Myanmar Lethwei Fighters

Myanmar Lethwei Fighters Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Lethwei Fighters, Sports Team, Yangon.

👑မပြတ်သားသေးတဲ့ ချန်ပီယံ စိန်ခေါ်ပွဲကို လေ့လာသုံးသပ်ကြည့်ခြင်း ✍️သုံးကြိမ်မြောက်တွေ့ဆုံတဲ့ပွဲမှာရောအဖြေထွက်မှာလား🤔      ...
15/10/2024

👑မပြတ်သားသေးတဲ့ ချန်ပီယံ စိန်ခေါ်ပွဲကို လေ့လာသုံးသပ်ကြည့်ခြင်း ✍️
သုံးကြိမ်မြောက်တွေ့ဆုံတဲ့ပွဲမှာရောအဖြေထွက်မှာလား🤔
ပထမအကြိမ်တွေ့ဆုံတဲ့ပွဲမှာတော့ သွေးသစ်က အမှတ်ဖြင့်အနိုင်ရပြီး ဒုတိယအကြိမ်မှာတော့ လက်ရည်မျှစွာ သရေရလဒ်ဖြင့်သာပြီးဆုံးခဲ့ပါတယ်
နှစ်ပွဲစလုံးဟာ ဝိတ်တန်းညှိပြီးထိုးကြတယ်ဆိုပေမဲ့ အနည်းဆုံးဝိတ်ကွာဟမှုက 5kg(11lb)လောက်တော့ ကွာဟမယ်လို့တော့ ထင်ပါတယ်
ဒါကြောင့် ရှေ့ပွဲတွေမှာ ဝိတ်ညှိရလို့ ပြတ်သားတဲ့အဖြေမထွက်တာဆိုတဲ့ သို့လောသို့လော အငြင်းပွားစရာ‌နှစ်ဖက်ပရိတ်သတ်ကြားရှိခဲ့တာကြောင့်
သုံးကြိမ်မြောက်တွေ့ဆုံလာတယ်လို့ပဲ ပြောရမယ်ဖြစ်ပါတယ်
သုံးကြိမ်မြောက်မှာတော့ open weight နဲ့ကစားမှာဖြစ်ပါတယ် open weight မှာရော အ‌ဖြေထွက်နိုင်လားဆိုတာကို မပြောခင်
ကစားသမားနှစ်ယောက်ရဲ စွမ်းဆောင်ရည် ပိုင်းကို အရင်လေ့လာကြည့်ရအောင်ဗျာ
အရင်ဆုံး TTM ရဲ့ စွမ်းဆောင်ရည်ကိုပြောရမယ်ဆိုရင် ရိုးရာလက်ဝှေ့ရဲ့အလွတ်တန်းချန်ပီယံတစ်ယောက်ဖြစ်တာနဲ့အညီ သူ့ရဲ့စွမ်းဆောင်ရည်ဟာလဲ အမြင့်ဆုံးမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့
ကျော်စွာဝင်းနဲ့ပွဲမှာ သက်သေပြထားပါတယ် အရင်ကဆို TTM ဟာ လက်ကျခြေရောက် ခြေကျလက်ရောက် ဒူး၊တံတောင်၊ခေါင်း သက်ကိုးသတ်ကို အားကုန်အသုံးပြုပြီး ငါးချီလုံးတိုက်စစ်ကို တရပ်စပ်ဖွင့် ကစားပြီး နင်မလဲငါလဲ ကစားတာဖြစ်တယ်
ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ အသက်အရွယ်အရရော အတွေအကြုံအရကြောင့်ထင်ပါတယ် တစ်ပွဲနဲ့တစ်ပွဲအပေါ့်အသေးစိပ်လေ့လာပြီး အလွန်အကျွံ့တွေ သိပ်မလုပ်တော့ပဲ IQ ပိုင်းကိုအသုံးချပြီး game plan နဲ့ကစားလာတာတွေ့ရတယ်ဗျ
TTWH ရဲ့ လက်ရှိ စွမ်းဆောင်ရည်ကိုပြောရမယ်ဆိုရင် one ရဲ့ ‌muaythai စည်းမျဉ်း 3မိနစ်ထိုး 1မိနစ်နား သုံးချီယှဉ်ပြိုင်ရတဲ့ခေါင်းစဉ်အောက်မှာ အောင်မြင်မှု့ရအောင် မစွမ်းဆောင်ထားနိုင်ပေမဲ့
ရိုးရာလက်ဝှေ့မှာတော့ စွမ်းဆောင်ရည်အမြင်ဆုံးရှိတဲ့ ကစားသမားလို့ပြောရမှာပါ ဘာဖြစ်လို့လဲဆိုတော့ ရိုးရာစည်းမျဉ်း၊ အမှတ်ပေးစနစ်နဲ့ယှဉ်ပြိုင်တုန်းက TTM ကို knock down ကျအောင်စွမ်းဆောင်ကာ အမှတ်‌အဆုံးအဖြတ်နဲ့ အနိုင်ရယူထားဖူးလို့ပါ
ဖြတ်သန်းလာတဲ့ ရိုးရာပွဲတိုင်းမှာလဲ ပြိုင်ဘက်အပေါ်ဖိအားပေး လွမ်းမိုးမှုအရှိဆုံး counter ကစားသမား တစ်ယောက်ဖြစ်လို့ပါ သူကစားကွက်ထဲဝင်မိသွားတဲ့ ဖိုက်တာတော်တော်များများကို ဖင်ထိုင်ကျသွားအောင် စွမ်းဆောင်နိုင်တဲ့ တိုင်ပင်ကိုက် လက်သီးအပြင် ခေါင်းတိုက်ချက်တွေဟာလဲ တချက်ချက်ထွက်လာတတ်လို့ပါ
ဒါကြောင့် open weight နဲ့ထိုးသတ်မည့်သုံးကြိမ်မြောက်တွေ့ဆုံပွဲဟာ အတော်စိတ်ဝင်စားဖို့ကောင်းနေတာပါ
TTM က အကောင်းဆုံးအနေအထားကို ပြန်ရရှိထားပြီး TTWH က စွမ်းဆောင်ရည်နိမ့်ကျနေချိန်မှာ
ပြန်တွေ့မဲ့ သုံးကြိမ်မြောက် တွေ့ဆုံမှုဟာ တိကျတဲ့ အဖြေထွက်နိုင်မလားဆိုတာ အတော်လေး စိတ်ဝင်စားဖို့ကောင်းနေတာပါ

ပြိုင်ပွဲရဲ့ ရလဒ်အပေါ် သုံးသပ်ချက်တွေကိုတော့ ပွဲနားနီးမှပဲတင်ဆက်ပေးတော့မယ်ခင်များ...


မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေတဲ့စူပါရေချမ််း------------------------------------------------------------------------ပြိုင...
29/08/2024

မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေတဲ့စူပါရေချမ််း
------------------------------------------------------------------------

ပြိုင်ဘက်ကတော့သူထက် ဝိတ်နည်းနည်းလေးပိုများတယ်။
အခုတောင် 2ပေါင်ကွာရင် ပွဲတွင်းကျရင်သိသိသာသာကြီးကွာလိမ့်မယ်ထင်တယ်။
ဒါပေမယ့် ဘာဖြစ်ဖြစ် စူပါရေချမ်းကတော့ယုံရတယ်။
အကောင်းဆုံးရလဒ်တစ်ခု ချပြနိုင်ပါလိမ့်မယ်။

24/08/2024

နိုင်ပြန်ပြီ မြန်မာဟေ့🖤
--------------------------------
ခုနက Fairtex Fight မှာခေါင်ပွဲထိုးသတ်သွားကြတဲ့ မြန်မာနဲ့ အီရန်နိုင်ငံသားတို့ပွဲမှာ မြန်မာနိုင်ငံသားဖိုက်တာကအမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

ဒီမြန်မာနိုင်ငံသားက ဘယ်သူလဲ?
သိတဲ့သူတွေပြောပြခဲ့ပါလား။

24/08/2024

ခုနကထိုးသတ်သွားတဲ့ Fairtex Fight. မှာ မြန်မာဖိုက်တာ မျိုးမြတ်အောင် က ထိုင်းဖိုက်တာ ကို
ပထမအချီမှာပဲ့ အလဲထိုးရှုံးနိမ့်...
စိတ်မကောင်းပါဘူး မျိုးမြတ်အောင်

9လပိုင်း 7ရက်နေ့ ထိုးသတ်မယ့် မြန်မာ့စပါးအုံကြီး အောင်လအင်ဆန်းပွဲကနီးလာပြီနော် ။(ပိုစတာမှာ 6ရက်နေ့ဖြစ်ပေမယ့် မြန်မာစံတော်...
24/08/2024

9လပိုင်း 7ရက်နေ့ ထိုးသတ်မယ့် မြန်မာ့စပါးအုံကြီး အောင်လအင်ဆန်းပွဲကနီးလာပြီနော် ။

(ပိုစတာမှာ 6ရက်နေ့ဖြစ်ပေမယ့် မြန်မာစံတော်ချိန်နဲ့
7ရက်နေ့မနက်6နာရီလောက် ထကြည့်ရမှာပါခင်ဗျ)
-------------------------------------------------------------

ကြည့်ကောင်းမယ့်ပွဲစဥ်တွေကတော့...

အောင်လအန်ဆန်း Vs ရှမေးအာဒိုဂန် -(ပွဲစဥ်-9)

ဟာရီဆင် Vs ဆက်ဆန်- (ပွဲစဥ်10)

ဟက်ကာသီ Vs စူပါလက် (ပွဲစဥ်-12-ခေါင်ပွဲ)
တို့ဖြစ်ပါတယ်။...........................

အောင်လအန်ဆန်း Vs ရှမေးအာဒီုဂန် (ပွဲစဥ်9)
----------------------------------------------------
မြန်မာ့ပရိတ်သတ်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ အောင်လအန်ဆိုင်းနဲ့ ရှုံးပွဲမရှိသေးတဲ့ဖိုက်တာ ရှမေးအာဒိုဂန်ရဲ့ မစ်ဒယ်ဝိတ်MMA ပွဲကတော့
လာမယ့် မြန်မာစံတော်ချိန်9လပိုင်း7ရက်နေ့ မှာထိုးသတ်သွားပါမယ်။ရှမေးအာဒိုဂန်ဘက်က Ground Game အားသာချက်အများကြီးရှိတာမို့ အောင်လဘက်က ဘယ်လိုလုပ်ပြသွားနိုင်မလဲ ဆိုတာစောင့်ကြည့်အားပေးရပါမယ်။ဒီတစ်ပွဲတည်းသီးသန့်ကြည့်မယ့်သူတွေအတွက်ကတော့ မနက်9နာရီလောက်အိပ်ရာနိုးပြီး ထကြည့်တောင်ပွဲမှီပါတယ်။
မြန်မာဆိုတဲ့စိတ်တစ်ခုတည်းနဲ့ အားပေးလိုက်ကြရအောင်ဗျာ။

လီယမ်ဟာရီဆင် Vs ဆက်ဆန် (ပွဲစဥ် 10)
---------------------------------------------
ဒီပွဲကတော့ စိုးလင်းဦးကိုအရင်က အဆင့်မတူဘူး ဘာညာ အာချောင်ပြီးတကယ်လည်း မထိုးတဲ့ ဟာရီဆင်နဲ့ စိုးလင်းဦးနဲ့ရုပ်ချင်းဆင်တဲ့ ဆက်ဆန် တို့ရဲ့ပွဲဖြစ်ပါတယ်။
လီယမ် ဟာရီဆင်က ပညာကောင်းပေမယ့် မာဂုဏ်အရမ်းအားနည်းပါတယ်။
ချက်ကောင်းထိရင် ပြာသွားမယ့်ဖိုက်တာမျိူးပါ။
သူအနေနဲ့ ဆက်ဆန်ရဲ့ အမဲလိုက်ခန်းမှာ ခံနိုင်ရည်ရှိပါ့မလားဆိုတာကြည့်ရပါမယ်။
Admin ကတော့စိုးလင်းဦးနဲ့ရုပ်ရော ထိုးပေါက်ရောဆင်တဲ့ ဆက်ဆန်ကိုပိုကြိုက်ပါတယ်။

​​ဂျော်နသန်ဟက်ကာသီ Vs စူပါလက် (ခေါင်ပွဲ)
----------------------------------------------------

ဒီပွဲကတော့ အဓိကခေါင်ပွဲ ဖြစ်ပြီး ခါးပတ်လုပွဲလည်းဖြစ်ပါတယ်။
မြန်မာပရိတ်သတ်တွေ ကြားပိုသိကြတဲ့ စူပါလက်က ဟက်ကာသီဆီ ကခါးပတ်ကို လုရမယ့်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။
မွေထိုင်းလောကရဲ့ထိပ်သီးဖိုက်တာနှစ်ယောက်တွေ့ဆုံတဲ့ပွဲမလို့ ကြည့်ကိုကြည့်သင့်ပါတယ်။
ONE မှာမဟုတ်ဘဲ လွန်ခဲ့တဲ့4နှစ်လောက်က စူပါလက်က ဟက်ကာသီကို တကြိမ်နိုင်ထားဖူးပါတယ်။ဒါကြောင့် ထိုင်းပရိတ်သတ်တွေက စူပါလက်ကပဲ့ချန်ပီယံ ခါးပတ်ကိုသိမ်းပိုက်သွားမယ်လို့
ပြောဆိုနေကြပါပြိ။
ဒါပေမယ့်လည်း adminကတော့ ဟက်ကာသီ ပရိတ်သတ်မို့ ဟက်ကာသီကိုပိုအကြိုက်တွေ့ပါတယ်။

လက်ဝှေ့ချစ်ပရိတ်သတ်တွေအနေနဲ့တော့
9လပိုင်း 7ရက်နေ့ မနက်6နာရီကျော်ကျော်လောက်ကစပြီး One Championship ရဲ့ fb page နဲ့
utube channel တို့မှာ အခမဲ့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ...
အားလုံးအတွက် ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ။
Lethwei Fighters

ထွန်းမင်းနိုင်အလဲထိုးခံရ ရှုံး❌စောစံမြအလဲထိုးခံရ ရှုံး❌အဲမွီအလဲထိုး နိုင်✅သွေးလင်းထက်အမှတ်နဲ့နိုင်✅သန့်ဇင် အလဲထိုးနဲ့နို...
23/08/2024

ထွန်းမင်းနိုင်အလဲထိုးခံရ ရှုံး❌
စောစံမြအလဲထိုးခံရ ရှုံး❌
အဲမွီအလဲထိုး နိုင်✅
သွေးလင်းထက်အမှတ်နဲ့နိုင်✅
သန့်ဇင် အလဲထိုးနဲ့နိုင်✅

မြန်မာ(5)ပွဲရဲ့ရလာဒ်လေးပါ။

သွေးလင်းထက်မှာနှစ်ယောက်စလုံး ဘောနပ်ရပေမယ့် သန့်ဇင်ပွဲကတော့ဘာလဲဆိုတာ အတိအကျမသိရသေးဘူး။
နိုင်သွားတဲ့သူတွေအတွက် ဂုဏ်ယူပေမယ့်
ရှုံးသွားတဲ့သူတွေအတွက်လည်း စိတ်မကောင်းပါဘူး။
အားလုံးကိုကျေးဇူးပါခင်ဗျ။

23/08/2024

သန့်ဇင်ပြိုင်ဘက်က တချီတောင်မခံသွား​ဘူး။
ထိုင်းတွေက်ိုဒီလိုဖြုတ်နိုင်တာတကယ်အားရတယ်။

23/08/2024

Oneရဲ့ပွဲဦးထွက်မှာ ဂျပန်ဖိုက်တာကိုအလဲထိုးပြီး
ဘောနပ်ပါယူသွားခဲ့တဲ့ အဲမွီ

23/08/2024

ထွန်းမင်းနိုင်အလဲထိုးခံရ ရှုံး
စောစံမြအလဲထိုးနဲ့ ရှုံး
အဲမွီအလဲထိုး နိုင်
မြန်မာ(3)ပွဲရဲ့ရလာဒ်လေးပါ။

ကျန်ပွဲတွေက ဆက်ရင်ခုန်ကြမယ် ညီအကိုတို့🖤

23/08/2024

မြန်မာပွဲဦးထွက်ထိုးရတဲ့ ထွန်းမင်းနိုင်
အလဲထိုးခံရပြီးရှုံးသွားပါတယ်။

စိတ်မကောင်းပါဘူးထွန်းမင်နိုင်ရေ
ဆက်ကြိုးစားပါ။

Address

Yangon

Telephone

+959794748062

Website

Alerts

Be the first to know and let us send you an email when Myanmar Lethwei Fighters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category