23/08/2026
SOUND HEALING TEACHER TRAINING
Sound Master - Khine Khant (Reality Wellness )
တစ်ခါတလေ…
စိတ်ကို အေးချမ်းစေဖို့
စကားလုံးတွေ အများကြီး မလိုပါဘူး။
အသံတစ်သံ…
တုန်ခါမှုတစ်ခုကနေတောင်
ကိုယ့်အတွင်းစိတ်ကို ပြန်ပြီး နားထောင်မိစေနိုင်ပါတယ်။
Sound Healing ဆိုတာ
Bowl တီးတတ်ရုံလောက်ပဲ မဟုတ်ပါဘူး။
အသံရဲ့ Frequency နဲ့ Vibration ကို နားလည်ပြီး
ဘယ်လိုနေရာမှာ…
ဘယ်လိုအသံကို…
ဘယ်လိုအသုံးပြုရမလဲဆိုတာကို
စနစ်တကျ လေ့လာရတဲ့ ပညာရပ်တစ်ခုပါ။
ကျွန်မက Sound Master Khaing Khant ပါ။
ဒီ Sound Healing Teacher Training Course မှာ
ကျွန်မ သင်ယူခဲ့တဲ့ ပညာရပ်တွေ၊
လက်တွေ့အသုံးချခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ
Sound Healing ကို
အခြေခံကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ
တစ်ဆင့်ချင်း မျှဝေသင်ကြားပေးသွားမှာပါ။
Tibetan Singing Bowls နဲ့
Crystal Singing Bowls တွေရဲ့ အသုံးပြုပုံ…
Sound နဲ့ Vibration ကို နားလည်ပုံ…
Session တစ်ခုကို
ဘယ်လို စတင်မလဲ၊
ဘယ်လို တည်ဆောက်မလဲ၊
ဘယ်လို အဆုံးသတ်မလဲ…
ကိုယ်တိုင် လက်တွေ့တီးခတ်ပြီး
ယုံကြည်မှုရှိရှိ အသုံးချနိုင်အောင်
အတူတူ လေ့ကျင့်သွားကြမှာပါ။
ဒီသင်တန်းက
Certificate တစ်ခုရဖို့အတွက်ပဲ မဟုတ်ပါဘူး။
Sound ကို နားလည်လာဖို့…
ကိုယ့်ရဲ့ Presence ကို ပိုပြီး သတိပြုမိလာဖို့…
ပြီးတော့
ကိုယ်သင်ယူထားတဲ့ ပညာကို
တခြားသူတွေအတွက်ပါ
တာဝန်ယူမှုရှိရှိ မျှဝေနိုင်ဖို့ပါ။
Reality Wellness Sound Healing Teacher Training
ဩဂုတ်လ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ
ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာပါ။
Early Bird အတွက်
၅ နေရာသာ သတ်မှတ်ထားပါတယ်။
Sound Healing ကို
ဝါသနာတစ်ခုအနေနဲ့ပဲ မဟုတ်ဘဲ
ကိုယ်တိုင် နားလည်တတ်မြောက်ပြီး
တခြားသူတွေဆီပါ မျှဝေပေးချင်တယ်ဆိုရင်…
ဒီခရီးကို
ကျွန်မနဲ့အတူ စတင်လိုက်ပါ။
အသေးစိတ်ကို
Reality Wellness Page Messenger မှာ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
See you in the training.