29/11/2021
Premier League မှာ နည်းပြသုံးဆက်တိုင် မန်ယူ ကို အနိုင်မရရှိသေးတဲ့ Chelsea
မနေ့ ည က Stamford Bridge မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Super Sunday ရဲ့ Big Match တစ်ပွဲဖြစ်တဲ့ ဇယားထိပ်က Chelsea အသင်း နဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားတဲ့ Manchester United အသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက် ကို တစ်ဂိုးဆီ နဲ့ သရေ ရလဒ်ဖြင့်သာ တစ်မှတ်ဆီ ခွဲယူသွားခဲ့ကြပါတယ်။
Chelsea အသင်းရဲ့ နည်းပြ တူချယ်ဟာ အသင်းရဲ့ လူစာရင်း မှာတော့ ဒဏ်ရာ ရ ကစားသမားများဖြစ်ကြတဲ့ Kante နဲ့ Chilwell တို့ နေရာမှာ Ruben Loftus Cheek , Ahlonso တို့ ကို ပွဲထုတ်လာခဲ့သလို တိုက်စစ်မှာလည်း Havertz ဒဏ်ရာ ရရှိနေတဲ့ အတွက် Werner နဲ့ သာ ပါဝင်လာခဲ့ပါတယ်။
Manchester United အသင်းဟာတော့ အဓိက ကစားသမား Ronaldo ကို အနားပေးထားပြီး Sancho, Rashford တို့ နဲ့ အတူ Bruno ကို False ဆန်ဆန် ပွဲထုတ်လာတာ ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ပွဲအစမှာတင် Chelsea အသင်းဟာ ပွဲ စထဲ က ManU အသင်းအပေါ် တောက်လျှောက် ဖိအားပေးကစားလာနိုင်ခဲ့ပြီး အဖက်ဖက် က အသာစီး ကစားနိုင်ခဲ့ပါတယ်။ Chelsea အသင်းမှ Odoi ရဲ့ ကန်ချက် ကို De Gea ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သလို Rudiger ရဲ့ အဝေးကန်ချက် က လှပခဲ့ပေးမယ် ဂိုးဘားတန်း ထိ သွားခဲ့တာကြောင့် Chelsea အသင်းတို့ ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။ Chiwell နေရာ အစားထိုးဝင်လာတဲ့ Ahlonso ရဲ့ Left Wing Back နေရာ ဟာ နည်းပြ Tuchel ဖြေရှင်းရမယ့် ပုစ္ဆာ တစ်ခုတော့ ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှာပါဝင်လာတဲ့ Ziyech နဲ့ Werner တို့ ရဲ့ ခြေစွမ်းဟာလည်း မေးခွန်းထုတ်စရာ ရှိနေခဲ့တာ ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ManU အသင်းဟာ ပွဲအစထဲ က Defensive playing ကို ဦးတည်ကစားခဲ့ပြီး Rashford နဲ့ Sancho တို့ရဲ့ လျှလျှင်မြန်မှု ကို အသားပေးကစားတဲ့ Counter Attack တွေ ကိုသာ အဓိက အားပြု ကစားခဲ့တာ ကို လည်း တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ခေါင်းကြီး လို့ လူသိများတဲ့ ManU အသင်းရဲ့ Captain Maguire မပါဝင်ခဲ့တဲ့ ManU အသင်းရဲ နောက်တန်း က အရမ်း ကို ကောင်းမွန်ခဲ့ပြီး ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ Tominey, Fred နဲ့ Matic တို့ ကလည်း Chelsea ကစားသမားတွေ ကို အတော်လေး ထိန်းချုပ် ကစားနိုင်ခဲ့တာကိုတော့ တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒုတိယ ပိုင်းမှာတော့ ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး Chelsea အသင်းရဲ့ အသင်းခေါင်းဆောင် Jorginho ရဲ့ ပေါ့လျော့ မှုကနေ ချိန်သားကိုက် အရှိန်နဲ့ ပြေးတတ်လာတဲ့ Sancho က Mendy နဲ့ တစ်ဦးချင်း အနေအထားမှာ အပိုင် ပိတ်သွင်းခဲ့ပြီး Chelsea အသင်းကို ဦးဆောင်
ကစားနိုင်ခဲ့ပါတယ်။ Chelsea အသင်းဟာ လည်း ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း တရစပ် ဖိအာပေးနိုင်ခဲ့ပြီး Penalty area အတွင်း Silva ခြေထောက်ကို Wan Bissaka ကန်ခဲမိတာကြောင့် Penalty ပြစ်ဒဏ်ဘောရရှိခဲ့ပြီး Jorginho က အမှားအယွင်းမရှိ ပြန်လည် ခြေပသွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂိုးပေါက်မတည်းတဲ့ Werner ကို Lukaku နဲ့ လူစားလဲ ပြီး တိုက်စစ်မြှင့် ခဲ့ပေမယ့် ပါမှန်းတောင် ကွင်းထဲရှိနေမှန်တောင်း မသိလိုက်ရတာကြောင့် Chelsea အသင်း အမှတ်ခွဲပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါအပြင့် Rudiger ရဲ့ နောက်ဆုံး မိနစ် အပိုင် ကန်သွင်းချက်က လည်း ကောင်းကင် က ငှက်ကိုသာ ထိခဲ့တာကြောင့် သရဲနီ တို့ ၁၀ မိုင်ကုန်း ရောက်ဖို့ သီသီ လေးသာ လွဲခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် Chelsea အသင်းဟာလဲ ManCity , Liverpool အသင်းတို့နဲ့လည်း အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တာကြောင့် December Boxing Day ကာလ ကို အတော်လေး သတိထားဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။
Football Server Burmese ✅
-