07/06/2026
🌟 သုဝဏ္ဏကွင်းမှာ Waiting List စောင့်စရာမလိုတော့ဘူးနော်! Future Stars လေးတွေအတွက် မိုးရာသီတန်းခွဲလေးမှာ လေ့ကျင့်ကစားနိုင်ပါတယ် 🌟
Future Stars Football Training မှာ လေ့ကျင့်ကစားချင်ပေမယ့် လူပြည့်နေလို့ စောင့်နေရတဲ့ သားသားမီးမီးတို့အတွက် သတင်းကောင်းပါ! သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်းကြီး မှာ မိုးရာသီ တန်းခွဲအသစ်လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ 🤗
✨ ဘာကြောင့် Future Stars ကို ရွေးချယ်သင့်တာလဲ?
Future Stars Football Training ဟာ အာရှဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်တဲ့ "AFC Best Grassroots Club Award 2025" ဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ရန်ကုန်မြို့တစ်ခွင်မှာ တန်းခွဲပေါင်း (၁၄) ခုဖွင့်လှစ်ပြီး AFC နည်းပြလိုင်စင်ရ Professional နည်းပြများ ကိုယ်တိုင် စနစ်တကျ သင်ကြားပေးနေတာကြောင့် ယုံကြည်စိတ်ချစွာ လေ့ကျင့်ကစားနိုင်ပါတယ်။
📅 သင်တန်းအသေးစိတ်
📍 သင်တန်းနေရာ: သုဝဏ္ဏအကယ်ဒမီ မြက်ခင်းတုကွင်းကြီး (Goal Hotel ဘေး၊ ဝေဇယန္တာလမ်းမပေါ်)
📍Google Map Location
https://maps.app.goo.gl/aryKwLceoCA7scWz6
⏰ အချိန်: အပတ်စဉ် ဗုဒ္ဓဟူးနဲ့ သောကြာနေ့ ညနေ ၆:၃၀ နာရီ မှ ည ၈:၃၀ နာရီအထိ
👦 အသက်အရွယ်: ၇ နှစ် မှ ၁၅ နှစ်အထိ
🎁 အထူးအစီအစဉ်:
အစမ်းလေ့ကျင့်ကြည့်ချင်တဲ့ ကလေးငယ်များအတွက် Free Trial (၁) ကြိမ် အခမဲ့ လာရောက်ကစားနိုင်ဖို့ စီစဉ်ပေးထားပါတယ်
📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်:
တန်းခွဲလေးမှာ နေရာမပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်နော်။
📲 09-405276076, 09-405276077
🌟 Future Stars မှာ ဘောလုံးပညာသင်ယူရင်း ကြယ်ပွင့်လေးတွေ ဖြစ်လာကြစို့! 🌟