Lu Nge Radio

Lu Nge Radio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lu Nge Radio, Sports, Yangon.

Bayern 5-0 PlzenMaeseille 4-1 Sporting CPLiverpool 2-0 RangersAlax 1-6 NapoliPorto 2-0 LeverkusenClub Brugge 2-0 AtlĂŠtic...
05/10/2022

Bayern 5-0 Plzen

Maeseille 4-1 Sporting CP

Liverpool 2-0 Rangers

Alax 1-6 Napoli

Porto 2-0 Leverkusen

Club Brugge 2-0 AtlĂŠtico

Inter 1-0 Barcelona

Frankfurt 0-0 Tottenhan



Photo_Credit

🔴မန်ချက်စတာမှာ ကိုယ့်ကိုယ်ကိုယ်လိုက်ရှာဖို့လူငယ်ရေဒီယိုလွန်ခဲ့သောနေ့များမှာပေါ့။ ဘောလုံးနဲ့ကျနော် အဆက်အသွယ်မရခဲ့ဘူး။ ဝန်...
02/10/2022

🔴မန်ချက်စတာမှာ ကိုယ့်ကိုယ်ကိုယ်လိုက်ရှာဖို့
လူငယ်ရေဒီယို

လွန်ခဲ့သောနေ့များမှာပေါ့။ ဘောလုံးနဲ့ကျနော် အဆက်အသွယ်မရခဲ့ဘူး။ ဝန်ခံရရင် ကျနော့်ဘက်က စပြီးခေါ်ဆိုဖို့လည်း ပျက်ကွက်ခဲ့တယ်ပေါ့လေ။ အကျဘက်ခြမ်းမှာ ကျနော်ဟာ တည့်တည့်မတ်မတ်ကို ထိုင်နေမိတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေမိတယ်။ နိုင်ငံပွဲစဉ်တွေကို တို့ထိကြည့်ဖို့ အကောင်အထည်ဒြပ်ကလေး၊အသားတစ်ကလေးနည်းနည်းတောင် မရှိခဲ့။ အမှောင်ရဲ့တစ်ဝက်ကို ကျနော်သောက်ချထားပြီး တစ်ဝက်ကိုကျနော့်အခန်းနံရံကိုပက်လိုက်တယ်။ ကျနော့်အိပ်ရာဟာ အိပ်မက်ထဲကစီးကျလာတဲ့သွေးနဲ့ရွှဲနစ်နေတယ်။ ကမ္ဘာကြီးကို ငါနဲ့ဝေးဝေးမှာ သွားထားပေးစမ်းပါနေ့များပေါ့။ အဲ့ဒီနေ့များမှာ ရော်နယ်ဒိုအစိုးရပြုတ်ကျရေး ဆန္ဒပြသူတွေရဲ့အသံကိုလည်း ကြားရ။ ဘယ်သူနဲ့ပြောပြော ပေါ်တူဂီတံတွေးဟာ ကျနော့်မျက်နှာကိုလာစင်တော့တာပဲ။ စိတ်ကုဆရာဝန်က ဖွင့်ဟသတဲ့။ ဂိုးစက်ရုံဟောင်းဟာ ဒီပရက်ရှင်မီးခိုးထွက်လာသတဲ့။ ဘောလုံးရဲ့ ဓမ္မတာလာသော နေ့များပါပဲ။ အဲ့ဒီရာသီသွေးတွေ လူတိုင်းစွန်းပေကြမှာပဲ။ ဒါတွေကို ကျနော်ဖုတ်ဖက်ခါထပြီး မဆေးကြောချင်ဘူး။ ထားလိုက်တယ်။

ရုတ်တရက် ဘိုင်ယန်နဲ့ကျနော် ပြန်နိုးလာပါတယ်။ နာဂျယ်စမန်းမသေခဲ့ဘူး။ လူငယ်တွေဟာ နောက်ကျောကနေဓားနဲ့မထိုးတတ်ကြောင်း မူစီယာလာက ပြလိုက်ပါတယ်။ အဲ့ဒီမှာ တစ်ပွင့်သောကြယ်ကို အလေးအမြတ်ပြုဖို့ ကျနော်အိပ်ရာထရတယ်။ မျက်နှာသစ်ရတယ်။ နောက်ထပ်သစ္စာပန်းတွေပွင့်ဦးမလား။ အာဆင်နယ်ကိုစောင့်ရတယ်။ ကျနော်မှန်ခဲ့။ လူငယ်နံ့တွေ ကျနော့်ခြေဆုံးခေါင်းဖျား ဆွတ်လိုက်ရ။ ကျနော် လမ်းတိုင်းကို ထွက်လျှောက်ပစ်လိုက်တယ်။ ချယ်ဆီးမှာ အခက်ကြီးထဲက ကော်လဂါနဲ့ခုန်ထွက်လာတယ်။ ကလော့ကို ကျနော်ဘယ်လိုနှုတ်ဆက်ရမယ် မသိပါဘူး။ ဘရိုက်တန်ဆီက သူရလိုက်သလား မရလိုက်ဘူးလား၊ အဲ့ဒီတစ်မူးတစ်ပဲနဲ့ လီဗာပူးတို့ ဘာဝယ်စားမလဲပေါ့။ တစ်ဖက်မှာ မော်ဟာဖြစ်ခဲ့တယ်။ မီလန်မှာဖြစ်ခဲ့တယ်။ သံလွင်ခက်ကို မန်ယူဟောင်းဆီက ရခဲ့တယ်။ အဲ့ဒီမှာ ရှူသွင်းလိုက်တဲ့လေဟာ အင်ဒိုနီးရှားသက်ပြင်းတစ်ခုဖြစ်ခဲ့တာ ကံဆိုးတာပဲ။ ဘောလုံးဟာ နာရေးတစ်ခုဖြစ်ခဲ့။ ပြောစရာစကားတောင်မရှိပါဘူး။

မန်ချက်စတာက မိုးခြိမ်းသံကြားရတယ်။ အဲ့ဒါ ဂိုးမိုးညိုတွေလား။ ဟာလန်းတို့ အဲ့သလောက် စွေနေကြပြီလား။ မန်ယူတစ်ယောက်အနေနဲ့ ပြိုင်ဘက်ရဲ့၁-၉၀ဟာ တဆိတ်မလွန်ဘူးလား။ အဲ့ဒီလမ်းအတိုင်းသွားဖို့ဆန္ဒမရှိဘူး။ လမ်းမီးတွေကို ပစ်ခွဲခဲ့မယ်။ ကောင်းကင်နဲ့ ၅ပေ၉လက်မ ပိုနီးတဲ့နေရာမှာ နေထိုင်ဖို့။ သွေးရယ် ချွေးရယ် မျက်ရည်ရယ် ခွန်အားရယ် ချာချီပြောခဲ့သလိုပဲ ကိုယ့်ဖိနပ်ပေါ်ကနေ ဒီစစ်ကိုတိုက်ဖို့။ အဲ့ဒါပါပဲ။ ဒီကွင်းမှာ သူတို့အောင်ပွဲခံမှုကို မိမိတို့ရပ်တန့်ခဲ့ဖူးတာပေါ့။ မော်နဲ့ဖောင်ဖျက်ဖူးတယ်။ ဆိုးရှားသည်ပင်လျှင်ပေါ့။ အဲ့ဒီမှတ်တမ်းမှတ်ရာနဲ့မလုံလောက်လို့ အဲရစ်တန်ဟက်ပုခုံးပေါ်ထိ တော်လှန်သောအလံကို တက်စိုက်မိပါတယ်။ ဒါဟာ ပွဲကြိုမဟုတ်ပါဘူး။ အဲ့ဒီလိုမဖြစ်နိုင်ပါဘူး။ ကျနော့်အတွင်းသံ ခပ်တိုးတိုးမျှပါပဲ။ ခုချိန်မှာ နွေးထွေးသောမန်ယူတစ်ယောက်နဲ့ ပွေ့ဖက်နှုတ်ဆက်နိုင်ဖို့ ကျနော့်ပဋိသန္တာရပြုမှုသာဖြစ်ပါတယ်။

🔴အပြင်ကြေး(ဘော်ဒီ ဂိုးပေါင်း)အေးအေးလူလူကစားချင်သူတွေအတွက် Nan Htike Aung Betting ရှိနေပါတယ်
အလျော်အစားမှန်ကန်ပြီး ငွေသွင်းငွေထုတ် စိတ်ချရလို့ ခင်ဗျားတို့အနေနဲ့ ဘောလုံးရသမပျက် ပျော်ပျော်ပါးပါးကစားနိုင်ပါတယ်

Viber- 09689042823
SMS- 09689042823
Cb also available
လူငယ်ရေဒီယိုမှာပဲဖြစ်ဖြစ် Ko Chamနဲ့ Bu Bu Win Pe messenger မှာပဲဖြစ်ဖြစ် ချိတ်ဆက်လို့ရပါတယ်
ကော်မရှင်ယူလိုသူတွေလည်း ဆက်သွယ်နိုင်ပါကြောင်း

🔲ဗယ်ဗာဒီအဖြူကိုဝတ်ပါ▪️လူငယ်ရေဒီယိုကြယ်တွေဆီသွားဖို့ ကျနော်စိတ်ကူးရတယ်။ အမှောင်မှာ ဘယ်သူနေပျော်ပါ့မလဲ။ ဘဝမှာ တစ်ကြိမ်တစ်ခ...
19/09/2022

🔲ဗယ်ဗာဒီအဖြူကိုဝတ်ပါ

▪️လူငယ်ရေဒီယို

ကြယ်တွေဆီသွားဖို့ ကျနော်စိတ်ကူးရတယ်။ အမှောင်မှာ ဘယ်သူနေပျော်ပါ့မလဲ။ ဘဝမှာ တစ်ကြိမ်တစ်ခါမျှ နှစ်ကြိမ်နှစ်ခါမျှ ကိုယ့်ကိုယ်ကိုယ် သူများအလင်းရောင်ထဲထိုးနှစ်ပြီး ပြန်ဆယ်ယူလိုက်ချင်ပါတယ်။ ဟေ့ ဒီမှာ ငါ့တောက်ပမှုလေးကို ကြည့်စမ်းလို့ ဦးခေါင်းကနေ ခြေဖျားထိ ကျနော်တစ်စက်စက်ညှစ်ချမယ်။ ကျနော့်မျက်လုံးမှာ ကျနော်အကြိုက်ဆုံးကြယ်ကို ထည့်မယ်။ ကျနော့်နှလုံးသားကို နဂါးငွေ့တန်းထဲ လှည့်လည်စေမယ်။ ဂြိုဟ်ပျက်တွေ တဆိတ် လမ်းဖယ်ပေးကြစမ်းပါ။ ကျနော် ကြယ်တွေဆီသွားမလို့။ လမ်းညွှန်ဆိုင်းဘုတ်မလိုဘူး။ အလင်းနှစ်တွေကို ကျနော်မြိုချလိုက်ပြီ။ ခင်ဗျားလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ မက်ဒရစ်ရဲ့ မြက်ခင်းပေါ်က ကျနော်ခုန်မယ်။ မြေဆွဲအားကို ဆန့်ကျင်ပြီး ကျနော်ခုန်မယ်။ အန်ဆယ်လော့တီအိတ်ကပ်ထဲက ဆေးပြင်းလိပ်တွေ ကျနော်အကုန်နှိုက်ယူသွားမယ်။ ကျနော့်ကြယ်ဆီရောက်ရင်သောက်ဖို့။ ခင်ဗျား အဆင်ပြေရင် ကျေးဇူးပြုပြီး လက်တင်တေးသွားတွေ ကျနော့်နှုတ်ခမ်းပေါ်မ,တင်ပေးပါလား။ စကားနည်းပြီး အလုပ်လုပ်သူတစ်ယောက်ရဲ့ တိတ်ဆိတ်ဘာသာစကားကို ကျနော်သင်မယ်။ ကြယ်ကိုနှုတ်ဆက်ဖို့ ကျနော်ဟာ ကျနော့်ထစ်ငေါ့မှုကနေ ခုညပဲ ရုန်းထွက်ခဲ့ပြီ။ ဟယ်လို ဗယ်ဗာဒီရေ- ကြယ်တွေဟာ ဒီလောက်တောင် ရိုးရှင်းကြသလား။ ကြယ်တွေဟာ ဒီလိုပဲ ကမ္ဘာကြီးပေါ် ဆွတ်ဆွတ်ဖြူလူငယ်အဖြစ် ဖြာကျလာသလား။ ခင်ဗျားအရောင်ကို အပ်နဲ့ထိုးသီပြီး ကျနော်ချုပ်ဝတ်ခဲ့ရပါတယ်။

နောက်ထပ်ကက်ဦးထုပ်တစ်လုံး မရနိုင်ဘူးလားနောက်ထပ် Blinderတစ်ယောက် မရှိနိုင်ဘူးလား
17/09/2022

နောက်ထပ်ကက်ဦးထုပ်တစ်လုံး မရနိုင်ဘူးလား
နောက်ထပ် Blinderတစ်ယောက် မရှိနိုင်ဘူးလား

🔳သင်တို့အား ဟယ်ရီကိန်းပုဒ်မဖြင့်သေစားသေစေအမိန့်ချတယ်▪️လူငယ်ရေဒီယိုပြောမယ့်သာပြောတာ၊ ချန်ပီယံလိဂ်စပါးမှာ ကိုယ့်ရင်အုံကိုစ...
17/09/2022

🔳သင်တို့အား ဟယ်ရီကိန်းပုဒ်မဖြင့်သေစားသေစေအမိန့်ချတယ်

▪️လူငယ်ရေဒီယို

ပြောမယ့်သာပြောတာ၊ ချန်ပီယံလိဂ်စပါးမှာ ကိုယ့်ရင်အုံကိုစမ်းရသေးတယ်။ ကိုယ် အသက်ရှိသေးရဲ့လား။ ကိုယ့်နှလုံးဟာ ရှုံးပွဲတစ်ပွဲမှာ ထဖောက်သွားသလား။ ဒီမိနစ်တွေမှာတော့ တကယ်ပဲ ကိုယ်ဟာ သေချင်စော်နံခဲ့တယ်။ ပေါ်တူဂီမြင်ရင် ကိုယ့်မှာ မိုက်ခနဲ။ ဒီတိုင်းဆို ကွန်တီကားပေါ်က ဆင်းလိုက်ရမလားဆိုတော့လည်း ကိုယ်ဟာအဝေးပြေးလမ်းပေါ်မှာ။ ကိုယ့်ကိုယ်ကိုယ်ပစ်ချဖို့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တောင်မတွေ့ဘူး။ အဲ့ဒီမှာ ဘာလုပ်ရသလဲဆိုတော့ အဲ့ဒီမှာ ကိုယ်နဲ့မကွာဆောင်ထားသောဟယ်ရီကိန်းကို ထုတ်ရှူရတာပဲ။

ဆိုတော့ ကိုယ်ဟာ ကိုယ့်ဆေးနဲ့ကိုယ် ပရီးမီးယားလိဂ်ရောက်အောင်ပြန်လာခဲ့ပြီပဲဆိုပါတော့။ အဲ့ဒီမှာ ကိုယ့်ခေါင်းပေါ်က လန်ဒန်ကောင်းကင်ကို မော့ကြည့်မိတယ်။ ကျေးဇူးတော်ပါပဲ။ စပါးရဲ့ဒီပရက်ရှင်မီးခိုးတွေ ဒီမှာမတွေ့မိဘူး။ နေကောင်းရဲ့လားမေးစရာမလိုအောင် သူတို့ အမှတ်ပေးဇယားထဲ ကျန်းကျန်းမာမာရှိပါတယ်။ အိမ်ရှေ့မှာ ဂိုးပင်ကလေးတွေစိုက်တယ်။ဆွန် မပွင့်သော်လည်း ဟယ်ရီကိန်းပန်းတွေဝေပါတယ်။ သူဟာ လက်စတာနဲ့ နောက်ဆုံးငါးပွဲမှာ ငါးဂိုးရခဲ့တယ်။ အဲ့ဒီငါးပွဲမှာ စပါးတို့လေးပွဲနိုင်ခဲ့တယ်။ အဲ့ဒီမှာ နှင်းရည်စက်လက်ပါပဲ။ အဲ့ဒီလန်းဆန်းမှုနဲ့
ဟယ်လို ရော်ဂျာပေါ့လေ။ ကိုယ်ဟာ မြေခွေးတွေဆီ ဖုန်းဆက်လိုက်ပြီ။

လက်စတာရဲ့ ရောဂါအခြေအနေဟာ ဆိုးပါတယ်။ ဖိုဖာနာကိုရောင်းပြီး တစ်သင်းလုံးအသဲကွဲသွားသလားပဲ။ မြေခွေးတွေဟာ အစာမစားကြတော့ဘူး။ နိုင်ပွဲတစ်ပွဲလောက်တောင် မျိုမချနိုင်။ သူတို့ ပွဲတိုင်းအန်နေကြပေါ့။ ၁၆ဂိုးသော အချဉ်နံ့တွေ စူးတက်လာတယ်။ ဂျေမီဗာဒီဆီသွားတိုင်း ဂျေမီဗာဒီကို မတွေ့ရဘူး။ တံခါးကိုခေါက်ကြည့်တယ်။ လျှပ်စီးရောင်တွေ ဘယ်မှာလဲ။ အန်ဒီဒီသော့ဟာ ပွင့်နေတယ်။ လက်စတာအနှံ့မှာ ကိုယ်တို့အရင် ဝင်သွားသူတွေရဲ့ခြေရာလက်ရာတွေ တွေ့ရ။ ကိုယ်သိတာပေါ့။ ဒီလိဂ်ဟာ ရက်စက်တယ်။ သွေးအိုင်ထဲက မြေခွေးကို ပို့သစရာမေတ္တာ ကိုယ့်မှာလည်းမရှိပါဘူး။ စပါးနဲ့ ဧည့်ခံခြင်းမှာ အဆိပ်ပုလင်းကိုဝှက်ယူလာဖို့ပဲ ကိုယ့်အာသီသဖြစ်တယ်။

🔴လူငယ်ရေဒီယိုမှာ သင့်အတွက် နေ့စဉ်ဘောလုံးနဲ့ပတ်သက်တဲ့ထုတ်လွှင့်ချက်တွေရှိနေပါတယ်။ လူငယ်ရေဒီယိုပေ့ဂျ်ကို Like & Share လုပ်ပေးခြင်းဖြင့် အားပေးကြပါဦးဗျ။ ကျေးဇူးတင်ပါတယ်။

🟥မန်ယူ၊ မော်နဲ့ ဂိုးရောင်တလက်လက် မြက်ခင်းများ▪️လူငယ်ရေဒီယိုခင်ဗျားတို့ လာဇီယိုအလှူက ပြန်လာကြတာလား။ ဝတ်ကောင်းစားလှတွေ တွန...
16/09/2022

🟥မန်ယူ၊ မော်နဲ့ ဂိုးရောင်တလက်လက် မြက်ခင်းများ

▪️လူငယ်ရေဒီယို

ခင်ဗျားတို့ လာဇီယိုအလှူက ပြန်လာကြတာလား။ ဝတ်ကောင်းစားလှတွေ တွန့်ကြေလို့။ အီတလီဟင်းလျာဟာ အားလုံးကို အစာအဆိပ်သင့်စေခဲ့။ ကိုယ့်ဖိနပ်အသစ်လေးကိုလည်း မစ်ဂျလန်တွေ မှားစီးသွားပြီ။ ပါရမီတော်ခန်းတွေဟာ စိတ်ပျက်ရပါတယ်။ ပျော့ညံ့တဲ့ရောမဟာ စက္ကူဓားနဲ့ ဘာကိုသိမ်းမှာလဲ။ သူတို့မီးပုံထဲ ကိုယ်တို့ယုန်တွေခုန်ဆင်းတာ တစ်ကောင်မှမရှင်ခဲ့ကြ။ အဆုတ်ထဲ မီးခိုးနဲ့ပြည့်ဖောင်းရ။
ဒါတောင် ‘’ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ’’ ဆိုလား။ ဆာရီဘောကို ခက်ရင်းနဲ့ ထိုးချလိုက်တယ်။

မော်ဒိုဗာမှာ အိပ်သွားသူတွေ မန်ချက်စတာမှာပြန်နိုးလာပြီ။ ခင်ဗျားလည်း ထတော့။ နေထွက်ပြီကိုယ့်လူ။ ရော်နယ်ဒိုကော်ဖီပူပူကိုသောက်ပါ။ ဆန်ချိုရဲ့ ဂိုးညှပ်ပေါင်မုန့်ကိုစားပါ။ ဒီပင်နယ်တီဟာ ပေါ်တူဂီဟာသတစ်ခုမဟုတ်ပါဘူး။ သူဟာ ခြေတုနဲ့ ပြေးလာသူမှမဟုတ်ဘဲ။ သူ့ကြွက်သားကို တစ်နည်းတစ်ဖုံ သူပြန်စမ်းမိခြင်းမှာ ဘယ်သူ့အပူပါသလဲပေါ့။ ထရိုးလ်တွေဟာ တဆိတ်မလွန်ဘူးလား။ ဘလီချာရီပို့ထ်ရဲ့စောက်ခွက်ကိုရိုက်ပါ။

ခင်ဗျားလွတ်သွားပြီထင်တဲ့ စာကလေးတွေ ဥက္ကဋ္ဌကြီးမော် ဖမ်းမိကြောင်းပေါ့။ တစ်ဘက်က တစ်ယောက်လျော့အနေအထားမှာ ကိုယ့်ကြေးနောက် ကိုယ်အမီလိုက်လာနိုင်ခဲ့တယ်။ ကျေးဇူးဥပကာရပေါ့လေ။ ဒီဘာလာပဲဖြစ်ဖြစ်၊ ဘယ်လော့တီပဲဖြစ်ဖြစ် သူ့ငှက်ခတ်မုဆိုးတွေနဲ့ အလုပ်လုပ်လို့ရခဲ့တယ်။ မန်ယူအိုကြီးမာတစ်မှာတောင် ပျော့တွဲတဲ့အရည်ပြားမတွေ့ခဲ့ရပါဘူး။ ရိုးမားတို့ ဒုတိယရာသီကြေညာစာတမ်းကို ဖတ်ဖို့ လည်ချောင်းရှင်းနိုင်ပြီလား။ တကယ်ပဲ စပယ်ရှယ်ဝမ်းလေသံထွက်မလားပေါ့။ စိတ်ရဲ့လက်တစ်ဖက်နဲ့ စမ်းကြည့်မိပါတယ်။

ဂိုးမှတပါးအခြားမရှိသူတွေ ရှိပါတယ်။ ဖီယင်နုပေါ့လေ။ နောက်ဆုံးခြောက်ပွဲမှာ ဂိုးနှစ်ဆယ်ရခဲ့တယ်။ လာဇီယိုအရှုံးထဲကတောင် နှစ်ဂိုးပြန်ဆွဲထုတ်နိုင်ခဲ့။ ဒီညမှာ သူတို့ဟာ ဒိုင်းနမိုက်ဖြစ်တယ်။ အဲ့ဒါဟာ ဂိုးအောက်တွေတစ်စစီဖြစ်သွားတဲ့အထိ ပြင်းပါတယ်။

မုန်းသူမရှိ၊ ချစ်သူသာရှိရန်သူမရှိ၊ မိတ်ဆွေသာရှိ။(ဒဂုန်တာရာ)
15/09/2022

မုန်းသူမရှိ၊ ချစ်သူသာရှိ
ရန်သူမရှိ၊ မိတ်ဆွေသာရှိ။

(ဒဂုန်တာရာ)

🔴မော်ဒိုဗာလက်မှတ်တွေရမယ်✍️လူငယ်ရေဒီယိုသရဲရထားစီးမယ့်လူတန်းထဲ ကျနော်တို့ဝင်ရပ်ကြမယ်ပေါ့လေ။ ဒါနဲ့ ကျနော်တို့ ဆိုစီဒက်ဂျာစီ...
15/09/2022

🔴မော်ဒိုဗာလက်မှတ်တွေရမယ်

✍️လူငယ်ရေဒီယို

သရဲရထားစီးမယ့်လူတန်းထဲ ကျနော်တို့ဝင်ရပ်ကြမယ်ပေါ့လေ။ ဒါနဲ့ ကျနော်တို့ ဆိုစီဒက်ဂျာစီတွေ ဝတ်လာဖို့လိုအပ်သလား။ ဒီလိုပြောရလို့ ဆောရီးပါတန်ဟက်ရေ။ ခင်ဗျား မန်ယူဟာ မေ့တတ်တယ်။ ခဏခဏမေ့တယ်။ ခဏခဏသတိပေးရတယ်။ နေ့စဉ်မန်ယူဘဝမှာ သွေးနဲ့သားနဲ့ရှိကြဖို့ပါပဲ။ မော်ဒိုဗာဖန်တွေ မေးနေကြပြီ။ ဒီပွဲမှာ ရော်နယ်ဒို ဝင်ကစားမလားပေါ့။ ဂေါင်းကြီး ဝင်ကစားမလားလို့ရော မမေးကြဘူးလား။ အင်္ဂလန်သားဟာ ဂျွန်နီအင်းဂလစ်ရှ်မဟုတ်ပါဘူး။ ဘာလို့များ ဟဟတွေနဲ့ လူလုပ်နေတာလဲပေါ့။ သူတို့နှစ်ယောက်ပါတဲ့မန်ယူဟာ မှားတဲ့ဘက်မှာရှိနေခဲ့တာလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ။ အဲ့ဒီဖဲတွေ တန်ဟက်ဆွဲမလို့လား။ ရှရစ်ဖ်ဆိုတာ ငါမွေးမှ ငါ့သားလောက်ရှိပါတယ်ကွာဆိုတာမျိုးက တကယ်မဖြစ်ခဲ့ရင် ရှက်ဖို့ကောင်းပါတယ်။ သူတို့ မက်ဒရစ်ရဲတိုက်ကို ဖြိုချလိုက်တုန်းက ခင်ဗျားခရီးလွန်နေခဲ့သေးလား။ အဲ့ဒီအိပ်မက်မျိုး မန်ယူကိုခေါင်းအုံးအိပ်ပြီး မက်ရမှာလား။ ဒီညမှာ မားကပ်ရက်ရှ်ဖို့ မပါနိုင်ပါဘူး။ ရော်နယ်ဒိုမိုးနဲ့ ရေချိုးမယ်ဆိုသူတွေလည်း ရှိကောင်းရှိပေမဲ့ နည်းလာပါတယ်။ ဒါဖြင့် အန်တိုနီလရောင်အောက်မှာ လမ်းလျှောက်ကြမလားပေါ့။ ပသို့ဆိုစေ၊ သုံးမှတ်ရဖို့သာ ပဓာနဖြစ်တယ်။ အဲ့ဒီမှာ ပေါ့ဆလို့မရ။ အဲ့ဒီမှာ ရန်သူကို လိုအပ်သလောက်ပဲအထင်သေးတာကောင်းပါတယ်။

🔴လူငယ်ရေဒီယိုမှာ နေ့စဉ် ဘောလုံးနဲ့ပတ်သက်တဲ့ထုတ်လွှင့်ချက်တွေ ရှိပါတယ်။ လူငယ်ရေဒီယိုပေ့ဂျ်ကို Like & Share လုပ်ပေးခြင်းအားဖြင့် အားပေးကြပါဦး။

ဥရောပသစ်ကိုင်းများပေါ် ခုန်ကူးခြင်း🔴လူငယ်ရေဒီယိုအဲ့ဒီမှာ ဘောလုံးမျောက်တွေ ကိုယ့်အုန်းသီးကိုယ်ရသွားရောလား။ လွတ်သွားတဲ့ သစ...
15/09/2022

ဥရောပသစ်ကိုင်းများပေါ် ခုန်ကူးခြင်း

🔴လူငယ်ရေဒီယို

အဲ့ဒီမှာ ဘောလုံးမျောက်တွေ ကိုယ့်အုန်းသီးကိုယ်ရသွားရောလား။ လွတ်သွားတဲ့ သစ်ကိုင်းတွေ မရှိဘူးလား။ ချိန်းထားတဲ့နေရာကို ဂရေဟမ်ပေါ်တာ ရောက်မလာပါဘူး။ ဘရိုက်တန်ဆရာတော် တုတ်ကလေးတစ်ချက်ယမ်းလိုက်ရုံနဲ့ ချယ်ဆီးဟာ မှော်သားပြည့်သိပ်နေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားရတာ ပင်ပန်းပါတယ်။ အဲ့ဒီလောက် ဘယ်ရောက်ပါ့မလဲ။ ခုမှ မန်းမှုတ်နေတုန်းရေတွေပါ။ ပွက်ပွက်မဆူနိုင်သေးပါဘူး။ စတာလင်နဲ့ပဲ ဖြစ်ဖြစ် သူတို့တစ်လက်မချင်း ကိုယ့်ကိုယ်ကိုယ်တွေ့ရှိတဲ့အထိ သူတို့တွန်းရွှေ့ကြပေါ့လေ။ ဆိုးတာကတော့ ချန်ပီယံလိဂ်အနှစ်နှစ်ဆယ်ကျော်မှာ ဒုတိယမ္ပိမိုးခေါင်ရေရှားဖြစ်ရတယ်။ အဲ့ဒီမှာ ပပ်ကြားအက်ထဲငုံ့ကြည့်ရတာတွေ ရှိမယ်။ အုပ်စုတက်ပါ့မလားသစ်ရွက်တွေကြွေမယ်။ ဘိုလေဖြတ်ချလိုက်တဲ့ တူချယ်ဖဲကြိုးကို ပရိသတ်တွေ ဆုပ်ထားတုန်းပဲ။ ချယ်ဆီးမှာ ငိုရမလား ရယ်ရမလားမသိပါ။ ရှုပ်ပါတယ်။ ခင်ဗျားပဲမှော်ဆရာလုပ်ပြီး ချန်ပီယံလိဂ်ဖလားကြီး ဖျောက်ပစ်လိုက်ပါလား။ တစ်ဖက်မှာတော့ ဟာလန်းမီးခွက်ကိုပွတ်တိုင်း ဂိုးတွေထွက်လာပါတယ်။ ဘယ်လင်ဂမ်ထက်ပိုလင်းတဲ့ကြယ်မျိုး ဟာလန်းအိတ်ကပ်ထဲမှာရှိခဲ့တယ်။ ဘယ့်နှယ်လုပ်ကြမလဲပေါ့။ သူတို့ဟာ ဘယ်နေရာရောက်ရောက် နိုင်ပွဲစျာန်သမာပတ်ကို ကျင့်ကြံနိုင်တယ်ဆိုတာ သေချာလာပါတယ်။ အားလုံး ဂွါဒီယိုလာကော်ဇောပျံစီးကြပေါ့လေ။ တစ်ခုပါပဲ။ ချန်ပီယံလိဂ်မှာ သိက္ခာတော်ရ ဝါတော်ရတွေနဲ့တွေ့တိုင်း မန်စီးတီးကိုင်းရှိုင်းသွားရပုံ။ ကွာတားမှ ဆီမီးများ၊ ဆီမီးမှ ပြီးပါပြီများ။ ဒီတောင်ကို မောင်ဖြိုဖို့ လိုပါတယ်။ ဂျူဗီဘာဖြစ်ချင်သလဲ ကျနော်တို့လည်း မသိပါဘူး။ အယ်လီဂရီမှာ သူနဲ့ရုပ်ချင်းဆင်တူတဲ့ ခပ်ညံ့ညံ့အမြွှာညီအစ်ကိုတစ်ယောက်ရှိသလား။ အိမ်ကွင်းမှာ ဘင်ဖီကာဟာ ဂျူဗီတိုက်တဲ့အရက်ကိုသောက်ပြီး ဂျူဗီမကောင်းကြောင်း ထိုင်ပြောသွားသလိုပါပဲ။ ဗလာဟိုဗစ်တို့ စော်ကားမော်ကားရပ်ကွက်ထဲ ဓားဆွဲပြီး မဝင်ကြဘူးလားပေါ့လေ။ နာပိုလီစပျစ်ဟာ ချိုပါတယ်။ ခင်ဗျားလည်း လီဗာပူးနဲ့ပွဲကတည်းက စပယ်လက်တီခြံထဲ ရောက်ခဲ့မှာပဲ။ ပျော်ပွဲစားထွက်လို့ကောင်းတဲ့ ရာသီဥတုမျိုးလည်း သူတို့မှာရှိနေပါတယ်။ ချန်ပီယံလိပ်မှာ သူတို့ချည်းသာလောဆိုတော့ မှန်ပါ။ ရီးရဲနဲ့ပါဘုရားလို့ ဖြေရမယ်။ ပဲရစ်မြို့သားတွေနဲ့ပါဘုရားလို့ဖြေရမယ်။ ဒီခရီးနီးသလား။ ဗယ်ဗာဒီနဲ့ရောက်အောင်သွားပါမယ်။ကောင်းပြီ။ မက်ဆီကို သင်မညာခဲ့ဘူးမဟုတ်လား။ နေမာကို သင်မညာခဲ့ဘူးမလား။ အဲ့ဒီလောက်ဆို ကမ္ဘာကြီးထဲ အသက်ရှင်ကျန်ရစ်ဖို့ လုံလောက်ပါတယ်။

🔵 ပြန်ဆုံတေးဟာမလှဘူးလား။ နော်ဝေဂျီယန်နှစ်ကိုယ်ခွဲရုပ်ရှင်ဟာ မလှဘူးလား။ ခင်ဗျားလည်း အချိန်ခရီးသွား။ ကျနော်လည်း အချိန်ခရီး...
14/09/2022

🔵 ပြန်ဆုံတေးဟာမလှဘူးလား။ နော်ဝေဂျီယန်နှစ်ကိုယ်ခွဲရုပ်ရှင်ဟာ မလှဘူးလား။ ခင်ဗျားလည်း အချိန်ခရီးသွား။ ကျနော်လည်း အချိန်ခရီးသွား။ ဟာလန်းနာရီကျမှ ပြန်ဆုံကြရင် မလှဘူးလား။တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ တိုက်ဆိုင်မှုဆိုတာရှိလာခဲ့ရင်လည်း အဲ့ဒါ ဘုရားသခင်လက်ထဲက လွတ်ကျလာတာပဲဖြစ်မယ်။ ဂွါဒီယိုလာဖဲချပ်ဟာ ခိုးကြည့်ဖို့မလိုပါဘူး။ ခင်ဗျားအလွတ်ရပြီးသားအပွင့်၊ ခင်ဗျားသိပြီးသားဂဏန်းပဲ။ ဟာလန်းကိုပစ်ချလိုက်ရင် ခင်ဗျားဘာလုပ်မလဲ။ အဲ့ဒီကတ်ပေါ် ကျနော်ခြေစုံရပ်မိတယ်

#မန်စီးတီးVSဒေါ့မွန်
#ချန်ပီယံလိဂ်

စပါးအသေဟာ ဖော်မလင်နံ့မွှန်တယ်🔴လူငယ်ရေဒီယိုကျနော်မပျော်ပါဘူး။ လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ညီလေးရေ ကွန်တီတစ်ခွက်ချဟေ့လို့ အရသာ...
14/09/2022

စပါးအသေဟာ ဖော်မလင်နံ့မွှန်တယ်

🔴လူငယ်ရေဒီယို

ကျနော်မပျော်ပါဘူး။ လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ညီလေးရေ ကွန်တီတစ်ခွက်ချဟေ့လို့ အရသာမရှိတာတွေ ထိုင်သောက်ရမှာလား။ ဒီအစာအိမ်ဟာ ချန်ပီလိဂ်အချဉ်ပေါက်နေပြီ။ ဂိုးနဲ့တူတဲ့ဘယ်လိုအစာလေးများ စပါးနဲ့ ခံထားလို့ရမလဲပေါ့။ အဲ့ဒီခွက်ထဲ ခုန်ဆင်းကြည့်ရုံပါ။ အဲ့ဒီမှာ မူးမူးနဲ့ ရီချာလီဆန်ကိုအော်ခေါ်မိ။ ကိန်းရေ၊ တောင်ကိုးရီးယားသားလေးရေ၊ ပိုလန်က ကူလူဆက်စကီးရေ၊ ထူးသံမကြားရ၊ သူတို့ ဟိုးဆေးအယ်ဗာလိတ်ကွင်းထဲကို ရောက်မလာကြဘူးလား။ ဒါမှမဟုတ် သူတို့ ပွဲမစခင် ကွင်းထဲက ပြန်ထွက်သွားကြသလား။ စပါးဟာ ကျနော်နဲ့ တစ်ဝိုင်းတည်းဝင်သောက်ပြီး အိမ်မပြန်နိုင်တော့တာလား။ အဲ့ဒီမှာ ဒုက္ခနဲ့ လှလှ နှစ်ပါးသွားကေတီဗီ။ ကျေးဇူးပြုပြီး ပေါ်လင်ဟိုသီချင်းမဆိုလို့မရဘူးလား။ တစ်ကိုယ်တော်အာသာတွေနဲ့ တွဲကရဦးမှာလား။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်သံယောဇဉ်မပြတ်နိုင်ကြ။ ဒါကြောင့်ပဲ အခက်ကြီးထဲခုန်ချ။ ဘာထူးသေးလဲ။ စပို့တင်းအရက်တွေတစ်ညလုံးပြန်အန်နေတာပဲ အဖတ်တင်တယ်။

အချိန်တန်ရင် သမိုင်းရဲ့ကြောင်တွေဟာ ဂျာမန်စန္ဒရားပေါ်ခုန်တက်လာမယ်🔴လူငယ်ရေဒီယိုဘုရားသခင်ဟာ ဂျာမန်တစ်ယောက်ဖြစ်တယ်။ အဲ့ဒီဝါဒ...
14/09/2022

အချိန်တန်ရင် သမိုင်းရဲ့ကြောင်တွေဟာ ဂျာမန်စန္ဒရားပေါ်ခုန်တက်လာမယ်

🔴လူငယ်ရေဒီယို

ဘုရားသခင်ဟာ ဂျာမန်တစ်ယောက်ဖြစ်တယ်။ အဲ့ဒီဝါဒမှာ ကျနော်တို့ နောက်တစ်ကြိမ် သက်ဝင်ရပြန်ပါတယ်။ ဘယ်လိုပါလိမ့်။ ဘုန်းတော်ကြောင့် ခင်ဗျားလွှင့်ပစ်လိုက်တဲ့ဘိုင်ယန်ကျမ်းစာအုပ်ဟာ ဘုရားစင်ပေါ်ပြန်ရောက်လာတယ်။ ကျနော်တို့ဟာ ယုတ္တိကျောက်တုံးကို တောင်ပေါ်လှိမ့်တင်ဖို့ကြိုးစားတဲ့ ကက်တလိုးနီးယန်းစီစီဖာ့စ်တွေပဲ။ ကျနော်တို့ဟာ လွယ်လွယ်နဲ့မယုံနိုင်ဘူး။ မယုံနိုင်လို့ သုံးပွဲဆက်သရေအပိုဒ်ကိုပြန်လှန်မိတယ်။ အဲ့ဒီစာမျက်နှာဟာ ဗလာဖြစ်နေပေါ့။ ဘုရားသခင်ဟာ အလိုင်းယန့်အေရီနာမှာ သူ့အမှိုက်ကို သူလှည်းကျင်းလိုက်ပြီ။ ခင်ဗျားအနေနဲ့ ယဉ်ကျေးမှုတော်လှန်ရေးသမားဖြစ်လို့မို့ ဘိုင်ယန်အလိုမရှိဆိုလည်း ရပါတယ်။ ဒါပေမဲ့ ဘိုင်ယန်ကိုငြင်းတာဟာ ဘုရားသခင်ကိုငြင်းတာပဲလို့ ခင်ဗျားတွေ့ရှိလာမယ်။ တူချယ်တံချူဆွဲပြီး နာဂျယ်စမန်းသစ်သီးတွေလှုပ်ချလိုက်တာ ဘာစီလိုနာသစ်ရွက်တွေသာကြွေသွားရော။ ခင်ဗျားမရလိုက်ဘူး။

ကမ္ဘာကြီးဟာ ဘယ်သူနဲ့တွေ့ဖို့ချိန်းထားတာလဲ။ မူစီယာလာကော်လံက ရေမွှေးနံ့ရတယ်။ အယ်လ်ဖွန်ဆိုဒေးဗီးစ်ခြေအိတ်က ရေမွှေးနံ့ရတယ်။ လူးကပ်စ်ဟာနန်ဒက်အရေပြားက ရေမွှေးနံ့ရတယ်။ အားလုံးဘာစီလိုနာနှင်းဆီနံ့။ မစ္စတာဇာဗီ၊ ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီလို့ အတွင်းသံတစ်သံထွက်လာတယ်။ အဲ့ဒီအသံနောက် ကျနော်တို့လိုက်သွားတယ်။ ဘာစီလိုနာလရောင်ဟာ
အစဉ်အလာတိမ်တိုက်ကိုမဖောက်နိုင်ခဲ့။ ဒီညကျမှ လီဝန်ဒေါ့စကီးမီးအိမ်ဟာလည်း ဘာလို့မှိန်ရပါလိမ့်ပေါ့လေ။ ဂျာမန်ဘီလူးရဲ့လိုဏ်ဂူထဲ စပိန်အရိုးစုတွေနင်းမိတယ်။ နူအာ့မီးခံသေတ္တာကို ပိုလန်သော့တုနဲ့ဖွင့်နေတာ ကျနော်လည်းမပြီး ခင်ဗျားလည်းမပြီး။ ရာဖင်ဟာနဲ့ ချွေးပြန်ရတယ်။ ဒမ်ဘီလီနဲ့ ခြေကုန်လက်ပန်းကျရတယ်။ ပက်ဒရီတို့ ရုန်းကန်ခဲ့ကြပါရဲ့။ ဒါတွေအားလုံးဘိုင်ယန်အမွေးမှာ ကပ်ငြိကြဖို့ပဲလို့ သူတို့ကိုယ်စား ဒုံးဒုံးချရတယ်။

သမိုင်းသင်တာဟာ မအဖို့ပဲပေါ့။ ဘိုင်ယန်မှာ အဲ့ဒီသင်ရိုးရှိပါတယ်။ မအသော ကျောင်းထွက်တွေရှိတယ်။ သောမတ်စ်မူလာဟာ သမိုင်းဆိုင်ရာရုပ်ဝါဒဖြစ်ပါတယ်။ ဘာစီလိုနာလားဟေ့ ဝင်ခဲ့လေကွယ်ဆိုတာမျိုး သူတို့ ဘယ်အချိန်ထဆိုဆို ကီးဝင်ပါတယ်။ အဲ့ဒီမှာ
နာဂျယ်စမန်းကို ထိုးကျွေးရလောက်အောင် သူတို့မမိုက်ခဲ့ကြပါဘူး။ လူကြီးလူကောင်းတွေနဲ့ ပျော်ပါစေလူငယ်နည်းပြရေ။ တူချယ့်နှိုးစက်ကို ထပိတ်ပြီး ခင်ဗျားတစ်ရေးပြန်အိပ်လို့ရပါပြီ။ ကိုယ့်တွင်းကို ကိုယ်တူးခဲ့သူတွေဟာ ဇာဗီကျောက်မအောင်ခဲ့ပါဘူး။ ကမ္ဘာကြီးပေါ်က ဒီလိုမြေစာပုံတိုင်းမှာ ကျနော်တို့ ရရစားစားတွေ ဖြစ်ခဲ့ပြန်ပေါ့။ အဲ့ဒီမှာ ဘာစီလိုနာတစ်ရွာပြောင်းတွေ သောင်တင်ကြမယ်။ ဘုရားသခင်ရဲ့ဆန့်ကျင်ဘက်ကို မဲပေးဖို့ နောက်တစ်ခေါက်ကြိုးစားကြဦးမလား။ ခင်ဗျားသမိုင်းကိုပြန်ရေးဖို့ ဒီထက်ပိုထင်တဲ့မင်ကို လိုအပ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lu Nge Radio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category