Hnin Phyu

Hnin Phyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Phyu, Coach, 167 Street, Yangon.

"ဘဝရဲ့ မုန်တိုင်းတွေကြားမှာ ခဏလောက် နားခိုဖို့ နွေးထွေးတဲ့ နေရာလေးတစ်ခုရှိနေပါတယ်။ ဝေဖန်မှုကင်းတဲ့ နားလည်မှုတွေနဲ့အတူ သင့်ရဲ့ ရင်ဖွင့်သံတွေကို စိတ်ချလက်ချ မျှဝေနိုင််ဖို့ နှင်းဖြူရှိနေပါမယ်။
စိတ်အေးချမ်းမှုကစလို့ ... အနာဂတ်ကို အတူတူ တည်ဆောက်ကြရအောင်"

"Relationship တစ်ခုထဲမှာ သင်ရော... ပျောက်ဆုံးနေပြီလား?""သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲဆိုတာပဲ စဉ်းစားရင်း... ငါရေ...
01/04/2026

"Relationship တစ်ခုထဲမှာ သင်ရော... ပျောက်ဆုံးနေပြီလား?"

"သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲဆိုတာပဲ စဉ်းစားရင်း... ငါရော ဘာဖြစ်ချင်တာလဲဆိုတာကို မေ့သွားတဲ့နေ့တွေ ဘယ်နှစ်ရက်ရှိပြီလဲ?"

တစ်ခါတလေ ချစ်ရသူနဲ့ အတူရှိနေပါလျက်နဲ့ အထီးကျန်သလို ခံစားရတာ၊ ကိုယ့်ရဲ့ ဆန္ဒထက် သူ့ရဲ့ စိတ်တိုင်းကျမှုကိုပဲ ရှေ့တန်းတင်နေရတာဟာ 'ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း' ရဲ့ အစပဲ ဖြစ်ပါတယ်။

Relationship တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုနောက်မှာပဲဖြစ်ဖြစ်... အရေးအကြီးဆုံးက မင်း ပြန်လည်ရှင်သန်ဖို့ပါ။

ကျွန်မတို့နဲ့ အတူ Free Group Coaching လေးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ ဖိတ်ခေါ်ချင်ပါတယ်။
________________________________________
ဒီ Coaching ကို ဘယ်လိုလူတွေ တက်သင့်လဲ?
• Relationship ထဲမှာ ရှိနေပေမယ့် ကိုယ့်ရဲ့ Identity (ကိုယ်ပိုင်အရည်အချင်းနဲ့ စိတ်ပျော်ရွှင်မှု) ပျောက်ဆုံးနေသူများ။
• ချစ်သူ/အိမ်ထောင်ဖက်ရဲ့ စိတ်တိုင်းကျမှုနောက်ကိုပဲ လိုက်ရင်း ပင်ပန်းနွမ်းနယ်နေသူများ။
• လမ်းခွဲပြတ်စဲပြီးနောက် ဘဝကို ဘယ်ကနေ ပြန်စရမှန်းမသိဘဲ အားငယ်နေသူများ။
• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) ပြန်လည် တည်ဆောက်ချင်သူများ။

ဒီ Coaching ကနေ ဘာတွေရသွားမလဲ?
1. Self-Awareness: ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ လိုအပ်ချက်အစစ်အမှန်ကို ပြန်လည်သိရှိလာခြင်း။
2. Healthy Boundaries: တစ်ဖက်လူကို ချစ်ခင်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ စည်းဝိုင်းလေးတွေ သတ်မှတ်တတ်လာခြင်း။
3. Emotional Healing: ဆက်ဆံရေးကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်မယ့် နည်းလမ်းကောင်းများ ရရှိခြင်း။
4. Action Plan: ပိုမိုပျော်ရွှင်တဲ့ "ကိုယ်" အသစ်တစ်ယောက်အဖြစ် ရှေ့ဆက်ဖို့ ခွန်အားနဲ့ လမ်းပြမြေပုံ ရရှိခြင်း။

"အချစ်ဆိုတာ တစ်ဖက်လူအတွက် ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ရတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှသာ တခြားသူကိုလည်း ပိုပြီး အဓိပ္ပာယ်ရှိရှိ ချစ်နိုင်မှာပါ။"

သင်တန်းအသေးစိတ်
📅 Date: 4.4.2026 (Saturday)
⏰ Time: 7Pm to 9 Pm
📍 Location: Zoom
💸 သင်တန်းကြေး အခမဲ့

သင်တန်း Join ရန် …
• ဒီပိုစ့်ရဲ့ Comment မှာ Join လို့ရေးပေးပါ
• Messenger မှာ “Who am I?” လို့ စာပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်။

ရန်ဖြစ်ရတာ ပင်ပန်းနေပြီလား? ရန်ဖြစ်ခြင်းတွေကို ရင်းနှီးမှုအဖြစ် ပြောင်းလဲလိုက်ရအောင်။ ❤️ချစ်သူသက်တမ်းပဲကြာကြာ၊ အိမ်ထောင်...
27/03/2026

ရန်ဖြစ်ရတာ ပင်ပန်းနေပြီလား? ရန်ဖြစ်ခြင်းတွေကို ရင်းနှီးမှုအဖြစ် ပြောင်းလဲလိုက်ရအောင်။ ❤️

ချစ်သူသက်တမ်းပဲကြာကြာ၊ အိမ်ထောင်သက်ပဲရင့်ရင့်... စကားများတာ၊ သဘောထားကွဲလွဲတာတွေက ရှောင်လွှဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ ဒီ "ရန်ဖြစ်ခြင်း" တွေက သင့်ဆက်ဆံရေးကို အက်ကြောင်းထင်စေသလား၊ ဒါမှမဟုတ် တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်ဖို့ အခွင့်အရေးဖြစ်စေသလားဆိုတာကတော့ သင်တို့အပေါ်မှာပဲ မူတည်ပါတယ်။

အငြင်းပွားမှု (Conflict) တွေကို စနစ်တကျ ကိုင်တွယ်တတ်တဲ့အခါ အရင်ကထက်ပိုပြီး ခိုင်မြဲတဲ့ ရင်းနှီးမှု (Connection) ကို ရရှိလာမှာပါ။

ဒီပြဿနာတွေကို အတူတူရင်ဆိုင်ဖြေရှင်းဖို့ "Conflict to Connection: ရန်ဖြစ်ခြင်းမှသည် ရင်းနှီးခြင်းသို့" Group Coaching Session လေးကို ဖိတ်ခေါ်ချင်ပါတယ်။

ဒီ Group Coaching မှာ ဘာတွေဆွေးနွေးကြမလဲ?

✨ The Root Cause: ငါတို့ ဘာကြောင့် ခဏခဏ ရန်ဖြစ်နေကြတာလဲ? (အပေါ်ယံအကြောင်းပြချက်ထက် ပိုလေးနက်တဲ့ အရင်းအမြစ်ကို ရှာဖွေကြမယ်)

✨ Safe Space: ရန်ပွဲတစ်ခုကို စစ်တလင်းမဖြစ်စေဘဲ ဘေးကင်းလုံခြုံတဲ့ ပွင့်လင်းမြင်သာမှုဇုန် ဘယ်လိုဖန်တီးမလဲ?

✨ Empathy Skills: တစ်ဖက်လူရဲ့ စကားလုံးတွေနောက်က ခံစားချက်ကို နားလည်အောင် ဘယ်လိုနားထောင်မလဲ?

✨ Growth Mindset: သဘောထားကွဲလွဲမှုကို အခွင့်အရေးအဖြစ်ပြောင်းပြီး ပိုမိုနက်ရှိုင်းတဲ့ ချစ်ခြင်းကို တည်ဆောက်ခြင်း။

ဒီ Session က ဘယ်သူတွေအတွက်လဲ?

* ဆက်ဆံရေးမှာ နားလည်မှုလွဲတာတွေ များနေသူများ။

* ချစ်ရသူနဲ့ စကားပြောရင် ရန်ပွဲနဲ့ပဲ အဆုံးသတ်နေလို့ လမ်းစပျောက်နေသူများ။

* မိမိရဲ့ Relationship ကို အခုထက်ပိုပြီး အရည်အသွေးရှိအောင် တည်ဆောက်ချင်သူများ။

အုပ်စုလိုက်ဆွေးနွေးခြင်းဖြစ်လို့ အခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူနိုင်သလို၊ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ မိမိရဲ့ အခက်အခဲတွေကို အဖြေရှာနိုင်မှာပါ။

📅 Date: 1. 4 . 2026 (Wednesday)
⏰ Time: 7Pm to 9 Pm
📍 Location: Zoom
💰 Fees: 100 % Free Group Coaching

📩 Join မယ်ဆိုရင် Messenger မှာ Join လို့ပို့ပြီး ဖုန်းနံပါတ်လေး ချန်ခဲ့ပေးပါနော် ...

"ရန်ဖြစ်ခြင်းက လမ်းခွဲဖို့ အကြောင်းပြချက်မဟုတ်ဘဲ၊ ပိုချစ်ဖို့ အကြောင်းပြချက် ဖြစ်ပါစေ။"

Boundaries မရှိလို့ ဖြစ်ခဲ့ကြတဲ့ Relationships ပြသာနာတွေအတွက် စပြီး Boundaries တွေချတော့မယ်ဆိုရင် …ဘယ်လိုပြသာနာတွေ ကြုံရ...
25/03/2026

Boundaries မရှိလို့ ဖြစ်ခဲ့ကြတဲ့ Relationships ပြသာနာတွေအတွက် စပြီး Boundaries တွေချတော့မယ်ဆိုရင် …

ဘယ်လိုပြသာနာတွေ ကြုံရနိုင်လဲ ?
ချလိုက်ရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?

ပြောကြည့် …

Photo Credit From Pinterest

#ရင်ဖွင့်ရာ

“ငါမရှိရင်မဖြစ်ပါဘူး” ဆိုတာ တကယ်ရောဟုတ်ရဲ့လား ... ?"အရာအားလုံးကို ကိုယ့်ပုခုံးပေါ်တင်ထားတာ တကယ်ပဲ တာဝန်ရှိလို့လား" ဆိုတဲ...
18/03/2026

“ငါမရှိရင်မဖြစ်ပါဘူး” ဆိုတာ တကယ်ရောဟုတ်ရဲ့လား ... ?

"အရာအားလုံးကို ကိုယ့်ပုခုံးပေါ်တင်ထားတာ တကယ်ပဲ တာဝန်ရှိလို့လား" ဆိုတဲ့ မေးခွန်းက နှင်းဖြူတို့ ပတ်ဝန်းကျင်မှာ အင်မတန် အတွေ့ရများတဲ့ စိတ်ပင်ပန်းမှုတစ်ခုပါ။ မိသားစု၊ ပတ်ဝန်းကျင်အပေါ် ငဲ့ညှာတတ်တာကို "တာဝန်သိတတ်ခြင်း" လို့ အဓိပ္ပာယ်ဖွင့်လေ့ရှိကြပေမယ့် တကယ့်လက်တွေ့မှာတော့ အဲ့ဒါဟာ တာဝန်ယူမှု (Responsibility) လား၊ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး (Burden) လားဆိုတာ သေချာခွဲခြားဖို့ လိုပါတယ်။
အရာအားလုံးကို ကိုယ့်ပုခုံးပေါ်တင်ထားတယ်ဆိုတာ တာဝန်သိတာထက် "အရာရာကို ကိုယ့်စိတ်တိုင်းကျဖြစ်စေချင်တဲ့ ထိန်းချုပ်လိုစိတ်" ကြောင့် ဖြစ်နေတတ်ပါတယ်။ တစ်ဖက်လူရဲ့ ဘဝ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ရဲ့ ရလဒ်တွေဟာ သူတို့ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ အဲ့ဒါတွေကို လိုက်ပြီး တာဝန်ယူပေးနေတာဟာ သူတို့ရဲ့ သင်ယူပိုင်ခွင့်နဲ့ ကြီးပြင်းလာနိုင်မယ့် အခွင့်အရေးကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။
နောက်တစ်ချက်က "ငါမပါရင် မပြီးဘူး" ဆိုတဲ့ စိတ်က နှင်းဖြူတို့ ပတ်ဝန်းကျင်မှာ အရမ်းတွေ့ရပါတယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယ် အရေးပါသူ (Hero) တစ်ယောက်လို ခံစားရပေမယ့် ရေရှည်မှာတော့ ဒါဟာ Self-destruction (ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း) ပါပဲ။ "People Have All the Resources They Need" ဆိုတဲ့အတိုင်း လူတိုင်းမှာ ကိုယ့်အခက်အခဲကိုယ် ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိပါတယ်။ သူတို့ကို သူတို့ တာဝန်ယူခွင့် ပေးလိုက်ပါ။

တကယ်တော့ "တာဝန်ရှိလို့" ဆိုတာထက် "တာဝန်မယူပေးရင် တစ်ဖက်လူ စိတ်ဆိုးမှာ၊ ဝမ်းနည်းမှာကို မခံစားနိုင်လို့" ဖြစ်နေတာ များပါတယ်။ အဲ့ဒါဟာ ကိုယ့်ရဲ့ Emotional Bounday မခိုင်မာလို့ပါ။ ကိုယ်ကူညီနိုင်တဲ့ အတိုင်းအတာကို သတ်မှတ်ခြင်း (Setting Boundaries) ဟာ ရက်စက်တာမဟုတ်ဘဲ အားလုံးအတွက် ကျန်းမာတဲ့ ဆက်ဆံရေးကို တည်ဆောက်တာ ဖြစ်ပါတယ်။
အရာရာကို ထမ်းထားတာဟာ တာဝန်သိလို့ မဟုတ်ပါဘူး၊ "ငြင်းရမှာကို ကြောက်လို့" ဒါမှမဟုတ် "ကိုယ့်ကိုယ်ကိုယ် မရှိမဖြစ်လူသား" ဖြစ်ချင်လို့ပဲ ဖြစ်နိုင်ပါတယ်။
ဒီမေးခွန်းလေးနှစ်ခုကိုဖြေကြည့်ပါ ...
(၁) ကိုယ် အခုထမ်းထားတဲ့ အရာတွေထဲမှာ ကိုယ်ကိုယ်တိုင် မလုပ်ပေးရင် တခြားသူတွေ ဒုက္ခတကယ်ရောက် သွားမယ့်အရာက ဘယ်နှစ်ခု ပါသလဲ?
(၂) အကုန်လုံးကို လုပ်ပေးနေခြင်းအားဖြင့် တစ်ဖက်လူကို "သူ့ဘာသာသူ ရပ်တည်တတ်အောင်" သင်ပေးရာ ရောက်သလား၊ ဒါမှမဟုတ် "အမှီအခိုကြီးအောင်" လုပ်ပေးနေတာလား?

နှင်းဖြူနဲ့ အတူ One-on-One Coaching Session ယူဆွေးနွေးချင်တယ်ဆိုရင် ...

📥 One-on-One Coaching Session အတွက် အပ်နှံနိုင်ပါပြီ
• တာဝန်ယူမှု မြင့်မားသူများရဲ့ အချိန်ဇယားနဲ့ Privacy ကို အလေးထားတာကြောင့် တစ်လကို (၅) ဦးသာ သီးသန့်လက်ခံပြီး Coaching ပေးသွားမှာဖြစ်ပါတယ်။
• Online (Zoom) သို့မဟုတ် လူကိုယ်တိုင် (သီးသန့်ချိန်းဆိုရန်)
• Messenger မှတစ်ဆင့် 'Connection' လို့ စာပို့ပေးထားပါ။ အမြန်ဆုံးလာရောက်ဆက်သွယ်ပေးပါမယ်။

17/03/2026

အရာအားလုံး ကိုယ့်မှာ တာဝန်ရှိနေတာ တကယ်လား ?

16/03/2026

လုပ်ငန်းခွင်တစ်ခုမှာ ခေါင်းဆောင်ဆိုတဲ့နေရာက
အလုပ်တွေ အောင်မြင်အောင် လုပ်တက်ရုံနဲ့ ခေါင်းဆောင်ကောင်းမဖြစ်ဘူး …

နောက်ကလူတွေ အကုန်လုံးက ဒီခေါင်းဆောင်
ဘာပြောလဲ၊ ဘာလုပ်လဲ၊ ဘယ်လိုတွေးလဲ၊
ဘယ်လိုအပြုအမူရှိလဲ ဆိုတာ တောက်လျှောက်ကြည့်နေတာ …

ရှေ့က ပေါက်ကွဲပြရင် မကြာဘူး နောက်ကလူတွေကြားမှာ ပေါက်ကွဲတက်တဲ့ အပြုအမူတွေဖြစ်လာမယ် …

ရှေ့က တစ်ချိန်လုံး Blame လုပ်ပြရင် နောက်ကလည်းတစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်နေတာတွေ ဖြစ်လာမယ် …

ခေါင်းဆောင်က Negative တွေ ပြည့်နေတဲ့သူတွေ ဖြစ်ရင် နောက်ကလည်း Negative တွေပြည့်နေတဲ့ လုပ်ငန်းခွင် ဖြစ်နေမှာပဲ …

ကိုယ်ချနေတယ် ခြေရာတွေက ဘယ်လိုချနေလဲဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အရေးကြီးပါတယ် …

#ရင်ဖွင့်ရာ

ကိုယ် ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ပေမဲ့ ဘယ်သူကမှ “ကျေးဇူးတင်ပါတယ်” “တော်လိုက်တာ” လို့ အပြောမခံရတဲ့ နေမျိုးတွေ ကြုံဖူးပ...
26/02/2026

ကိုယ် ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ပေမဲ့ ဘယ်သူကမှ “ကျေးဇူးတင်ပါတယ်” “တော်လိုက်တာ” လို့ အပြောမခံရတဲ့ နေမျိုးတွေ ကြုံဖူးပါသလား ? အဲ့လိုအချိန်မှာ ခံစားရတဲ့ အထီးကျန်မှုနဲ့ စိတ်ဓာတ်ကျမှုဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ နှင်းဖြူတို့က လူသားတွေ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုကို တန်ဖိုးထားခံချင်တာ သဘာဝပါ။

Gallup (State of the American Workplace ရဲ့ သုတေသနတွေအရ ဝန်ထမ်းတွေ ကြားမှာ သူဌေးဆီမှ “အသိအမှတ်ပြုခြင်း” ရရှိတဲ့ ပတ်ဝန်းကျင်ဟာ ပျော်ရွှင်မှုနှုန်း ၂၄ % ပိုများပြီး အလုပ်ထွက်နှုန်း သိသိသာသာ လျော့နည်းသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ဖြစ်စေရုံသာမကဘဲ အဖွဲ့အစည်းရဲ့ အောင်မြင်မှုကိုပါ တိုက်ရိုက် အထောက်အကူပြုတာဖြစ်ပါတယ်။

“Empathy” (ကိုယ်ချင်းစာတရား) ကို အခြေခံတဲ့ အပြန်အလှန် အသိအမှတ်ပြုမှုကို အဖွဲ့အစည်းတစ်ခုရဲ့ အသက်သွေးကြောအဖြစ် သတ်မှတ်ထားမယ်ဆိုရင် နေ့စဉ်ဆက်ဆံရေးမှာလည်း ဒီအလေ့အကျင့်ကို ထည့်သွင်းထားကြမယ်ဆိုရင် ရေရှည်ခိုင်မြဲတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်လာနိုင်မှာပါ။

“အလုပ်ဆိုတာ တာဝန်အရ လုပ်တာပဲ၊ ဘာလို့ချီးမွမ်းနေဖို့ လိုတာလဲ” လို့ မေးစရာရှိပါတယ်။ ဒါပေမဲ့ အသိအမှတ်ပြုခြင်းဆိုတာ စကားလုံးသက်သက်မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ တန်ဖိုးကို မြင်ပေးခြင်းက သူတို့ကိုပိုပြီး တာဝန်ယူလိုစိတ် ရှိလာအောင် တွန်းအားပေးတဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် နှင်းဖြူပေးချင်တဲ့ မက်ဆေ့က “သင့်ရဲ့ စကားတစ်ခွန်းက သူတို့အတွက် ခွန်းအာားဖြစ်သလို၊ ကိုယ့်ဆီကိုလည်း လေးစားမှုတွေ ပြန်လည် စီးဆင်းလာမယ်” ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ကစပြိး ကိုယ့်ဘေးနားက လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင် တစ်ယောက်ရဲ့ သေးငယ်တဲ့ ကြိုးစားမှုကိုတောင် “ကျေးဇူးတင်ပါတယ်” သို့ “ မင်းတော်တယ်” လို့ စတင်ပြောဆိုလိုက်ပါ။





ကြိုက်နှစ်သက်တယ်ဆိုရင် လွတ်လပ်စွာမျှဝေလို့ရပါတယ်

၂၂.၂.၂၀၂၆ (Sunday) မှာ Her Power အတွက် ပြုလုပ်ပေးခဲ့တဲ့ Group Coaching Session “Dancing with Problem”  ပြသာနာတွေကတော့ သူ...
23/02/2026

၂၂.၂.၂၀၂၆ (Sunday) မှာ Her Power အတွက်
ပြုလုပ်ပေးခဲ့တဲ့ Group Coaching Session
“Dancing with Problem”

ပြသာနာတွေကတော့ သူ့ဘာသာ ပုံစံမျိုးစုံနဲ့ လာနေမှာပါပဲ
ဘယ်လိုပြသာနာမျိုးပဲလာလာ ကိုယ့်ဘက်က
ပြသာနာတစ်ခုကို ဘယ်လိုကိုင်တွယ်ပြီး
ပြသာနာတွေထဲကနေ ကိုယ်လိုချင်တဲ့နေရာကို
ရောက်အောင်သွားဖို့ ဘယ်လိုလုပ်ရမလဲဆိုတာတွေ
သိထားတယ်ဆိုရင် အကောင်းဆုံး ရင်ဆိုင် ကျော်လွှား
သွားနိုင်ဖို့အတွက် မျှဝေပေးခဲ့ပါတယ် …

#ရင်ဖွင့်ရာ

"အပြင်က အောင်ပွဲတွေကြားမှာ... အိမ်ပြန်ရမှာကို စိုးရိမ်နေရသလား?" 🏢💍အဖွဲ့အစည်းတစ်ခုလုံး၊ ဝန်ထမ်းပေါင်းများစွာရဲ့ ရှေ့ဆောင်...
22/02/2026

"အပြင်က အောင်ပွဲတွေကြားမှာ... အိမ်ပြန်ရမှာကို စိုးရိမ်နေရသလား?" 🏢💍
အဖွဲ့အစည်းတစ်ခုလုံး၊ ဝန်ထမ်းပေါင်းများစွာရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် တစ်နေကုန် ဆုံးဖြတ်ချက်ပေါင်းများစွာ ချမှတ်ခဲ့ရပြီးပြီ။ အပြင်လောကရဲ့ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့ပေမဲ့... ကိုယ့်အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါ "နွေးထွေးမှု" ထက် "တင်းမာမှု" တွေကိုပဲ ကြိုဆိုခံနေရသလား?

တာဝန်တွေ ပိနေတဲ့သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အဖြစ်များဆုံး "တိတ်ဆိတ်ခြင်း ပြဿနာ" တွေ ရှိပါတယ် -

• လူအများကြားမှာ စကားပြောကောင်းသလောက်၊ အနီးဆုံးလူရှေ့မှာတော့ စကားလုံးတွေ ပျောက်ဆုံးနေတာ

• မိသားစုကို အကောင်းဆုံးတွေ ပေးဆပ်ထားပေမဲ့ "အချိန်မပေးဘူး၊ နားမလည်ပေးဘူး" ဆိုတဲ့ အပြစ်တင်သံတွေကြားမှာ စိတ်မောနေရတာ။

• နှစ်ကိုယ်တူ စကားပြောချိန်ထက် ဖုန်းကြည့်နေတဲ့အချိန်၊ အလုပ်အကြောင်း စဉ်းစားနေတဲ့အချိန်တွေက ပိုများနေတာ။

ရှေ့တန်းမှာ ဦးဆောင်နေရသူတွေဟာ ပြဿနာတစ်ခုကို "ဘယ်လိုဖြေရှင်းရမလဲ" ဆိုတာကိုပဲ အမြဲတွေးနေတတ်ကြပါတယ်။ ဒါပေမဲ့ Relationship မှာတော့ တစ်ခါတလေမှာ ဖြေရှင်းချက်တွေထက် တစ်ဖက်လူရဲ့ ခံစားချက်ကို "မြင်ပေးဖို့" က ပိုအရေးကြီးပါတယ်။

ကျွန်မရဲ့ One-on-One Coaching မှာ ဘာတွေ အတူတူ ပြောင်းလဲယူမလဲ?

• Emotional Connection: အလုပ်က စိတ်ဖိစီးမှုတွေကို အိမ်ထဲအထိ သယ်မလာမိအောင် စိတ်ကို ဘယ်လို Switch လုပ်မလဲ ?
• Deep Conversation: အချိန်အကြာကြီး ပေးစရာမလိုဘဲ အနှစ်သာရရှိတဲ့ စကားပြောဆိုမှု (Quality Time) ဘယ်လို ဖန်တီးမလဲ။
• True Support: အိမ်ထောင်ဖက်ကို သင့်ရဲ့ အကောင်းဆုံး Support System တစ်ခုဖြစ်လာအောင် ဘယ်လို တည်ဆောက်မလဲ။

"အပြင်လောကမှာ သင်ဟာ အောင်မြင်တဲ့ ရှေ့ဆောင်တစ်ယောက် ဖြစ်နိုင်သလို၊ အိမ်ထဲမှာလည်း အချစ်ခံရဆုံး Partner တစ်ယောက် ဖြစ်သင့်ပါတယ်။"

📥 One-on-One Coaching Session အတွက် အပ်နှံနိုင်ပါပြီ
• တာဝန်ယူမှု မြင့်မားသူများရဲ့ အချိန်ဇယားနဲ့ Privacy ကို အလေးထားတာကြောင့် တစ်လကို (၅) ဦးသာ သီးသန့်လက်ခံပြီး Coaching ပေးသွားမှာဖြစ်ပါတယ်။
• Online (Zoom) သို့မဟုတ် In Person
• Messenger မှတစ်ဆင့် 'Connection' လို့ စာပို့ပေးထားပါ။ အမြန်ဆုံးလာရောက်ဆက်သွယ်ပေးပါမယ်။
သင် တည်ဆောက်နေတဲ့ အောင်မြင်မှုတွေဟာ အိမ်က နွေးထွေးမှုနဲ့ ထပ်တူကျနေပါစေ။

21/02/2026

ပြသာနာများနှင့် ကခုန်ခြင်း
Free Group Coaching

Address

167 Street
Yangon

Telephone

+959444566917

Website

Alerts

Be the first to know and let us send you an email when Hnin Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Phyu:

Share

Category