Legend Gym

Legend Gym Crafting the better life💪! Warmly Welcome to everyone who are willing to achieve your body goal !

🔥 Vitamin C 🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော် အသုံးပြုလေ့ရှိတဲ့ Vitamin C ဆိုတဲ့ supplement အကြောင်းနဲ့ အားကစားသမားတစ်ယေ...
12/05/2026

🔥 Vitamin C 🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော် အသုံးပြုလေ့ရှိတဲ့ Vitamin C ဆိုတဲ့ supplement အကြောင်းနဲ့ အားကစားသမားတစ်ယောက်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေသလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🔹 Vitamin C ဆိုတာကဘာလဲ⁉️

✅ Vitamin C (Ascorbic Acid) ဆိုတာက ရေတွင် အလွယ်တကူ ပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ပြန်လည်ပြုပြင်ဖို့အပြင်၊ ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin တစ်မျိုး ဖြစ်ပါတယ်။

🔸 Vitamin C သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အဓိက အသုံးပြုရတဲ့ အရွတ်များ၊ အဆစ်အမြစ်များနှင့် အရိုးနုများ ကျန်းမာကြံ့ခိုင်မှုကို အထောက် အကူပြုတဲ့ Collagen ထုတ်လုပ်မှုကို ကူညီပေးပါတယ်။

✅ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆဲလ်ပျက်စီးမှုတွေကို ကာကွယ် ပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေပါတယ်။

✅ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေတာကြောင့် လေ့ကျင့်ခန်းပြုလုပ်မှုအတွက် အနှောင့်အယှက်ဖြစ်တဲ့ ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

✅ Bioflavonoids ပါဝင်မှုကြောင့် Vitamin C ကို ခန္ဓာကိုယ်က ပိုမိုထိရောက်စွာ စုပ်ယူနိုင်စေပါတယ်။

✅ အစားအသောက်တွေထဲမှာ ပါဝင်တဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေတဲ့အပြင် သွေးထဲမှာ အောက်ဆီဂျင်သယ်ဆောင်မှုကို အထောက်အကူပြုတာကြောင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ Vitamin C ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို ကိုယ်နှင့် မကိုက်ညီရင် အန္တရာယ်ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။


💪💪💪
02/05/2026

💪💪💪

🔹Progress👉Perfection 💪 Target in sight ‼️

🔥 Vitamin D-3🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ အသုံးပြုခဲ့ဖူးတဲ့ Vitamin D-3 ဆိုတဲ့ supplement အကြောင်း နဲ့ ...
03/02/2026

🔥 Vitamin D-3🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ အသုံးပြုခဲ့ဖူးတဲ့ Vitamin D-3 ဆိုတဲ့ supplement အကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ထပ်မံ မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Vitamin D-3 ဆိုတာကဘာလဲ⁉️

✅ Vitamin D-3 ဆိုတာက သဘာဝအတိုင်း နေရောင်ခြည်ကနေ ရရှိနိုင်တဲ့ ဓာတ်ဖြစ်သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin တစ်မျိုး ဖြစ်ပါတယ်။

🔸 Vitamin D-3 သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ သုတေသနတွေအရ ကြွက်သားဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်တာကြောင့် အလေးမတဲ့အခါ ပိုပြီး မ နိုင်တယ်။

✅ ခန္ဓာကိုယ်တွင်း ကြွက်သားကြီးထွားဖို့အတွက် အဓိကလိုအပ်တဲ့ Testosterone ထုတ်လုပ် မှုကိုလည်း အထောက်အပံ့ပေးတယ်။

✅ Calcium နဲ့ Phosphorus စတဲ့ သတ္ထုဓာတ် တွေကို စုပ်ယူနိုင်စေတာကြောင့် အရိုးနဲ့ သွားတွေကို ပိုမိုကြံ့ခိုင်စေတယ်။

✅ နှလုံး နဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းရာမှာလည်း ကူညီထောက်ပံ့ပေးတယ်။

✅ ခန္ဓာကိုယ်တွင်း ခုံခံအားတိုးတက်စေဖို့ အကူအညီပေးတယ်။

✅ ကြွက်သား ပြန်လည်အနားယူမှု (Muscle Recovery)ကိုလည်း အထောက်အပံ့ဖြစ်စေတာကြောင့် ကြွက်သားများ အလျင်အမြန်အနားရစေတယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement နောက်တစ်ခုဖြစ်တဲ့ Vitamin D-3 ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို ကိုယ်နှင့် မကိုက်ညီရင် အန္တရာယ်ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။

🔥 Magnesium Citrate🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ အသုံးပြုခဲ့ဖူးတဲ့ Magnesium Citrate ဆိုတဲ့ supplement အ...
28/01/2026

🔥 Magnesium Citrate🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ အသုံးပြုခဲ့ဖူးတဲ့ Magnesium Citrate ဆိုတဲ့ supplement အကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ထပ်မံ မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Magnesium Citrate ဆိုတာကဘာလဲ⁉️

✅ Magnesium Citrate ဆိုတာက ခန္ဓာကိုယ် က ဆေးအာနိသင်ကို အလျင်အမြန် စုပ်ယူနိုင် စေဖို့ Magnesium နဲ့ Citric Acid တို့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။

🔸 Magnesium Citrate သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ အူလမ်းကြောင်းတွင်းကို ရေဓာတ်ပိုမိုရောက်ရှိစေတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

✅ ကြွက်သားတွင်း ရေဓာတ်ရောက်ရှိစေပြီး အလွယ်တကူ ကြုံ့နိုင်ဆန့်နိုင်စေတာကြောင့် ကြွက်တက်ခြင်း ကင်းစေတယ်။

✅ ညအိပ်ရာဝင်ချိန်မှာလည်း အာရုံကြောစနစ် ကို တည်ငြိမ်စေတာကြောင့် ကောင်းမွန်တဲ့ အိပ် စက်ခြင်းကို ရရှိစေတယ်။

✅ နှလုံးကျန်းမာရေးကို အထောက်အကူပြုသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်။

‼️ Magnesium ဖြည့်စွက်ဆေးတွေ အသုံးပြုမယ်ဆိုရင်တော့ ရေကို လုံလောက်အောင်သောက်သုံးပေးဖို့ အထူးသတိထားသင့်ပါတယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement နောက်တစ်ခုဖြစ်တဲ့ Magnesium Citrate ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို ကိုယ်နှင့် မကိုက်ညီရင် အန္တရာယ်ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။

🔥 Betaine HCL🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ Protein, Carb နဲ့ Fatတွေကို ပမာဏအများကြီးစားခဲ့ရတာကြောင့် အစာ...
23/01/2026

🔥 Betaine HCL🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလ Protein, Carb နဲ့ Fatတွေကို ပမာဏအများကြီးစားခဲ့ရတာကြောင့် အစာချေစနစ်ပိုကောင်းစေဖို့အသုံးပြုခဲ့ဖူးတဲ့ Betaine HCL ဆိုတဲ့ supplement အကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ထပ်မံ မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Betaine HCL ဆိုတာကဘာလဲ⁉️

✅ Betaine HCL ဆိုတာက အစာအိမ်ထဲမှာသဘာဝအတိုင်း ရှိတဲ့ အစာချေအက်စစ် (Hydrochloric Acid) ပမာဏ ပိုမို မြှင့်တင်ပေးဖို့အသုံးပြုရတဲ့ ဖြည့်စွက်စာ တစ်ခုဖြစ်ပါတယ်။

🔸 Betaine HCL သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ အစာချေစနစ်တိုးတက်အောင် ကူညီပေးသလို၊ Protein(အသားဓာတ်)ကို ချေဖျက်ဖို့ Pepsin(Enzyme) ပိုထွက်အောင်လည်း ကူညီပေးတယ်။
✅ Vitamin B12, Calcium, Iron ,Zinc, Magnesium စတဲ့ သတ္ထုဓာတ်တွေ ပိုမိုစုပ်ယူနိုင်စေဖို့ ထောက်ပံ့ပေးတယ်။
✅ မကောင်းတဲ့ ဘက်တီးရီးယား နဲ့ မှိုတွေကို ရှင်းပေးနိုင်တာကြောင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်။

‼️ အစာအိမ်နှင့်ပတ်သက်ပြီး ရောဂါရှိသူများ၊ အစာချေ အက်စစ်(Hydrochloric Acid) လုံလောက်သူများ အနေနှင့် အစာအိမ်ကို ထိခိုက် စေနိုင်တာကြောင့် Betaine HCLကို မသောက် သုံးသင့်ပါဘူး။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement နောက်တစ်ခုဖြစ်တဲ့ Betaine HCL ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို ကိုယ်နှင့် မကိုက်ညီရင် အန္တရာယ်ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။

🔥 Calcium D-Glucarate🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ Calcium D-Glucarate ဆိုတဲ့ suppl...
22/01/2026

🔥 Calcium D-Glucarate🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ Calcium D-Glucarate ဆိုတဲ့ supplement နောက်တစ်ခုအကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ထပ်မံ မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Calcium D-Glucarate ဆိုတာကဘာလဲ⁉️

✅ Calcium D-Glucarate(CDG) ဆိုတာက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို အဓိက ကူညီပေးတဲ့ အားဖြည့်ဆေး(supplement)တစ်ခု ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ပန်းသီး၊ လိမ္မော်သီး စတာတွေမှာ သဘာဝအတိုင်းတွေ့ရနိုင်တဲ့ ဓာတ် တစ်မျိုးလည်း ဖြစ်ပါတယ်။

✅ အသည်းက ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ နဲ့ ဟော်မုန်းအပိုတွေကို ဆီး(သို့)ဝမ်း ကတစ်ဆင့် စွန့်ထုတ်ဖို့ လုပ်ဆောင်ပါတယ်။အဲ့ဒီ့လုပ်ငန်းကို Beta-Glucuronidase ဆိုတဲ့ အင်ဇိုင်းက လိုက်လံ နှောင့်ယှက်ပြီး ဖျက်ဆီးတာကြောင့် ခန္ဓာကိုယ် က မစွန့်ထုတ်နိုင်ဘဲ အဲ့ဒီ့အဆိပ်တွေ နဲ့ ဟော်မုန်းအပိုတွေကို ပြန်လည်စုပ်ယူစေပါတယ်။ Calcium D-Glucarateက အဲ့ဒီ့ အင်ဇိုင်းရဲ့နှောင့်ယှက်မှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက် နဲ့ ဟော်မုန်းအပိုတွေကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ထွက်သွားအောင် ကူညီအားဖြည့်ပေးတာ ဖြစ်ပါတယ်။

🔸 Calcium D-Glucarate သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ဖို့ ထောက်ပံ့ပေးတယ်။
✅ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ Estrogen (မဟော်မုန်း) တွေကို ဖယ်ရှားပေးတယ်။
✅ ဟော်မုန်းကြောင့်ဖြစ်တဲ့ကင်ဆာရောဂါ (ရင်သား ကင်ဆာ၊အူမကြီး ကင်ဆာ…)တွေကို လျှော့ချပေးနိုင်တယ်။
✅ ကိုယ်ခံအားစနစ် တိုးတက်အောင် ထောက် ပံ့ပေးတယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement နောက်တစ်ခုဖြစ်တဲ့ Calcium D-Glucarate ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို ကိုယ်နှင့် မကိုက်ညီရင် အန္တရာယ်ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။

-Glucarate

🔥 Citrus Bergamot Extract 🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ Citrus Bergamot Extract ဆို...
21/01/2026

🔥 Citrus Bergamot Extract 🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ Citrus Bergamot Extract ဆိုတဲ့ supplement နောက်တစ်ခုအကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ထပ်မံ မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Citrus Bergamot Extract ဆိုတာကဘာလဲ⁉️

✅ အီတလီနိုင်ငံ တောင်ပိုင်းဒေသမှာ အဓိက စိုက်ပျိုးလေ့ရှိတဲ့ Bergamot အသီးတစ်မျိုးကနေ ထုတ်ယူထားတဲ့ အဆီအနှစ် အားဖြည့်ဆေးဖြစ်ပါတယ်။

🔸 Citrus Bergamot Extract သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီဖြစ် တဲ့ LDL, Triglycerides တွေကို လျှော့ချပေးပြီး၊ ကောင်းတဲ့အဆီ ဖြစ်တဲ့ HDLကို တိုးမြှင့်ပေးပါတယ်။
✅ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင် ပါတယ်။
✅ Polyphenols ဆိုတဲ့ Antioxidants တွေကသွေးကြောများ ရောင်ရမ်းမှုကို လျှော့ချပေးပြီး၊ သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင် တယ်။
✅ ခန္ဓာကိုယ်တွင်း ကိုယ်ခံအားစနစ် ကို တိုးတက်ကောင်းမွန်စေပါတယ်။

🔹 Polyphenols ဆိုတာကဘာလဲ⁉️

✅ Polyphenols ဆိုတာက အပင်တွေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ဒြပ်ပေါင်း တစ်မျိုး (Antioxidants) ဖြစ်ပါတယ်။

‼️ Citrus Bergamot Extract ကို သောက်မယ် ဆိုရင်တော့ မှန်ကန်တဲ့ ပမာဏ ဖြစ်စေဖို့၊ နောက်ပြီး အခြားသော ဆေးများနှင့် မတည့် မရှိစေဖို့ သက်ဆိုင်ရာ ကျွမ်းကျင် နည်းပြ/ဆရာဝန် များနဲ့ ပထမဆုံး တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement နောက်တစ်ခုဖြစ်တဲ့ Citrus Bergamot Extract ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်ဆေးဝါးမဆို တန်ဆေး လွန်ဘေးဖြစ်တတ်တာကြောင့် သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲသင့်ကြောင်း ထပ်မံ သတိပေးပါရစေ။

🔥 NAC 🔥💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ NAC ဆိုတဲ့ supplement တစ်ခုအကြောင်း နဲ့ အကျိုးက...
20/01/2026

🔥 NAC 🔥

💁🏻‍♂️ ဒီ content ကတော့ ကျွန်တော်ပြိုင်ပွဲကာလမှာ အသုံးပြုခဲ့ဖူးတဲ့ NAC ဆိုတဲ့ supplement တစ်ခုအကြောင်း နဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိသလောက် ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 NAC ဆိုတာကဘာလဲ⁉️

✅ NAC (N-Acetylcysteine) ဆိုတာကတော့ခန္ဓာကိုယ်က Glutathione ကို ထုတ်လုပ်ပေးရာမှာကူညီထောက်ပံ့ပေးတဲ့ Cysteine ဆိုတဲ့ Amino acid တစ်မျိုးဖြစ်ပါတယ်။

🔹 Glutathione ဆိုတာကဘာလဲ⁉️

✅ ခန္ဓာကိုယ်တွင်း ဆဲလ်များ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပြီး၊ ခုခံအားစနစ်ကို ကောင်း မွန်စေတဲ့ Antioxidants တစ်မျိုးကို Glutathione လို့ ခေါ်ပါတယ်။

🔸 NAC သောက်ခြင်းက ဘာအကျိုးကျေးဇူးတွေရှိလဲ⁉️

✅ Glutathione ထုတ်လုပ်မှုကို ပိုမို တိုးမြှင့်ပေးနိုင်ပါတယ်။
✅ ချွဲသလိပ်တွေကို အလွယ်တကူ ပျော်စေနိုင် တာကြောင့် အသက်ရှုရတာ ပိုကောင်းစေတယ်။
✅ ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
✅ အသည်း အဆိပ်အတောက် ဖြစ်ခြင်းမှ ကာ ကွယ်ပေးနိုင်တယ်။
✅ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တယ်။

‼️ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ supplement တစ်ခုဖြစ်တဲ့ NACရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ မိမိနှင့် သင့်တော်ခြင်း ရှိမရှိဆိုတာကတော့ သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ဆရာများ၊ နည်းပြများ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ် သုံးစွဲ သင့်ကြောင်း တစ်ပါတည်း သတိပေးပါရစေ။

-Acetylcysteine

✅ Legend Fitness Member များအပါအဝင်  လူတိုင်း၊ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံကြပြီး၊ ...
01/01/2026

✅ Legend Fitness Member များအပါအဝင် လူတိုင်း၊ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံကြပြီး၊ ကျန်းမာကြံခိုင်သော ခန္ဓာကိုယ်များ ရရှိပိုင်နိုင်ကြပါစေလို့ Legend Fitness မှ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ 🙏

If the stage is your dream, this book is your starting point. Ready to level up? 💪🔥Author - Thet Oo Zin (PCA Athlete)
24/11/2025

If the stage is your dream, this book is your starting point. Ready to level up? 💪🔥
Author - Thet Oo Zin (PCA Athlete)

🔥Lactose Free🔥💁🏻‍♂️ ဒီတစ်ခေါက် content မှာတော့ Lactose ဆိုတာဘာလဲ? Lactose ကို အဆီကျချင်သူတွေ နှင့် ကာယဗလသမားတွေ ဘာကြောင်...
05/11/2025

🔥Lactose Free🔥

💁🏻‍♂️ ဒီတစ်ခေါက် content မှာတော့ Lactose ဆိုတာဘာလဲ? Lactose ကို အဆီကျချင်သူတွေ နှင့် ကာယဗလသမားတွေ ဘာကြောင့် ရှောင်ရှားကြသလဲ? စတာတွေကို လေ့လာမိသလောက် ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

🔹 Lactose ဆိုတာကဘာလဲ⁉️

✅ Lactose ဆိုတာက နို့ နှင့် နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတဲ့ carbohydrate အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။

🔸 Lactoseကို ချေဖျက်ဖို့ ခန္ဓာကိုယ်တွင်းမှ Lactase လို့ခေါ်တဲ့ enzymes (အင်ဇိုင်း)ကို ထုတ်လွှတ်ပေးပြီး၊ Lactose ကို ချေဖျက်လိုက် တဲ့အခါ Galactose နှင့် Glucose ဆိုတဲ့ သကြားဓာတ် နှစ်မျိုးကို ရရှိတာကြောင့် disaccharide သကြားအမျိုးအစား လို့လည်း ခေါ်ပါသေးတယ်။

🔹 Lactose က ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးရှိလို့လဲ၊ကောင်းကျိုးရော မရှိဘူးလား⁉️

✅ ဆိုးကျိုးကို အရင်ပြောရရင်တော့ ခန္ဓာကိုယ် မှ Lactose ကို ချေဖျက်ပေးမယ့် Lactase လို့ခေါ်တဲ့ enzymes တွေ လုံလောက်အောင်မ ထုတ်နိုင်တဲ့အခါ အစာမကြေ လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်ပူခြင်း နှင့် ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

✅ ကောင်းကျိုးကတော့ Lactose ကို ချေဖျက် လိုက်တဲ့အခါ ရရှိတဲ့ Glucose က ခန္ဓာကိုယ် စွမ်းအင်အတွက် အထောက်အပံ့ဖြစ်သလို၊ Galactose က ဦးနှောက် နှင့် ခုခံအားစနစ် တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ အတွက် Calcium နှင့် Magnesiumလို Minerals(သတ္ထုဓာတ်)တွေကို ပိုမိုစုပ် ယူမှု အားကောင်းစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အစာမကြေတဲ့ Lactose အချို့က အူလမ်းကြောင်းကို အကျိုးပြုတဲ့ဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ် ဆောင်ရွက်ပေးတာကြောင့် အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

🔹 Lactose ကို အဆီချသူ၊ကာယဗလသမားတွေကရော ဘာလို့ ရှောင်ကြသလဲ⁉️

✅ Lactose ဆိုတာကလည်း သကြားဓာတ် အမျိုးအစား ဖြစ်တာကြောင့် အဆီချသူတွေ၊ကာယဗလသမားတွေ အနေနှင့် အထူးသတိထားကြတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယ်လိုရီသေချာ တွက်ချက်ပြီး စားသုံးရတဲ့ အဆီချတဲ့သူတွေအတွက် Lactose ပါဝင်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းကြောင့် လိုအပ်တဲ့ တစ်နေ့တာ ကယ်လိုရီ ပမာဏထက် ပိုသွားမှာကို စိုးရိမ်ကြတဲ့အတွက် Lactose Free အမျိုးအစား နို့ထွက်ပစ္စည်းတွေကို ရှာဖွေစားသုံးကြတာ ဖြစ်နိုင် သလို အပေါ်က ရှင်းပြခဲ့တဲ့ Lactose ကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများကြောင့် ရှောင်ကြတာလည်း ဖြစ်နိုင်ပါတယ်။

✅ Lactose Intolerance လို့ခေါ်တဲ့ Lactose ကို မချေဖျက်နိုင်ခြင်း မရှိရလေအောင် Lactose ပါဝင်မှု နည်းတဲ့အစားအစာများ စားသုံးခြင်း၊ ဒိန်ချဉ် နှင့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားစေနိုင်တဲ့ အစားအစာများ စားသုံးခြင်း စတဲ့နည်းလမ်း များကလည်း Lactose Intolerance မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

‼️ အဲ့ဒီ့နည်းလမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကတော့ မိမိနှင့် သင့်လျော်တဲ့ အစားအသောက်များကို ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ နယ်ပယ်က ဆရာ၊ ဆရာဝန်များနှင့် တိုင်ပင် စားသုံးခြင်း ဖြစ်ပါတယ်။ အဲ့လိုလုပ်ခြင်းက Lactose ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်သလို၊ Lactose ကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကောင်းမွန်စွာ အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။

Address

No, (971), Bo Min Kaung Street, 11 Quater, North Dagon (ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာအနီး)
Yangon

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Telephone

+959448026318

Website

Alerts

Be the first to know and let us send you an email when Legend Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share