KHS Squad For United

KHS Squad For United Welcome to KHS SQUAD!!

  player News:🔴 ယူနိုက်တက်အသင်းရဲ့ သောကြာနေ့ ထရိန်နင်ပြီးကတည်းက အန်တိုနီဟာ 100% ကြံ့ခိုင်မှူ အပြည့်ရှိနေခဲ့ပါတယ်။ ဘုန်းမ...
14/04/2024

player News:

🔴 ယူနိုက်တက်အသင်းရဲ့ သောကြာနေ့ ထရိန်နင်ပြီးကတည်းက အန်တိုနီဟာ 100% ကြံ့ခိုင်မှူ အပြည့်ရှိနေခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲကို လွဲချော်စေခဲ့တာက ဖျားနာမှုကြောင့်ဆိုတာ ဟုတ်/မဟုတ်ကိုတော့ လက်ရှိအခြေနေမှာ မသိရသေးတာလည်း ဖြစ်ပါတယ်။

#

  Talks:🔴 ဂါနာချိုကို လူစားလဲခဲ့ရတာနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် က...🗣 " ညာခြမ်းကို ပြုပြင်ရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်...
14/04/2024

Talks:

🔴 ဂါနာချိုကို လူစားလဲခဲ့ရတာနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် က...

🗣 " ညာခြမ်းကို ပြုပြင်ရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ နေရာလွတ်တွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တာ်တို့တွေ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ လူစားလဲဖို့ ဖြစ်လာရတာပါ။ ဂါနာချိုဟာ ပွဲမတိုင်ခင်မှသာ ထရိန်နင်ရခဲ့ပြီး ဒီတစ်ပတ်ထဲမှာတော့ ထရိန်နင်လည်း မဆင်းခဲ့ရပါဘူး.."

🗣 " ညာဖက်ခြမ်းမှာ အသင်းဖော်တွေနဲ့ အတူတကွ အချိတ်အဆက်မိမိ ကစားနိုင်တဲ့ အရည်အသွေး တချို့နဲ့ စွမ်းအင် တွေကို ယူဆောင်လာသင့်တယ်လို့ ကျွန်တော်တို့ တွေးမိပါတယ်..."


🔴 ဘုန်းမောက်နဲ့ပွဲအတွက် ယူနိုက်တက်ရဲ့ လူစာရင်းပဲ ဖြစ်ပါတယ်...🔴 အပြောင်းအလဲ သိပ်မရှိတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာတာ ဖြစ်...
13/04/2024

🔴 ဘုန်းမောက်နဲ့ပွဲအတွက် ယူနိုက်တက်ရဲ့ လူစာရင်းပဲ ဖြစ်ပါတယ်...

🔴 အပြောင်းအလဲ သိပ်မရှိတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာတာ ဖြစ်ပါတယ်..

🔴 ဒီပွဲအတွက် ခန့်မှန်းရလာဒ်တွေ မန့်ခဲ့ကြပါဦး ညီကိုတို့...


  Talks:🗣 " ဟွိုင်လန်းဟာ တကယ့် တကယ်ကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက သွင်းဂိုးတွေကို အကောင်းဆုံး အဆုံးသတ်န...
13/04/2024

Talks:

🗣 " ဟွိုင်လန်းဟာ တကယ့် တကယ်ကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက သွင်းဂိုးတွေကို အကောင်းဆုံး အဆုံးသတ်နိုင်တဲ့ No.9 Role တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကြံ့ခိုင်မှုကြောင့် နောက်ခံလူတွေကို ဖိအားပေးထားနိုင်ပြီး အသင်းဖော်တွေနဲ့ အကောင်းဆုံးချိတ်ဆက်ကစားနိုင်လို့ပါပဲ....

" နေရာလွတ်တွေမှာ အလျင်မြန်ဆုံး တိုက်စစ်ဆင်မှုတွေ လုပ်နိုင်တာကြောင့်လည်း သူဟာ တကယ်ကိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..."

~ Andoni Iraola (ဘုန်းမောက် နည်းပြ)


  player News:🔴 ဘုန်းမောက်နဲ့ ပွဲမှာ ကမ်ဘွာလာပြန်ပါဝင်လာမှာဖြစ်ပြီး FA Cup ပွဲစဥ်အဖြစ် ကိုဗင်ထရီအသင်းနဲ့  ဝမ်ဘလေကွင်းမှာ...
13/04/2024

player News:

🔴 ဘုန်းမောက်နဲ့ ပွဲမှာ ကမ်ဘွာလာပြန်ပါဝင်လာမှာဖြစ်ပြီး FA Cup ပွဲစဥ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ဝမ်ဘလေကွင်းမှာ ကစားရမယ့်ပွဲကိုလည်း ပါဂင်လာနိုင်ချေ ရှိတယ်လို့ သိရပါတယ်...

#

🔴 ဘုန်းမောက်အသင်းနဲ့ ကစားရမယ့် ယူနိုက်တက်ရဲ့ လူစာရင်းမှာ အသက် ၁၈နှစ်အရွယ် လူငယ်တိုက်စစ်မှူး Ethan Wheatley လည်း ပါဝင်လာတာ ဖြစ်ပါတယ်...

#

  Talks:🔴 ဘရန်းဖိုဒ့်အသင်းနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် က🗣 " ဘရန်းဖိုဒ့်ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်သလို အနိုင်ယူဖ...
30/03/2024

Talks:

🔴 ဘရန်းဖိုဒ့်အသင်းနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် က

🗣 " ဘရန်းဖိုဒ့်ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်သလို အနိုင်ယူဖို့ခက်ခဲတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အနိုင်ရဖို့အတွက် ဘာမဆိုပေးဆပ်ဖို့လိုအပ်ပြီး ၁၀၀ဂရါခိူင်နှုန်း အပြည့်ကြိုးစားအားထုတ်မှုမရှိရင်တော့ ကျွန်တော်တို့တွေ ရလာဒ်ကောင်းထွက်မှာ မဟုတ်ပါဘူး..."


  player News:🔴 ဘရန်းဖိုဒ့်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ခရီးစဥ်မှာ ယူနိုက်တက် အသင်းသားတွေနဲ့အတူ မာတီနက်ဇ်လည်း လိုက်ပါလာတယ်လ...
30/03/2024

player News:

🔴 ဘရန်းဖိုဒ့်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ခရီးစဥ်မှာ ယူနိုက်တက် အသင်းသားတွေနဲ့အတူ မာတီနက်ဇ်လည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

#

  Talks:🔴 သူ့ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ထင်ကြေးအမျိုးမျိုးပေးနေကြတဲ့အပေါ် နည်းပြ တန်ဟက် က...🗣 " ထိပ်တန်းအသင်းတစ်သင်းရဲ့ နည်...
30/03/2024

Talks:

🔴 သူ့ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ထင်ကြေးအမျိုးမျိုးပေးနေကြတဲ့အပေါ် နည်းပြ တန်ဟက် က...

🗣 " ထိပ်တန်းအသင်းတစ်သင်းရဲ့ နည်းပြတာဝန်ကို ယူထားရချိန်မှာ ဒီလိုမျိုးတွေကတော့ တွေ့ကြုံနေရမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ဒါကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့တွေက တစ်လှေတည်း စီးနေကြတာဖြစ်ပြီး ရလာဒ်ကောင်းတွေ ရဖို့နဲ့ ခြေစွမ်းကောင်းတွေ ပြနိုင်ဖို့ကိုပဲ အာရုံ စိုက်ထားပါတယ်..."

🔴 ကောလာဟလတွေထွက်နေတဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက် က

🗣 " လူတိုင်း ကောလာဟလပြောရတာကို ကြိုက်ကြမှာပါ။ ကျွန်တော်တို့တွေက စိတ်ဝင်စားမှုတွေ မတူကြပေမယ့် ဒါကို အရမ်းအာရုံစိုက်နေလို့ မရပါဘူး။ ကိုယ့်ရဲ့ တာဝန်ဖြစ်တဲ့ အသင်းကစားပုံ ပိုကောင်းလာဖို့နဲ့ တိုးတက်မှုတွေ ရှိနေဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး..."

🔴 ကက်စ်မဲရိုးရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီးတော့ နည်းပြတန်ဟက် က

🗣 " အခုချိန်မှာတော့ သူဟာ အသေးစားသီးသန့် လေ့ကျင့်ခန်းတွေ ပြန်လုပ်နေနိုင်သလို မနေ့ကလည်း အသင်းနဲ့အတူ အပေါ့စားထရိန်နင်တွေ လုပ်နိုင်နေပါပြီ။ တိုးတက်မှုတွေ ရှိလာဖို့ သူကလည်း ကြိုးစားနေပါတယ်။ ဒီညပွဲအတွက် သူ့ရဲ့ ပွဲထွက်နိုင်ခွင့် အခြေနေကိုတော့ ကျွန်တော်တို့တွေ အကဲဖြတ်စဥ်းစားရဦးမှာပါ..."

🔴 ယူနိုက်တက်အတွက် မာရှယ် ပြန်ကစားပေးနိုင်မယ့် အခြေနေရှိလားနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် က..

🗣 " ဒါကတော့ သူ့အပေါ်ပဲ မူတည်ပါတယ်။ သူဘယ်လောက်ထိ မြန်မြန်ဆန်ဆန်နဲ့ ပြန်လာနိုင်ပြီး
ပုံစံကောင်းတွေ ပြန်ရနိုင်မလဲ ဆိုတာတွေပေါ့..."

🔴 ကာရာဘောင်ဖိုင်နယ်အပြီး မိုင်နူးကို တန်ဟက် ပြောခဲ့တာက..

🗣 " ဒီရက်ကို မင်း မှတ်ထားပါ။ မင်းရဲ့ နေ့ရက်တွေက ရောက်လာတော့မှာ ဖြစ်ပြီး အောင်မြင်မှုတွေကို ငါတို့အတူ သိမ်းပိုက်နိုင်လိမ့်မယ်လို့ ကျွန်တော်သူ့ကို ပြောခဲ့ပါတယ်..."


  player News:🔴 မိုင်နူးဟာ မနေ့က ယူနိုက်တက်ရဲ့ ထရိန်နင်ကို ဖျားနာနေတာကြောင့် လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကြံ့ခိုင်...
30/03/2024

player News:

🔴 မိုင်နူးဟာ မနေ့က ယူနိုက်တက်ရဲ့ ထရိန်နင်ကို ဖျားနာနေတာကြောင့် လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကြံ့ခိုင်မှုအပြည့်အဝ မရှိပေမယ့်လည်း ဘရန်းဖိုဒ့်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့အတွက် မျှော်လင့်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

#

🔴 လီဗာပူးလ်နဲ့ ပွဲအတွက် ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်း...🔴 ဘစ်ဆာကာ နဲ့ ဟွိုင်လန်း တို့ ပွဲထွက်စာရင်းမှာပါဝင်လာတာကြောင့် ဂ...
17/03/2024

🔴 လီဗာပူးလ်နဲ့ ပွဲအတွက် ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်း...

🔴 ဘစ်ဆာကာ နဲ့ ဟွိုင်လန်း တို့ ပွဲထွက်စာရင်းမှာပါဝင်လာတာကြောင့် ဂါနာချို RW ပြန်ကစားရသလို ရက်ရှ်ဖိုဒ့်ကလည်း LW ပြန်ရောက်သွားပါပြီ..

🔴 ကက်စ်မဲရိုး နေရာမှာ တော်မီနေး ပွဲထွက်လာပြီး မက်ဂွဲယား နဲ့ မေဆန်မောင့်ကတော့ အရံမှာ တွေ့ရပါတယ်...

🔴 ဒီညပွဲအတွက် ခံစားချက်နဲ့ ခန့်မှန်းရလာဒ်တွေ မန့်ခဲ့ကြပါဦး ညီကိုတို့...



  player News:🔴 ယူနိုက်တက်တို့ဟာ ဒေါ့မွန်ကစားသမား မာလန်းအပေါ် စိတ်ဝင်စားမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး ဆန်ချိုရဲ့ အပြောင်းအရွ...
17/03/2024

player News:

🔴 ယူနိုက်တက်တို့ဟာ ဒေါ့မွန်ကစားသမား မာလန်းအပေါ် စိတ်ဝင်စားမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့မှာ ပါဝင်နိုင်တဲ့ အခြေနေတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

#

  player News:🔴 နွေရာသီအပြောင်းအရွှေ့မှာ မက်ဂွဲယားကို ပြောင်းရွှေ့ကြေးအသစ်တစ်ခုနဲ့ ထပ်မံကမ်းလှမ်းဖို့ ဒေးဗစ် မိုက်ရက်စ်က...
17/03/2024

player News:

🔴 နွေရာသီအပြောင်းအရွှေ့မှာ မက်ဂွဲယားကို ပြောင်းရွှေ့ကြေးအသစ်တစ်ခုနဲ့ ထပ်မံကမ်းလှမ်းဖို့ ဒေးဗစ် မိုက်ရက်စ်က စီစဥ်နေပြီး ဝက်စ်ဟမ်းအသင်းဘက်ကလည်း ပေါင် ၁၅သန်း နဲ့ သန်း ၂၀ကြား တန်ကြေးတစ်ခုကို ပေးချေဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

#

Address

Yangon

Telephone

+959768153039

Website

Alerts

Be the first to know and let us send you an email when KHS Squad For United posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHS Squad For United:

Share

Category