Thu Ra Kyaw - FCS

Call Directions Website Contact the business

Thu Ra Kyaw - FCS Coach & Consultant ( International Trade )

ကုန်သွယ်မှုလောကသို့ ခြေလှမ်းစတင်ချင်သူများအတွက် သတင်းကောင်း! 🚀လက်ရှိ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနဲ့ တိုးတက်မှုအမြန်...
05/10/2026

ကုန်သွယ်မှုလောကသို့ ခြေလှမ်းစတင်ချင်သူများအတွက် သတင်းကောင်း! 🚀

လက်ရှိ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနဲ့ တိုးတက်မှုအမြန်ဆုံးဖြစ်တဲ့ Export/Import & Supply Chain Management နယ်ပယ်ထဲကို ဘယ်ကစလို့ စတင်ရမလဲ မသိဖြစ်နေပါသလား?

ဒါဆိုရင်တော့ နားလည်ရလွယ်ကူပြီး စနစ်တကျ လေ့လာနိုင်မယ့် "Fundamental Export Import Class" အထူး Zoom Class လာပါပြီခင်ဗျာ

💡 သင်တန်းမှ ပို့ချသွားမည့် သင်ခန်းစာများ (Course Outline)
၃ ရက်တည်းနဲ့ ကုန်သွယ်မှုဆိုင်ရာ အခြေခံအုတ်မြစ်များကို ပြည့်ပြည့်စုံစုံ သိရှိသွားစေမည့် ခေါင်းစဉ်များ -

Introduction to International Trade
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး မိတ်ဆက်

Basic Export Import Procedures
ပို့ကုန်/သွင်းကုန် လည်ပတ်လုပ်ကိုင်မှု အခြေခံအဆင့်ဆင့်

Export Import‘s (3P)
မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဥ်များ

Documents Handling
ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်း ပြုစုခြင်းနှင့် စီမံကိုင်တွယ်ခြင်း

Introduction to Logistics Management
ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှု မိတ်ဆက်

What is Supply Chain?
ကွင်းဆက်ထောက်ပံ့ချိတ်ဆက်မှု သင်ခန်းစာများ

💻Video presentation များ အခမဲ့လေ့လာခွင့်

🎯 မည်သူတွေ တက်ရောက်သင့်သလဲ?

အခြေခံလိုအပ်သူများ
ကျောင်းသား / ကျောင်းသူများ
လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ

📅 သင်တန်းအသေးစိတ် (Schedule Details)
ရက်စွဲ: ၂၀၂၆ အောက်တိုဘာ ၂၈၊ ၂၉၊ ၃၀ ရက် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)

အချိန်: ည ၇:၀၀ နာရီမှ ၉:၀၀ နာရီအထိ

သင်တန်းကြေး: ၂၀၀,၀ဝ၀ ကျပ်
🎁 (ဦးဆုံး အပ်နှံသူ အယောက် ၂၀ အတွက် Early Bird 50% Off discount)

သင်ကြားမည့်နေရာ - Zoom Online Class

📞 ဆက်သွယ်ရန်နှင့် စုံစမ်းရန်
ဖုန်း: 09 698 229 022, 09 698 228 022
Hotlines: 09 965 250 401, 09 880 896 159

ရုံးခန်းလိပ်စာ: အမှတ်(၈)၊ အခန်း(၅၀၅၊ ၅၀၆)၊ (၅)လွှာ၊ ပန်းခြံတာဝါ၊ ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ မြေနီကုန်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ရုပ်ချောချောနဲ့လက်ညောင်းခံပြီးရေးထားတဲ့ INTERNATIONAL TRADE( အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ) ဆိုတာဘာလဲလို့မေးလာခဲ့ရင် စိတ်...
04/10/2026

ရုပ်ချောချောနဲ့လက်ညောင်းခံပြီးရေးထားတဲ့ INTERNATIONAL TRADE( အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ) ဆိုတာဘာလဲလို့မေးလာခဲ့ရင် စိတ်ဝင်စားရင်ဖတ်ကြည့်ပါ။ 🤩

International Trade ဆိုလိုရင်းကို အပိုင်း ၂ ပိုင်းခွဲခြားပြောချင်ပါတယ်။

၁။ ကုန်ပစ္စည်းများရောင်းဝယ်ဖလှယ်ခြင်း
( Cargoes Trade / Exchange )

၂။ ဝန်ဆောင်မှုများရောင်းဝယ်ဖလှယ်ခြင်း
( Service Trade / Exchange )

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

၁။ ကုန်ပစ္စည်းများရောင်းဝယ်ခြင်း ( Cargoes Trade / Exchange )

✔️ အဆင့် ၃ ဆင့်

▫️ဝယ်ခြင်း ( Import / Purchase )

မိမိနိုင်ငံမှလိုအပ်သောကုန်စည်းအား တခြားနိုင်ငံမှ ဝယ်ယူခြင်း ၊ တင်သွင်းခြင်း ၊

▫️ရောင်းခြင်း ( Export / Sales )

မိမိနိုင်ငံတွင်ရှိသောကုန်ပစ္စည်းအား တခြားနိုင်ငံသို့ရောင်းချခြင်း ၊ တင်ပို့ခြင်း ၊

▫️လဲလှယ်ခြင်း ( Barter / Exchange )

နိုင်ငံတနိုင်ငံနှင့်တနိုင်ငံ ကုန်စည်များကို ငွေကြေးဖြင့်တိုက်မပေးချေပဲ ကုန်စည်တခြနှင့်တခုတန်ဖိုးဖလှယ်ခြင်း ၊

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
၂။ ဝန်ဆောင်မှုများရောင်းဝယ်ဖလှယ်ခြင်း ( Service Trade / Exchange )

✔️လုပ်ငန်း ( ၉ )မျိုး

ဒါတွေကတော့ ကုန်သွယ်မှာ ကုန်စ္စည်းမဟုတ်ပဲ တခြားသောလုပ်ငန်းဆိုင်ရာဆက်စပ်ဝန်ဆောင်မှုများကိုဆိုလိုခြင်းဖြစ်တယ်။

▪️သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ
( Freight / Transportation Charges )

▪️ဘဏ်လုပ်ငန်း ငွေလွှဲ ငွေသွင်း ငွေထုတ် ငွေကြေးဝန်ဆောင်မှုများ
( Bank Service, Money Transfer, Financial Service , Credit or Cash Exchange )

▪️အေးဂျင့် ၊ အကျိုးဆောင် ဝန်ဆောင်မှုများ
( Logistics Services Provider, Broker , Third Parties , Fourth Parties )

▪️အကြံပေးနှင့်စီမံခန့်ခွဲမှုဝန်ဆောင်မှုများ
( Trade Business Advice, Consultation, Export Import Management )

▪️အကောက်ခွန်ရှင်းလင်းရေး ဝန်ဆောင်မှုများ
( Customs Clearance Service )

▪️ကုန်လှောင်ရုံနှင့်ကုန်စည်ထိန်းသိမ်းခြင်းဝန်ဆောင်မှုများ
( Warehouse & Cargo Handling Services )

▪️အာမခံဝန်ဆောင်မှုများ
( Cargo , Transport, Life , Export Import Credit Insurance,… )

▪️ကုန်ပစ္စည်း အရည်အသွေး ၊ အလေးချိန် ၊ စံချိန်စံညွှန်း စစ်ဆေးပေးခြင်း ဝန်ဆောင်မှု
( Inspection & Certification Service , Product Testing,…. )

▪️နည်းပညာ ၊ နည်းစနစ် ၊ ကြေညာလုပ်ငန်း ဝန်ဆောင်မှူ
( Digital & Information, Marketing & Advertising Service , E-commerce , Online Trade )

အထက်ပါအကြောင်းအရာတွေကတော့ ကုန်သွယ်ရေးမှာအဓိကပါဝင်နေကြတဲ့အခန်းကဏ္ဍများဖြစ်ပါတယ်။

International Tradeဆိုတာကျနော်တို့ရဲ့ကုန်ပစ္စည်းတွေကို Exporter or Importer လုပ်ငန်းရှင်တွေကနေ ရောင်းဝယ်လဲလှယ်ဆောင်ရွက်ခြင်းကို ဝန်ဆောင်မှုဆောင်ရွက်သူများနဲ့ ချိန်သားကိုက်စွာပေါင်းစပ်ခြင်းဖြစ်ပါတယ်။

ကုန်သွယ်ရေးရဲ့အဓိကရည်ရွယ်ချက်တွေဆိုတာ…

💸 အမြတ်အစွန်းရရှိရေး

📈 စျေးကွက်အသစ်ရှာဖွေရေး

📦လိုအပ်သောကုန်စည်ရရှိရေး

🛫 ပိုလျှံတဲ့ကုန်စည်တွေရောင်းချရေး

📊စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး

💰 နိုင်ငံခြားငွေရရှိရေး

နိုင်ငံတကာဆက်ဆံရေးတိုးတက်ရေး ဆိုတဲ့အကြောင်းအရာတွေကို ဦးတည်နေတဲ့အပြင် နောက်ကွယ်မှာ ဒီထက်ပိုမိုပြင်းထန်တဲ့ Super Power ချိန်ညှိခြင်း ၊ Trade War , Currency War ပြုလုပ်ခြင်း အစရှိတဲ့ရည်ရွယ်ချက်များရှိနေတာကို ယခုလက်ရှိစစ်ပွဲအခြေအနေများကိုဆက်စပ်တွေ့ရှိရမှာဖြစ်ပါတယ်။

ကုန်သွယ်မှုနယ်နိမိတ်ချဲ့ထွင်းခြင်းမှုစတင်လို့ စစ်ပွဲအသွင်ဆောင်လာခြင်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကနဦး​ခေတ်အစောပိုင်းတွေကတည်းကပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတွေဟာ Geopolitics အရရော political science အရပါ အတော်လေးအရေးပါတဲ့နိုင်ငံတနိုင်ငံချင်းစီရဲ့အကျိုးစီးပွါး ၊ ဩဇာအာဏာလွှမ်းမိုးမှု ၊ ငွေကြေးပါဝါထိန်းချုပ်နိုင်စွမ်း ၊ သယံဇာတအရင်းအမြစ် စတာတွေနဲ့ပြည့်နှက်နေပါတယ်။

ဘယ်လိုစစ်ပွဲတွေဖြစ်ဖြစ် ၊ ကပ်ရောဂါ ( ဥပမာ COVID )တွေဖြစ်ဖြစ် ကုန်သွယ်ကိုရပ်တန့်လိုက်လို့မရပါဘူး။ ကုန်သွယ်မှုကိုဟန့်တားစေဖို့အကြောင်းအရာတခုခုပေါ်ပေါက်လာခဲ့ရင်တောင် ကုန်သွယ်မှုဟာ တနည်းတဖုံသောနည်းလမ်းနဲ့ အသွင်ပြောင်းပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားပါတယ်။ ဒါကို sustainable development in trade လို့ခေါ်ပါတယ်။

ကုန်သွယ်မှုနဲ့ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုတွေမှာ ခေါတ်နောက်ကျကျန်ခဲ့တဲ့နိုင်ငံ သို့မဟုတ် ကုန်သွယ်မှုကိုမူဝါဒမှားယွင်းချမှတ်တဲ့အခါတိုင်းမှာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအသီးသီးမှာ ဆုတ်ယုတ်အားနည်းသွားပါတယ်။

ကုန်သွယ်ရေးဆိုတာ နိုင်ငံတိုင်းရဲ့အသက်သွေးကြောဖြစ်ပြီး ပြည်တွင်းထွက်ကုန်ဆိုတာနိုင်ငံတနိုင်ငံရဲ့ဦးနှောက်ဖြစ်ပါတယ်။ ကုန်သွယ်ရေးမူဝါဒနဲ့နိုင်ငံတကာဆက်ဆံရေးကတော့နိုင်ငံရဲ့နှလုံးသားဖြစ်လို့ ကျနော်တို့လူတိုင်းဟာ ကုန်သွယ်ရေးကိုတနည်းမဟုတ်တနည်းပတ်သတ်ရပါတယ် နားလည်ရတယ်။ ကုန်သွယ်ရေးပေါ်အခြေပြုပြီး စီးပွါးရှာကြတယ်။ Trade Balanceမှာ Economic Growth , Technology, Market Expansion , Job Creation, Price Stability , International Relations တိုးတက်လာတဲ့အခါ ကုန်သွယ်မှုသည်လည်းတိုးတက်လာစမြဲဖြစ်ပါတယ်။

နေ့စဉ်အမျှသုံးစွဲဝယ်ယူရောင်းချခြင်းဌားရမ်းခြင်း သယ်ယူပို့ဆောင်ချိတ်ဆက်ခြင်းတွေဟာ ကုန်သွယ်မှုရဲ့အခြေခံသဘောတရားတွေဖြစ်ပါတယ်။ လူတိုင်းဟာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကိုအရောင်းအဝယ်ပြုလုပ်ခြင်းနဲ့တနည်းမဟုတ်တနည်းပတ်သတ်နေတယ်ဆိုတာကိုတင်ပြရင်း ဒီနေရာမှာပဲရပ်နားလိုက်ရပါတယ်။

( နောက်ရက်များမှာ ဆက်လက်ဖော်ပြပါဦးမည် )

Thu Ra Kyaw ( FCS )



Export လုပ်ငန်းရှင်များ အဓိက သတိထားရမယ့်အချက်တွေကတော့—၁။ Buyer ကို Due Diligence လုပ်ပါBuyer က တကယ်ရှိတဲ့ Company ဖြစ်မဖ...
03/10/2026

Export လုပ်ငန်းရှင်များ အဓိက သတိထားရမယ့်အချက်တွေကတော့—

၁။ Buyer ကို Due Diligence လုပ်ပါ

Buyer က တကယ်ရှိတဲ့ Company ဖြစ်မဖြစ် စစ်ဆေးပါ။

Company Registration၊ Website၊ Trade References ရယူပါ။

အကြီးစား Order ဆိုရင် Credit Report စစ်ပါ။

Sanction List (OFAC, UN စသည်) ထဲမှာ မပါကြောင်း စစ်ဆေးပါ။

၂။ Sales Contract ကို သေချာချုပ်ပါ

Contract ထဲမှာ အနည်းဆုံး ပါသင့်တာတွေက

Product Specification
Quantity
Price
Incoterms (FOB, CIF, CFR, EXW…)
Shipment Date
Payment Terms
Inspection
Arbitration
Force Majeure

၃။ Payment Risk ကို လျှော့ချပါ

အစပိုင်း Customer အသစ်တွေနဲ့
LC (Letter of Credit)
Advance TT
DP (Documents against Payment)တို့လို ပိုလုံခြုံတဲ့ Payment Method ကို အသုံးပြုသင့်ပါတယ်။

၄။ Export Documents မှန်ကန်ရမယ်

စာရွက်စာတမ်းတစ်ခုခု မှားရင် Customs Delay ဖြစ်နိုင်ပါတယ်။

Commercial Invoice
Packing List
Sales Contract
Bill of Lading (BL)
Certificate of Origin (CO)
Export Declaration
Export License (လိုအပ်လျှင်)
SPS / Phytosanitary / Health Certificate (ကုန်ပစ္စည်းအလိုက်)
Insurance Certificate (လိုအပ်လျှင်)

၅။ HS Code ကို မှန်အောင်သတ်မှတ်ပါ

HS Code မှားရင်
Duty မှားနိုင်တယ်
Customs Fine ရနိုင်တယ်
Import Country မှာ Clearance Delay ဖြစ်နိုင်တယ်။

၆။ Import Country Regulations ကို စစ်ပါ

နိုင်ငံတိုင်းမှာ စည်းမျဉ်းမတူပါ။

FDA Registration
Food Safety
Halal
CE Mark ( European Conformity)
REACH ( Registration, Evaluation, Authorization and Restriction of Chemical )
Phytosanitary
Labeling Requirement

တို့လို သတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။

၇။ Packaging ကို စံနှုန်းအတိုင်းလုပ်ပါ

Export Carton Quality
Pallet Standard
Moisture Protection
Shipping Marks
Barcode
Country of Origin Label

၈။ Freight Forwarder ကောင်းရွေးချယ်ပါ

Forwarder ကောင်းတစ်ယောက်က

Booking
Customs Clearance
BL
Shipping Schedule
Insuranceတွေကို ကူညီပေးနိုင်ပါတယ်။

၉။ Cargo Insurance ထားရပါမည်

Sea Freight မှာContainer ပျောက်ခြင်း ၊ မီးလောင်ခြင်း ၊ ရေဝင်ခြင်း ၊ Damageဖြစ်နိုင်တဲ့အတွက် Insurance ထားသင့်ပါတယ်။

၁၀။ Currency Risk

USD, EUR, JPY Rate ပြောင်းလဲနိုင်တဲ့အတွက် Exchange Rate , Payment Date ,Bank Chargesတွေကို ကြိုတင်တွက်ချက်ထားပါ။

၁၁။ Export Compliance

မြန်မာနိုင်ငံက Export လုပ်မယ်ဆိုရင်

Exporter/Importer Registration
လိုအပ်သည့် Export License
Customs Declaration (CUSDEC)
Supporting Documents တွေကို သတ်မှတ်ချက်အတိုင်း တင်ပြရပါတယ်။

၁၂။ Record Keeping

ED
IL
Contract
Invoice
Packing List
BL
Payment Slip
Email
Inspection Report

Exporter တစ်ယောက်ရဲ့ Golden Checklist ✅

* Buyer ကို Verify လုပ်ပြီးပြီလား။
* Contract လက်မှတ်ရေးထိုးပြီးပြီလား။
* Payment Method လုံခြုံလား။
* HS Code မှန်လား။
* Export License လိုသလား။
* Commercial Invoice နဲ့ Packing List ကိုက်ညီလား။
* Certificate of Origin လိုသလား။
* Freight Forwarder Confirm ဖြစ်ပြီးလား။
* Cargo Insurance ရှိလား။
* Shipment Tracking လုပ်နေသလား။

❗️သတိထားရမှာက Export လုပ်ငန်းစဉ် လက်ရှိEarnings Policyကို သေချာအတည်ပြုပြီးမှ လုပ်ငန်းကိုစတင်စီမံအကောင်အထည်ဖော်ကြဖို့အကြံပြုချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

သင်တန်းစုံစမ်းချင်သူများအနေနဲ့…

https://www.facebook.com/share/p/19hyQH1M4X/?mibextid=wwXIfr

Thu Ra Kyaw ( FCS )
Let’s Grow Together

02/10/2026

ကိုယ်တိုင် ပို့ကုန်/သွင်းကုန်လုပ်ငန်းတစ်ခုကိုဘယ်လိုမှတ်ပုံတင်ကြမလဲ။

မသိမဖြစ်Trade Net 2.0 အကြောင်း 💡

DICA ကုမ္မဏီမှတ်ပုံတင်ရန် - https://www.myco.dica.gov.mm/public/setupaccount.aspx

Trade net 2.0 ကိုလေ့လာပြီး EIR မှတ်ပုံတင်
ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့အတွက် https://www.myanmartradenet.com/ မှာ အဆင့်ဆင့်ဖော်ပြထားပါတယ်။ လွယ်ကူရိုးရှင်းစွာလေ့လာနိုင်တဲ့အတွက် Export Importလုပ်ငန်းနဲ့ဆက်စပ်လုပ်ကိုင်နေသူတိုင်း သိရှိထားသင့်ပါတယ်။

Trade net 2.0 အကောင့်ဖွင်လှစ်ပြီးမှာသာ EIRလို့ခေါ်တဲ့ Export Import Registration ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အဖြစ်ဆက်လက် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

EIR အဖြစ်မှတ်ပုံတင်ပြီးမှသာ ဆက်လက်ပြီး Import / Export License & Permit တို့ကိုလျှောက်ထားနိုင်မှာဖြစ်ပြီး အဆိုပါ EIR နှင့် ကုမ္မဏီမှတ်ပုံတင် DICA နှင့်တကွ MACCS User Registration ( IE Code )ကို အကောက်ခွန်ဦးစီးဌာနမှာထပ်မံလျှောက်ထားမှသာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကိုလုပ်ဆောင်နိုင်ပါမယ်။

IE Code လျှောက်ထားရန် -https://www.maccs.gov.mm/pdf/re/IE%20Code%20&%20User%20Code.pdf

လုပ်ငန်းမှတ်ပုံတင်ကြေးများကို E-Commerce ချိတ်ဆက်ထားသော MPU Card ဖြင့်သာပေးချေနိုင်မှာဖြစ်ပါတယ်။



Import License လက်ဝယ်မရရှိပဲ ကုန်ပစ္စည်းတင်သွင်းလျှင် ဘာဖြစ်မလဲ ??? ဒီကုန်ပစ္စည်းတွေနဲ့ပတ်သတ်လို့ Case Study ဆွေးနွေးပေး...
30/09/2026

Import License လက်ဝယ်မရရှိပဲ ကုန်ပစ္စည်းတင်သွင်းလျှင် ဘာဖြစ်မလဲ ???

ဒီကုန်ပစ္စည်းတွေနဲ့ပတ်သတ်လို့ Case Study ဆွေးနွေးပေးချင်ပါတယ်။ ဒီပစ္စည်းတွေကို တရုတ်နိုင်ငံ ကုမ္မဏီတခုကနေ 2024 နှစ်ဦးပိုင်းမှာ မှာယူခဲ့ပါတယ်။ Production Period အနေနဲ့ ၄လတာအချိန်ယူခဲ့ပြီး Sale Contract ကိုချုပ်ဆိုခဲ့ပါတယ်။ Sale Contract မှာအရေးကြီးတဲ့ clause ၂ခုကိုထည့်သွင်းခဲ့ပါတယ်။

Clause ( 1 )

Unauthorized Shipment and Seller’s Responsibility

The Seller shall not ship, dispatch, deliver, or otherwise release any Goods to the Buyer’s country without obtaining the Buyer’s prior written authorization or approval.

If the Seller ships, dispatches, delivers, or otherwise releases any Goods without such prior written authorization or approval, the Seller shall be solely responsible for and shall fully bear and settle all liabilities, penalties, fines, duties, taxes, costs, expenses, claims, damages, and other consequences arising from or in connection with any action taken by the customs authorities or other competent authorities of the Buyer’s country.

The Seller shall, at its own cost and expense, take all necessary actions to resolve and settle such matters and shall indemnify and hold the Buyer harmless from any resulting loss, liability, penalty, cost, or expense.

Clause ( 2 )

Furthermore, the Seller shall assume full responsibility for and shall indemnify and hold the Buyer harmless from any and all legal, regulatory, customs, or commercial consequences imposed upon, incurred by, or otherwise affecting the Buyer under the laws, regulations, customs laws, or trade laws of the Buyer’s country as a result of such unauthorized shipment or delivery.

The Seller shall, at its own cost and expense, take all necessary actions to resolve, settle, and discharge any such liabilities, claims, penalties, or legal consequences and shall compensate the Buyer for any resulting loss, damage, cost, or expense.

( အထက်ပါအချက်အလက်များကို Business Lawyer Consult နှင့်သေချာတိုင်ပင်ပြီး မိမိရဲ့ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်သည် နှစ်ဦးနှစ်ဖက် သဘောတူရန်လိုအပ်ပါသည် )

Supplier ဘက်ကို အဓိကဆိုလိုထားတာက ကျနော်တို့လက်ရှိ ကုန်သွယ်မှုမူဝါဒအရ သွင်းကုန်လိုင်စင်မရှိဘဲ ကုန်ပစ္စည်းလုံးဝရောက်လို့မရပါဘူး။

အကောက်ခွန်မူဝါဒ ကြေညာအမှတ် ( ၃/၂၀၂၄ )အရ သွင်းကုန်လိုင်စင်မရှိပဲ ဆိပ်ကမ်းရောက်လာတဲ့ကုန်တွေကိုတရားမဝင်ကုန်စည်အဖြစ်သတ်မှတ်ပါတယ်။

ဝယ်ယူသူရဲ့ခွင့်ပြုချက်မရရှိပဲ ကုန်စည်တင်ပို့ခြင်းလုံးဝမပြုလုပ်ရပါဆိုတဲ့အချက်အလက်တွေကိုခိုင်ခိုင်မာမာ ထည့်သွင်းထားပါတယ်။

ကျွန်တော်စိုးရိမ်ခဲ့သလိုပါပဲ သွင်းကုန်လိုင်စင်မရရှိသေးပဲ ၅.၇.၂၀၂၄ရက်နေ့မှာ Shipping Line ကနေတဆင့် Arrival Notice ရောက်လာပြီး ၈.၇.၂၀၂၄မှာ ကမ်းကပ်ခဲ့တဲ့အတွက် အဆိုပါကုန်စည်တွေအားလုံးဟာ ၃/၂၀၂၄ အမိန့်ကြေညာစာနဲ့လုံးဝငြိစွန်းခဲ့တယ်။

ဒီလိုကိစ္စဖြစ်လာပြီဆိုရင် ဘယ်လိုဆုံးရှုံးမှုတွေရှိနိုင်မလဲ။

၁။ ကျနော်ရဲ့ container ၂လုံးကို ဆိပ်ကမ်းအာဏာပိုင်မှ သိမ်းဆည်းခဲ့ပါတယ်။

၂။ EIR ပိတ်သိမ်းခြင်း ၊ IE Code ပိတ်သိမ်းခြင်း။

၃။ Company အား နိုင်ငံပိုင်သတင်းစာတွင် Black List ကြေညာပြီး BODများအားပြည်ပထွက်ခွင့်ပိတ်တားခံရခြင်း။

၄။ Container ဆိပ်ကမ်းသို့ Demurrage Charges များလစဉ်ပေးသွင်းရခြင်း။

၅။ Shipping Line သို့ Detention Charges လစဉ်ပေးဆောင်ရခြင်း။

၆။ လိုင်စင်ရရှိရန်ကြိုးစားရခြင်း ၊ 1AV ရွေးယူဒဏ်ငွေဖြင့် အယူခံဝင်ခြင်း ၊ လေလံအောင်မြင်ရေး မျိုးစုံကြိုးစားခဲ့ရခြင်း။

၇။ စိတ်ပူပန်သောကများစွာနဲ့အလုပ်အကိုင်ပျက်ခြင်းတွေကိုရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ အရောင်းအဝယ်သဘောတူညီမှု sales contract ဟာအသက်သွေးကြောဖြစ်ပါတယ်။ ပေးပို့မှုစနစ်မှာ Incoterms ဟာလည်းအသက်သွေးကြောဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ စာအုပ်ထဲလည်းဖတ်လို့မရသလို သင်တန်းတက်ပြီးလည်းမဖြရှင်းနိုင်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။

ရေကူးနည်းစာအုပ်ဖတ်ပြီး ရေကန်ထဲခုန်ချ ရေထဲရောက်မှ စာအုပ်မာတိကာတွေ အသက်ရှုနည်း ၊ ကိုယ်လက်အနေအထားတွေလှုပ်ရှားကြည့်ခိုင်းနေသလိုပါပဲ။ Export Importလုပ်ငန်းကို စာအုပ်ဖတ်ပြီး သင်တန်းတက်ပြီးလုပ်တတ်မယ်လို့ထင်နေတာ တကယ့်ဟာသစစ်စစ်ပါ။ AIကစာတွေကူးပြီးရေးနေတာတွေကြည့်ပြီးလည်း အံ့ဩမိပါတယ်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမပြောနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တောင်ဘယ်နားရှိမှန်းမသိတဲ့ဆရာသမားများလည်း လေကြောလေးတွေလျှော့စေချင်တယ်။

ကုန်သွယ်ရေးဆိုတာ ငွေကိုသိန်းထောင် ၊ သောင်း ၊ သိန်းပမာဏအထိရင်းနှီးမြုပ်နှံထားရတာပါ။ မူဝါဒနဲ့ဥပဒေမသိပဲ မြည်းစမ်းကြည့် လက်တည့်စမ်းကြည့်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။

ကျနော့်အနေနဲ့ ကုန်တန်ဖိုးငွေ၈၀%ကို ၁၂ကြာတဲ့အခါမှာပြန်လည်ရရှိပေမယ့် အထက်မှာပြောခဲ့တဲ့အတိုင်း တခြားသောဆုံးရှုံးမှုပမာဏကို ၂နှစ်ကျော်ကြာရင်ဆိုင်ဖြတ်သန်းပြီး အခုလက်ရှိအချိန်မှာ ဆိပ်ကမ်းလေလံအောင်မြင်ပြီး ကုန်များလက်ဝယ်ရောက်ရှိနေပါပြီ။ ကုမ္မဏီလည်းပြန်လည်လက်ပတ်နေပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများကိုပြန်လည်လုပ်ကိုင်လျှက်ရှိပါတယ်။

ကုန်သည်များအနေနဲ့လည်း သွင်းကုန်လိုင်စင်ကိုလက်ဝယ်မရှိပဲ ဘယ်လို shipment ကိုမှ မစီစဉ်ပါနဲ့။ Riskယူချင်ရင်တောင် Broker or Forwarder ရဲ့ Responsibility ကိုကြည့်ပါ ၊ Background စစ်ပါ။ History တောင်းပါ။

ကုန်တွေရတဲ့အချိန်မှာ Project လည်းပြီးသွားပြီဖြစ်လို့ ဒီကုန်တွေကို ပြန်လည်ရောင်းချဖို့ဆုံးဖြတ်လိုက်ရတာပါ။

Kitchen Hood နဲ့ Induction Cooker အစုံ ( ၂၅၀ ) လက်ရှိ ကျနော့် warehouse ထဲမှာရှိနေပါမယ်။

လိုအပ်သော ကုန်သည်လုပ်ငန်းရှင်များ ကျနော် စျေးအရင်းအတိုင်းပြန်လည်ရောင်းချပေးမှာဖြစ်လို့ ကျနော့် messenger ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။😊

Thu Ra Kyaw ( FCS )

🔹🔹🔹 C . S . R Program Free Webinar 🔸🔸🔸FCS Logistics Academy သင်တန်းသားဟောင်းများ မိတ်ဆက်တွေ့ဆုံပွဲ 😇အားလုံးပဲ မင်္ဂလာပါခ...
30/09/2026

🔹🔹🔹 C . S . R Program Free Webinar 🔸🔸🔸

FCS Logistics Academy သင်တန်းသားဟောင်းများ မိတ်ဆက်တွေ့ဆုံပွဲ 😇

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

FCS Logistics Academy မှ သင်တန်းသားဟောင်းများအတွက် သီးသန့် Online ဆွေးနွေးပွဲလေး တစ်ခု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 🤝

ဒီဆွေးနွေးပွဲမှာ လုပ်ငန်းရှင်များအနေနဲ့ လက်ရှိလုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့—

🔹 အကောက်ခွန်ဒဏ်ကြေးများ

🔹 ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ

🔹 ပို့ကုန်/သွင်းကုန်လုပ်ငန်းများမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများ

🔹 လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ ပြဿနာများ

စတဲ့ အကြောင်းအရာတွေကို အတူတူဆွေးနွေးပြီး အတွေ့အကြုံများ အပြန်အလှန်မျှဝေကာ အဖြေရှာသွားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် FCS Logistics Academy ရဲ့ သင်တန်းသားဟောင်းအချင်းချင်း မိတ်ဆက်ပြီး Business Network တည်ဆောက်နိုင်ဖို့ အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။ 🤝🌐

📌 Register လုပ်ရန်

🔗 https://forms.gle/v432fwrzzyNkBpEh7

👉 အပေါ်ပါ Register Link မှာ စာရင်းပေးသွင်းပြီးနောက် Comment မှာ “Register လုပ်ပြီးပါပြီ” လို့ မန့်ပေးခဲ့ပါခင်ဗျာ။ ✅

အချင်းချင်း ဆွေးနွေးကြမယ်၊
အတွေ့အကြုံတွေ မျှဝေကြမယ်၊
Network တည်ဆောက်ကြမယ်။ 🤩

လုပ်ငန်းများ အဆင်ပြေတိုးတက်ကြပါစေခင်ဗျာ။ 🙏






“If you want a better life, you have to do better work.”( ပိုကောင်းတဲ့ဘဝကိုရချင်ရင် ပိုကောင်းတဲ့အလုပ်တွေကိုလုပ်ရတယ်။ ) ပ...
29/09/2026

“If you want a better life, you have to do better work.”
( ပိုကောင်းတဲ့ဘဝကိုရချင်ရင် ပိုကောင်းတဲ့အလုပ်တွေကိုလုပ်ရတယ်။ )

ပိုကောင်းတဲ့အတွေးတွေ တွေးတောနိုင်ရတယ် ပိုမိုကောင်းမွန်တဲ့စိတ်ဓါတ်တွေ ၊ ခံယူချက် ၊ လုပ်ရပ် ၊ ကျင့်ကြံရတာပဲမဟုတ်လား။

နေ့စဉ်ဘဝမှာ အေးအေးချမ်းချမ်းနေချင်တယ် ၊ တနေ့ထက်တနေ့ပိုပြီးချမ်းသာတဲ့ဘဝကိုရချင်တယ် ၊ အဆင်ပြေချင်တယ်ဆိုတာတွေအားလုံးဟာ ကြိုးစားအားထုတ်ပြီး ရယူပြီးမှရလာတွေချည်းပါပဲ။

အပေါစား အညံ့စားစိတ်ဓါတ်တွေနဲ့တော့ အကောင်းစားဘဝတွေကိုတော့ မရနိုင်ဘူး။

လူတစ်ယောက်အရည်အသွေးဆိုတာလည်း အကြာကြီးဖုံးကွယ်သိုဝှက်ထားလို့ရတာမျိုးမဟုတ်ပါဘူး။

ဒီလိုအရည်အချင်းကို IQ ( Intelligent Quotient )လို့ခေါ်တယ်။ တော်တယ်ထက်တယ် ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်နိုင်တယ်ဆိုရင် လိမ်လို့မရဘူး။ သူ့ရဲ့လုပ်ရှားပြုမူပြောဆိုပုံတွေကတဆင့် သိသာထင်ရှားစွာမြင်ရတယ်။

EQ ခေါ်တဲ့Emotional Quotient ဆိုတာလည်း စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအရည်အသွေးတစ်ခုပဲ။ အရည်အသွေးနိမ့်ပါးလေ သိသိသာသာမြင်ရလေပဲ။ EQနိမ့်တာလည်းလိမ်လို့မရသလို အရည်အသွေးမြင့်ရင်လည်းဖွက်ထားလို့မရဘူး။ ကိုယ်ရေးကိုယ်တာ ပြဿနာကို လုပ်ငန်းအပေါ်မှာ ပုံချတယ် ဖောက်ချတယ်။ လုပ်ငန်းရဲ့ပြဿနာကို မိသားစုဆီသယ်သွားတယ်။ တချိန်လုံးပူလောင်နေပြီး ဘယ်သူ့ဖြစ်ဖြစ် ရန်သူလိုသတ်မှတ်နေတယ်။

EQနိမ့်ပါးတဲ့သူတော်တော်များများဟာ မောဟ ၊ လောက ၊ ဒေါသကြီးကြတယ်။

နောက်တခုကတော့ ကျနော် အရမ်းသဘောကျတဲ့ AQ ( Adversity Quotient )ဆိုတာ အခက်အခဲဘယ်လိုကြုံရကြုံရရင်ဆိုင်ဖြေရှင်းနိုင်တာကိုတိုင်းတာတဲ့စွမ်းရည်ပဲ။ ပြဿနာကြုံလည်းလက်မလျော့ဘူး။ စိတ်ဓါတ်မကျသွားဘူး။ IQ နဲ့ EQကောင်းလွန်းလည်း AQမကောင်းရင်ပြိုလဲတာပဲ။ ကျဆုံးတာပဲ။

လူဆိုတာဆုံးရှုံးနိုင်တယ် ပြိုလဲနိုင်တယ် မှားယွင်းနိုင်တယ်။ဒီလိုကိစ္စတွေကြုံတိုင်း ပြန်လည်ရပ်တည်နိုင်တယ် ပိုပြီးကောင်းမွန်တိုးတက်အောင်လုပ်နိုင်တယ်ဆိုတာAQမြင့်မားတာပဲ။

တနည်းအားဖြင့် Resilience လို့ခေါ်တဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုရှိတာ ဇွဲလုံ့လကြီးတာ ပြဿနာနဲ့အခက်အခဲကိုအသုံးချပြီးအခွင့်အလမ်းကိုရယူတတ်တာပဲ။ ဒီလိုစွမ်းရည်မျိုးဆိုတာ သိပ်ကိုထူးချွန်တဲ့ခေါင်းဆောင်တွေဆီမှာပဲရှိတယ်။

ကျနော်တို့ရဲ့ဘဝမှာအောင်မြင်ဖို့အတွက်ဆိုရင် AQ မပါလို့မဖြစ်ဘူး။ ဒီလိုအခက်အခဲကာလမှာ AQအတွက်ကျနော်တို့ လေ့ကျင့်တည်ဆောက်ကြတာပေါ့ဗျာ။ ကျွမ်းကျင်လိမ္မာပါးနပ်မှုဆိုတာ ရေရှည်ကွယ်ဝှက်ထားလို့ရတဲ့အရာမဟုတ်ပါဘူး။ ခင်ဗျားရဲ့အထက်လူကြီးဟာ ထိုင်ခုံမှာထိုင်ပြီး မျက်စိ နား ပိတ်နေတာမဟုတ်ဘူး။

ဘောလုံအသင်းက နည်းပြ Coach & Manager တွေမြင်ဖူးတယ်မလား ကစားကွင်းထဲသူတို့ဝင်ကန်တာမြင်ဖူးလို့လား ဂိုးသွင်းလို့လား ဂိုးဖမ်းလို့လား အမောခံ အပင်ပန်းခံနေလို့လား။ သူ့ရဲ့တာဝန်က ဒီလိုကိစ္စတွေမဟုတ်ဘူး နေရာတခုချင်းစီမှာ ထူးချွန်ပြောင်မြောက်တဲ့သူတွေကို အံ့ကိုက်ရွေးချယ်ခန့်အပ်ထားနိုင်ဖို့ပဲ။ ခင်ဗျားရဲ့ထူးချွန်တဲ့အရေးအသွေးကို မြေတောင်မြှောက်ပေးဖို့ပဲ။ ကျောက်ရိုင်းတစ်တုံးကိုတန်ဖိုးရှိအောင် ထမ်းတင်နိုင်ဖို့နဲ့တန်းတင်နိုင်ဖို့ပဲ။

တကယ်တော်တဲ့သူတွေအတွက် အခွင့်အရေးဆိုတာ သေချာပေါက်ရောက်လာမယ့် ဆုလဒ်တခုပဲ။ လုပ်ငန်းခွင်မှာ IQ , EQ ,AQ နိမ့်ပါးသူတွေနဲ့ဝေးဝေးမှာနေပြီး ဘူကောင်တွေကိုရှောင်ပါ။ ခေါင်းဆောင်အရည်အသွေးမရှိကြသူတွေမှာ အကောင်းမမြင်စိတ်များတယ်။

Thu Ra Kyaw ( FCS )

Breaking News : ရန်ကုန်တွင် အခုညပိုင်း မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် ပစ္စည်းများသိမ်းဆည်းရန် လိုက်လံသတိပေးနေ ….ရန်ကုန...
28/09/2026

Breaking News : ရန်ကုန်တွင် အခုညပိုင်း မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် ပစ္စည်းများသိမ်းဆည်းရန် လိုက်လံသတိပေးနေ ….

ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်အချို့တွင် အသံချဲ့စက်များဖြင့် မုန်တိုင်းအန္တရာယ်သတိပေးလျက်ရှိပါသည် ။ အခုညပိုင်း(၉)နာရီခန့်အချိန်တွင် မုန်တိုင်းဝင်ရောက်နိုင်ပြီး ပြည်သူများအနေဖြင့် အရေးကြီးသည့်စာရွက်စာတမ်းနှင့် တန်ဖိုးကြီးပစ္စည်းများကို ကြိုတင်ထုတ်ပိုးထားရန် ၊ အရေးပေါ်ဆေးဝါးများကို အဆင်သင့်ထားရှိရန် လိုက်လံကြေညာနေကြောင်း ရပ်ကွက်နေပြည်သူများဆီမှ သိရသည် ။

#မုန်တိုင်းသတင်း #ရန်ကုန်

0️⃣7️⃣ 1️⃣1️⃣ 2️⃣0️⃣2️⃣6️⃣ နေ့မှာ International Trade’s Supply Chain လို့ခေါ်တဲ့ “အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၏ထောက်ပံ့ရေ...
27/09/2026

0️⃣7️⃣ 1️⃣1️⃣ 2️⃣0️⃣2️⃣6️⃣ နေ့မှာ International Trade’s Supply Chain လို့ခေါ်တဲ့ “အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၏ထောက်ပံ့ရေးကွင်းဆက်များ” သင်တန်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

( 6️⃣ )လလျှင်တကြိမ်သာဖွင့်လှစ်မယ့် သင်တန်းအကြောင်းနဲ့ပတ်သတ်ပြီး https://www.facebook.com/share/p/1RCTfzfCwZ/?mibextid=wwXIfr အသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၁ )

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှနှင့်ပတ်သတ်သော လုပ်ငန်းစဉ်နှင့်လုပ်ထုံးလုပ်နည်းများကို အခြေခံမှစလို့လည်ပတ်လုပ်ကိုင်နိုင်သိအထိသိရှိနိုင်မှာဖြစ်ပါတယ်။ ( Local Trade to Global Trade )

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၂ )

ပို့ကုန် / သွင်းကုန်လုပ်ငန်းမှ ရရှိသော ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း ( Trade Financing )နှင့် သွင်းကုန်လိုင်စင်ရရှိရန် လျှောက်ထားရာတွင် အဓိကသိရှိရမည့် အချက်အလက်များကို တိတိကျကျဆွေးနွေးသင်ကြားပေးမှာဖြစ်ပါတယ်။ ( Bank Policies & Licensing Procedures )

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၃ )

Logistics & Supply Chain ပညာရပ်ဖြင့် နိုင်ငံတကာမှာ အသက်မွေးဝမ်းကြောင်းပြုလိုသူများ ၊ International Tradeပညာရပ်ဖြင့် ပြည်ပတွင် Diploma , Degree , Master အထိတကရောက်လိုသူများ ၊ အုပ်ချုပ်ရေးအဆင့်အတန်းမြှင့်တင်လိုသူများအတွက် အကျိုးကျေးဇူးအများဆုံးရရှိမှာဖြစ်ပါတယ်။

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၄ )

အပြည်ပြည်ဆိုင်ရာ Shipping Line , Airline , Freight Forwarding, Border Trucking , Broker များနှင့်ချိတ်ဆက်ဆောင်ရွက်မှုနည်းလမ်းများ ၊ Quotation များနှိုင်းယှဉ်စစ်ဆေးရွေးချယ်ခြင်း ၊

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၅ )

Customs Clearance Procedures, Port Operations, Duties Tax Calculations, Tax Policies, Incoterms 2020 , Trade Compliance, Freight Arrangements များကိုရှင်းလင်းဆွေးနွေးခြင်း ၊

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၆ )

Export Import Business ( SOP )
Shipment Operations ( SOP )
Documents Filing System ( SOP ) များရေးဆွဲစီစဉ်ချမှတ်ခြင်း ၊

✅ သင်တန်းမှရရှ်နိုင်မည့်အခွင့်အရေး ( ၇ )

လုပ်ငန်းရှင်များ၏ Business Networks Community ရရှိပြီး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ဆသာအခွင့်အလမ်းများရရှိနိုင်မှာပါ။

အထူးအခွင့်အရေးအနေနဲ့ လုပ်ငန်းရှင်များအတွက်

✨ပထမဆုံးအပ်နှံသူ ( ၂၀ )ဦး နှင့် သင်တန်းသားဟောင်းများအတွက် ကျပ် ( ၁ )သိန်းသက်သာခွင့်
✨free counseling ၊
✨Video Presentation ၊
✨Zoom Recording ၊
✨Lunch & Coffee ၊
✨Port Visit

ရရှိမှာဖြစ်ပါတယ် 🤩


Thu Ra Kyaw - FCS
FCS Group Of Companies
FCS Global Logistics

26/09/2026

Address

No. 8, Dhamazaydi Road & Bargayar Rd, Pan Chan Tower , Myay Ni Gone Qtr, Sanchaung Township
Yangon
11141

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+95943070050

Alerts

Be the first to know and let us send you an email when Thu Ra Kyaw - FCS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Ra Kyaw - FCS:

Shortcuts

Share