Future Stars Football Training

Call Contact the business

Future Stars Football Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Stars Football Training, Sports & Fitness Instruction, Yangon.

🏆 AFC Best Grassroots Club Award 2025
🏅 MFF Special Grassroots Award 2025

⭐Nurturing Future Stars aged 7–15 through quality grassroots football, discipline & passion ⚽✨
Since 2019, across 14 classes in Yangon, we’ve shaped 4,000+ young football dreams.

03/10/2026

ဂျာစီသေးသေးလေးတွေ ဝတ်ပြီး
အိပ်မက်အကြီးကြီးတွေအတွက် နေ့တိုင်းလေ့ကျင့်နေကြတဲ့ Future Stars လေးတွေ။ ⚽🌟

အခုချိန်မှာ သူတို့က ကလေးလေးတွေပါ...

ဘောလုံးကွင်းထဲမှာတော့...
ဘောလုံးတစ်ချက်ချင်းစီကို ပိုကောင်းအောင် လေ့ကျင့်ကြတယ်။
အမှားလုပ်ရင် ပြန်ကြိုးစားကြတယ်။
အသင်းဖော်တွေနဲ့အတူ ကစားရင်း သင်ယူကြတယ်။

ဒီနေ့ လေ့ကျင့်နေတဲ့အရာတွေက ဘောလုံးကစားတတ်ဖို့အတွက်ပဲ မဟုတ်ပါဘူး...

ကြိုးစားတတ်ဖို့၊ စည်းကမ်းရှိဖို့၊ အမှားကနေ ပြန်ထဖို့နဲ့ ကိုယ့်အိပ်မက်အတွက် မရပ်မနား လျှောက်လှမ်းတတ်ဖို့ပါ။ ❤️

အခုဝတ်ထားတဲ့ ဂျာစီလေးတွေက တစ်နေ့မှာ သေးသွားပါလိမ့်မယ်...

ဒါပေမယ့် ဒီနေ့ကတည်းက တည်ဆောက်နေတဲ့ အိပ်မက်တွေကတော့ တဖြည်းဖြည်း ဒီထက်ပိုကြီးလာနိုင်ပါတယ်။ 🌟

Future Stars လေးတွေက
အိပ်မက်ကြီးကြီးမက်ပြီး ပန်းတိုင်ကို တစ်လှမ်းချင်းစီ လျှောက်လှမ်းနေကြပါတယ် ⚽❤️

သင့်ရဲ့ Future Star လေးကရော ဘာအိပ်မက်တွေ မက်နေသလဲ? 🌟

သင်တန်းများအကြောင်းစုံစမ်းရန်
☎ 09 405 276 076
☎ 09 405 276 077



03/10/2026

Waiting list စောင့်နေတဲ့ ကလေးလေးတွေအတွက် တန်းခွဲအသစ်လေး… ဒီတစ်ပတ်မှာတော့ Training စတင်ပါတော့မယ် ❤️⚽

Waiting list မှာ စောင့်နေတဲ့ ကလေးလေးတွေအတွက် အဆင်ပြေမယ့် တန်းခွဲအသစ်လေးကို ဒီတပတ် 4.10.2026 (Sunday) မှာ စတင်ဖွင့်လှစ်ပါတော့မယ်

အရင် Post မှာ မေးခဲ့တဲ့ “ဘယ်ကွင်းဖြစ်မလဲ?” ဆိုတဲ့ အဖြေကတော့…

🏟️ Zabu Futsal (ဇမ္ဗူဖူဆယ် မိုးလုံလေလုံကွင်း) မြောက်ဒဂုံ ဖြစ်ပါတယ်။

📍 အမှတ် ၇၊ ၉၊ ဦးဝိစာရလမ်းမကြီး၊
ဟောင်ကောင်ကားမှတ်တိုင်အနီး၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

📍 Google Map – ZABU FUTSAL
https://maps.app.goo.gl/RMrKCXdZkKBRhQqr8

⚽ Training အချိန်
🗓️ စနေနေ့ — မနက် ၈:၀၀ – ၁၀:၀၀
🗓️ တနင်္ဂနွေနေ့ — မနက် ၇:၀၀ – ၉:၀၀

👦👧 အသက် ၇ နှစ်မှ ၁၂ နှစ်အထိ

ပုံမှန်လေ့ကျင့်ကစားရင်း ဘောလုံးစွမ်းရည်တွေအပြင် အသင်းဖော်တွေနဲ့ ပူးပေါင်းကစားတတ်မှု၊ ဆုံးဖြတ်ချက်ချတတ်မှုနဲ့ စည်းကမ်းကောင်းတွေ တည်ဆောက်သွားနိုင်ဖို့ လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ် ⚽🌱

📲 စာရင်းပေးသွင်းရန်
☎️ 09 405 276 076

နေရာအကန့်အသတ်ရှိတာကြောင့် Waiting list မှာ စောင့်နေတဲ့ ကလေးလေးတွေကို အရင်ဆုံး ဆက်သွယ်ပေးပါမယ်နော်။ ❤️

ဒီတစ်ပတ် Zabu ကွင်းမှာ တွေ့ကြမယ်နော်။ ⚽❤️

30/09/2026

ဆုဖလားတစ်လုံးရဲ့ နောက်ကွယ်မှာ Coach တွေရှိတယ်။
ကလေးတစ်ယောက် တိုးတက်လာမှုရဲ့ နောက်ကွယ်မှာလည်း Coach တွေရှိတယ်။
ဒါပေမယ့်… သူတို့ရဲ့ ကြိုးစားမှုကို ဘယ်သူတွေ မြင်ကြလဲ? ❤️⚽

မိဘတွေမြင်ရတာက ကလေးတွေရဲ့ Training၊ ပြိုင်ပွဲတွေ၊ တိုးတက်လာတဲ့ Skills တွေ၊ ရလဒ်ကောင်းတွေနဲ့ ဆုဖလားတွေပါ 🏆🥇🎖

ဒါပေမယ့် အဲဒီအရာတွေ မဖြစ်ခင် နောက်ကွယ်မှာတော့—

အမှားလုပ်တိုင်း ပြန်ပြင်ပေးတဲ့ Coach တွေ၊
မရသေးရင် ထပ်လုပ်ကြည့်လို့ အားပေးတဲ့ Coach တွေ၊
စည်းကမ်းလိုက်နာဖို့ သတိပေးတဲ့ Coach တွေ၊
Teamwork နဲ့ Respect ကို သင်ပေးတဲ့ Coach တွေ၊
ပြီးတော့ ကလေးတွေ တဖြည်းဖြည်းတိုးတက်လာအောင် အပတ်စဥ် Training ပေးနေတဲ့ Coach တွေ ရှိပါတယ်။

အဲဒီကြိုးစားမှုတွေက များသောအားဖြင့် ကွင်းထဲမှာပဲ ကျန်ခဲ့တတ်ပါတယ်။

ဒါကြောင့် ဒီနှစ် FSFT Coaches Dinner & Annual Bonus Awarding Night မှာတော့
နေ့တိုင်း ကလေးတွေနဲ့အတူ ကွင်းထဲမှာ ရှိပေးနေတဲ့ Coach တွေကို ကျွန်တော်တို့ဘက်က ပြန်ပြီး အသိအမှတ်ပြု၊ ကျေးဇူးတင်တဲ့ ပျော်စရာ အချိန်လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ❤️

Bonus ဆိုတာ ငွေကြေးအကျိုးခံစားခွင့်တစ်ခုထက်ပိုပါတယ်။

“ဆရာတို့ရဲ့ ကြိုးစားမှုကို ကျွန်တော်တို့ မြင်ပါတယ် ...
နည်း​ပြတိုင်းရဲ့ စေတနာနဲ့ ပံ့ပိုးမှုကို တန်ဖိုးထားပါတယ်"
ဆိုတဲ့ ကျေးဇူးတင်စကားတစ်ခွန်းလည်း ဖြစ်ပါတယ် 🥰❤

Future Stars ရဲ့ တိုးတက်မှုဟာ ကလေးတွေရဲ့ တိုးတက်မှုတစ်ခုတည်းနဲ့ မပြီးပါဘူး။

သူတို့နောက်ကွယ်မှာ ရှိနေတဲ့ Coach တွေရဲ့ ကြိုးစားမှုတွေလည်း ပါပါတယ် 🌟

Result တစ်ခုရဲ့ နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့သူတွေရှိပါတယ်။

"Future Stars Football Training ရဲ့ Coach Team ကို ကျေးဇူးအထူးတင်ရှိပါတယ်... ❤️⚽
ရှေ့ကို အတူဆက်လက် ချီတက်ကြမယ်"

“Future Stars မှာ လာကစားချင်တယ်” ဆိုပေမယ့် လူပြည့်နေလို့ Waiting list မှာ စောင့်နေခဲ့ရတဲ့ ကလေးလေး တွေရှိတယ်မဟုတ်လား? 👀⚽ ...
29/09/2026

“Future Stars မှာ လာကစားချင်တယ်” ဆိုပေမယ့် လူပြည့်နေလို့ Waiting list မှာ စောင့်နေခဲ့ရတဲ့ ကလေးလေး တွေရှိတယ်မဟုတ်လား? 👀⚽

အခုတော့ သုဝဏ္ဏကွင်းကြီးတန်းခွဲမှာ ၁၂ နှစ်အောက် ကလေးလေးတွေအတွက် နေရာလွတ်အနည်းငယ်ရှိနေပါတယ်နော် 😊

အခြားတန်းခွဲတွေမှာ နေရာလွတ်ရဖို့ Waiting List မှာ ထိုင်စောင့်နေမယ့်အစား သုဝဏ္ဏကွင်းကြီးတန်းခွဲလေးမှာ အရင်လာကစားလို့ရပါတယ်နော် ⚽

နောက်ပိုင်း ကိုယ်စောင့်နေတဲ့ တန်းခွဲမှာ နေရာလွတ်လာရင်လည်း အဲဒီတန်းခွဲကို ပြန်ပြောင်းလို့ရပါတယ် 🤗

📍 သုဝဏ္ဏအကယ်ဒမီ မြက်ခင်းတုကွင်းကြီး
(Goal Hotel ဘေး၊ ဝေဇယန္တာလမ်းမပေါ်)

📅 အပတ်စဥ် ဗုဒ္ဓဟူး + သောကြာနေ့
⏰ ညနေ ၆:၃၀ – ည ၈:၃၀ အထိ
👦 အသက် ၇ နှစ် – ၁၅ နှစ်

သင်တန်းမအပ်ခင် ကိုယ်တိုင်လာကြည့်ပြီး Free Trial (၁) ကြိမ် လာကစားကြည့်လို့လည်း ရပါတယ်။ 😊

နေရာလွတ်ရှိနေတုန်း အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါနော် 🤗
📲 09-405276076, 09-405276077

Waiting List မှာ စောင့်နေတဲ့ Future Stars လေးတွေ…
သုဝဏ္ဏကွင်းကြီးမှာ အရင်တွေ့ကြမယ်နော်။ ⚽❤️


⚡ မိုးချုန်း၊ လျှပ်စီးလက်လာရင် ဘောလုံးဆက်ကစားမလား? ချက်ချင်းနားမလား? ဘောလုံးကစားနေတုန်း မိုးကြိုးပစ်ခံရပြီး အသက်ဆုံးရှုံ...
28/09/2026

⚡ မိုးချုန်း၊ လျှပ်စီးလက်လာရင် ဘောလုံးဆက်ကစားမလား? ချက်ချင်းနားမလား?

ဘောလုံးကစားနေတုန်း မိုးကြိုးပစ်ခံရပြီး အသက်ဆုံးရှုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို သတင်းတွေမှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။

ထိုင်းနိုင်ငံက ဘောလုံးပြိုင်ပွဲတစ်ခုမှာ ဖြစ်ခဲ့သလို၊ အခု မုဒုံက ဘောလုံးပွဲမှာလည်း မိုးကြိုးအန္တရာယ်ကြောင့် ဝမ်းနည်းစရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် “မိုးကြိုးမုန်တိုင်းအတွင်း ဘောလုံးကစားနေမိရင် ဘာလုပ်သင့်လဲ?” ဆိုတာကို မိဘတွေရော၊ နည်းပြတွေရော၊ ကစားသမားတွေရော သိထားသင့်ပါတယ်။

⚡ 30–30 Rule ဆိုတာ ဘာလဲ?
လျှပ်စီးလက်တာမြင်ပြီး မိုးချုန်းသံကြားတဲ့အထိ စက္ကန့် ၃၀ မပြည့်ဘူးဆိုရင် မုန်တိုင်းဟာ အန္တရာယ်ရှိလောက်အောင် နီးနေပြီ လို့ သတ်မှတ်ပြီး outdoor activity ကို ရပ်ဖို့ အသုံးပြုကြတဲ့ safety guideline တစ်ခုပါ။
ပြီးတော့ နောက်ဆုံးမိုးချုန်းသံကြားပြီး အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ အပြင်ကို ပြန်ထွက်ကစားဖို့ သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ကလေးတွေ ဘောလုံးကစားနေတဲ့အချိန်မှာတော့ “လျှပ်စီး လက်တာမြင်ပြီ… ၁၊ ၂၊ ၃…” ဆိုပြီး စက္ကန့် ၃၀ ထိုင်ပြီး တွက်နေဖို့ မသင့်ပါဘူး။

ပိုပြီး Safe ဖြစ်တဲ့ အခြေခံစည်းမျဉ်းက—
⚡ လျှပ်စီးလက်ပြီး မိုးချုန်းသံကြားရင် (အန္တရာယ်ရှိတယ်လို့ ထင်ရရင်) ဘောလုံးကစားတာ ရပ်သင့်ပါတယ်။

ချက်ချင်း ကွင်းထဲကနေ ထွက်ပြီး လုံခြုံတဲ့ အဆောက်အအုံအတွင်းမှာ သွားရောက်ခိုလှုံသင့်ပါတယ်။
မိုးရွာနေတယ်/မရွာဘူးဆိုတာထက် မိုးကြိုးမုန်တိုင်း ရှိနေခြင်းက ပိုအရေးကြီးပါတယ်။

🏠 England Football Association (The FA) ရဲ့ Grassroots Football Thunderstorm Guidance မှာလည်း—

• ပွဲ/Training မစခင် ရာသီဥတုအခြေအနေကို ကြိုတင်စစ်ဆေးဖို့
• မိုးကြိုးမုန်တိုင်းဖြစ်လာရင် လူတွေ ဘယ်နေရာမှာ လုံခြုံစွာ ခိုလှုံနိုင်မလဲဆိုတာ ကြိုတင်စီစဉ်ထားဖို့

• ရာသီဥတုအခြေအနေက အန္တရာယ်ရှိလာရင် လုံခြုံတဲ့နေရာကို ချက်ချင်းရွှေ့ဖို့ အဓိကထားဖော်ပြထားပါတယ်။

အရေးကြီးဆုံးကတော့—
ပွဲပြီးအောင်ကစားဖို့ထက် ကစားသမားတွေရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။

🚑 မိုးကြိုးထိခံရသူကို ဘယ်လိုကူညီမလဲ?
ဒါက လူတော်တော်များများ မသိသေးတဲ့ အရေးကြီးတဲ့အချက် တစ်ခုပါ။

⚡ မိုးကြိုးထိခံရသူကို ထိလို့ရပါတယ်။
မိုးကြိုးထိခံရသူဟာ ခန္ဓာကိုယ်ထဲမှာ လျှပ်စစ်ဓာတ်ကျန်နေတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် အရေးပေါ်အခြေအနေမှာ First Aid ပေးဖို့အတွက် ထိတွေ့ကူညီနိုင်ပါတယ်။

ဒါပေမယ့် ကူညီသူကိုယ်တိုင် ထပ်ပြီး မိုးကြိုးအန္တရာယ်မရှိကြောင်း အရင်သေချာပါစေ။
ပြီးရင်—
Emergency services ခေါ်ပါ → အသက်ရှူမှု/အသက်ရှင်နေတဲ့လက္ခဏာကို စစ်​ဆေးပါ → အသက်မရှူ ပုံမှန်မဟုတ်ရင် CPR စတင်ပါ → AED ရှိရင် အမြန်အသုံးပြုပါ။

The FA ကလည်း မိုးကြိုးထိခံရသူကို အပြင်ပန်းမှာ သိသာတဲ့ဒဏ်ရာ မမြင်ရရင်တောင် ဆေးရုံမှာ စစ်ဆေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

⚽ ကလေးတွေကို ဘောလုံးကစားတတ်အောင် သင်ပေးသလို၊
ဘယ်အချိန်မှာ ဆက်ကစားသင့်တယ်၊
ဘယ်အချိန်မှာ ရပ်သင့်တယ်၊
အန္တရာယ်ရှိလာရင် ဘယ်လိုတုံ့ပြန်သင့်တယ်
ဆိုတာတွေလည်း သိအောင် သင်ပေးဖို့လိုပါတယ်။

ကလေးတွေရဲ့ Football Development မှာ Safety Awareness လည်း ပါဝင်ပါတယ်။ ❤️⚽
ဒီအချက်တွေကို ကိုယ်တိုင်သိထားရုံနဲ့ မပြီးပါဘူး။
ဘောလုံးကစားတဲ့ ကလေးရှိတဲ့ မိဘများနဲ့ နည်းပြများသိအောင်လည်း Share ပေးထားလိုက်ပါ။





26/09/2026

“တန်းခွဲအသစ်က ဘယ်ကွင်းမှာဖြစ်မလဲ?” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပြောရမယ့်အချိန်ရောက်လာပါပြီ… 👀⚽

Waiting list မှာ စောင့်နေတဲ့ ကလေးလေးတွေများလာတာကြောင့် စောင့်နေရတဲ့ ကလေးလေးတွေအတွက် တန်းခွဲအသစ်လေးကို မကြာခင် စတင်ဖွင့်လှစ်ပေးပါမယ် ❤️

ကဲ… အရင် Post မှာ ခန့်မှန်းခဲ့ကြတဲ့အထဲက ဘယ်ကွင်းလဲဆိုတော့…
🥁🥁🥁

🏟️ Zabu Futsal (ဇမ္ဗူဖူဆယ် မိုးလုံလေလုံကွင်း) မြောက်ဒဂုံမြို့နယ် ဖြစ်ပါတယ်။

📍 အမှတ် ၇၊ ၉၊ ဦးဝိစာရလမ်းမကြီး
ဟောင်ကောင်ကားမှတ်တိုင်အနီး၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

📍 Google Map – ZABU FUTSAL
https://maps.app.goo.gl/RMrKCXdZkKBRhQqr8

⏰ စနေနေ့ မနက် ၈:၀၀ – ၁၀:၀၀ နာရီ
⏰ တနင်္ဂနွေနေ့ မနက် ၇:၀၀ – ၉:၀၀ နာရီ

👦👧 လက်ခံမည့်အသက်အရွယ် - အသက် ၇ နှစ်မှ ၁၂ နှစ်အထိ

📲 စာရင်းပေးသွင်းရန်
☎️ 09 405 276 076

နေရာအကန့်အသတ်ရှိတာကြောင့် Waiting list မှာ စောင့်နေတဲ့ ကလေးလေးတွေကို အရင်ဆုံး ဦးစားပေးဆက်သွယ်ပေးပါမယ်နော်။ ❤️

ဒါဆို… အရင် Post မှာ မြောက်ဒဂုံ Zabu လို့ ခန့်မှန်းခဲ့တဲ့သူတွေ ရှိလား? 🥰⚽
Zabu ဖူဆယ်ကွင်းမှာ တွေ့ကြမယ်နော်။ ❤️

❤️ ပွဲရှုံးပြီး ကားပေါ်တက်လာတဲ့အချိန်… ကလေးက မိဘဆီက ဘာစကားကို အလိုအပ်ဆုံးဖြစ်မလဲ? ပွဲပြီးသွားပြီ။ Score ကလည်း ပြောင်းလဲလ...
25/09/2026

❤️ ပွဲရှုံးပြီး ကားပေါ်တက်လာတဲ့အချိန်… ကလေးက မိဘဆီက ဘာစကားကို အလိုအပ်ဆုံးဖြစ်မလဲ?

ပွဲပြီးသွားပြီ။ Score ကလည်း ပြောင်းလဲလို့မရတော့ဘူး။ ဒီနေ့ပွဲမှာ ရှူံးခဲ့ပြီ ...
ကလေးက တိတ်တိတ်လေး ကားပေါ်တက်လာတယ်။ မျက်နှာမှာ စိတ်မကောင်းဖြစ်နေတယ်။
ဒီနေ့လုပ်ခဲ့တဲ့အမှားတွေကိုလည်း စိတ်ထဲမှာ ပြန်တွေးနေမိမှာပါ ...

အဲဒီအချိန်မှာ—
“ဘာလို့ရှုံးတာလဲ?”
“ဒီလိုကစားတဲ့ပုံမျိုးနဲ့ ဘယ်လိုနိုင်မလဲ?”
လို့ ဖေဖေ မေမေတို့က အားမရတဲ့စိတ်နဲ့ ပြောမိနိုင်ပါတယ်။
တကယ်တော့ ကလေးကို ပိုကောင်းစေချင်လို့ပါ။

ဒါပေမယ့် အဲဒီအချိန်မှာ ကလေးအတွက် အလိုအပ်ဆုံးက အမှားကို ချက်ချင်းထောက်ပြတာ မဟုတ်နိုင်ပါဘူး။

“ဒီနေ့ မနိုင်ခဲ့ပေမယ့် မင်းကြိုးစားခဲ့တာကို ဖေဖေ/မေမေ မြင်တယ်။”
“စိတ်မကောင်းဖြစ်တာ ဖေဖေ နားလည်ပါတယ်။ နောက်တစ်ပွဲမှာ ပိုကောင်းအောင် ပြန်ကြိုးစားကြမယ်။”
ဆိုတဲ့ စကားလေးတစ်ခွန်းက ကလေးအတွက် ပိုပြီး လိုအပ်ပါတယ် ❤

⚽ ကလေးတွေမှာ နိုင်တဲ့နေ့ ရှိသလို ရှုံးတဲ့နေ့ လည်း ရှိပါတယ်။
ရှုံးတဲ့နေ့မှာ ကိုယ့်အမှားကို လက်ခံတတ်ဖို့၊ ပြန်စဉ်းစားတတ်ဖို့နဲ့ နောက်တစ်ကြိမ် ပြန်ကြိုးစားတတ်ဖို့ သင်ယူကြရပါတယ်။

အဲဒီအချိန်မှာ မိဘရဲ့စကားက အရေးကြီးပါတယ်။
“ငါ မကောင်းဘူး” ဆိုတဲ့ခံစားချက်အစား
“နောက်တစ်ပွဲမှာ ငါ ပိုကောင်းလာနိုင်တယ်” ဆိုတဲ့စိတ်ဓာတ်ကို ပြန်ရှင်သန်လာစေနိုင်လို့ပါ။ ❤️

အနိုင်ရတဲ့နေ့မှာ အားပေးဖို့ လွယ်ပါတယ်။
ဒါပေမယ့် ရှုံးတဲ့နေ့မှာ ဘေးကနေ ရပ်ပေးနိုင်ခြင်းကလည်း ကလေးတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့ ပြန်လည်ရပ်တည်နိုင်စွမ်းကို တည်ဆောက်ပေးနေခြင်းပါပဲ။

ကလေးလေး ပွဲရှုံးလာတဲ့နေ့မှာ ဖေဖေမေမေတို့ရော အရင်ဆုံး ဘာပြောဖြစ်လဲ?

📞 Future Stars Football Training သင်တန်းများအကြောင်း အသေးစိတ်စုံစမ်းရန်
09-405276076 | 09-405276077

22/09/2026

ဘောလုံးဆိုတာ တချို့ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး .. ကလေးတိုင်းအတွက်ပါ ⚽❤️

Future Stars ရဲ့ Football for Down Syndrome Children အစီအစဉ်လေးကနေတစ်ဆင့် ကျွန်တော်တို့ မြင်လာရတာက ဘောလုံးကစားတတ်လာတာထက် ပိုပါတယ် 🤗

FSFT ရဲ့ Founder & President ဒေါက်တာရဲဝင့်ကျော်က အခုလို ပြောပြထားပါတယ်။

“Football For Down Syndrome အစီအစဥ်လေးမှာ ကလေးလေးတွေရဲ့ ပျော်ရွှင်မှု၊ ယုံကြည်မှုနဲ့ တိုးတက်မှုတွေကို မြင်လာရပါတယ်။
ဘောလုံးကစားနေရင်း ကလေးလေးတွေ ပျော်ရွှင်လာမယ်၊ သူတို့အချင်းချင်း ရင်းနှီးမှုရလာမယ်၊ သူတို့လုပ်နိုင်တယ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်နိုင်လာပါတယ်"

ကျွန်တော်တို့အတွက်တော့ ဒါဟာ ဘောလုံးသင်ပေးတာထက် ပိုတန်ဖိုးရှိတဲ့ တိုးတက်မှုလေးတွေပါ။

ဘောလုံးကွင်းထဲမှာ ကလေးတိုင်းဟာ
အတူတူကစားနိုင်တယ်။
အတူတူပျော်နိုင်တယ်။
အတူတူတိုးတက်နိုင်တယ်။

ဒါကြောင့် "Football for All" ဆိုတာ Future Stars Football Training အတွက်တော့ စကားလုံးတစ်ခုတည်း မဟုတ်ပါဘူး။
ဘောလုံးကစားချင်တဲ့ ကလေးတိုင်းအတွက်
ဒီဘောလုံးကွင်းထဲမှာ သူတို့ရဲ့နေရာတစ်နေရာ ရှိစေချင်တာပါ။ ⚽❤️





19/09/2026

မိန်းကလေးတွေ ဘောလုံးကစားတဲ့အခါ… ဘာတွေ ပြောင်းလဲလာမလဲ? ⚽

အစမှာတော့ ဘောလုံးကို လိုက်ကန်ရင်း၊
ဘောလုံးထွက်သွားရင် ပြန်ကောက်ရင်းနဲ့ပဲ စတတ်ကြပါတယ်။

ဒါပေမယ့် အချိန်ကြာလာတဲ့အခါ
ဘောလုံးတစ်လုံးနောက်ကို လိုက်နေတဲ့ ကလေးတစ်ယောက်မှာ တခြားပြောင်းလဲမှုလေးတွေကိုပါ မြင်လာရပါတယ်။

အမှားလုပ်မိရင် ပြန်ကြိုးစားတတ်လာတယ်။
Teammate နဲ့ ဘောလုံးအပေးအယူလုပ်ပြီး ကစားဖို့ စဉ်းစားလာတယ်။
ကိုယ်တိုင်ဆုံးဖြတ်ဖို့ မကြောက်တော့ဘူး။
မအောင်မြင်သေးရင်လည်း နောက်တစ်ကြိမ် ထပ်လုပ်ကြည့်လာတယ်။

မိဘတွေမြင်ရတာက
“သမီးလေး ဘောလုံးကန်နေတယ်” ဆိုတာပဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကွင်းထဲမှာတော့
သမီးလေးတို့က Confidence, Discipline, Teamwork နဲ့ Decision-making တွေကို
တဖြည်းဖြည်း လေ့ကျင့်နေပါတယ်။

သူတို့ကြိုက်တဲ့အရာကို လွတ်လွတ်လပ်လပ် ကစားခွင့်ရတဲ့အခါ ကလေးတွေရဲ့ Confidence က ဘယ်လောက်ထိ ပြောင်းလဲလာနိုင်မလဲဆိုတာ…

ဘောလုံးကွင်းထဲမှာသာမက၊ ကွင်းပြင်ပမှာပါ မြင်လာရပါတယ်။ ⚽❤️

📞 Future Stars Football Training သင်တန်းများအကြောင်း အသေးစိတ်စုံစမ်းရန်
09-405276076 | 09-405276077



18/09/2026

နှစ်တွေကြာပြီး ကလေးတွေ ပြန်တွေးကြည့်တဲ့အခါ… ဒီညနေခင်းမှာ သွင်းခဲ့တဲ့ Goal တွေထက် မေမေနဲ့အတူ ကစားရင်း ရယ်မောခဲ့တာကို ပိုမှတ်မိနေမလား? ❤️⚽

Future Stars ရဲ့ Family Unity Football Challenge မှာတော့ ကွင်းဘေးကနေ ကြည့်နေကျ မေမေတို့ကိုယ်တိုင် ကွင်းထဲဆင်းပြီး ကလေးတွေနဲ့အတူ ပြေးခဲ့ ကစားခဲ့ကြပါတယ်။

ဘောလုံးလွဲကန်လို့ အားလုံးဝိုင်းရယ်ကြတာ၊
ဘောလုံးလုရင်း အတူတူလဲကျသွားတာ၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် လက်တွဲပြီး ပြန်ထလာကြတာ…
အနိုင်အရှုံးထက် ပိုတန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေပါ။

တစ်နေ့မှာ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ
ဒီနေ့ရဲ့ Score ကို မမှတ်မိတော့ရင်တောင်—
“ငယ်ငယ်တုန်းက မေမေနဲ့အတူ ဘောလုံးကစားခဲ့ဖူးတယ်။ အတူပြေးခဲ့တယ်။ အတူရယ်ခဲ့တယ်။”
ဆိုတဲ့အမှတ်တရလေးကတော့ ရင်ထဲမှာ ကျန်နေမှာပါ။

ကလေးတွေအတွက် ငယ်ဘဝဆိုတာ Trophy ဆုတံဆိပ်တွေနဲ့ချည်း ပြည့်နေဖို့ မလိုပါဘူး။ "မိဘက ငါ့အတွက် အချိန်ပေးဂရုစိုက်ခဲ့တယ်" ဆိုတဲ့ ခံစားချက်လေးလည်း လိုအပ်ပါတယ် 🥰

ဒီလိုညနေခင်းလေးတွေကို
ကလေးတွေရဲ့ ငယ်ဘဝအမှတ်တရထဲမှာ ထားပေးလိုက်ကြရအောင်။ ❤️⚽





Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959405276077

Website

Alerts

Be the first to know and let us send you an email when Future Stars Football Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Stars Football Training:

Shortcuts

Share