20/08/2026
၀ါတွင်း ၃ လကာလအတွင်း Weekend class လေး ဒီအပတ်စပါပြီ။ Yoga Sadhana class ဖြစ်ပါတယ်။ အတန်းမှန်မှန်တက်နိုင်ပြီး yoga asana တွေသာမကဘူး innerwork လုပ်ချင်သူများ တက်သင့်သော အတန်းဖြစ်ပါတယ်။
Aug 11th မှာ ဖွင့်မယ့် Yoga Sadhana Class လေးက တချို့အတွက် တက်ဖို့ အချိန်အဆင်မပြေကြလို့ Weekend နောက်ထပ် တတန်း ထပ်ဖွင့်ပေးပါမယ်နော်။
Weekend Yoga Sādhānā Program (Batch 1.2) သင်တန်းလေးကို ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ ၀ါတွင်း ၃ လ အဓိဋ္ဌာန်အဖြစ် လေ့ကျင့်ချင်သူများအတွက် 22.8.2026 မှာ စတင်ဖွင့်မှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၃ လ၊ သင်တန်းရက်ပေါင်း ၂၀ ဖြစ်ပါတယ်။
📌 သင်တန်းအသေးစိတ်ကတော့
သင်တန်းရက် - Saturday & Sunday
သင်တန်းချိန် - 7:00 - 8:15 pm (မြန်မာစံတော်ချိန် ညနေပိုင်း)
သင်တန်းကြာမည့်ရက်နှင့် ကာလ - ၂၀ ရက်၊ 22.8.2026 to 25.10.2026
သင်တန်းကြေး - MMK 222,222
☸️ Yoga Sādhānā ဆိုတာ ဘာအတန်းပါလဲ?
🕉 ရိုးရိုးခန္ဓာကိုယ်လေ့ကျင့်ခန်း (Physical Exercise) ပြုလုပ်တာထက် ပိုမိုနက်ရှိုင်းတဲ့ "စနစ်တကျ နေ့စဉ်မပျက် ပြုလုပ်သော ဝိညာဉ်ရေးရာနှင့် ခန္ဓာကိုယ်ဆိုင်ရာ လေ့ကျင့်အားထုတ်မှု" ကို ခေါ်တာဖြစ်ပါတယ်။
🕉 Sanskrit ဘာသာစကားအရ "Sādhanā" ဆိုတဲ့ စကားလုံးဟာ "ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် စည်းကမ်းတကျ အားထုတ်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
ပုံမှန်ယောဂအတန်းတွေနဲ့ Yoga Sādhānā အတန်း ဘာကွာခြားမှု ရှိပါလဲ?
🕉 Yoga Sādhānā အတန်းတွင် physical yoga asana များပါ၀င်ပေမယ့် ရုပ်ပိုင်းထက် စိတ်ပိုင်း၊ energy ပိုင်း၊ spiritual ပိုင်းကို ပိုလေ့ကျင့်ရသော Spiritual Practice တခုဖြစ်ပါတယ်။ Sādhānā အတန်းတွင် အသက်ရှူခြင်း၊ တရားထိုင်ခြင်းနှင့် အတွင်းစိတ်ပိုင်းဆိုင်ရာကို ပိုမိုဦးစားပေးသည်။
🕉 Yoga Sādhānā အတန်း၏ ဦးတည်ချက်ပန်းတိုင်ကတော့ မိမိကိုယ်ကို ပိုမိုသိရှိလာစေရေး၊ စိတ်ဓာတ်နှင့် ဝိညာဉ်ရေးရာ မြင့်မားလာစေရေး ဖြစ်ပါသည်။
🕉 သင်တန်း၏ စည်းကမ်းတခုကတော့ မိမိကိုယ်တိုင် သတ်မှတ်ထားသော စည်းကမ်းဖြင့် နေ့စဉ် မပျက်မကွက် လေ့ကျင့်ခြင်းပါ။ သို့ဖြစ်ပါ၍ သင်တန်းရက် တပတ် ၂ ရက်ပေမယ့် ကျန်ရှိသော ပိတ်ရက် ၅ ရက်မှာပါ လေ့ကျင့်ရန်ပေးထားသော အိမ်စာများကို မိမိဘာသာ အချိန်မှန်မှန် self-practice လုပ်ဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်ကောင်းတခုကို မွေးမြူရမှာ ဆရာတွေရဲ့ လမ်းညွှန်ချက်လိုအပ်သလို အဓိကက မိမိဘာသာ self-mastery လုပ်နိုင်ဖို့ လေ့ကျင့်ပေးသော သင်တန်းဖြစ်ပါသည်။
💐 Beginner friendly အတန်းဖြစ်လို့ ယောဂအခြေခံနည်းနည်းရှိသူများ တက်ရောက်နိုင်ပါသည်။
📌 သတိပြုရန်: မကြာခင်က ခွဲစိတ်ထားသူများ၊ ကိုယ်၀န်ဆောင်များ၊ နှလုံးရောဂါရှိသူများနှင့် တခြားကျန်းမာရေးအရ သတိပြုရမယ့်သူများကတော့ မိမိတို့ ပြသသော ဆရာ၀န်နှင့် အရင် တိုင်ပင်ဆွေးနွေးပြီးမှသာ တက်ရောက်နိုင်ပါတယ်ရှင်။
သင်တန်းတက်ရောက်လိုသူများ Page ရဲ့ Chat Box သို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီရှင်။
Yoga Sādhānā အတန်းအပြင် အခြေခံယောဂသင်တန်းများကိုပါ Online မှ သင်ကြားပေးနေပါတယ်။
Weekday တပတ် ၄ ရက် အတန်းလေးကတော့ 11.8.2026 မနက်စပါတော့မယ်နော်။
https://www.facebook.com/share/p/1FMTaQf8NC/
Yoga is for physical, mental and spiritual.
Hazelle Kham Wellness Hub
Based in Myanmar
Since June 2022
Please follow my Telegram Channel: https://t.me/spiritualyogahazellekham