Thu Ra Kyaw - FCS

Thu Ra Kyaw - FCS Coach & Consultant ( International Trade )
(1)

31/08/2026

မင်္ဂလာပါခင်ဗျာ 😊

EIBD ( Export Import Business Development ) Class သင်တန်းက ၄လမှာ ၁ခေါက်လောက်ပဲဖွင့်နိုင်တာပါ။

စိတ်ဝင်စားတက်ရောက်လိုတဲ့မိတ်ဆွေများအတွက် သင်တန်းနေရာ ၅နေရာအထိသာ ထပ်မံလက်ခံနိုင်ပါတော့မယ်ခင်ဗျ။

ဒီသင်တန်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

✅ Export Import Business စတင်လုပ်ကိုင်လိုသူများ

✅ Trading Company တည်ထောင်လိုသူများ

✅ Logistics & Supply Chain Industry တွင် Career တိုးတက်လိုသူများ

✅ Warehouse Operation ကို လက်တွေ့နားလည်လိုသူများ

✅ လုပ်ငန်းအတွေ့အကြုံကို Professional Level အထိ မြှင့်တင်လိုသူများ

✅အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကိုလုပ်ကိုင်လိုသော ကိုယ်စားလှယ်များ

✅ပို့ကုန်/သွင်းကုန် Export Import ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ

✅Logistics ကုမ္ပဏီတွင်လုပ်ကိုင်နေကြသောသူများ

✅နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးသိရှိလိုသူများ

📚 ဒီသင်တန်းမှာ ဘာတွေကိုလေ့လာရမှာလဲ? (Course Outline)

🌟 Trading Company Setup Procedures (DICA, MOC, Tradenet, Bank Policy)

🌟 Export Import Processes & Procedures

🌟 Shipping Documents Handling

🌟 Fundamental of Warehouse Operation

🌟 Role of Warehousing in Export Import Cycle

🌟 Concept of Warehouse & Logistics in Supply Chain

🌟 Exportation & Importation Guideline

🌟 Customs Duties & Taxes Calculation

🌟 Customs Tariff (HS Code)

🌟 Customs Rules & Regulations

🌟 7R in Logistics Service Provider

🌟 Port Operation

🌟 Port Visit (စာတွေ့ + လက်တွေ့)

⚓ အထူးအစီအစဉ်

သီအိုရီသင်ခန်းစာများသာမက Port Visit အစီအစဉ်ပါ ပါဝင်တာကြောင့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကိုယ်တိုင်သွားရောက်လေ့လာပြီး လက်တွေ့အတွေ့အကြုံ ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျ

👨🏻‍🏫 Lecturer

Thu Ra Kyaw ( FCS )
FCS Logistics Academy

Htwe Kyi
Warehouse Operations Management

BATCH - 4️⃣0️⃣

Start Date - 05.09.2026 ( Sat )

Duration - 3 Days

Time - 10:00 - 4:00 ( PM )

Location - KBZ Life Insurance ( Bahan Township )

☎️ 09698229022 , 09698228022 , 09698227022

Fundamental Export Import Procedures & Processes သင်တန်း အောင်မြင်စွာပြီးဆုံးပါပြီ။ တက်ရောက်ကြတဲ့တဦးချင်းစီတိုင်း ပို့ကု...
30/08/2026

Fundamental Export Import Procedures & Processes သင်တန်း အောင်မြင်စွာပြီးဆုံးပါပြီ။

တက်ရောက်ကြတဲ့တဦးချင်းစီတိုင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းနယ်ပယ်မှာ ဆထက်တပိုး တိုးတက်အောင်မြင်ကြပါစေ လို့ဆုမွန်ကောင်းပြုလိုက်ရပါတယ် 🙏🏻🙏🏻🙏🏻

Thu Ra Kyaw ( FCS )

သင်တန်းစတင်ဖို့ 8️⃣ ရက်ပဲ လိုပါတော့တယ်!⏳FCS LOGISTICS ACADEMY ရဲ့ EXPORT IMPORT BUSINESS DEVELOPMENT (BATCH – 40) သင်တန်...
27/08/2026

သင်တန်းစတင်ဖို့ 8️⃣ ရက်ပဲ လိုပါတော့တယ်!⏳

FCS LOGISTICS ACADEMY ရဲ့ EXPORT IMPORT BUSINESS DEVELOPMENT (BATCH – 40) သင်တန်းစတင်ဖို့ 8️⃣ ရက်ပဲ လိုပါတော့တယ်! ✨

အခုအချိန်မှာ သင်တန်းအပ်မယ့် သင်တန်းသားများအတွက် နောက်ထပ်သင်တန်းသား 8️⃣ ဦးသာ လက်ခံသွားတော့မှာ ဖြစ်ပါတယ်ခင်ဗျ! 🎁🔥

မိမိကိုယ်ပိုင် ပို့ကုန်/သွင်းကုန် စီးပွားရေးလုပ်ငန်းကို အခြေခံမှစပြီး စနစ်တကျ လက်တွေ့ကျကျ လုပ်ကိုင်ချင်တယ်ဆိုရင်တော့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ!

📍 Batch - 40

📅 သင်တန်းကာလ- ၃ရက် (5.9.2026-6.9.2026-12.9.2026)
(Saturday-Sunday & Saturday )

⏰ အချိန် – 10:00 AM – 4:00 PM

🏫 Class Type – On Campus

💰 သင်တန်းကြေး – 500,000 MMK

📞 Contact Us: 09 698 229 022, 09 698 228 022,09 796297196,09 758206702

📍 သင်တန်းလိပ်စာ :No.520, KBZ Life Insurance Office၊ ပြည့်ဝကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်၊ရန်ကုန်။ (သင်တန်းလိပ်စာကိုအောက်တွင် Maps Link ချပေးထားပါတယ်)

Location Link : https://maps.app.goo.gl/3F4HQd5UYqEnfwJv7?g_st=ic

#

🔹ပို့ကုန်လုပ်ငန်းစဉ် (𝐄𝐱𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐜𝐞𝐬𝐬)🔹( 𝐏𝐚𝐫𝐭 - 𝟐 )https://www.facebook.com/share/p/19FQbLxK82/?mibextid=wwXIfrအပိုင်း ( ...
26/08/2026

🔹ပို့ကုန်လုပ်ငန်းစဉ် (𝐄𝐱𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐜𝐞𝐬𝐬)🔹

( 𝐏𝐚𝐫𝐭 - 𝟐 )

https://www.facebook.com/share/p/19FQbLxK82/?mibextid=wwXIfr

အပိုင်း ( ၁ ) မဖတ်ရသေးသူများအနေနဲ့ အထက်ပါလင့်ကိုလေ့လာပြီးမှ အောက်ပါ အပိုင်း ( ၂ )ကိုဆက်လက်ဖတ်ရှု့စေချင်ပါတယ်ခင်ဗျ…

သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ နယ်မြေထိစပ်သောနိူင်ငံများအတွက် 𝐭𝐫𝐮𝐜𝐤 & 𝐭𝐫𝐚𝐢𝐧 အများဆုံးအသုံးပြုပြီး ဝေလံသောနိုင်ငံများအတွက် အချိန်နှင့်လိုအပ်ချက်ကိုတွက်ချက်ပြီး 𝐚𝐢𝐫𝐥𝐢𝐧𝐞 & 𝐬𝐡𝐢𝐩𝐦𝐞𝐧𝐭 ဖြင့်သယ်ယူကြသည်။ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ ရေ နှင့် အစရှိသော ကုန်စည်များအတွက် 𝐏𝐢𝐩𝐞 𝐥𝐢𝐧𝐞 ဖြင့် သယ်ဆောင်ကြသည်။ 𝐌𝐮𝐥𝐭𝐢𝐦𝐨𝐝𝐚𝐥 ဘက်စုံသုံးပေးပို့မှုအား 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐞𝐬တွင်အများဆုံးတွေ့ရှိလာရခြင်းဖြစ်ပါတယ်။

ဒီလိုကုန်တင်ယာဉ်စီမံခန့်ခွဲခြင်းနဲ့ကုန်စည်ပေးပို့ခြင်း( 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 )ဆိုတာကုန်သွယ်မှုရဲ့အဓိကပင်မသွေးကြောဆိုရင်မမှားသလိုတနည်းအားဖြင့်ကုန်စည်ရဲ့စားရိတ်ကုန်ကျမှုအကြီးမားဆုံးဖြစ်ပါတယ်။ ဒီစားရိတ်ကိုစနစ်တကျစီမံခွဲနိုင်မှသာကုန်စည်ရဲ့တန်ဖိုးကိုထိန်းချုပ်နိုင်ပါမယ်။ ဒီလိုပို့ဆောင်ချိတ်ဆက်စီမံခန့်ခွဲမှုကိုလုပ်ဆောင်တဲ့အခါ ကုန်သည်များအနေနဲ့ 𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬ကိုသိရှိနိုင်လည်ရပါမယ်။

𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬ဆိုတာ𝐈𝐂𝐂 ( 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐚𝐦𝐛𝐞𝐫 𝐨𝐟 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐞 )အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ သယ်ယူပေးပို့မှုနှင့်ကုန်ရောင်းသူဝယ်သူတာဝန်ယူဆောင်ရွက်ရမည့် ပုံစံများအတွက် 𝟏𝟗𝟓𝟑 , 𝟏𝟗𝟔𝟕 , 𝟏𝟗𝟕𝟔 , 𝟏𝟗𝟖𝟎 , 𝟐𝟎𝟎𝟎 , 𝟐𝟎𝟏𝟎 & 𝟐𝟎𝟐𝟎 ခုနှစ်များအတွက် 𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬 ကိုအဆင့်ဆင့် ပြင်ဆင်ဖြည့်စွက်ခဲ့ကြတယ်။

ယခင်တပတ်မှာကျနော်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့် 𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬 𝟐𝟎𝟐𝟎 အကြောင်းအရာတွင် ကုန်ပစ္စည်းပေးပို့ရာတွင် 𝐂𝐨𝐬𝐭 , 𝐑𝐢𝐬𝐤 , 𝐎𝐛𝐥𝐢𝐠𝐚𝐭𝐢𝐨𝐧တို့အားကုန်စည်ပေးပို့ရာတွေလိုက်နာနိုင်ရန်အတွက် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။

ထို 𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬 များမှာ ယနေ့ကုန်သွယ်မှုရေးရာများတွင် အသုံးပြုလျက်ရှိကြပြီး ကုန်သွယ်မှုပြုလုပ်သူများအနေဖြင့်𝐈𝐧𝐜𝐨𝐭𝐞𝐫𝐦𝐬ကို သိရှိနားလည်ထားရပါတယ်။

4️⃣ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများရှင်းလင်းပြုစုခြင်းအစရှိသည့်လုပ်ငန်းစဉ်များ

ပို့ကုန်/သွင်းကုန်လုပ်ငန်းမှာ 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐞𝐬 နဲ့ 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐞𝐬 ဆိုပြီး အဓိကလုပ်ငန်းစဉ် ( ၂ ) မျိုးရှိပါတယ်။ ဒီအထဲကမှ 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐞𝐬စာရွက်စာတမ်းလုပ်ငန်းစဉ်အကြောင်းကို အထူးသတိထားဆောင်ရွက်ရပါတယ်။ အမှားအယွင်းမခံတဲ့လုပ်ငန်းစဉ်လည်းဖြစ်တဲ့အတွက် ကုန်သွယ်မှုမစတင်ခင်မှာစနစ်တကျစိစစ်သင့်တာပဲဖြစ်ပါတယ်။

(က) ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင် ၊ ( 𝐃𝐈𝐂𝐀 / 𝐌𝐈𝐂 )

(ခ) ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်ထုတ်ကုန်ခွင့်ပြုမှတ်ပုံတင် ၊ လိုင်စင် ၊ ပါမစ် ( 𝐄𝐈𝐑 / 𝐓𝐫𝐚𝐝𝐞𝐧𝐞𝐭 𝟐.𝟎 / 𝐈𝐋/𝐈𝐏/𝐄𝐋/𝐄𝐏 )

(ဂ) အကောက်ခွန်ဦးစီးဌာနမှ ခွင့်ပြုချက် (𝐈𝐄 𝐂𝐨𝐝𝐞)၊

(ဃ) ငွေပေးချေမှုအတွက် 𝐁𝐚𝐧𝐤𝐢𝐧𝐠 လုပ်ငန်းဆောင်ရွက်ချက် ၊ ( 𝐦𝐦𝐤 / 𝐮𝐬𝐝 / 𝐛𝐚𝐡𝐭 / 𝐲𝐮𝐚𝐧 )

(င) ကုန်ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး ဝန်ကြီးဌာနထောက်ခံချက်လိုအပ်ပါတယ်။ ဥပမာ-အစားအသောက် ၊ ဆေးဝါးဆိုလျှင် 𝐅𝐃𝐀 ထောက်ခံချက် ၊ အသားငါးနဲ့ရေထွက်ကုန်ဆို ငါးဦးစီးထောက်ခံချက် ၊ သစ်ပင်ပန်းမန်တွင်းထွက်ဆိုလျှင် သဘာဝနှင့်သယံဇာတဦးစီးထောက်ခံချက်အစရှိတဲ့ နိုင်ငံတော်အဆင့်ထောက်ခံချက်တွေလိုအပ်မှာဖြစ်ပါတယ်။

(စ) ပို့ကုန်/သွင်းကုန်အကောက်ခွန်ရှင်ရလင်းရေးကိုယ်စားလှယ်များနဲ့ချိတ်ဆက်လုပ်ဆောင်ခြင်းကိုဆောင်ရွက်ရပါတယ်။ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐂𝐚𝐫𝐠𝐨 𝐂𝐥𝐞𝐚𝐫𝐚𝐧𝐜𝐞 𝐒𝐲𝐬𝐭𝐞𝐦 ( 𝐌𝐀𝐂𝐂𝐒 ) ၏ 𝐈𝐦𝐩𝐨𝐫𝐭&𝐄𝐱𝐩𝐨𝐫𝐭 𝐃𝐞𝐜𝐥𝐚𝐫𝐚𝐭𝐢𝐨𝐧 များကို အကောက်ဦးစီးဌာနမှတရားဝင်ခန့်အပ်ထားသော ( 𝐂𝐮𝐬𝐭𝐨𝐦𝐬 𝐁𝐫𝐨𝐤𝐞𝐫 ) အကောက်ခွန်ကိုယ်စားလှယ်များမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အစရှိသော 𝐂𝐮𝐬𝐭𝐨𝐦𝐬 𝐀𝐠𝐞𝐧𝐭များ ၊ 𝐁𝐫𝐨𝐤𝐞𝐫များ ၊ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐯𝐢𝐝𝐞𝐫 များမှ အကောက်ခွန်ရှင်းလင်းခြင်း ၊ သင်္ဘောတင်စာရွက်စာတမ်း ၊ 𝐁𝐚𝐧𝐤𝐢𝐧𝐠 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 အစရှိသောလုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာဆောင်ရွက်ရပါတယ်။

𝐄𝐱𝐩𝐨𝐫𝐭 & 𝐈𝐦𝐩𝐨𝐫𝐭 𝐂𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုလည်ပတ်​လုပ်ကိုင်ရာတွင် ရင်ဆိုင်ရမည့် အခွန်အခများနဲ့ပတ်သတ်ပြီးအများစုကတော့ 𝐓𝐫𝐚𝐝𝐢𝐧𝐠 လုပ်ငန်းစဉ်ဘက်ကဖြစ်လို့ 𝐓𝐫𝐚𝐝𝐞 ဘက်ကနေ ပြောသွားပါ့မယ် 𝐂𝐨𝐦𝐩𝐚𝐧𝐲 ဆိုတာဟာ 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေ ဖြစ်ပြီး ပြည်ပမှတင်သွင်းမယ်ဆိုရင် 𝐂𝐮𝐬𝐭𝐨𝐦𝐬 𝐃𝐮𝐭𝐲 (အကောက်ခွန်) ၊ 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐭𝐚𝐱 (ကုန်သွယ်ခွန်) ၊ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐈𝐧𝐜𝐨𝐦𝐞 𝐓𝐚𝐱 (ကြိုတင်ဝင်ငွေခွန်) ၊ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐆𝐨𝐨𝐝𝐬 𝐓𝐚𝐱 (အထူးကုန်စည်ခွန် )ဆိုတာဆောင်ရပါတယ်။

𝐄𝐗𝐏𝐎𝐑𝐓 ဆိုရင်တာ့ တော်တော်များ 𝐜𝐮𝐬𝐭𝐨𝐦𝐬 𝐃𝐮𝐭𝐲 နှင့် 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐓𝐚𝐱 ကင်းလွတ်တာမို့ ကြိုတင်ခွန် ၂ % သာဆောင်ရပါတယ်…

ပုံမှန်အားဖြင့် နိင်ငံခြားက ပစ္စည်းတခုခုတင်သွင်းမယ်ဆိုရင်…
𝐂𝐮𝐬𝐭𝐨𝐦𝐬 𝐃𝐮𝐭𝐲 ( 𝐂𝐃)
𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐓𝐚𝐱 ( 𝐂𝐓 )
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐓𝐚𝐱 ( 𝟐% )
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐆𝐨𝐨𝐝𝐬 𝐓𝐚𝐱 ( 𝐒𝐆𝐓 )
စတဲ့ အခွန် ( ၄ ) ရပ်ကို တင်သွင်း/ တင်ပို့ ရန်ကုန်ဆိပ်ကမ်းအရောက်စျေးပေါ်မှာဆောင်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အပိုင်း ( ၂ )ကိုရပ်နားပြီးနောက်ရက်များမှာ ပို့ကုန်ရငွေ ( 𝐄𝐱𝐩𝐨𝐫𝐭 𝐄𝐚𝐫𝐧𝐢𝐧𝐠 )နဲ့ သွင်းကုန်လုပ်ငန်းကိုဘယ်လိုစတင်မလဲဆိုတာကို အပိုင်း ( ၃ ) အနေနဲ့ဆွေးနွးပေးသွားပါမယ်။

စာဖတ်သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျနော့်မျှဝေမှုကနေအကျိုးကျေးဇူးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။ကောင်းသောညချမ်းဖြစ်ကြပါစေ။ အခက်အခဲတွေကြားကအဆင်ပြေတိုးတက်ကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်။

✅ သင်တန်းတက်ရောက်လိုသူများအတွက် -

Export Import Business Development ( EIBD ) Class

🆕 သင်တန်းအပတ်စဉ် - 4️⃣0️⃣

📅 Date - (5.9.2026-6.9.2026-12.9.2026)
(Saturday-Sunday & Saturday )
⏰ အချိန် – 10:00 AM – 4:00 PM
🏫 Class Type – On Campus
💰 သင်တန်းကြေး – 500,000 MMK
( Quick Enroll Now to 31.8.26 ) 50,000 MMK Free

Thu Ra Kyaw ( FCS )



#𝐋𝐞𝐭𝐬𝐆𝐫𝐨𝐰𝐓𝐨𝐠𝐞𝐚𝐭𝐡𝐞𝐫

25/08/2026

🔹ပို့ကုန်လုပ်ငန်းစဉ် (𝐄𝐱𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐜𝐞𝐬𝐬)🔹

( 𝐏𝐚𝐫𝐭 - 𝟏 )

မင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ပြည်ပနိုင်ငံကိုကုန်ပစ္စည်းတင်ပို့ရောင်းချမယ့်လုပ်ငန်းရှင်များအတွက်ပို့ကုန်ဆိုင်ရာအကြောင်းနဲ့ပတ်သတ်ပြီးလေ့လာနိုင်ရေးသားဆွေးနွေးထားပါတယ်

ကုန်သွယ်မှုဆိုတာလူနဲ့ကင်းလွတ်လို့မရနိုင်ပါဘူး။ကျနော်တို့ရဲ့နေ့စဉ်နဲ့အမျှလိုအပ်ချက်များကို ငွေကြေး ၊ ကုန်ပစ္စည်း ၊ ကာယအား ၊ ဥာဏအားဖြင့်တနည်းတဖုံ အလဲအလှယ်ပြုလုပ်ရင်းကုန်သွယ်မှုပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ နေ့စဉ်ရှင်သန်လည်ပတ်နေတဲ့လူမှုပတ်ဝန်းကျင်တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကုန်သွယ်မှုလုပ်ငန်းဟာလည်းအဆက်မပျက်အစဉ်ဆက်တိုးတက်ပြောင်းလဲနေတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမှာ ပို့ကုန်နဲ့သွင်းကုန်ဆိုပြီးကဏ္ဍနှစ်ခုဆိုပြီးရှိပါတယ်။ ပို့ကုန်များများတင်ပို့နိုင်တဲ့ထုတ်လုပ်မှုစွမ်းအားမြင့်မားတဲ့နိုင်ငံတွေဟာတိုင်းပြည်အတွက်ပြည်ပငွေကြေးရှာဖွေနိုင်သူများဖြစ်သည့်အတွက် ပို့ကုန်လုပ်ငန်းများများလုပ်ကိုင်နိုင်ရန် နိုင်ငံအသီးသီးမှကုန်သည်များအတွက် လွယ်ကူအဆင်ပြေသောနည်းလမ်းမူဝါဒများကိုအစဉ်အမြဲချမှတ်ပေးလျက်ရှိပါတယ်။ပို့ကုန်များလေ နိုင်ငံခြားဝင်ငွေရရှိလေပါ။ တင်ပို့တဲ့ကုန်ပစ္စည်းတွေမှာ ကုန်ကြမ်းဆိုတာထက်ကုန်ချောအရည်အသွေးမြင့်မားတဲ့ကုန်ပစ္စည်းတွေကိုတင်ပို့နိုင်ဖို့အတွက် ပိုမိုလိုအပ်ပါတယ်။

ပို့ကုန် (Export) လုပ်ငန်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအတွက် အလွန်အရေးကြီးတဲ့ အခြေခံထောက်တိုင်တစ်ခု လို့ပြောလို့ရပါတယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံလို သဘာဝအရင်းအမြစ်နဲ့ လုပ်သားအင်အားရှိတဲ့နိုင်ငံမှာ Export က ပိုပြီးအရေးကြီးပါတယ်။

မိမိရဲ့ထုတ်ကုန်ကို နိုင်ငံတကာကိုတင်ပို့ဖို့အတွက်ဘယ်လိုလုပ်ငန်းစဉ်အဆင့်ဆင့်တွေ လိုအပ်မလဲဆိုတဲ့အခြေခံလိုအပ်ချက်သဘောတရားဖြင့် မျှဝေပေးချင်ပါတယ်။

1️⃣မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် 𝐛𝐮𝐲𝐞𝐫 𝐨𝐫 𝐦𝐚𝐫𝐤𝐞𝐭 အဓိကရှာဖွေရခြင်း ၊

2️⃣ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊

3️⃣ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ခြင်း ၊

4️⃣ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများရှင်းလင်းပြုစုခြင်း ၊အစရှိသည့်လုပ်ငန်းစဉ်များလိုအပ်ပါသည်။

1️⃣မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် 𝐛𝐮𝐲𝐞𝐫 𝐨𝐫 𝐦𝐚𝐫𝐤𝐞𝐭 အဓိကရှာဖွေရခြင်း ၊

ပြည်ပသို့ကုန်စည်ပေးပို့တဲ့နေရာမှာ တစ်ဖက်နိုင်ငံမှကုန်ဝယ်သူ 𝐁𝐮𝐲𝐞𝐫ကိုအဓိကရှာဖွေချိတ်ဆက်နိုင်ဖို့လိုအပ်ပါတယ်။

မိမိကိုယ်ပိုင် 𝐖𝐞𝐛𝐬𝐢𝐭𝐞များ ၊ 𝐂𝟐𝐂 , 𝐂𝟐𝐁 ရောင်းချခြင်း ၊ 𝐀𝐥𝐢𝐛𝐚𝐛𝐚 , 𝐄𝐛𝐚𝐲 , 𝐀𝐦𝐚𝐳𝐨𝐧 , 𝐬𝐡𝐨𝐩.𝐜𝐨𝐦 တို့ကဲ့သို့ 𝐨𝐧𝐥𝐢𝐧𝐞 𝐦𝐚𝐫𝐤𝐞𝐭 ၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 တို့မှတစ်ဆင့် နည်းလမ်းများစွာ ရှာဖွေခြင်းဖြင့် 𝐦𝐚𝐫𝐤𝐞𝐭များများရရှိရန်ကြိုးပမ်းရပါသည်။

ကုန်ပစ္စည်းအရည်အသွေး စံနှုန်း နှင့် သတ်မှတ်ထားသော ထောက်ခံချက်စာရွက်စာတမ်း 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 များလိုအပ်သလို နမူနာပေးပို့သည့် 𝐬𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 နှင့် ရောင်းချသော 𝐬𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ကိုက်ညီမှုရှိအောင်တာဝန်ယူဆောင်ရွက်ခြင်း ၊ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 များဖြင့် စျေးကွက်ကိုအပြိုင်အဆိုင်ကမ်းနည်းများစွာနဲ့ရယူရှာဖွေရသည်။

𝐒𝐚𝐦𝐩𝐥𝐞ပေးပို့တဲ့အရည်အသွေးနဲ့အမှန်တကယ်ကုန်ပစ္စည်းတင်ပို့သည့်အရည်အသွေးမတူညီခြင်း ၊ မပြည့်မီခြင်းများရှိခဲ့ပါက ကုန်တင်ပို့သူ 𝐒𝐞𝐥𝐥𝐞𝐫 ၏တာဝန်ဖြစ်သည့်အတွက် တစ်ဖက်ကုန်ဝယ်ယူသူ 𝐁𝐮𝐲𝐞𝐫မှငြင်းပယ်ပိုင်ခွင့်ရှိပါတယ်။ ဒီ့အတွက်ကြောင့်ကုန်ပစ္စည်းတင်ပို့ရောင်းချမယ့်မိတ်ဆွေတွေအတွက် မိမိနိုင်ငံနှင့်ပြည်ပနိုင်ငံတို့၏ 𝐋𝐚𝐰𝐬 𝐨𝐟 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ကိုသိရှိနားလည်ထညးနိုင်ဖို့လိုအပ်ပါတယ်။

2️⃣ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊

ငွေပေးချေမှုစနစ် 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐭𝐞𝐫𝐦𝐬 & 𝐒𝐚𝐥𝐞 𝐜𝐨𝐧𝐭𝐫𝐚𝐜𝐭𝐢𝐧𝐠 𝐦𝐞𝐭𝐡𝐨𝐝𝐬 များတွင် တစ်နိူင်ငံနှင့်တစ်နိူင်ငံ ၊ 𝐂𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုချင်းစီအတွက်မတူကွဲပြားသော ပုံစံများစွာဖြင့် ရောင်းဝယ်မှုငွေပေးချေခြင်းများပြုလုပ်ကြပါသည်။

ကုန်ပစ္စည်းမတင်ပို့မီ အရောင်းအဝယ်စာချုပ်အပေါ်တွင်ကုန်စည်ရောင်းချသူနှင့်ဝယ်ယူသူအကြား ရှင်းလင်းပြတ်သားသောသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုရန်လိုအပ်ပါတယ်။

ငွေပေးချေမှုပုံစံများအရ 𝐋𝐞𝐭𝐭𝐞𝐫 𝐎𝐟 𝐂𝐫𝐞𝐝𝐢𝐭 (𝐋/𝐂) နှင့် 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐩𝐡𝐢𝐜 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 ( 𝐓/𝐓 ) မည့်သည့်ပုံစံငွေပေးချေခြင်းဆိုသည့်အချက်အလက်ကိုပါ ထည့်သွင်းစဉ်းစားထားရန်လိုအပ်ပါသည်။ 𝐋/𝐂 ဆိုသည်မှာ ကုန်ရောင်းချသူ ၏ 𝐀𝐃 𝐁𝐚𝐧𝐤 နှင့် ကုန်ဝယ်ယူသူ 𝐈𝐬𝐬𝐮𝐢𝐧𝐠 𝐁𝐚𝐧𝐤 တို့မှကြားခံပြီး ငွေပေးချေမှုနှင့်ကုန်စည်လက်ခံခြင်းများအားထုတ်ချုပ်ကိုင်တွယ်မှဖြစ်ပြီး ( 𝐓/𝐓 ) အနေဖြင့်ဆောင်ရွက်ခဲ့သည်ရှိသော် 𝐏𝐚𝐲𝐦𝐞𝐧𝐭 နှင့် 𝐂𝐚𝐫𝐠𝐨 𝐑𝐞𝐜𝐞𝐢𝐯𝐞𝐝 ကိုရောင်းသူနှင့်ဝယ်သူမှသာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ရောင်းသူနှင့်ဝယ်သူအကြားယုံကြည်မှုခိုင်မာမှသာ 𝐓/𝐓 𝐌𝐞𝐭𝐡𝐨𝐝 ကိုအသုံးပြုကြခြင်းဖြစ်ပါတယ်။

3️⃣ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ရခြင်း၊
ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်ရန်အတွက် 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐒𝐞𝐜𝐭𝐨𝐫တွင် 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐓𝐲𝐩𝐞𝐬 ( ၆ ) မျိုးရှိပါတယ်။

၁။ 𝐀𝐢𝐫 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(လေကြောင်းသယ်ယူပို့ဆောင်ခြင်း)

၂။ 𝐒𝐞𝐚 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ရေကြောင်းသယ်ယူပို့ဆောင်ခြင်း)

၃။ 𝐓𝐫𝐮𝐜𝐤 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ကုန်တင်ကားသယ်ယူပို့ဆောင်ခြင်း)

၄။ 𝐓𝐫𝐚𝐢𝐧 𝐂𝐚𝐫𝐠𝐨 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ကုန်တင်ရထားသယ်ယူပို့ဆောင်ခြင်း)

၅။ 𝐏𝐢𝐩𝐞𝐥𝐢𝐧𝐞 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ပိုက်လိုင်းသယ်ယူပို့ဆောင်ခြင်း)

၆။ 𝐌𝐮𝐥𝐭𝐢𝐦𝐨𝐝𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
(ဘက်စုံသုံးယဉ်သယ်ယူပို့ဆောင်ခြင်း)တို့ဖြစ်ပါတယ်။

(နောက်ရက်တွေမှာဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျ)

✅ သင်တန်းတက်ရောက်လိုသူများအတွက် -

Export Import Business Development ( EIBD ) Class

🆕 သင်တန်းအပတ်စဉ် - 4️⃣0️⃣

📅 Date - (5.9.2026-6.9.2026-12.9.2026)
(Saturday-Sunday & Saturday )
⏰ အချိန် – 10:00 AM – 4:00 PM
🏫 Class Type – On Campus
💰 သင်တန်းကြေး – 500,000 MMK
( Quick Enroll Now to 31.8.26 ) 50,000 MMK Free

Thu Ra Kyaw ( FCS )



#𝐋𝐞𝐭𝐬𝐆𝐫𝐨𝐰𝐓𝐨𝐠𝐞𝐚𝐭𝐡𝐞𝐫

သတ်မှတ်ဦးရေ ပြည့်မီတော့မည်ဖြစ်ပါ၍ ( ၂၅.၀၈.၂၀၂၆ မှ ၃၁.၀၈.၂၀၂၆ )ရက်နေ့အတွင်းအပ်နှံသော သင်တန်းသား ၅ဦးအတွက် သင်တန်းကြေး ၅၀၀၀...
24/08/2026

သတ်မှတ်ဦးရေ ပြည့်မီတော့မည်ဖြစ်ပါ၍ ( ၂၅.၀၈.၂၀၂၆ မှ ၃၁.၀၈.၂၀၂၆ )ရက်နေ့အတွင်းအပ်နှံသော သင်တန်းသား ၅ဦးအတွက် သင်တန်းကြေး ၅၀၀၀၀ သက်သာခွင့်ရရှိပါမည် 😍

14/08/2026

FYI

ဖခင်ဆရာကြီးဦးအေးကျော်စိုး (Physics)ကွယ်လွန်ခြင်း (၁)နှစ်ပြည့်အတွက် ရည်စူးပြီး ပညာဒါနသင်တန်း 🙏🏻🙏🏻🙏🏻Fundamental Export-Imp...
13/08/2026

ဖခင်ဆရာကြီးဦးအေးကျော်စိုး (Physics)
ကွယ်လွန်ခြင်း (၁)နှစ်ပြည့်အတွက် ရည်စူးပြီး ပညာဒါနသင်တန်း 🙏🏻🙏🏻🙏🏻

Fundamental Export-Import Busienss's Supply Chain Online Class (Full Scholarship Selected List)

ဩဂုတ်လ ၁၅ ရက် တွင် စတင်မယ့် Fundamental Export-Import Busienss's Supply Chain Online Class အတွက် Full Scholarship လျှောက်ထားသူများထဲမှ လူဦးရေ ၁၅၀ ကို အောင်မြင်စွာ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ

Group မ join ရသေးတဲ့သူများရှိရင် page cb လေးမှာ လာပြောပေးလို့ရပါတယ်ခင်ဗျာ
လျှောက်ထားခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပြီး၊ ရွေးချယ်ခံရသူများနှင့် ဩဂုတ်လ ၁၅ ရက် သင်တန်းစတင်မယ့်နေ့တွင် Online မှတဆင့် တွေ့ဆုံကြပါမယ်ခင်ဗျာ

📖 ဘာတွေ သင်ယူရမလဲ?
International Trade & Procedures - ကုန်သွယ်ရေးဆိုင်ရာ အခြေခံ အဆင့်ဆင့်

Export Import (3P) - မူဝါဒနှင့် လုပ်ငန်းစဉ်များ

Documentation - စာရွက်စာတမ်း ကိုင်တွယ်နည်းများ

Logistics & Supply Chain - ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှု

📅 Date: 15th August 2026 (Saturday)

⏰ Time: 10:00 AM – 4:00 PM

💻 Platform: Zoom Live Class

👨🏻‍🏫 သင်ကြားပို့ချမည့်သူ

Thu Ra Kyaw ( FCS )
FCS Logistics Academy

📞 Contact Us: 09 698 229 022, 09 698 228 022

📍 Address: အမှတ်(၈)၊ ပန်းခြံတာဝါ၊ မြေနီကုန်း၊ ရန်ကုန်။

#

Address

No. 8, Dhamazaydi Road & Bargayar Rd, Pan Chan Tower , Myay Ni Gone Qtr, Sanchaung Township
Yangon
11141

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+95943070050

Alerts

Be the first to know and let us send you an email when Thu Ra Kyaw - FCS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Ra Kyaw - FCS:

Shortcuts

Share