New Life Fitness Center

New Life Fitness Center Family Like Fitness Center in Yangon အမှတ် 14 မြေညီထပ်၊ ရှမ်းကုန်းလမ်း၊ ‌အမက 16 ရှေ့

14/02/2026

ကျန်းမာရေးအတွက် ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး အရာက ကိုယ်တို့ဘေးမှာ အမြဲရှိတယ်ဆိုတာ မေ့နေကြတယ်။

လေ့ကျင့်ခန်းမလုပ်ရင် ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်စီးလာတယ်။

ညဉ့်နက်တဲ့အထိ မအိပ်တဲ့လူက ဘယ်လောက်ပဲ တက်ကြွလည်း ခန္ဓာကိုယ်တွင်း လှိုက်စားခံရလိမ့်မယ်။ စိတ်ဖိစီးမှု များလွန်းရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

လျစ်လျူမရှုပါနဲ့ ... ဆေးဝါးထက်အစွမ်းထက်ပြီး ဘဝကို အမှန်တကယ် ကုစားနိုင်တာက ဆေးဝါးတွေ မဟုတ်ဘဲ အောက်က အခမဲ့ဆရာဝန်တွေပါ။

၁။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း -
သွေးလည်ပတ်မှုကို တိုးတက် ကောင်းမွန်စေပြီး စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။

၂။ နေရောင်ခြည် -
နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးပြီး စိတ်ခံစားချက်ကို တိုးတက် ကောင်းမွန်စေပါတယ်။

၃။ အိပ်စက်ခြင်း -
ပြန်လည်ပြုပြင်၊ ဖြည့်တင်းပေးတဲ့ သဘာဝအကျဆုံးအရာ ဖြစ်တယ်။

၄။ အပြုသဘောဆောင်တဲ့ စိတ်ထား -
စိတ်ဖိစီးမှု လျှော့နည်းတာက အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

၅။ ဖြည်းဖြည်းစားခြင်း-
အစာခြေစနစ်ကို အနားရစေပြီး ပြန်လည်ကောင်းမွန်စေတယ်။

၆။ ပျော်ရွှင်မှု -
အကောင်းဆုံး ကိုယ်ခံအားစနစ်ဖြစ်တယ်။

၇။ ရေသောက်ခြင်း -
အဆိပ်အတောက်တွေကို ကုန်ကျစရိတ် မလိုဘဲ ဖယ်ရှားပေးပြီး လှစေတယ်။

၈။ ပြုံးခြင်း -
ကိုယ့်ကိုယ်ကိုယ် ကုစားနိုင်သလို အခြားသူကိုလည်း ကူးစက်စေတယ်။

၉။ ချီးမွမ်းခြင်း -
ကြင်နာမှုကို ဖြန့်ဝေပြီး ကံကောင်းခြင်းကို ဆွဲဆောင်တယ်။

၁၀။ မျက်ကွယ်ပြုခြင်း -
ဘဝကို ပိုပေါ့ပါး လွယ်ကူစေတယ်။

အချက်တိုင်း လုပ်ဖြစ်ကြမယ် ထင်ပါတယ်။ ကျန်းမာလန်းဆန်း အလှတိုးကြပါစေနော်..

💌
# နိုင်းနိုင်းစနေ

New Life Fitness Centerကိုအမှတ်(၁၆)၊ ​မြေနီကုန်း​စျေးလမ်း​ (အောက်ဘက်)၊သို့​ပြောင်းလဲဖွင့်လှစ်ထားပါတယ်။အရင်​နေရာ​လေးနဲ့သိ...
30/12/2025

New Life Fitness Center
ကို
အမှတ်(၁၆)၊ ​မြေနီကုန်း​စျေးလမ်း​ (အောက်ဘက်)၊သို့​ပြောင်းလဲဖွင့်လှစ်ထားပါတယ်။
အရင်​နေရာ​လေးနဲ့သိပ်မ​ဝေးပါဘူး
ရှာမ​တွေ့ရင် ဒီဖုန်း​လေး​တွေကို
ဆက်လိုက်ပါ​နော်။
☆09784874132
☆09774370211
​နေရာ​လေး​ပြောင်းသွားတာကလွဲလို့
အရင်အတိုင်းပဲ.... အရင်လိုပါပဲ
ချစ်ခင်ခြင်းများစွာဖြင့်

ဆောင်းရာသီရဲ့အ​အေးဓါတ်လေး​ကြောင့်အိပ်ယာထဲ​ကွေး​နေကြပြီလား ။ကိုယ်ခန္ဓာအတွင်းပိုင်းမှာ​နွေး​ထွေးမှု​လေး​တွေရှိမှ ကျန်းမာ​ရ...
06/12/2025

ဆောင်းရာသီရဲ့အ​အေးဓါတ်လေး​ကြောင့်အိပ်ယာထဲ​ကွေး​နေကြပြီလား ။
ကိုယ်ခန္ဓာအတွင်းပိုင်းမှာ​
နွေး​ထွေးမှု​လေး​တွေရှိမှ
ကျန်းမာ​ရေးနဲ့ညီညွတ်မယ်​လေ ။
လမ်း​လျှောက်ပါ။ပြေးပါ။
မနက်ခင်း​နေ​ရောင်ခြည်​
နွေး​နွေး​လေးခံ​ပေးပါ ။
​ဆောင်းရာသီဟာကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်တဲ့...
လုပ်ရမယ့်သီဥတုဖြစ်ပါတယ် ။
အားကစားဆိုတာ
အားမှလုပ်ရတာမျိုးမဟုတ်ပဲ
ကိုယ်​နေ့စဥ်လုပ်​နေရတဲ့
အလုပ်တစ်ခုအဖြစ်သတ်မှတ်ပြီး​တော့
လုပ်ကိုလုပ်ရမှာပါ ။
ခုလို​ဆောင်းရာသီမှာ
​ပေါ့​ပေါ့ပါးပါး​လေ့ကျင့်ခန်း​လေး​တွေ
လုပ်ရင်းနဲ့ ကိုယ့်ရဲ့ body ​လေးကို ပြောင်းလဲချင်တယ်ဆိုရင်​တော့
New Life Fitness Center
ကိုလာခဲ့​နော် ။
ခုလို​အငြိမ်လေး​ဆော့ချင်ရင်လည်းရတယ်​နော် 😍😍

ပိန်​သေး လို့ချစ်စနိုး​ခေါ်တဲ့ Member ​လေးရဲ့ကြိုးစားမှု ရလာဒ်အတွက် တစ်လ free ​ဆော့ခွင့် ဆုချီးမြှင့်လိုက်ပါတယ်🙂🙂       ...
17/10/2025

ပိန်​သေး လို့ချစ်စနိုး​ခေါ်တဲ့ Member ​လေးရဲ့ကြိုးစားမှု
ရလာဒ်အတွက်
တစ်လ free ​ဆော့ခွင့်
ဆုချီးမြှင့်လိုက်ပါတယ်
🙂🙂 🙂🙂 🙂🙂
မင်္ဂလာပါ
💌New Life မှာ​ဆော့တာကြာပြီလား
🏋ဟုတ်ကဲ့ ၁နှစ်နီးပါးရှိပါပြီ
ဘယ်လို​တွေ​ပြောင်းလဲသွားပါလဲ
အရမ်းကိုသိသိသာသာ​ပြောင်းလဲသွားပါတယ်
ကျွန်​တော် စ​ဆော့​တော့ ​ပေါင်၂၅၀​လောက်ရှိပါတယ်
ခု ကျွန်​တော် ​ပေါင် ၁၅၀ပဲရှိ​တော့တယ်ခင်ဗျ
💌Wow အများကြီးကျသွားတာပဲ ​အပြင်းအထန်ကြိုးစားလိုက်ရတာလား
🏋New life က trainer ​တွေရဲ့လမ်းညွှန်ချက်အတိုင်း​သေချာလိုက်လုပ်ပါတယ် စားတာ​သောက်တာကအစ​ပေါ့ အရမ်းကြီး​တော့
မပြင်းထန်ပါဘူး
💌ဘယ်လို​ကြောင့် ခုလိုဝိတ်​လျှော့ဘို့ ဆုံးဖြတ်လိုက်တာလဲ
🏋ကျွန်​တော်တအားဝလာ​တော့ ခန္ဓာကိုယ်က ​လေးလံလာတယ် ​မောလာတယ် စိတ်​တွေကလည်း ထိုင်းမှိုင်းလာတယ် ​ကျောင်းစာ​တွေလည်း စိတ်မဝင်စား​တော့ဘူး အဲဒါ​ကြောင့် ကျွန်​တော့်အ​မေက gym ​ဆော့ခိုင်းလို့ ပါ
💌​ဒါနဲ့ Nwe Life မှာဘာ​ကြောင့်လာ​ဆော့တာလဲ အိမ်နဲ့နီးလို့လား
🏋အိမ်နဲ့နီးတာလည်းပါပါတယ် ကျွန်​တော့်အကိုတစ်​ယောက်က​ဆော့​နေတာလည်းပါပါတယ် စိတ်မပါ​ပေမယ့် အ​မေ အတင်း​ဆော့ခိုင်းလို့ရယ် အကိုရှိ​တော့ အ​ဖော်ရတယ်ဆိုပြီး ​ဆော့လိုက်တာပါ
💌​ဆော့ဖြစ်သွား​တော့ ဘယ်လို​တွေထူးခြားသွားလဲ
🏋New Life က အရမ်းမိသားစုဆန်တယ် trainer တွေ​ရော members ​တွေ​ရောက ရင်းရင်းနှီးနှီးရှိကြတယ် ​ပျော်စရာ​ကောင်းတယ် ဆရာ​တွေက ​
ချော့လိုက်​ခြောက်လိုက် စ​လိုက်​နောက်လိုက်နဲ့ဆို​တော့ လိုက်လုပ်ရတာ​ပျော်တယ် လုပ်ချင်စိတ်လည်းရှိတယ် ​သေချာလည်းလိုက်လုပ်ဖြစ်တယ် အဲဒါ​ကြောင့် ကျွန်​တော်ဆို gymကို Sunday ​တောင်မပိတ်​စေချင်​တော့ဘူး 😀
💌စိတ်မပါပဲ သွား​ဆော့တာက​နေ အဲလို​တွေထိ ဖြစ်သွားတာ​ပေါ့
🏋ဟုတ်တယ် ကျွန်​တော့် body
ခုလို​ပြောင်းလဲသွားတာက
အဓိက စိတ်ဓါတ်​​​ကြောင့်ပါပဲ trainer ​တွေ ဘယ်​လောက်ပဲ ​မောင်း​မောင်း gym equipments ​တွေဘယ်​လောက်ပဲ​ကောင်း​ကောင်း ကိုယ်တိုင်လုပ်မှဖြစ်တာမလား New Life ကကျွန်​တော့်ကို အဲလိုကြိုးစားချင်စိတ်တွေဖြစ်​အောင်လုပ်​ဆောင်​ပေးလိုက်တာပါ
💌ခု​ပြောင်းလဲလာတဲ့ body
အ​ပေါ် ​ကျေနပ်မှုရှိရဲ့လား
🏋အား.... သိပ်​ကျေနပ်တာ​ပေါ့ဗျာ
ကိုယ့်ကိုကိုယ်ယုံကြည်မှု​တွေရှိလာတယ်
ရဲရင့်လာတယ် ဘယ်​နေရာမှာမဆို
ကြိုးစားချင်စိတ်​တွေရှိလာတယ်
💌New Life ကို​ရော ဘာ​ပြောချင်လဲ
🏋​ကျေးဇူးအများကြီးတင်တာ​ပေါ့ဗျာ ​လေးလည်း​လေးစားပါတယ်
ခုလို အဖက်ဖက်က​နေကျွန်​တော့ကိုဂရုတစိုက်နဲ့ သင်ကြားပြသ​ပေးကြတဲ့အတွက် 🙂
💌New Life မှာလာ​ဆော့ကြမယ့် Members အသစ်​တွေကို​ရော ဘာ​ပြောချင်ပါသလဲ
🏋လာဖြစ်​အောင်လာခဲ့ပါ ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုရဲ့ရလာဒ်က ​ကျေနပ်အားရမှုရှိ​စေမှာပါ လို့👍🙂

လစဥ်​ကြေးများအားအနည်းငယ်​ပြောင်းလဲသတ်မှတ်လိုက်ပါသည်။​ကျေးဇူးတင်စွာ .....အားနာစွာဖြင့်......😔😔😔😔😔😔😔😔😔😔😔😔
30/09/2025

လစဥ်​ကြေးများအားအနည်းငယ်​ပြောင်းလဲသတ်မှတ်လိုက်ပါသည်။
​ကျေးဇူးတင်စွာ .....
အားနာစွာဖြင့်......
😔😔😔😔😔😔😔😔😔😔😔😔

28/08/2025

Circuit Training ​ရဲ့
အကျိုး​ကျေးဇူးများ
❤ခန္ဓာကိုယ်ထဲကအဆီ​တွေ
များများ​လောင်ကျွမ်း​စေတယ်
🧡 muscle ​​တွေခိုင်ခံ့လာ​စေတယ်
💛 အချိန်တိုတိုနဲ့​ကောင်းကျိုး​တွေအများကြီးရတယ်
ဒီလိုအကျိုး​ကျေးဇူး​တွေရရှိ​စေတဲ့ Circuit Training ကို လာ join ပါ​​နော်

Miss it   🥺
01/03/2025

Miss it 🥺

Happy Valentine's Dayချစ်​သော Member များအားလုံးချစ်ခြင်း​မေတ္တာများနဲ့​ပျော်ရွှင်ကြပါ​စေ...ဒီနှစ်လည်းအရင်နှစ်​တွေလိုပဲg...
14/02/2025

Happy Valentine's Day
ချစ်​သော Member များအားလုံး
ချစ်ခြင်း​မေတ္တာများနဲ့​ပျော်ရွှင်ကြပါ​စေ...
ဒီနှစ်လည်းအရင်နှစ်​တွေလိုပဲ
gymလာရင်
​ချောကလက်​လေး​တွေစားရမှာ​နော် 💖🍫🌰💝

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"(၁) နေရောင်ခြည်(၂) အနားယူခြင်း(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း(၄) အစားအသောက်က...
10/02/2025

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"

(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်

သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

🍁 Credit - Steve Jobs

Address

Myaenigone Zay Street
Yangon
11111

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00

Telephone

+959784874132

Website

Alerts

Be the first to know and let us send you an email when New Life Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share