YGN GYM - Yankin

YGN GYM - Yankin STARTING POINT

📌YGNGYM မှာ မိုးရာသီရဲ့ အတန်ဆုံး ဖြစ်တဲ့ 100days challenge promotion လေး ကုန်ဆုံးဖို့ ၂ရက်ပဲ လိုတော့တယ်နော် 🏋🏻၂၀၂၇ခုနှစ်...
28/08/2026

📌YGNGYM မှာ မိုးရာသီရဲ့ အတန်ဆုံး ဖြစ်တဲ့ 100days challenge promotion လေး ကုန်ဆုံးဖို့ ၂ရက်ပဲ လိုတော့တယ်နော် 🏋🏻၂၀၂၇ခုနှစ်မှာ Body အမိုက်စားနဲ့ ဖြစ်ဖို့ အခုပဲ 100 days Challenge promotion လေးကို ဝယ် ယူရင်း Fitness Journey ကို စတင်လိုက်ရအောင်💪🫶


28/08/2026

Take care of your body. 💪
It’s the only place you have to live.🏋️‍♀️
Trainer - Hein Zayar Ko (Sniff)
Camera & Edited By A R T H U R
#

27/08/2026

Today View

The Father of Body Builder 🏋️‍♀️💪Eugene Sandowဆိုသူဟာ ကမ္ဘာ့ပထမဆုံးသော Bodybuilding Competitionကို ၁၉၀၁ ခုနှစ်တွင် ဦးဆော...
27/08/2026

The Father of Body Builder 🏋️‍♀️💪

Eugene Sandowဆိုသူဟာ ကမ္ဘာ့ပထမဆုံးသော Bodybuilding Competitionကို ၁၉၀၁ ခုနှစ်တွင် ဦးဆောင်ကျင်းပပေးခဲ့သူဖြစ်ပြီးလေ့ကျင့်ခန်းလုပ်နည်း စာအုပ်များနှင့် အသုံးအဆောင်များကိုပါ စီးပွားဖြစ်ထုတ်လုပ်ကာ Body ကြံ့ခိုင်ရေးကို လူထုကြား ရောက်ရှိအောင် ပထမဆုံး အစပျိုးပေးခဲ့သူ ဖြစ်ပါတယ် The Father of Body Builder လို့ တောင် ခေါ်တွင်ခဲ့ရတဲ့ သူဟာ GYMလောက ရဲ့ ပထမဆုံးသော ဦးဆောင်သူလို့လည်း သတ်မှတ်ကြပါတယ်

သူ့ကို ၁၈၆၇ ခုနှစ်ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ကာ ငယ်စဉ်က ပုံမှန်ခန္ဓာကိုယ် အနေအထားရှိပေမဲ့ ရှေးဟောင်း ဂရိနဲ့ ရောမရုပ်ထုတွေထဲက နတ်ဘုရားတွေရဲ့ ကြွက်သားအလှအပကို အထူးစွဲလမ်းနှစ်သက်သူ ဖြစ်ပါတယ် အဲဒီအချိန်ကာလ က လူတွေဟာ အလေးမတာကို ကျန်းမာရေးအတွက်လောက်ပဲ ကြည့်ကြပြီး ကြွက်သားအလှအပကို အထူးတလည် မဖော်ထုတ်ကြသေးပါဘူး ဒါပေမဲ့ Sandow က တော့ သူတီထွင်ထားတဲ့ လေ့ကျင့်ခန်းစနစ်တွေနဲ့ လူ့ခန္ဓာကိုယ်ကို ဂရိရုပ်ထုတွေလို အချိုးအစားကျကျ လှပကြံ့ခိုင်လာအောင် ကိုယ်တိုင်စမ်းသပ် ပြုပြင်တည်ဆောက်ပြနိုင်ခဲ့ပါတယ်

၁၉၀၁ ခုနှစ်မှာ လန်ဒန်မြို့ရဲ့ Royal Albert Hall မှာ The Great Competitionလို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံးသော ခန္ဓာကိုယ်အလှပြိုင်ပွဲကြီးကို ဦးဆောင်ကျင်းပပေးခဲ့ပါတယ် အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ကြွက်သားထုထည်အချိုးအစားနဲ့ ကိုယ်နေဟန်ထားတွေကို စနစ်တကျ အကဲဖြတ်စစ်ဆေးခဲ့တာကြောင့် ယနေ့ခေတ် Mr. Olympia လို ကမ္ဘာ့အဆင့်မီ ကိုယ်လုံးကြံ့ခိုင်ရေးပြိုင်ပွဲတွေရဲ့ အစပျိုးဘိုးဘေး ဖြစ်လာခဲ့ပါတယ်

သူရဲ့ ကြွက်သားအလှကို ပြသတဲ့အခါ ရှေးဟောင်းဂရိရုပ်ထုတွေလို ကိုယ်ဟန် Poses တွေနဲ့ ကိုယ်ခန္ဓာကို ဆီသုတ်ပြီး ပြသတဲ့ Muscle Displayဖျော်ဖြေပွဲတွေကို စတင်တီထွင်ခဲ့ပါတယ် ထိုခေတ်က အလေးမသမားဆိုတာ ကြမ်းတမ်းခက်ထန်တဲ့ ကာယဗလသမားတွေဆိုတဲ့ အယူအဆကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုဆိုတာ သေသပ်လှပတဲ့ အနုပညာတစ်ရပ်ဖြစ်ကြောင်း လူထုအမြင်ကို ပြောင်းလဲလက်ခံစေခဲ့ပါတယ်

လူတွေ အိမ်မှာပါ လွယ်ကူစွာ လေ့ကျင့်နိုင်ဖို့အတွက် Sandow Spring Grip Dumbbell လို့ခေါ်တဲ့ လက်ကိုင်ကြိုးဆွဲ အလေးတုံးတွေကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်အာဟာရစားသောက်ပုံ လေ့ကျင့်ခန်းလုပ်နည်းနဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့တာကြောင့် လူအများကြားမှာ ကြံ့ခိုင်ရေးအသိပညာ ပျံ့နှံ့ဖို့ Sandow ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ် လူတစ်ဦးချင်းစီရဲ့ ကိုယ်ခန္ဓာ အားနည်းချက်နဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး လေ့ကျင့်ခန်းပရိုဂရမ်တွေ သီးသန့်ရေးဆွဲပေးတဲ့ စနစ်ကို ပထမဆုံး စတင်အကောင်အထည်ဖော်ပေးခဲ့သူလည်း ဖြစ်ပါတယ်

ယနေ့ခေတ် Mr. Olympia ပြိုင်ပွဲရဲ့ ဆုဖလားဟာ Eugen Sandow ရဲ့ ကြွက်သားပုံစံ ကိုယ်ဟန်အတိုင်း သွန်းလုပ်ထားတဲ့ ရွှေရောင်ဆုတံဆိပ် Sandow Trophyဖြစ်ပါတယ် ဒါက GYM လောကမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ အားထုတ်ကြိုးပမ်းမှုတွေ ဘယ်လောက်ခိုင်မာတယ်ဆိုတာကို အကောင်းဆုံး သက်သေပြနေတာ ဖြစ်ပါတယ်

26/08/2026

How to train your B I C E P S💪
Trainer By Phyo Wai Zaw🏋️‍♀️
Camera & Edited By Arthur 🎥

မြန်မာနိုင်ငံမှာ ဘယ်အသက်အရွယ်တွေက GYM အများဆုံး ကစားကြလဲ? 🤔လတ်တလော 🇲🇲မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ GYM သွား ကစားတဲ့ အ...
25/08/2026

မြန်မာနိုင်ငံမှာ ဘယ်အသက်အရွယ်တွေက GYM အများဆုံး ကစားကြလဲ? 🤔

လတ်တလော 🇲🇲မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ GYM သွား ကစားတဲ့ အလေ့အထက က အရမ်းကို ရေပန်းစားလာပါပြီ ဒါဆိုရင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အသက်အရွယ်တွေက အတက်ကြွဆုံး ဖြစ်နေကြလဲဆိုတာ စိတ်ဝင်စားစရာ အချက်အလက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ 📝

အသက် (၁၈ - ၂၅) နှစ် အရွယ်တွေကတော့နံပါတ် (၁) နေရာမှာ လူငယ်အုပ်စုဖြစ်ပြီး GYM လောကရဲ့ ခန့်မှန်းခြေ ၅၀%ကို ဦးဆောင်နေပါတယ် ခန္ဓာကိုယ် အချိုးအစား လှပဖို့ ကြွက်သားသစ်တွေ တည်ဆောက်ဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်ဖို့အတွက် အားအထည့်ဆုံး အသက်အရွယ်ပဲ ဖြစ်ပါတယ်

အသက် (၂၆ - ၃၅) နှစ် အရွယ်တွေ မှာရုံးချိန်ကြားက ကျန်းမာရေးကို ဦးစားပေးသူများကတော့ တစ်နေ့တာ အလုပ်ပင်ပန်းမှုတွေကြားကနေ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့နဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ GYM ကို အားကိုးကြတဲ့ အုပ်စုပါ ခန့်မှန်းခြေ ၃၀-၃၅% လောက် ရှိပြီး ပုံမှမှန်နဲ့ ရေရှည်စွဲမြဲ စွာ ကစားကြတဲ့သူတွေ အများဆုံးပါပဲ

အသက် (၃၆) နှစ်နှင့် အထက် တွေမှာတော့ကျန်းမာရေးအတွက် လက်တွေ့ကျကျ စတင်လာသူများ ပါပဲ အသက် ၃၀ ကျော်လာရင် ကျန်းမာရေးကို ဂရုစိုက်ရမယ် ဆိုတဲ့အတိုင်း ကိုယ်အလေးချိန် ထိန်းဖို့ သွေးတိုးဆီးချိုနဲ့ အလုပ်တွေမှာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ဖို့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ပဲဖြစ်ဖြစ် ကိုယ်ပိုင်အသိနဲ့ပဲဖြစ်ဖြစ် လာရောက်ကစားကြတဲ့ ရာခိုင်နှုန်း (၁၅-၂၀%) အထိ ရှိလာပါပဲ

ချစ်သောMember တို့ ရော ဘယ်အသက်အုပ်စုထဲမှာ ပါလဲ? လက်ရှိ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာရောဘယ်အရွယ်တွေက GYM ပိုဆော့ကြတာကို တွေ့ရလဲ? Comment မှာ ဆွေးနွေးသွားကြရအောင်လား🫶



💪✨

အခုတလော ရေပန်းစားပြီး လူပြောများနေတဲ့ တစ်ချက်ထိုး ပိန်ဆေးဆိုတာ ဟာ မူလရည်ရွယ်ချက်က ဆီးချိုရောဂါကုသဖို့အတွက် ထုတ်လုပ်ထားပြ...
25/08/2026

အခုတလော ရေပန်းစားပြီး လူပြောများနေတဲ့ တစ်ချက်ထိုး ပိန်ဆေးဆိုတာ ဟာ မူလရည်ရွယ်ချက်က ဆီးချိုရောဂါကုသဖို့အတွက် ထုတ်လုပ်ထားပြီး ကိုယ်အလေးချိန်ကျစေတဲ့ အာနိသင်ပါ တွေ့ရှိရလို့ အဝလွန်ရောဂါ ကုသရာမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတဲ့ GLP-1 receptor agonists လို့ခေါ်တဲ့ ဟော် မုန်းအခြေခံဆေးပစ္စည်းတွေ ဖြစ်ပါတယ်

ဒီဆေးတွေ က Bodyထဲမှာ ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင် အစာစားချင်စိတ်ကို လျှော့ချပေးခြင်း ဖြစ်ကာ ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာကို သက်ရောက်မှုရှိစေလို့ ဗိုက်ဆာလွန်းတာမျိုးနဲ့ အစာစားချင်စိတ်ကို ကျဆင်းစေပါတယ် အစာအိမ်ထဲမှာ အစာကြာအောင် နေစေခြင်းအစာအိမ်လှုပ်ရှားမှုကို နှေးကွေးစေတဲ့အတွက် အစာစားလိုက်ရင် စောစောစီးစီး ဗိုက်ပြည့်သွားသလို ခံစားရစေပြီး အစားစားမှုကို အလိုလို လျော့ကျသွားစေပါတယ်
သကြားဓာတ်နှင့် အင်ဆူလင်ကို ထိန်းညှိပေးခြင်းသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက်လည်း အထူးအသုံးဝင်ပါတယ်

ဒီပိန်ဆေးထိုးဆေးတွေ မှာ လူသိများထင်ရှားတဲ့ ဆေးအမျိုးအစားများကတော့ ပထမဆေးအမျိုးစား အနေနဲ့ Semaglutide ဖြစ်ကာ ကမ္ဘာတစ်ဝန်းမှာ အင်မတန် ရေပန်းစားနေတဲ့ ဆေးဖြစ်ပြီး တစ်ပတ်ကို တစ်ကြိမ် ထိုးနှံရတဲ့ ပုံစံနဲ့ လာပါတယ် ဒုတိယ Tirzepatide ဆေးကတော့ GLP-1 အပြင် GIP လို့ခေါ်တဲ့ နောက်ထပ် ဟိုမုန်းတမျိုးကိုပါ ပေါင်းစပ်ထားတာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေတဲ့နေရာမှာ ပိုပြီးထိရောက်မှုရှိတယ်လို့ နာမည်ကြီးပါတယ် နောက်ဆုံးဆေးဖြစ်တဲ့ Liraglutide ကတော့ တစ်ပတ်တစ်ကြိမ်မဟုတ်ဘဲ နေ့စဉ်ထိုးရတဲ့ အမျိုးအစားဖြစ်ပါတယ် ဒီဆေးတွေဟာ ထိရောက်မှုရှိပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ အလွယ်တကူ သုံးစွဲမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ: ပျို့အန်ချင်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ အဖြစ်များပါတယ်

ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခေါင်းမူးခြင်းကြောင့် အစာဝင်ဆံ့မှု ရုတ်တရက် လျော့သွားတဲ့အခါ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းတာမျိုး ဖြစ်တတ်ပါတယ် အခြားဆိုးကျိုးများကတော့ ဆေးရပ်လိုက်တာနဲ့ အစားစားချင်စိတ်တွေ ပြန်ကောင်းလာပြီး ကိုယ်အလေးချိန် ပြန်တက်လာတတ်ခြင်း Yo-Yo Effect နဲ့ ပန်ကရိယရောင်ရမ်းတာမျိုးတွေ အထိဖြစ်နိုင်ပါတယ်

ဒီဆေးတွေကို ဈေးကွက်ထဲမှာ ကိုယ့်သဘောနဲ့ကိုယ် ဝယ်ယူသုံးစွဲတာအလွန်အကျွံသုံးစွဲတာတွေဟာ အန္တရာယ်ရှိနိုင်ပါတယ် ကိုယ်ခန္ဓာ အခြေအနေကျန်းမာရေးရာဇဝင် တို့အပေါ်မူတည်ပြီး ဆရာဝန်ကြီးများ၏ ညွှန်ကြားချက် တိုင်းတာမှုတွေနဲ့မှ သုံးစွဲသင့်ပါတယ် BMI 25-30 တွင်း ရှိတဲ့ သူတွေ ကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့်ရင် ထိုးလို့ရပါတယ် ဒီဆေးကိုထိုးပြီးလည်း လေ့ကျင့်ခန်း တွေ ပုံမှန် လုပ်ပြီးအစားအသောက်ထိန်းသိမ်းနိုင်မှာသာ ရေရှည် ခန္ဓာကိုယ် အလေးချိန် ကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်

ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန် ထိန်းသိမ်းလိုတဲ့အခါမှာ သင့်တင့်မျှတတဲ့ အစားအသောက် စားသုံးမှုနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ပေါင်းစပ်လုပ်ဆောင်တာက အကောင်းဆုံးနဲ့ ရေရှည်မှာစိတ်ချရဆုံးတယ်ဆိုတာ ချစ်သော Member တွေ အတွက် ဗဟုသုတ အနေနဲ့ရော သတိချပ်ဖို့ရာအတွက်တင်ပြပေးလိုက်ရပါတယ်

အချစ်ရေးမှာ ❤️‍🩹လမ်းခွဲရတဲ့အခါ ခံစားရတဲ့ အသည်းကွဲခြင်းဝေဒနာက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ပိုပြင်းထန်တတ်ပါတယ် 💔ဆယ်ကျော...
24/08/2026

အချစ်ရေးမှာ ❤️‍🩹လမ်းခွဲရတဲ့အခါ ခံစားရတဲ့ အသည်းကွဲခြင်းဝေဒနာက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ပိုပြင်းထန်တတ်ပါတယ် 💔ဆယ်ကျော်သက်အရွယ်တွေ မှာ ပိုမိုကြုံတွေ့တတ်ပြီး Depression ကောင်ဇိုးလေးတွေ ဖြစ်လာတော့တာပါပဲ ဒီလိုအချိန်မှာ အခန်းထဲမှာ တစ်ယောက်တည်း အောင်းနေမယ့်အစား ချစ်သောတို့ရဲ့ ဒေါသ 🥹ဝမ်းနည်းမှုနဲ့ စွမ်းအင်တွေကို Gym ဆီ သယ်ဆောင်သွားပြီး သံမဏိခန္ဓာကိုယ်နဲ့ စိတ်ခွန်အားအဖြစ် ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတဲ့ အကြောင်းအရာကို မျှဝေလိုက်ပါတယ်❤️‍🔥

အချစ်ရေးမှာ ကျရှုံးလို့ ထွက်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ ဒေါသတွေဟာ အလွန်အမင်း စွမ်းအင်ပြင်းထန်ပါတယ် အိမ်မှာ ငိုကြွေးရင်း ဖြုန်းတီးပစ်မယ့်အစား Cardioစက်တွေနဲ့ Weight Liftingတွေဆီ အာရုံလွှဲကြည့်လိုက်ပါ 🏋️‍♀️အလေးတုံးတစ်တုံးကို ပိုပြီးလေးလေးနဲ့ တွန်းတင်လိုက်တဲ့အခါတိုင်း ရင်ထဲက မကျေနပ်ချက်တွေနဲ့ ဝမ်းနည်းမှုတွေ အကုန်ပါသွားတာကို ခံစားရပါလိမ့်မယ် Gym မှာ ချွေးထွက်များအောင် ကစားလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က Endorphin နဲ့ Dopamine လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို သဘာဝအတိုင်း ထုတ်လွှတ်ပေးပါတယ် 💪ဒီဟော်မုန်းတွေဟာ စိတ်ကို ပြေလျော့စေပြီး အသည်းကွဲနေတဲ့ 🧠ဦးနှောက်ရဲ့ နာကျင်မှုကို သက်သာစေကာ စိတ်ကြည်လင်လာစေပါတယ် အသည်းကွဲချိန်မှာ ငါက ဘာတွေ လိုအပ်နေလို့လဲ ဆိုတဲ့ မလုံခြုံမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်သေးစိတ်တွေ ဝင်လာတတ်ပါတယ်😔

နေ့စဉ် Gym မှန်မှန်သွားပြီး ကြွက်သားတွေ တည်ဆောက်တာ ကိုယ်အလေးချိန် ထိန်းညှိနိုင်လာတာနဲ့အမျှ မှန်ထဲမှာ မြင်ရတဲ့ မိမိရဲ့ ပုံစံက ပိုပြီး ခံ့ညားလာပါလိမ့်မယ် ဒါက ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အပြည့်အဝ ပြန်လည်ရရှိစေပါတယ် အရေးကြီးဆုံးမှတ်ထားရမှာက ကိုယ်တိုင် အောင်မြင်ပြီး တောက်ပလာဖို့ပါပဲ အချစ်ရေးမှာ မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေကို မိမိကိုယ်မိမိ တိုးတက်အောင် လုပ်တဲ့နေရာမှာ အသုံးချလိုက်ပါ တစ်နေ့မှာ သင့်ကိုလက်လွှတ်လိုက်တဲ့သူက ပြန်ကြည့်ချိန်မှာ ပိုပြီး ကျန်းမာကြံ့ခိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ သင့်ကို ပြန်တွေ့ရမှာပါ🫵

အသည်းကွဲတာက 💔ယာယီပါ ဒါပေမဲ့ Gym မှာ ဆောက်တည်ထားတဲ့ ကျန်းမာကြံ့ခိုင်မှုကတော့ အမြဲတမ်း ချစ်သောတို့နဲ့အတူ ရှိနေမှာပါ ဒီနေ့ပဲ Gym အိတ်ကို ဆွဲပြီး နှလုံးသား ဒဏ်ရာတွေကို ချွေးတွေနဲ့အတူ ဆေးကြောပစ်ဖို့ 🫶YGNGYM Yankin Branch ကို အခုပဲ လှမ်းလာလိုက်ပါတော့
အတန်ဆုံး Promotion ဖြစ်တဲ့ 100days Challenge Package လေးနဲ့ စောင့်ကြိုနေမယ်နော်💪🔥


ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ မိမိရဲ့ ကျန်းမာရေးအတွက်ဖြစ်စေ ကိုယ်ခန္ဓာအလှအပအတွက်ဖြစ်စေ 🏋️‍♀️Gym ကို ပုံမှန်သွားဖြစ်ကြပါတယ...
23/08/2026

ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ မိမိရဲ့ ကျန်းမာရေးအတွက်ဖြစ်စေ ကိုယ်ခန္ဓာအလှအပအတွက်ဖြစ်စေ 🏋️‍♀️Gym ကို ပုံမှန်သွားဖြစ်ကြပါတယ် ဒါပေမဲ့ Gymဆိုတဲ့ စကားလုံး ဘယ်ကစပေါ်လာလဲ ဘယ်လိုဆင့်ကဲဖြစ်ထွန်းလာလဲဆိုတာကိုသိတဲ့သူနည်းပါးပါတယ်
Gym တွေ ရဲ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ် 👇

Gym ဆိုတဲ့ စကားလုံးဟာ ရှေးဟောင်းဂရိစကားလုံး Gymnasionကနေ ဆင်းသက်လာတာ ဖြစ်ပါတယ် အဲ့ဒီအချိန်က Gymnosဆိုတာ အဝတ်မပါဘဲ လို့ အဓိပ္ပာယ်ရပါတယ် ဘာကြောင့်လဲ ဆိုတော့ ရှေးဟောင်းဂရိလူမျိုးတွေဟာ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ အားကစားကို အရမ်း တန်ဖိုးထားကြပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ အဝတ်ဗလာနဲ့ လုပ်လေ့ရှိကြလို့ အဲဒီလို ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ် Gymမှာ လာကစားရင် အကျီချွတ် ဗလပြ ပြီး ကစားလိုက်မှ စိတ်ကျေနပ်တတ်ကြတဲ့ ညိုကီတွေ ကိုတောင် သတိသွားရမိသေး😬🤭

အဲဒီခေတ်က Gymasion တွေဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရုံတင်မကဘဲ ဒဿနိကဗေဒစာပေနဲ့ အတတ်ပညာတွေကိုပါ ဆွေးနွေးသင်ကြားရာ ဉာဏ်ပညာနဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးရာ နေရာတစ်ခုပေါ့ GYM လာပြီး တော်ကီ ပွါးတာ ကြိုက်တာကလည်း ရှေးယခင်တည်းက အလေ့အထပေါ့ 😝 ယနေ့ခေတ်ပုံစံနဲ့ တူလာတဲ့ Gym တွေကတော့ ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်းမှာမှ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် ဂျာမနီနိုင်ငံမှာ Friedrich Ludwig Jahn တည်ထောင်ခဲ့တဲ့ ဂျာမန် လိုဆိုရင် Turnplatzလို့ခေါ်တဲ့ အပြင်ဘက် လေ့ကျင့်ရေးကွင်းတွေဟာ ခေတ်သစ်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးလှုပ်ရှားမှုရဲ့ အစပါပဲ ၁၉ ရာစုနှောင်းပိုင်း ရောက်လာတဲ့အခါ ဥရောပနဲ့ နဲ့ အမေရိကန်မှာ ကိုယ်ခန္ဓာသန်စွမ်းမှုကို ပြိုင်ဆိုင်တဲ့ 🎪ဆပ်ကပ်ပွဲတွေနဲ့ ကိုယ်ခန္ဓာပြပွဲတွေ ကျင်းပလာကြရာကနေ လူတွေဟာ ကြွက်သားတည်ဆောက်ရေးကို စိတ်ဝင်စားလာကြပါတော့တယ်😇

၁၉၃၀ နဲ့ ၁၉၅၀ ပြည့်နှစ်ကြား ကာလတွေ မှာတော့ အမေရိကန်နိုင်ငံ 🇺🇸California ပြည်နယ် Venice Beach မှာ သံထည် ကိရိယာတွေ နဲ့ လေ့ကျင့်ရေး ပစ္စည်းတွေကို အသုံးပြုတဲ့ ကိုယ်ကာယလေ့ကျင့်ရေး Center တွေ ပေါ်ပေါက်လာပါပြီ အဲဒီနေရာတွေ ကနေပဲ နောက်ပိုင်းမှာ ကမ္ဘာကျော် ကာယဗလ မင်းသား ကြီး Arnold Schwarzenegger တို့လို ပုဂ္ဂိုလ်တွေ လေ့ကျင့်ပျိုးထောင်ရာ နေရာတွေ ဖြစ်လာပါတယ် ယနေ့ခေတ် မှာတော့ ခေတ်မီနည်းပညာတွေ၊စက်ပစ္စည်းအစုံအလင်နဲ့ တစ်ဦးချင်းရော အဖွဲ့လိုက်ရော လေ့ကျင့်နိုင်တဲ့ Fitness Center တွေအဖြစ် ကမ္ဘာအနှံ့ ကြီးထွားလာခဲ့ပါတော့တယ်

ရှေးခေတ်ဂရိတွေရဲ့ ဒဿနဆွေးနွေးရာ နေရာကနေ ယနေ့ခေတ် ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို တည်ဆောက်ရာ GYM တွေ အဖြစ် ရောက်ရှိလာတဲ့ Gym ရဲ့ သမိုင်းကြောင်းကို YGN GYM Yankin Branch ရဲ့ ချစ်သော Memberများ ဗဟုသုတ ရစေဖို့ရာ တင် ဆက်လိုက်ရပါကြောင်း….📝

Address

No-12 Floor, Tower C , Shwe Moe Kaung Condo, Corner Of Aungzayya Road & Moe Kaung Road
Yangon
11081

Website

Alerts

Be the first to know and let us send you an email when YGN GYM - Yankin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share