Bar-Variant/ Barbarians

Bar-Variant/ Barbarians You are your own gym!

လေ့ကျင့်ခန်း တစ်ကျော့နဲ့ တစ်ကျော့အကြားမှာဘယ်လောက် နားသင့်လဲ၊ဘယ်လောက်ခြားသင့်သလဲလို့မေးလာရင်....Trainer တစ်ချို့က စက္ကန့်...
05/02/2024

လေ့ကျင့်ခန်း
တစ်ကျော့နဲ့ တစ်ကျော့အကြားမှာ
ဘယ်လောက် နားသင့်လဲ၊
ဘယ်လောက်ခြားသင့်သလဲလို့
မေးလာရင်....
Trainer တစ်ချို့က စက္ကန့် ၃၀-၁ မိနစ် လောက်လို့ ဖြေကြတယ်။

ဒါပေမယ့်
Perform Max သင်တန်းတက်ထားတဲ့
Trainer ‌တွေအနေနဲ့ Work Rest Ratio ကို
Reference ယူပြီး တိတိကျကျ ဖြေပေးကြစေချင်ပါတယ်။

နမူနာအားဖြင့် Max Strength နဲ့ Power ကို
Train တဲ့အခါ work rest ratio က 1:3 မှ 1:6
အထိ ညွှန်းတာမျိုးပါ။

တကယ်လို့မှ
Deadlift, Squat ,Bench press ကိုတောင်
ကယ်လိုရီလောင်ကျွမ်းဖို့ ၊ အားကုန်ဖို့နဲ့
Glycogen ပြတ်အောင်လုပ်ဖို့သက်သက်
လျှောက် Train နေတဲ့သူဆိုရင်တော့
Power လည်းမလိုဘူး မသိဘူး၊
Strength လည်း မသိ တက်ချင်သလို တက်လာလိမ့်မယ်။

အလုပ်ကြမ်းတစ်ခု လုပ်လို့
အားသန်ယုံထက်မပိုတော့ဘူးပေါ့။




  Streamer / Gamer တစ်ယောက်ကိုလေ့ကျင့်ခန်းလုပ်ခိုင်းတဲ့အခါသူ့ရဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်လေ့ကျင့်ခန်းတွေ ၊ ပြင်...
04/02/2024

Streamer / Gamer တစ်ယောက်ကို
လေ့ကျင့်ခန်းလုပ်ခိုင်းတဲ့အခါ
သူ့ရဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်
လေ့ကျင့်ခန်းတွေ ၊ ပြင်းအားမြင့် Activities တွေအပြင်
သူ့ရဲ့ Professional အလုပ်ကို အကျိုးပြုတဲ့
Training ပါပေးသင့်ပါတယ်။

မြန်မာပြည်မှာတော့ ဘာကောင်ကြီးဖြစ်ဖြစ်
သူတို့ရဲ့ဘဝ ထက်
ဝိတ်အတက်အကျကပဲ အရေးကြီးနေသလို
Client ရော Trainer ရောကမြင်နေရင်မပြောတတ်ပါ။
အနည်းဆုံးတော့လေ့ကျင့်ခန်းတွေက
ကယ်လိုရီလောင်ကျွမ်းပစ်ဖို့သက်သက် မဖြစ်သင့်ဘူး။
နာကျင်မှူ Stress ရရုံသက်သက်မဖြစ်သင့်ဘူး။
လှရုံအတွက်သက်သက်မဖြစ်သင့်ဘူး ။ ဆိုတာ
ကျွန်တော်အမြဲ ပြောနေလို့ သိမယ်ထင်ပါတယ်။

လေ့ကျင့်ခန်းတွေကို ကြွက်သားနာကျင်မှု ၊ မောပန်းနွမ်းနယ်မှု ပါမှသာ ထိရောက်တယ်လို့
မြင်ရင် လူတွေရဲ့ ကို
မသိတဲ့ ငရဲခန်း Training သက်သက် ဖြစ်သွားပါမယ်။

လိုတိုရှင်းပြောရရင်
ကျွန်တော် ညွှန်းလိုတဲ့ Gamer Performance Training မှာ ဘာတွေပါသင့်လဲဆိုရင်...

Integration Practice
Training (Especially Finger)
Time Training
Eye Coordination Training
Awareness သို့မဟုတ် Game Sense ကိုရစေသော Brain Training
Flexibility နှင့် Mobility သို့မဟုတ်
စနစ်တကျ ရွေးချယ်ထားသော

ဒါတွေပါသင့်ပါတယ်။




ကျွန်တော်မပြောလည်း ခင်ဗျားတို့သိပြီးသားပါအဲ့တာက လူ့ခန္ဓာကိုယ်က အပျက်ဘက်ကိုဦးတည်သွားတာ....တဖြည်းဖြည်းယိုယွင်းခြင်းဖြစ်စဥ...
04/02/2024

ကျွန်တော်မပြောလည်း ခင်ဗျားတို့သိပြီးသားပါ
အဲ့တာက လူ့ခန္ဓာကိုယ်က အပျက်ဘက်ကို
ဦးတည်သွားတာ....

တဖြည်းဖြည်းယိုယွင်းခြင်းဖြစ်စဥ်ကိုသွားတာ..

ကြွက်သားတွေ ဆုံးရှုံးတယ်..
အရိုးတွေပွတယ်...
အရွတ်တွေ ကျပ်ညပ် ခြေက်ကပ်လာတယ်..
အဆစ်တွေကောင်းကောင်းမလှုပ်၊ဖြစ်လာတယ်...

ကြီးထွားဖွံ့ဖြိုးခြင်း Anabolic အခြေအနေတွေနဲ့
ပျက်စီးယိုယွင်းခြင်း Catabolic အခြေအနေတွေကြားမှာ Peak အဖြစ်ဆုံး အရွယ် အပိုင်းအခြားတစ်ခုရှိခဲ့ပါတယ်။

အဲ့ဒီမှာကတည်းက #တာရှည်အသုံးခံကြွက်သား၊
#ဘယ်တော့မှအဝမလွန် လေ့ကျင့်ခန်း ၊
သက်လုံ နဲ့ တွေသာ
မတည်ဆောက်ခဲ့ရင်
You are defeated ပါပဲ။

ဘာလို့လဲဆိုရင်
လူတွေက ကြွက်တွေလိုပဲ။

အုပ်စုများလာလေလေ ရောဂါထူလေ၊
ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေသလို၊
အချင်းချင်းလည်း သက်တမ်းတိုစေတယ်၊

ပေါက်ကွဲလာတဲ့လူဦးရေကို
Auto Correlation ပြန်လုပ်လာတဲ့အနေနဲ့...

Life style ထဲကို ဆေးလိပ် အလွယ်တကူ ဝင်လာတယ်၊
အရက်အလွယ်တကူ ဝင်လာတယ် ၊
ဆေးတလွဲအသုံးပြုမှုတွေ ၊
အစားအသောက်နဲ့ အဆင်းဘီးတပ် ခြင်းတွေ.....

စသဖြင့် စသဖြင့်...ဒါတွေက ခင်ဗျားအတွက်
Behavior တစ်ခု ကို
တမင်အားစိုက် တည်ဆောက်ယူစရာမလိုပဲ...
Passively ကို အလိုလျောက်နေရာယူလာနေတာ...

ကိုယ်တိုင်အားထုတ်ပြင်ယူရမယ့်
ကောင်းတဲ့အလေ့အထတွေက ခက်ပါတယ်...

ဒီအတိုင်းဆို ကမ္ဘာ့ Algorithm ကြီးထဲက
ကြွက်တစ်ကောင်ကို Diet လုပ်ခိုင်းဖို့ ပိုခက်တယ်..
လေ့ကျင့်ခန်းလုပ်ခိုင်းဖို့ ပိုခက်တယ်...
Active Behavior ပြောင်းရတာပိုခက်တယ်....
အလေးမခိုင်းရတာပိုခက်တယ်...




Fitness နဲ့ Sport နဲ့ကွာသလိုပဲExercise နဲ့ Activities ကွာတယ် ။ခန္ဓာကိုယ်အဆီချ ၊ ကျန်းမာရေးကောင်းယုံအတွက်ဆိုရင် Activitie...
04/02/2024

Fitness နဲ့ Sport နဲ့ကွာသလိုပဲ
Exercise နဲ့ Activities ကွာတယ် ။

ခန္ဓာကိုယ်အဆီချ ၊ ကျန်းမာရေးကောင်းယုံအတွက်ဆိုရင် Activities တွေပဲ တစ်သက်လုံးလုပ်ပြီး
ကျန်းမာစွာ စားသောက်နေထိုင်သွားတဲ့.....

Trainer ထက် အသိပညာရှိပေမယ့်
ကိုယ့်အတွက်ဂရုမစိုက်အားတဲ့ ဆရာဝန်တွေ ၊

အလှအပ ကြိုက်သူတွေ ၊
အကြမ်းပတမ်းမလုပ်ချင်သူတွေ ၊

High Class Elite အသိုင်းအဝိုင်းက
ပညာတတ် လူပါးတွေ ၊
နေ့ဆို ဂေါက်ကွင်း ၊ ညဆို ဝီစကီ ဦးလေးကြီးတွေ ၊

Business Suit နဲ့ အလုပ်များနေပေမယ့် Slim ဖြစ်နေတဲ့ဘဲ ကြီးတွေ ၊

Physical Pain တွေမယူပဲ ဒီနည်းတွေနဲ့
ပါးပါးလေး လုပ် တဲ့သူတွေရှိပါတယ်။

သူတို့လည်း Healthy and fit ဖြစ်နေပါတယ်။

သူတို့မှာက
Behaviour တစ်ခုအနေနဲ့ကို
Activities တွေလုပ်ဖြစ်တယ် ၊

Behavior တစ်ခုအနေနဲ့ စနစ်တကျစားဖြစ်ကြတယ်။




Double H Program သည်Headstand နဲ့ Handstand Skill နှစ်ခုကိုသာသီးသန့် အာရုံစိုက် လေ့ကျင့်လိုသူ များကြောင့်ပြုလုပ်ပေးခြင်း...
31/01/2024

Double H Program သည်

Headstand နဲ့ Handstand Skill နှစ်ခုကိုသာ
သီးသန့် အာရုံစိုက် လေ့ကျင့်လိုသူ များကြောင့်
ပြုလုပ်ပေးခြင်းဖြစ် ပါသည်။

Trainer Certificate မပေးပါ။

ဒီ skill တွေက
Pain Free Bodyweight Performance (PBSC)
သင်တန်းမှာ အားလုံး ပါဝင်ပြီးသားဖြစ်ပါသည်။

PBSC သည်...
Skill သာမက ၊ Client ကို ပြန် Training ပေးနိုင်သည့်
နည်းပြသင်တန်းဖြစ်ပြီး
Myanmar Fitness Trainer Academy ၏
အသိမှတ်ပြု Certificate Course ဖြစ်ပါသည်။

ယခု
Double H Program သည်
Skill မွမ်းမံ သင်တန်းဖြစ်ပါသည်။

ထို့ကြောင့် သင်တန်းကြေးကို
အများစု တတ်နိုင်မည့် ပမာဏ ကိုသာ
သတ်မှတ်ပေးထားပါသည်။

  Calisthenics Movement တွေထဲက အကြမ်းဆုံးလို့ပြောလို့ရတဲ့ Human Flag ကို လူငယ်တိုင်းတွေ့ဖူးမြင်ဖူးကြမှာပါ။Sport Performa...
17/10/2022


Calisthenics Movement တွေထဲက အကြမ်းဆုံးလို့
ပြောလို့ရတဲ့ Human Flag ကို
လူငယ်တိုင်းတွေ့ဖူးမြင်ဖူးကြမှာပါ။

Sport Performance အတော်များများဟာ Biomechanic ကို နားမလည်ပဲ
Risk ယူပြီးမလုပ်သင့်ပါ။

ဒါကြောင့် သိထားသင့်တဲ့ Basic Biomechanic Terms
တွေနဲ့ Movement Analysis လုပ်နည်းလေးကို
မျှဝေပေးပါမယ်။

Human Flag မှာဆိုရင် အားသက်ရောက်ပုံ အခြေခံ ၄မျိုးရှိပါတယ်။

၁။ အပေါ်လက်သည် Core body ကို ဆွဲယူပေးတဲ့ အားကို သုံးရပါတယ်။
(Tricep - Lats - Serratus Anterior - Iliotibial band-Tibiofibular ligament စသဖြင့် အစဥ်လိုက်ချိတ်ဆက်နှလုံးသွင်းပြီး Ecentric tension ဖြင့် ဆွဲ မ ထားတာဖြစ်တယ်)

၂။ အောက်လက်သည် Core body ကို တွန်းထောက်ပေးတဲ့
အားကို သုံးပါတယ်။
(Tricep - Lats - Serratus Anterior - Iliotibial band-Tibiofibular ligament စသဖြင့် အစဥ်လိုက်ချိတ်ဆက်နှလုံးသွင်းပြီး Concentric tension ဖြင့်
တွန်းတင် ထားတာဖြစ်တယ်)

( ၁ နဲ့ ၂) နှစ်မျိုးလုံးဟာ
Bodyကို မ, ပေးထားည့်
Internal Force တွေ ဖြစ်ပါတယ်။

၃။Torque လို့ခေါ်တဲ့ (မျှချေအား) ဖြစ်ပါတယ်။
အတွန်းနဲ့ အဆွဲ နှစ်ခု ကြားက လည်ထွက် မလိုလို
ဖြစ်လာတဲ့ အားတစ်ခု ဖြစ်ပါတယ်။
လက်နှစ်ခုရဲ့ အတွန်း ၊ အဆွဲ ကြားမှာ ခန္ဓာကိုယ်ဟာ
သူ့ ဝင်ရိုး ပေါ်မတ်ထောင်လာတဲ့ အခြေအနေဖြစ်ပါတယ်။

၄။ Gravity and Reactionary Force
ကမ္ဘာဆွဲအားက ခန္ဒာကိုယ်ပေါ် သက်ရောက်နေတဲ့အတွက် ၊
လေပေါ်ကို မြှောက်တင်ဖို့ ရာ
( ဦးခေါင်းမှသည် ခြေဖျားအထိ)
Functional Line အားလုံးဟာ Gravityကို ဆန့်ကျင်နိုင်တဲ့
ညီတူညီမျှအား လိုအပ်တယ်။
အဲ့တာကို Reactionary Force ခေါ်ပါတယ်။

တကယ်လို့ Youtube ကတဆင့်
Pro တွေ လုပ်ပြတဲ့ Guideline တွေကို
လိုက်လုပ်နေမယ်ဆိုရင်.........
အထက် မှာ ကျနော်ပြော ပြထားတဲ့
အချက်တွေ မသိသေးသ၍ ဒဏ်ပဲ ဖြစ်ပါလိမ့်မယ်။

သူတို့က Step by step Theory ကိုပဲ
ချပြတာဖြစ်ပါတယ်။

Regression Approach နဲ့ လွယ်တဲ့ Position ကနေ ချဥ်းကပ်ပြတာကိုပဲ တွေ့ရပါမယ်။

ဒီ လေ့ကျင့်ခန်းမှာ ဘယ်ကြွက်သားများပါဝင်ပါတယ်၊
Strength ရှိဖို့ ဘာတွေ လေ့ကျင့်ရပါမယ်လို့ပဲ
ဖော်ပြပါလိမ့်မယ်။

ရှင်းပြရခက်တဲ့ နောက်ကွယ်က Science ကို အပင်ပန်းခံပြီး အခမဲ့ ဘယ်သူမှ ​ပြောနေမှာ မဟုတ်ပါဘူး။

လေ့လာနေသူတွေကို ပြောချင်တာက
မိမိမှာ ရှိသင့်ရှိထိုက်တဲ့
Relative Strength လည်း ရှိမယ်ဆိုရင် ၊
ပြီးတော့
Movement တစ်ခုမှာပါဝင်တဲ့ Strength Type တွေ၊
အားသက်ရောက်ပုံတွေ (Force exertion)၊
Joint integration တွေကို အာရုံ စိုက်တတ်မယ်ဆိုရင်
မဖြစ်နိုင်ဘူး ထင်တာ တွေ ဖြစ်အောင်
လုပ်နိုင်လာပါလိမ့်မယ်။

Wai Yan Phyo





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Bar-Variant/ Barbarians posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share