BB Sports

Directions Website

BB Sports Sports

JJ Gabriel ကိုသာ ယူနိုက်တက်တို့ လက်လွှတ်လိုက်ရရင် နောင်တအကြီးကြီး ရသွားပါလိမ့်မယ် ဘာစီလိုနာအနေနဲ့ ၁၅ နှစ်အရွယ် မက်ဆီကို ...
16/09/2026

JJ Gabriel ကိုသာ ယူနိုက်တက်တို့ လက်လွှတ်လိုက်ရရင် နောင်တအကြီးကြီး ရသွားပါလိမ့်မယ်

ဘာစီလိုနာအနေနဲ့ ၁၅ နှစ်အရွယ် မက်ဆီကို လက်လွှတ်လိုက်ရတယ်လို့ မြင်ယောင်ကြည့်လိုက်ရင် JJ Gabriel ဘယ်လောက်ထိကောင်းသလဲဆိုတာ သိပါလိမ့်မယ်

JJ ကတော့ ယူနိုက်တက်အသင်းကနေ ထွက်ချင်နေတယ်ဆိုပြီး သတင်းတွေ တက်လာတာဖြစ်လို့ ယူနိုက်တက်တို့ကတော့ ခေါင်းစားနေရပါပြီ

မန်ချက်စတာ ဒါဘီပွဲစဉ်က ဟာလန်းရဲ့ သွင်းဂိုးကို ဘာကြောင့် လူကျွံဘောအဖြစ် သတ်မှတ်သင့်သလဲဆိုတာကို ပရီးမီးယားလိဂ်ဒိုင်လူကြီးအ...
16/09/2026

မန်ချက်စတာ ဒါဘီပွဲစဉ်က ဟာလန်းရဲ့ သွင်းဂိုးကို ဘာကြောင့် လူကျွံဘောအဖြစ် သတ်မှတ်သင့်သလဲဆိုတာကို ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟောင်းဝက်ဒ် ဝက်ဘ်က အခုလို ရှင်းလင်းပြောပြသွားခဲ့ပါတယ် ။

"ဖာနန်ဒက်စ်ဟာ ဘောလုံးကို မထိခဲ့ဘူးဆိုပေမယ့် ကစားကွက်မှာ ပါဝင်ခဲ့ပါတယ် ။ ဒါ့အပြင် ဘောလုံးက သူ့ဆီကို ဦးတည်ပြီးလာခဲ့တာပါ ။ သူကိုယ်တိုင်လည်း ( ဂိုးသွင်းယူဖို့ ) အားထုတ်မှု ရှိခဲ့ပါတယ် ။ ဒါဟာ အနီးအနားမှာရှိနေတဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ မန်ယူဂိုးသမား ဆာနေး လန်းမန်းစ်တို့အပေါ် သက်ရောက်မှုရှိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အားထုတ်မှုကို ကာကွယ်ဖို့ ပြင်ဆင်ခဲ့ကြတာကြောင့် ဟာလန်းအတွက် စဉ်းစားဖို့ အချိန်မရခဲ့ကြပါဘူး”

"VAR အဖွဲ့စစ်ဆေးမှုကို စတင်လိုက်ချိန်မှာ (Semi-automated offside technology) အရ ဟာလန်းက ဒေါ်ဂူရဲ့ နောက်မှာသာရှိနေပြီး လူမကျွံခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ VAR ဒိုင်ဟာ ဟားလန်းဆီမှာတင် အာရုံစိုက်မှု အပြည့်အဝ ရောက်သွားခဲ့ပါတယ်။ သူက ဟားလန်း လူမကျွံဘူးဆိုတာကိုပဲ အတည်ပြုနိုင်ခဲ့ပြီး ဒါဟာ ခွင့်ပြုရမယ့်ဂိုးတစ်ဂိုး ဖြစ်တယ်လို့ ထင်မြင်သွားခဲ့ပါတယ်။ တကယ်လည်း ဟာလန်းက လူမကျွံခဲ့ပါဘူး"

"ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်တဲ့အခါမှာတော့ ဖာနန်ဒက်စ်ရဲ့ တည်နေရာကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုအပြည့်အဝကို ဒိုင်တွေဘက်က သေချာမသုံးသပ်နိုင်ခဲ့ပါဘူး။ ဖာနန်ဒက်စ် ဘောလုံးထိမထိ ဆိုတာကိုပဲ သွားကြည့်ခဲ့ကြတာပါ။ ဘောလုံးထိခဲ့ရင်တော့ ဂိုးသွင်းသွားတဲ့ ဟားလန်းဆီ ပို့ပေးလိုက်သလို ဖြစ်သွားမှာမို့လို့ပါ။ သူ ဘောလုံးကို မထိခဲ့ပေမဲ့ VAR ဒိုင်အနေနဲ့ လူကျွံဘောရဲ့ အခြားသောအချက်အလက်တွေကို သေချာမသုံးသပ်နိုင်ခဲ့ဘဲ အဲဒီအချိန်မှာ အမြင်ကျဉ်းမြောင်းမှုဖြစ်သွားခဲ့ပါတယ် ။ သူက ဟာလန်းဆီမှာပဲ အာရုံရောက်နေခဲ့တာကြောင့် ကျန်တဲ့ အဖွဲ့ဝင်တွေက အဲဒီအမှားထဲကနေ ဆွဲထုတ်ပေးခဲ့ရမှာ ဖြစ်ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ အဲဒီအချိန်မှာ ဘာမှ ဖြစ်မလာခဲ့ပါဘူး”
Howard Webb

ကားလို့စ်အက်စ်ပီတယောက် မော်ရင်ဟိုကို ကယ်တင်ပေးလိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ လတုန်းကလည်း အက်စ်ပန်ညိုနဲ့ပွဲမှာ နာကျင်အချိန်ပိ...
16/09/2026

ကားလို့စ်အက်စ်ပီတယောက် မော်ရင်ဟိုကို ကယ်တင်ပေးလိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ လတုန်းကလည်း အက်စ်ပန်ညိုနဲ့ပွဲမှာ နာကျင်အချိန်ပိုအရောက် ဂိုးသွင်းပြီး အက်စ်ပီက ဟီးရိုးဖြစ်ခဲ့တာပါ။

ညက အယ်လ်ချီကွင်းမှာ ကစားခဲ့တဲ့ပွဲဆိုလည်း ရီးရဲလ်တို့ ၂-၂ သရေနဲ့ ကျေနပ်ရမယ့် အခြေအနေဖြစ်နေခဲ့ပါတယ်။ နာကျင်အချိန်ပို ပထမဆုံးမိနစ်မှာ ဘယ်လင်ဟမ်က ဘောလုံးမဆုံးရှုံးအောင် ရုန်းကန်ကြိုးစားခဲ့ပြီး အဲဒီကတဆင့် သူက အမ်ဘာပေဆီ ဘောလုံးရောက်အောင် ပေးပို့နိုင်ခဲ့ပါတယ်။

အမ်ဘာပေက ဘောလုံးနဲ့အတူ ဆွဲပြေးသွားခဲ့ပြီး ဂိုးသမားနဲ့ တဦးချင်းကန်သွင်းလို့ရတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့အတူ ပြေးတက်လိုက်ပါလာတဲ့ အက်စ်ပီက အလွတ်ကြီးကန်သွင်းဖို့ အသင့်ဖြစ်နေတာမို့ အမ်ဘာပေက ကိုယ်တိုင်မသွင်းယူခဲ့ဘဲ အသင်းဖော်အတွက် ဖန်တီးပေးခဲ့ကာ စပိန်ကြယ်ပွင့်လေးက အပိုင်ကန်သွင်းပြီး အဖိုးတန်အနိုင်ဂိုးကို ယူပေးသွားခဲ့တာပါ။

၂-၀ နဲ့ ဦးဆောင်နေပြီးမှ ၂-၂ ဖြစ်ကာ သရေနဲ့ ကျေနပ်ရမယ့်အဖြစ်ကနေ ရီးရဲလ်မက်ဒရစ် ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ရီးရဲလ်တို့ ဘာကာထက် တပွဲပိုကစားပြီး ရမှတ်တူနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

City က ပွဲစဉ်(၃) အတွက် Etihad မှာ Coventry ကို ဧည့်ခံရပါမယ်။ Arsenal ဟာ Coventry ကို ပွဲစဉ် (၁) မှာ သူတို့ဘာကောင်လဲဆိုတာ...
05/09/2026

City က ပွဲစဉ်(၃) အတွက် Etihad မှာ Coventry ကို ဧည့်ခံရပါမယ်။ Arsenal ဟာ Coventry ကို ပွဲစဉ် (၁) မှာ သူတို့ဘာကောင်လဲဆိုတာ ပြနိုင်ခဲ့တယ်။ ဒါတောင် ဒုပိုင်းကို အားထည့်မဆော့ခဲ့ပါဘူး။ City အနေနဲ့လည်း ဒီလိုပွဲမျိုးတွေက အနိုင်သုံးမှတ်မဖြစ်မနေယူထားရမှာဖြစ်ပြီး ကစားသမားတွေကလည်း individual stat တွေ မြှင့်ဖို့ အကောင်းဆုံးပွဲတွေထဲကတစ်ပွဲပါ။

City ကွင်းလယ်က အရင်ပွဲတွေထက် အားကောင်းလာမှာဖြစ်ပြီး Enzo x Anderson အတွဲက ရင်ခုန်ချင်စရာပါ။ Anderson နဲ့ Enzo က အလှည့်ကျစီ တစ်ယောက်ဆင်းတစ်ယောက်တက် ဆော့နိုင်ဖို့တော့လိုတယ်။ ဒါ့အပြင် ဒီပွဲက City တိုက်စစ်စာမေးပွဲဖြေလို့ကောင်းမဲ့ပွဲဖြစ်နေတယ်။ Semenyo, Foden, Cherki တို့လို ကစားသမားတွေနဲ့ Haaland တို့ ဘယ်လောက်ထိချိတ်ဆက်နိုင်မလဲလည်း စိတ်ဝင်စားတယ်။

Lampard ရဲ့ Coventry က သူတို့ကွင်းလယ်ဖရိုဖရဲဖြစ်မှု၊ ပွဲချိန်ကြာလာတာနဲ့အမျှ လျော့ရဲလာမှုနဲ့ ညာခြမ်းခံစစ်အားနည်းမှုတွေကို အိမ်စာလုပ်လာဖို့တော့ လိုလိမ့်မယ်။ သို့ပေမဲ့လည်း ကစားသမားအင်အားကွာခြားမှုနဲ့ ဘောလုံးဥာဏ်ရည်၊ လုပ်အားနှုန်း စတာတွေအရတော့ City ကို လက်မြှောက်ရပါလိမ့်မယ်။

မိုနာကိုအား အိမ်ကွင်းတွင် ရှုံးနိမ့်ကာ ရာသီအစ ရလဒ်ဆိုးရွားနေတဲ့ ပီအက်စ်ဂျီချန်ပီယံပီအက်စ်ဂျီဟာ သောကြာနေ့ညတုန်းက အိမ်ကွင်...
05/09/2026

မိုနာကိုအား အိမ်ကွင်းတွင် ရှုံးနိမ့်ကာ ရာသီအစ ရလဒ်ဆိုးရွားနေတဲ့ ပီအက်စ်ဂျီ

ချန်ပီယံပီအက်စ်ဂျီဟာ သောကြာနေ့ညတုန်းက အိမ်ကွင်းတွင် မိုနာကိုအား ရှုံးနိမ့်ကာ ရာသီအစ နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ချန်ပီယံဟာ ဒုတိယပိုင်းတွင် သွင်းယူတဲ့ ဖလာဗီယိုနာဇင်ဟို၊ အိုင်ဒမ်ဘိုတို့ရဲ့ ဂိုးတွေကြောင့် မိုနာကိုအား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ပြည်တွင်းပွဲ ၃ ပွဲလုံး နိုင်ပွဲပျောက်ခဲ့ရပါတယ်။

ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် သဘောတူညီမှု ရရှိထားတဲ့ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ ပွဲချိန် ၃၁ မိနစ်မှာ အသင်းခေါင်းဆောင်မာကွင်ဟို့စ်ရဲ့ အနီးကပ်ခေါင်းတိုက်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပထမပိုင်းမှာ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယဂိုး ရှာမတွေ့ခဲ့ပါဘူး။ ဧည့်သည်မိုနာကိဟာ ပထမပိုင်းမှာ ကန်ချက် ၁ ကြိမ်မျှတောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

မိုနာကိုဟာ ဒုတိယပိုင်း ၁၃ မိနစ်မှာ ဂျော်ဒန်တီဇီရဲ့ ဖြတ်တင်ဘောကနေ နာဇင်ဟိုရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိခဲ့ပါတယ်။ ယင်းနောက် ၁၄ မိနစ်အကြာမှာ အိုင်ဒမ်ဘိုက အနီးထောင့်သို့ အပြင်းတိကျတဲ့ ကန်ချက်ဖြင့် မိုနာကိုတို့ အနိုင်ဂိုး ရရှိသွားပါတယ်။

ပီအက်စ်ဂျီဟာ ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်းမှာ အိမ်ကွင်းတွင် ပထမပိုင်းမှာ အနိုင်ရနေပြီးမှ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
မိုနာကိုဟာ ဒီနိုင်ပွဲကြောင့် ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လာကာ ပီအက်စ်ဂျီက အဆင့် ၁၂ သို့ ကျဆင်းသွားပါတယ်။

“ဒီပွဲကို ဘာကြောင့်မနိုင်ခဲ့သလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး ။ ကျွန်တော်တို့ကစားပုံကောင်းတယ် ၊ ကစားသမားတွေရဲ့ စိတ်ဓါတ်တ...
05/09/2026

“ဒီပွဲကို ဘာကြောင့်မနိုင်ခဲ့သလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး ။ ကျွန်တော်တို့ကစားပုံကောင်းတယ် ၊ ကစားသမားတွေရဲ့ စိတ်ဓါတ်တွေကလည်း ရှိသင့်တဲ့အနေအထားမှာ ရှိနေခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး ။ ရီးရဲဘက်တစ်ကိုတော့ ကွန်ဂရက်ကျူလေးရှင်းစ်ပါ ၊ သူတို့ ထီပေါက်သွားခဲ့ပါတယ်”

Jose Mourinho

လာလီဂါ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်အပြီး ချန်ပီယံလိဂ်ဖလားဆီ မျက်စိကျနေတဲ့ ယာမဲလ်၂၀၂၅-၂၆ လာလီဂါရာသီရဲ့ "အက...
03/09/2026

လာလီဂါ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်အပြီး ချန်ပီယံလိဂ်ဖလားဆီ မျက်စိကျနေတဲ့ ယာမဲလ်

၂၀၂၅-၂၆ လာလီဂါရာသီရဲ့ "အကောင်းဆုံး ကစားသမားဆု" ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ လူငယ်ပါရမီရှင် ကစားသမားလေး လာမင်း ယာမဲလ်က သူ့ရဲ့ ရှေ့ဆက်သွားမယ့် ကြီးမားတဲ့ ရည်မှန်းချက်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် ရာသီသစ်အတွက် ရည်မှန်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ယာမဲလ်က -
"ဒီရာသီမှာ ကျွန်တော့်ရဲ့ ပန်းတိုင်က ဘာလဲသိလား? ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ပါပဲ" လို့ ယုံကြည်ချက်အပြည့်နဲ့ ဖြေကြားသွားခဲ့တာပါ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြော်ညာမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝတလျောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေ ၊ သွင်းယူ...
03/09/2026

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြော်ညာမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝတလျောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေ ၊ သွင်းယူခဲ့တဲ့ဂိုးတွေ ၊ မှတ်တမ်းတွေကို ပြေစာပုံစံနဲ့ ဖော်ပြထားခဲ့တာပါ ။

အဲဒီအထဲမှာ ကမ္ဘာ့ဖလားအောင်မြင်မှုတကြိမ်ဆိုတာကို ထင်ထင်ရှားရှားပြသခဲ့တဲ့အပြင် အဆုံးမှာတော့ G.O.A.T debate – settled လို့ ထည့်သွင်းခဲ့ပြီး မက်ဆီ နဲ့ ရိုနယ်လ်ဒိုတို့အကြားက ငြင်းခုန်မှုတွေအတွက် အဖြေထွက်သွားခဲ့ပြီလို့ ဖော်ပြသွားခဲ့ပါတယ် ။

🚨 “တစ်ချိန်က ရော်နယ်ဒိုရဲ့ £80m က ကမ္ဘာ့စံချိန်… အခုတော့ Top 20 ထဲတောင် မဝင်တော့ဘူး။”၂၀၀၉ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်...
03/09/2026

🚨 “တစ်ချိန်က ရော်နယ်ဒိုရဲ့ £80m က ကမ္ဘာ့စံချိန်… အခုတော့ Top 20 ထဲတောင် မဝင်တော့ဘူး။”

၂၀၀၉ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်ကနေ ရီးယဲလ်မက်ဒရစ်ကို ခရစ္စတီယာနို ရော်နယ်ဒို ပြောင်းရွှေ့ခဲ့တဲ့ £80m ဆိုတာ ဘောလုံးလောကကို တုန်လှုပ်သွားစေခဲ့တဲ့ ဈေးနှုန်းပါ။ အခုတော့ အဲဒီပမာဏဟာ ထိပ်ဆုံးအပြောင်းအရွှေ့စာရင်းမှာတောင် အရင်လို မထင်ရှားတော့ပါဘူး။

အခုခေတ်မှာ £60m ဆိုရင် အီလီမန် အန်ဒီယာလို ပရီးမီးယားလိဂ်ကစားသမားတစ်ယောက်အတွက် ပေးချေရတဲ့ဈေး ဖြစ်လာပြီး၊ £70m ဝန်းကျင်ဆိုရင် ကားလို့စ် ဘာလေဘာလို ကစားသမားမျိုးကို ခေါ်ယူရတဲ့ ဈေးတန်းဖြစ်နေပါပြီ။

တစ်ချိန်က £60m၊ £70m ဆိုတာ “ကမ္ဘာ့ထိပ်တန်းစူပါစတား” တွေအတွက် သုံးရမယ့် ပမာဏလို ထင်ခဲ့ကြပေမယ့် အခုတော့ အသင်းတစ်သင်းရဲ့ ပုံမှန်အင်အားဖြည့်ခေါ်ယူမှုမှာတောင် ဒီဈေးတန်းတွေကို တွေ့နေရပါပြီ။

အထူးသဖြင့် ၂၀၂၆ နွေရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေ စုစုပေါင်း £3.46 ဘီလီယံအထိ သုံးစွဲခဲ့ပြီး ၂နှစ်ဆက်တိုက် အပြောင်းအရွှေ့သုံးစွဲမှု စံချိန်ချိုးခဲ့ပါတယ်။ ဒီထဲမှာ £100m ကျော် အပြောင်းအရွှေ့တွေပါ အကြိမ်ကြိမ် ပေါ်လာခဲ့ပါတယ်။

ဒါဆို ဒီလိုဈေးကွက်က ဘယ်အချိန်မှာ ရပ်မလဲ?

ကလပ်တွေရဲ့ ဝင်ငွေတွေ၊ ရုပ်သံဝင်ငွေတွေ၊ ကစားသမားရောင်းချမှုတွေက ဆက်ပြီး ကြီးထွားနေသရွေ့ ဒီဈေးနှုန်းဖောင်းပွမှုက ချက်ချင်းရပ်သွားဖို့ မလွယ်ပါဘူး။ တစ်ဖက်မှာလည်း ဘဏ္ဍာရေးစည်းမျဉ်းတွေ ပိုတင်းကျပ်လာတာကြောင့် ကလပ်တွေဟာ ငွေသုံးစွဲမှုကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ဖို့ ဖိအားရှိလာနေပါတယ်။

“£100m က ပုံမှန်ဈေးတန်းတစ်ခု ဖြစ်သွားမလား?” ဒါမှမဟုတ်…“ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ဒီဈေးကွက်ကို တစ်ချိန်မှာ ပြန်ထိန်းချုပ်နိုင်မလား?” ဆိုတာ အားလုံးက သိချင်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အဲဒါကို စောင့်ကြည့်ရမှာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်က အရမ်းဖောင်းပွလွန်းတယ်လို့ သတိပေးနေသူတွေလည်း ရှိပါတယ်။ 💷📈⚽

ချဲလ်ဆီးတိုက်စစ်က အာပလာမလုပ်ဘူး ရတာနဲ့ ချက်ချင်း လူတန်းပေးပြီး ဂိုးတန်းသွင်းတယ် တကယ့်ကို ကောင်းလွန်းပြီး အခုပွဲမှာလည်း ၆...
30/08/2026

ချဲလ်ဆီးတိုက်စစ်က အာပလာမလုပ်ဘူး
ရတာနဲ့ ချက်ချင်း လူတန်းပေးပြီး ဂိုးတန်းသွင်းတယ်

တကယ့်ကို ကောင်းလွန်းပြီး အခုပွဲမှာလည်း ၆ ဂိုးလောက်ထိ ရခဲ့သင့်တာပါ

ဂျာအိုပတ်ဒရို မော်ဂန်ရော်ဂျာစ် နဲ့ ပါးမား ၃ ယောက်စလုံး ဂိုးပါဝင်ပတ်သတ်ခဲ့တဲ့ ဒုတိယမြောက်ပွဲလည်း ဖြစ်ပါတယ်

တစ်ခုရှိတာက ချဲလ်ဆီးက ဂိုးလည်းသွင်းမယ် ဂိုးပေးမယ်ဆိုတာကြီးက သတိထားရပါမယ်

နောက်တန်းက ပွဲတိုင်း ၂ ဂိုးအထက် ဆက်တိုက်ပေးနေရပါတယ်

လာမယ့်ပွဲမှာ ချဲလ်ဆီးရဲ့ လျှပ်စီးတိုက်စစ်ကို အာဆင်နယ်နောက်တန်း ရပ်တန့်နိုင်မလား စောင့်ကြည့်ရပါမယ်

Address

Yangon
11011

Alerts

Be the first to know and let us send you an email when BB Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category