BB Sports

BB Sports Sports

လာလီဂါ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်အပြီး ချန်ပီယံလိဂ်ဖလားဆီ မျက်စိကျနေတဲ့ ယာမဲလ်၂၀၂၅-၂၆ လာလီဂါရာသီရဲ့ "အက...
03/09/2026

လာလီဂါ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်အပြီး ချန်ပီယံလိဂ်ဖလားဆီ မျက်စိကျနေတဲ့ ယာမဲလ်

၂၀၂၅-၂၆ လာလီဂါရာသီရဲ့ "အကောင်းဆုံး ကစားသမားဆု" ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ လူငယ်ပါရမီရှင် ကစားသမားလေး လာမင်း ယာမဲလ်က သူ့ရဲ့ ရှေ့ဆက်သွားမယ့် ကြီးမားတဲ့ ရည်မှန်းချက်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် ရာသီသစ်အတွက် ရည်မှန်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ယာမဲလ်က -
"ဒီရာသီမှာ ကျွန်တော့်ရဲ့ ပန်းတိုင်က ဘာလဲသိလား? ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ပါပဲ" လို့ ယုံကြည်ချက်အပြည့်နဲ့ ဖြေကြားသွားခဲ့တာပါ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြော်ညာမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝတလျောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေ ၊ သွင်းယူ...
03/09/2026

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြော်ညာမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝတလျောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေ ၊ သွင်းယူခဲ့တဲ့ဂိုးတွေ ၊ မှတ်တမ်းတွေကို ပြေစာပုံစံနဲ့ ဖော်ပြထားခဲ့တာပါ ။

အဲဒီအထဲမှာ ကမ္ဘာ့ဖလားအောင်မြင်မှုတကြိမ်ဆိုတာကို ထင်ထင်ရှားရှားပြသခဲ့တဲ့အပြင် အဆုံးမှာတော့ G.O.A.T debate – settled လို့ ထည့်သွင်းခဲ့ပြီး မက်ဆီ နဲ့ ရိုနယ်လ်ဒိုတို့အကြားက ငြင်းခုန်မှုတွေအတွက် အဖြေထွက်သွားခဲ့ပြီလို့ ဖော်ပြသွားခဲ့ပါတယ် ။

🚨 “တစ်ချိန်က ရော်နယ်ဒိုရဲ့ £80m က ကမ္ဘာ့စံချိန်… အခုတော့ Top 20 ထဲတောင် မဝင်တော့ဘူး။”၂၀၀၉ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်...
03/09/2026

🚨 “တစ်ချိန်က ရော်နယ်ဒိုရဲ့ £80m က ကမ္ဘာ့စံချိန်… အခုတော့ Top 20 ထဲတောင် မဝင်တော့ဘူး။”

၂၀၀၉ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်ကနေ ရီးယဲလ်မက်ဒရစ်ကို ခရစ္စတီယာနို ရော်နယ်ဒို ပြောင်းရွှေ့ခဲ့တဲ့ £80m ဆိုတာ ဘောလုံးလောကကို တုန်လှုပ်သွားစေခဲ့တဲ့ ဈေးနှုန်းပါ။ အခုတော့ အဲဒီပမာဏဟာ ထိပ်ဆုံးအပြောင်းအရွှေ့စာရင်းမှာတောင် အရင်လို မထင်ရှားတော့ပါဘူး။

အခုခေတ်မှာ £60m ဆိုရင် အီလီမန် အန်ဒီယာလို ပရီးမီးယားလိဂ်ကစားသမားတစ်ယောက်အတွက် ပေးချေရတဲ့ဈေး ဖြစ်လာပြီး၊ £70m ဝန်းကျင်ဆိုရင် ကားလို့စ် ဘာလေဘာလို ကစားသမားမျိုးကို ခေါ်ယူရတဲ့ ဈေးတန်းဖြစ်နေပါပြီ။

တစ်ချိန်က £60m၊ £70m ဆိုတာ “ကမ္ဘာ့ထိပ်တန်းစူပါစတား” တွေအတွက် သုံးရမယ့် ပမာဏလို ထင်ခဲ့ကြပေမယ့် အခုတော့ အသင်းတစ်သင်းရဲ့ ပုံမှန်အင်အားဖြည့်ခေါ်ယူမှုမှာတောင် ဒီဈေးတန်းတွေကို တွေ့နေရပါပြီ။

အထူးသဖြင့် ၂၀၂၆ နွေရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေ စုစုပေါင်း £3.46 ဘီလီယံအထိ သုံးစွဲခဲ့ပြီး ၂နှစ်ဆက်တိုက် အပြောင်းအရွှေ့သုံးစွဲမှု စံချိန်ချိုးခဲ့ပါတယ်။ ဒီထဲမှာ £100m ကျော် အပြောင်းအရွှေ့တွေပါ အကြိမ်ကြိမ် ပေါ်လာခဲ့ပါတယ်။

ဒါဆို ဒီလိုဈေးကွက်က ဘယ်အချိန်မှာ ရပ်မလဲ?

ကလပ်တွေရဲ့ ဝင်ငွေတွေ၊ ရုပ်သံဝင်ငွေတွေ၊ ကစားသမားရောင်းချမှုတွေက ဆက်ပြီး ကြီးထွားနေသရွေ့ ဒီဈေးနှုန်းဖောင်းပွမှုက ချက်ချင်းရပ်သွားဖို့ မလွယ်ပါဘူး။ တစ်ဖက်မှာလည်း ဘဏ္ဍာရေးစည်းမျဉ်းတွေ ပိုတင်းကျပ်လာတာကြောင့် ကလပ်တွေဟာ ငွေသုံးစွဲမှုကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ဖို့ ဖိအားရှိလာနေပါတယ်။

“£100m က ပုံမှန်ဈေးတန်းတစ်ခု ဖြစ်သွားမလား?” ဒါမှမဟုတ်…“ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ဒီဈေးကွက်ကို တစ်ချိန်မှာ ပြန်ထိန်းချုပ်နိုင်မလား?” ဆိုတာ အားလုံးက သိချင်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အဲဒါကို စောင့်ကြည့်ရမှာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်က အရမ်းဖောင်းပွလွန်းတယ်လို့ သတိပေးနေသူတွေလည်း ရှိပါတယ်။ 💷📈⚽

ချဲလ်ဆီးတိုက်စစ်က အာပလာမလုပ်ဘူး ရတာနဲ့ ချက်ချင်း လူတန်းပေးပြီး ဂိုးတန်းသွင်းတယ် တကယ့်ကို ကောင်းလွန်းပြီး အခုပွဲမှာလည်း ၆...
30/08/2026

ချဲလ်ဆီးတိုက်စစ်က အာပလာမလုပ်ဘူး
ရတာနဲ့ ချက်ချင်း လူတန်းပေးပြီး ဂိုးတန်းသွင်းတယ်

တကယ့်ကို ကောင်းလွန်းပြီး အခုပွဲမှာလည်း ၆ ဂိုးလောက်ထိ ရခဲ့သင့်တာပါ

ဂျာအိုပတ်ဒရို မော်ဂန်ရော်ဂျာစ် နဲ့ ပါးမား ၃ ယောက်စလုံး ဂိုးပါဝင်ပတ်သတ်ခဲ့တဲ့ ဒုတိယမြောက်ပွဲလည်း ဖြစ်ပါတယ်

တစ်ခုရှိတာက ချဲလ်ဆီးက ဂိုးလည်းသွင်းမယ် ဂိုးပေးမယ်ဆိုတာကြီးက သတိထားရပါမယ်

နောက်တန်းက ပွဲတိုင်း ၂ ဂိုးအထက် ဆက်တိုက်ပေးနေရပါတယ်

လာမယ့်ပွဲမှာ ချဲလ်ဆီးရဲ့ လျှပ်စီးတိုက်စစ်ကို အာဆင်နယ်နောက်တန်း ရပ်တန့်နိုင်မလား စောင့်ကြည့်ရပါမယ်

ရာသီသစ် မစခင်ကတည်းက အာဆင်နယ်ဟာ ၁၉သင်းထက် ခေါင်းတလုံး ပိုမြင့်နေပါပြီ …‘ အာဆင်နယ်က လွဲရင် ကျန်တဲ့ ထိပ်သီးအသင်းတွေမှာ တူညီ...
18/08/2026

ရာသီသစ် မစခင်ကတည်းက အာဆင်နယ်ဟာ ၁၉သင်းထက် ခေါင်းတလုံး ပိုမြင့်နေပါပြီ …

‘ အာဆင်နယ်က လွဲရင် ကျန်တဲ့ ထိပ်သီးအသင်းတွေမှာ တူညီတဲ့ မန်နေဂျာတွေနဲ့ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်တာမျိုး မရှိပါဘူး။ ဒါက အာတီတာ အတွက် ဒီနှစ်မှာ တကယ်ကို ကြီးမားတဲ့ အပေါင်းလက္ခဏာ ဆောင်ခြင်းပါပဲ။ သူ ဒီနှစ် ပရီးမီးယားလိဂ်ဖလားတော့ အေးဆေးရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ချန်ပီယံဆု ဆိုတာ အမြဲတမ်း ယူဖို့ ခက်ပါတယ်။ အထူးသဖြင့် ရှေ့ဆင့်နောက်ဆင့် ယူပြဖို့ဆိုရင်ပေါ့။ အာဆင်နယ်က ဒီနှစ် ဒါကို လုပ်ပြဖို့ ကြိုးစားမှာပါ။ လောလောဆယ်မှာ သူတို့ဟာ တခြား ၁၉သင်းထက် ခေါင်းတလုံး ပိုသာတဲ့ပုံ ပေါ်နေပါတယ်။

‘ 🗣️ အလန်ပါဂျူး

ဘာစီလိုနာသည် ဟူလီယန် အဲဗာရက်စ်ကို ခေါ်ယူနိုင်ရန် ခက်ခဲလာသည့် အတွက် အာဆင်နယ်တိုက်စစ်မှုး ဗစ်တာ ယောကရက်စ်ကို ခေါ်ယူရန်စိတ်...
18/08/2026

ဘာစီလိုနာသည် ဟူလီယန် အဲဗာရက်စ်ကို ခေါ်ယူနိုင်ရန် ခက်ခဲလာသည့် အတွက် အာဆင်နယ်
တိုက်စစ်မှုး ဗစ်တာ ယောကရက်စ်ကို ခေါ်ယူရန်
စိတ်ဝင်စားလာကြောင်း သိရသည် ။

ဘာစီလိုနာသည် ယောကရက်စ်ကို ခေါ်ယူရန်
လာမည့် နာရီပိုင်းတွင်း လှုပ်ရှားလာနိုင်ပြီး
အာဆင်နယ် အသင်းထံ ကစားသမား၏ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းလာနိုင်သည်ဟု
သိရသည် ။

[ El Chringuito TV ]

“ဒါဟာ ကျွန်တော့်ရဲ့ ဘောလုံးကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ချန်ထားခဲ့မယ့် အမွေအနှစ်က အလွန်...
18/08/2026

“ဒါဟာ ကျွန်တော့်ရဲ့ ဘောလုံးကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ချန်ထားခဲ့မယ့် အမွေအနှစ်က အလွန်ကြီးမားတဲ့ အမွေအနှစ်တစ်ခု ဖြစ်စေချင်ပါတယ်။”

Vouge နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူးကြီးအတွက် တကယ်ပဲ နောက်ဆုံးသော ဘောလုံးရာသီဖြစ်လာနိုင်ချေ ရှိသွားခဲ့ပါပြီ။

မကြာခင်မှာ ရော်နယ်ဒိုကို အားလုံးနှုတ်ဆက်ရတော့မှာပါ။
💔💔

နားငြီးလာလို့အဲ့ကောင်ကို အရံပို့လိုက်တယ် -မော်ရင်ဟို====" ငါရီရဲလ်ကိုရောက်တော့ အသင်းခေါင်းဆောင် ကားဆီးလက်က ငါ့ကိုလာပြောတ...
15/08/2026

နားငြီးလာလို့အဲ့ကောင်ကို အရံပို့လိုက်တယ် -မော်ရင်ဟို
====

" ငါရီရဲလ်ကိုရောက်တော့ အသင်းခေါင်းဆောင် ကားဆီးလက်က ငါ့ကိုလာပြောတယ်၊ နိုင်ငံလက်ရွေးစင်ကစားသမားတွေကို နားရက်ပိုပေးဖို့အတွက် လာတောင်းဆိုတယ်၊ နောက်ရက်နည်းနည်းကြာတော့ ထရိန်နင်ကို တစ်နာရီနောက်ကျပေးပါဆိုပြီး ပြောလာပြန်ရော ၊

နောက်ဆုံးတစ်ခါကတော့ အဆိုးဆုံးပဲ၊ ပွဲရက်ကို ဟော်တယ်မှာမအိပ်ချင်ဘူးတဲ့၊ အိမ်ကနေတန်းလာမယ်ဆိုတော့ ငါလည်း နောက်ပိုင်းလုပ်သင့်တာလုပ်လိုက်တော့တာပဲ၊ မက်ဒရစ်ဘာလို့အကျင့်တွေပျက်နေလည်းဆိုတာကို ငါသိလိုက်ပြီလေ "

အဲ့ဒီနောက်ပိုင်းမှာတော့ မော်ကြီးဟာ ကားဆီးလက်ကိုအရံခုံပို့လိုက်ပြီး ဒီယေဂိုလိုပက်ဇ်ကို ပထမဂိုးသမားနေရာကိုပို့လိုက်ပါတော့တယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားဟန်ကို သေချာ စောင့်ကြည့်ကြည့်ရင် သူ့ရဲ့ ကစားကွက် ထိန်းချုပ်နိုင်စွမ်းနဲ့ အရည်အသွေးဟာ အခြား ကွင်...
15/08/2026

ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားဟန်ကို သေချာ စောင့်ကြည့်ကြည့်ရင် သူ့ရဲ့ ကစားကွက် ထိန်းချုပ်နိုင်စွမ်းနဲ့ အရည်အသွေးဟာ အခြား ကွင်းလယ်လူတွေထက် ပိုမို ထင်ရှား ပေါ်လွင်နေတာကို မြင်တွေ့ရမှာပါ

လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရူနို ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာပြီးနောက် အသင်းရဲ့ တိုက်စစ် ကစားကွက် တစ်ခုလုံးကို ချက်ချင်းဆိုသလို ဦးဆောင် ထိန်းချုပ်သွားခဲ့ပါတယ်

သူ့ရဲ့ အမြှော်မြင်ရှိတဲ့ ကစားဟန်၊ တိကျတဲ့ ပေးပို့မှုတွေနဲ့ ကစားကွက် လစ်ဟာနေတဲ့ နေရာတွေကို ရှာဖွေနိုင်စွမ်းတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို သိသိသာသာ အားကောင်းလာစေခဲ့ပါတယ်။

ယူရီ တီးလမန်းစ်နဲ့ လှလှပပ အချိတ်အဆက် လုပ်ပြသွားတာတွေလည်း အားရစရာကောင်းလှပါတယ်

ဘရူနို ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နိုင်မှုဟာ အသင်းဖော်တွေအတွက် အမြဲတမ်း အားကိုးအားထား ပြုစရာ ဖြစ်စေပါတယ်။

ယူနိုက်တက်တို့ရဲ့ အသင်းခေါင်းဆောင်ဟာ အဆင့်အတန်းမြင့်မားတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး လာမယ့် ရာသီမှာလည်း အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးနိုင်ဦးမှာ ဖြစ်ပါတယ်

🎙ပန်တိုဂျာ —  “အခု မင်းက ချန်ပီယံပဲ။ မင်းရဲ့ ခါးပတ်ကို အဲဒီမှာ ယူထားလိုက်။ အခုလောလောဆယ်တော့ အဲဒီခါးပတ်ကို အရသာခံထားလိုက်...
15/08/2026

🎙ပန်တိုဂျာ — “အခု မင်းက ချန်ပီယံပဲ။ မင်းရဲ့ ခါးပတ်ကို အဲဒီမှာ ယူထားလိုက်။ အခုလောလောဆယ်တော့ အဲဒီခါးပတ်ကို အရသာခံထားလိုက်ဦး။”

🎙ဗန် — “မင်း ဒီခါးပတ်ကို လိုချင်တာလား? မင်းရမှာ ဘာတစ်ခုမှ မရှိဘူး။”

Address

Yangon
11011

Alerts

Be the first to know and let us send you an email when BB Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category