04/09/2026
မာတင်နယ်လီ နှုတ်ဆက်စာ ✍🏽
" အာဆင်နယ်က
ကျွန်တော့်ကို မွေးစားခဲ့တယ်ဆိုရင် ပိုမှန်ပါတယ်
ကျွန်တော့်ကို
၇ နှစ်လောက် ကျွေးမွေးပြုစုခဲ့တဲ့ အသင်းပါ
ပထမဆုံးနေ့မှာတောင် ကိုယ့်အိမ်မှာလို ခံစားခဲ့ရတယ်
၂၀၁၉ ကနေ ဒီနေ့အထိ ကျွန်တော့်ရဲ့ ဖြတ်သန်းမှုမှာ ပါဝင်ခဲ့ကြတဲ့ စားဖိုမှူးတွေ၊ အထွေထွေတာဝန်ခံတွေ၊ ဆရာဝန်တွေ၊ တံခါးစောင့်တွေ၊ လုံခြုံရေးဝန်ထမ်းတွေ၊ မီဒီယာအဖွဲ့၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ ကြွက်သားနှိပ်နယ်ပေးသူတွေနဲ့ အသင်းဖော် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကို ယုံကြည်ပေးခဲ့လို့
ကမ္ဘာကို ကျွန်တော့်ရဲ့ အရည်အချင်းတွေ ပြသခွင့်ပေးခဲ့လို့ အာဆင်နယ်ကို ကျေးဇူးတင်ပါတယ်
အခုတော့ နောက်ထပ် ဘဝစာမျက်နှာပေါ့
မြောက်လန်ဒန်ကလပ်ကို ရင်ဘတ်ထဲမှာ အမြဲရှိနေမှာပါ “
…….