10/01/2024
Gym စသွားတော့မယ်ဆိုရင်…
ဘယ်ကစဆော့ရမလဲ
ဟိုစက်ကို ဘယ်လိုသုံးရမလဲ
ဒီအလေးကို ဘယ်လို မ ရမလဲ
တစ်ခြားလူတွေက ငါ့ကိုကြည့်များနေမလား
ကစားနည်းပြပေးမယ့်သူတွေရောရှိရဲ့လား ဆိုပြီး
Beginner တိုင်းကြုံဖူးမှာပါ
ဒီအဆင့်ကို
အခု ဗလကြီးဖြစ်နေတယ့်ဘီးကျဲတွေရော
B***y shorts နဲ့ ကောင်မလေးတွေရော
လူတိုင်း ဖြတ်သန်းဖူးပါတယ်
Every master was a beginner at one point.
ဒီတော့ ရှိန်ပြီးကြောက်နေဖို့ထပ်
စပြီး လုပ်ဖြစ်အောင်သာလုပ်ဖို့လိုပါတယ်
Beginner တွေ Gym စသွားမယ်ဆို
သိထားသင့်တယ့် 5 ခုကို
Sharing လုပ်ပေးပါမယ်
1.Trying Free trials / Daily Passess
ကိုယ်ဆော့မယ့် gym က ကိုယ်နဲ့
သွားလာရေး အဆင်ပြေမပြေ vibe တူမတူ
Enjoyable environment ဖြစ်မဖြစ်ကို
အစမ်းဆော့ကြည့်သင့်ပါတယ်
ဒါမှသာ gym သွားရတာ အပမ်းမကြီးပဲ
Gym ပျော်ဘဝကို ရောက်မှာပါဗျ
2.Getting a Workout Parter
ကိုယ့်ကို တွဲခေါ်ပေးမယ့် တူတူတစ်ယောက်ရှိရင်
Beginner တွေအတွက် အရမ်းအဆင်ပြေပါတယ်
ဒါပေမယ့် partner ရွေးတယ့်အခါမှာ
Gym ပြေးပြီး ဘာစားကြစို့ဆိုတယ့်လူမျိုးထပ်
အပျင်းကြီးနေတောင် ဖုန်းဆက်ခေါ်မယ့်လူမျိုးကိုတစ်ကယ်ချမယ့်လူမျိုးကို အရွေးမှန်ဖို့
လိုအပ်မယ်နော်
3.Instructors and Membership
Gymတိုင်းလိုလိုမှာ အခြေခံနည်းစနစ်တွေ
ပြသပေးဖို့ Instructor တွေထားပေးပါတယ်
Instructor တွေက ကစားသူအသစ်ဆိုရင်
Section အနည်းငယ်ပြသပေးပါလိမ့်မယ်
( 1 to 10 sections depending on the gym)
Membership feesက gym equipment နဲ့ အခြား facilities အသုံးပြုခ ကောက်ခံတာဖြစ်ပြီး
Additional services အနေနဲ့
ပြသပေးခြင်းဖြစ်ပါတယ်
Instructor တွေက အသစ်အသစ် ထပ်ရောက်လာ
တယ့်လူတွေကို ပြသပေးရမှာဖြစ်လို့
ကစားနည်းများကို ကိုယ်တိုင် ဂရုတစိုက်
မှတ်သားထားသင့်ပါတယ်ဗျ
4.Personal Training
သင်က urgent အကြောင်းတစ်ခုခုရှိလို့ body transformation အထိရောက်ဆုံးလုပ်ချင်တာ
Athlete တွေဆိုလဲ မိိမိတို့အားကစားမှာ
Performance ပိုကောင်းချင်တာ
Injury prevention လုပ်ချင်တာ
ခါး ဒူး စတာတွေနာဖူးလို့ သေချာဂရုစိုက်ဖို့လိုတာ
လမ်းမပျောက်ဘဲ အခြေခံကောင်းကောင်းနဲ့
Foundation ကောင်းချင်တာ အဲ့လိုဆိုရင်တော့
တကယ် တတ်ကျွမ်းနားလည်တယ့်
Trainer / Coach တွေကို ငှါးရမ်းပြီး
တစ်ဦးချင်း one by one training ကို
လုပ်နိုင်ပါတယ်
Personal Training Fees က Membership fees
အပြင် Trainer/ Coach ကို ပေးရတာပါ
5.Group Fitness Classes
အုပ်စုလိုက်မှပျော်တယ်ဆိုသူတွေအတွက်လဲ
Yoga Zumba Kickboxing အစရှိသဖြင့်
အမျိုးမျိုးရှိပါတယ်
Gym မဆော့ဘဲ Class only join ချင်လဲ
Class only Fees သွင်းပြီးဆော့လို့ရပါတယ်
Class တစ်ခုမှာ အယောက် ၁၀-၃၀ လောက်ရှိတတ်လို့ Class Instructor က လူတိုင်းကို အသေးစိတ်လိုက်ကြည့်နိုင်မှာမဟုတ်ပါဘူး
ဒါဏ်ရာဟောင်းရှိသူ ရောဂါအခံရှိသူတွေတော့သတိထား သင့်ပါတယ်ဗျ