြင်းအားဖြင့် အစာအများကြီး စားချင်စိတ်ကို လျှော့ချပေးပြီး ဇီဝဖြစ်စဉ်ကိုလည်း မြန်စေတဲ့ အတွက် ဝိတ်ချခြင်း process ကို အထောက်အကူ ဖြစ်စေပါတယ် ။ မျက်စိရှေ့မှာ အလွယ်တကူ ရနေတဲ့ ရေ ရဲ့ အရေးပါပုံကို အထင်မသေးပါနဲ့ မိတ်ဆွေ။ ရေ များများသောက်ပါ ။

(၂) အစားအသောက်ပုံစံ - လူတော်တော်များများက ဝ လာပြီဆိုရင် သူတို့ စားနေတဲ့ အစားအသောက် ပမာဏ အရမ်းများနေတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ စားသောက်တဲ့ ပမာဏထက် အစားအသောက်ပုံစံ ၊အစားအစာရဲ့ quality ကို သတိထားရပါမယ် ၊ ကျွန်တော်တို့ မြန်မာတွေ ရဲ့ main food က ထမင်းပါ။ ငယ်ငယ်လေးတဲ့က ထမင်းများများဟင်းနည်းနည်း စားရမယ်လို့ အဖေနဲ့ အမေက သင်ပေးခဲ့တယ် ဟုတ် 😀 ? ။ ထမင်းက ကျွန်တော်တို့ ခနာကိုယ် အတွက် မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ် ။ ဒါပေမယ့် ထမင်းက simple carb ဖြစ်တဲ့ အတွက် အများကြီးတော့ မစားသင့်ပါ ။ ကျွန်တော်တို့ စားတဲ့ အနပ်တိုင်းမှာ carbs +protein +good fat မျှတအောင် စားပေးရပါမယ် ။ protein ဆိုတဲ့ အသားဓာတ် ကို ထမင်းလိုဘဲ များများစားပေးပါ။ အသီးအရွက် ၊အသီးအနှံ များများစားပေးပါ ။ အရက် ၊ဘီယာ ၊ အချိုရည် သောက်တာ လျှော့ပါ ။ လုံးဝမသောက်နဲ့ ဆို လာ သတ်ကြမှာစိုးလို့ 🤣။

(၃) လေ့ကျင့်ခန်း - of course ဝိတ်ကျချင်ရင်တော့ မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ရမှာပေါ့ ။ ဘာလေ့ကျင့်ခန်းလုပ်ရမလဲလို့ မေးရင် လုပ်လို့ရတာ ၊ မိမိမှာရှိတာနဲ့ အဆင်ပြေအောင် လုပ်ပါ။ စာမေးပွဲအောင်ဘို့ ဘာအရေးကြီးဆုံးလဲလို့မေးရင် စာမေးပွဲ အောင်ချင်တဲ့ ပြင်းပြတဲ့ စိတ် ( burning desire ) က တခြား လိုအပ်ချက်ဖြစ်တဲ့ ခဲတံတို့ စာအုပ်တို့ထက် ပိုအရေးကြီးပါတယ် ။အဲ့ဒီလိုဘဲ လေ့ကျင့်ခန်းလုပ်ဘို့ အတွက် အရေးအကြီးဆုံးက လဲ burning desire ပါဘဲ ။ ခင်ဗျား တကယ်လုပ်ချင်တဲ့စိတ် ပြင်းပြ နေရင် နည်းလမ်းရှာတွေ့လိမ့်မယ် ။ ဆင်ခြေမပေးပါနဲ့ လုပ်ဖြစ်အောင်လုပ်ပါ မိတ်ဆွေ ။

ဘယ်မှ မသွားတဲ့သူက ဘယ်မှ ရောက်မှာ မဟုတ်ပါ။ ခုဘဲ ဆင်ခြေပေးတာတွေလျှော့ပြီး ကျန်းမာတဲ့ lifestyle ကို ကူးပြောင်းကြပါစို့ .။🏃‍♂️🏃‍♂️🏃‍♂️🏃‍♀️🏃‍♀️🏃‍♀️🏋️‍♀️🏋️‍♀️🏋️‍♀️

Lwin Fitness 😇

06/07/2023

အားလုံးပဲမင်္ဂလာပါ ဗျ 🏃‍♂️🏃‍♂️🏃‍♂️

ဒီနေ့တော့ အရေးကြီးတဲ့ fitness knowledge လေးတစ်ခု share ပေးချင်ပါတယ် ။

ယနေ့ခေတ် lifestyle အရ အစားအသောက်တွေကြောင့်ရော ၊ လှုပ်ရှားမှု နည်းတာတွေကြောင့်ပါ လူတော်တော်များများ ကိုယ် အလေးချိန် ရှိသင့်တာထက် ပိုနေကြပါတယ် ။

အစ်ကိုတွေ အစ်မတွေက ဝလာလို့ ပိန်ချင်လာပြီဆိုရင် အစားအသောက်တွေ မတရားလျှော့ပြီး အချိန်အနည်းငယ်အတွင်း ပေါင်ချိန်ပေါ်က ကိန်းဂဏန်းတွေ လျှော့သွားဘို့ပဲ အာရုံစိုက်ကြပါတယ် ( ကျွန်တော် ကိုယ်တိုင်လည်း မသိခင်က မှားခဲ့တဲ့ အမှားပါ)။ကျန်းမာရေးအတွက် လုံးဝ လုံးဝ မကောင်းပါခင်ဗျာ။

အချိန်အကြာကြီး စား
ချင်သလိုစားပြီး ဝလာတာကို ပြန်ပိန်အောင်လုပ်ဘို့ သင့်တင့်တဲ့ အချိန် အတိုင်းအတာ တစ်ခုတော့ ပေးရမှာပေါ့ ။(အလွယ်လမ်း မလိုက်ပါနဲ့ 😀)

ကျန်းမာ လှပ ပြီး ပိန်ချင်တယ်ဆိုရင်တော့ ဝိတ်ကျဘို့ထက် အဆီကျ ဘို့ကို ဉီးစားပေးရပါမယ်။ အဆီကျဘို့ ပြုလုပ်ရမယ့် အလေ့အကျင့်ကောင်း တွေကိုတော့ နောက်ရက်ကျရင် မျှဝေပေး သွားပါမယ် ။

အစားမတရားလျှော့စားလို့ ' ဝိတ် ' ကျ သွားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စနစ်တကျ နေထိုင်စားသောက်လို့'အဆီ ' ကျသွားတဲ့ ကောင်းကျိုး ၊ဆိုးကျိုးအနည်းငယ်ကို မျှဝေ ပေးသွားပါမယ် ။

Weight loss Fat loss

- low energy - efficient energy
-muscle loss -Retain Muscle mass
( reduce body fat )
-poor mindset - Healthy mindset
-slow metabolism. -Increases metabolism
-Minor body changes. -Evident body changes
-Decreases fitness levels. - Increase fitness level

( 👉🏿 👉🏿👉🏿Metabolism နှေးသွားရင် BMR နည်းသွားပြီး အစားနည်းနည်း စားသော်လည်း ဝိတ်တက်လာ ပါမယ်)

အားလုံးပဲ နည်းစနစ်ကျနစွာ အဆီချ နိုင်ကြပါစေဗျာ ။

( နည်းစနစ် ကျနစွာ သင်ကြားပေးခဲ့သော ဆရာ နိုင်ဉီးကို ဂါဝရ ပြုပါတယ် ခင်ဗျာ ၊ စေတနာကောင်းသော ကျွန်တော်တို့ ရဲ့ ဆရာ
ဒိထက်မက အောင်မြင်ပါစေ🙏)

Lwin Fitness 🏋️‍♂️🏋️‍♂️🏋️‍♂️

Address

Tharkayta
Yangon

Website

Alerts

Be the first to know and let us send you an email when Lwin Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share