Yan Naing

Yan Naing Passionate Business & Life Coach. Empowering Individuals to Unlock their Potentials & Achieve Goals.

25/05/2024

Life Quality ကောင်းဖို့ဘယ်လို စရမလဲ? 🤔

22/05/2024

Commitment ဆိုတဲ့ လိုတရသော့ 🗝️

20/05/2024

ကျွန်တော်တို့ ခန္တာကိုယ် ပင်ပန်းနေပြီ 😞
ခဏလောက် အနားပေးရအောင်။

01/05/2024

ဘဝကို Give up လုပ်ချင်နေပြီ။
အနာဂါတ်မရှိတော့ဘူး..

21/04/2024

ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ (စ-ဆုံး)

Life Tips စာတွေဖတ်ပြီးရင်လည်း မမှတ်မိဘူး။ စာဖတ်ချင်စိတ်လေးတော့ ရှိနေတယ်။ ဘယ်စာအုပ်ကောင်းလဲ။ ဘာစာအုပ်ဖတ်သင့်လဲ။ အကျိုးဖြစ...
19/07/2023

Life Tips

စာတွေဖတ်ပြီးရင်လည်း မမှတ်မိဘူး။
စာဖတ်ချင်စိတ်လေးတော့ ရှိနေတယ်။

ဘယ်စာအုပ်ကောင်းလဲ။
ဘာစာအုပ်ဖတ်သင့်လဲ။

အကျိုးဖြစ်ထွန်းအောင် စာဖတ်နည်းတွေ အမျိုးမျိုးရှိပါတယ်။

အကျိုးပြုစာပေတွေကို ဖတ်ရင် အဆင်ပြေစေဖို့

ကျွန်တော့်အသုံးပြုတဲ့ လက်တွေ့ကျကျ စာဖတ်နည်းလေးတွေ ပြောပြပေးပါမယ်။

အရင်ဆုံး

ကိုယ်စိတ်ဝင်စားတဲ့ (ဒါမှမဟုတ်) ကိုယ်တိုးတက်ချင်တဲ့ နယ်ပယ်နဲ့ ပတ်သက်တဲ့ စာအုပ်၁အုပ် အရင်ရှာလိုက်ပါ။

စာအုပ်ရပြီဆိုရင်တော့ စကြရအောင်…

▪️Scan & Selection

စာအုပ် ၁ အုပ်လုံးကို မြန်မြန်လေး Scan ဖတ်ပါ။ မြန်နိုင်သလောက် မြန်ပါ။
အဓိပ္ပါယ်နားလည်စရာမလိုသေးပါဘူး။

Scanning လုပ်နေရင်း နဲ့ စိတ်ဝင်စားတဲ့နေရာတွေကို နှစ်သက်တဲ့ နည်းလမ်းနဲ့ မှတ်ထားခဲ့ပါ။
စာဖတ်ချင်စိတ်ရှိပြီဆိုတဲ့အချိန်ရောက်တဲ့အခါ အဲ့မှတ်ထားတဲ့ နေရာတွေကို လိုက်ဖတ်ပါ။

အကြောင်းက စာရွက်တိုင်းမှာ လိုရင်းတွေ ကို မပြောခင် စီကာပတ်ကုံးရှင်းပြတတ်တဲ့ သဘောတွေရှိပါတယ်။
အချိန်ရရင် အကုန်ဖတ်တာကောင်းပါတယ်။

မဟုတ်ရင်တော့ ကျွန်တော့လို လိုရင်းတွေကိုပဲ ရှာဖတ်ဖို့ အကြံပြုပါတယ်။

▪️3 Actions

စာအုပ်တစ်အုပ်ကို ကိုင်လိုက်ရင် ဒီစာအုပ်ကနေ Action ၃ ခု ရှာမယ်လို့ စိတ်ကို အရင်ထည့်ထား။

မာတိကာ ကို သွားကြည့်ပါ။

နှစ်သက်တဲ့ Chapter ၁ခု သို့မဟုတ် ၃ ခုထိ ရွေးချယ်ပြီး အဲ့ Chapter ကို ကျော်ပြီးသာဖတ်ပါ။

အဲ့ Chapter တွေကနေ ကိုယ့်ကို အကျိုးပြုမယ့် အချက် ၃ ချက်ကို တွေ့အောင်ရှာရပါမယ်။

တွေ့ပြီဆိုရင် စာအုပ်ကို ပိတ်ထားလိုက်ပါတော့။ စာအုပ်ကပေးတဲ့ နည်းလမ်းတွေကို လက်တွေ့ အသုံးပြုပါတော့။

အကြောင်းက စာအုပ်တစ်အုပ်မှာ ကိုယ့်ကိုယ်အကျိုးရှိစေနိုင်တဲ့ အချက်တွေ အများကြီးရှိနေနိုင်ပေမယ့် အစအဆုံးဖတ်နေရင်း အကြောင်းအမျိုးမျိုးကြောင့် လိုရင်းအချက်တွေလွှတ်သွားနိုင်ပါတယ်။

ပြီးတော့ ဖတ်ထားတာတွေကို မမှတ်မိဘူး ဖြစ်တတ်ပါတယ်။

ဒီနည်းနဲ့ဆို မေ့တယ်ဆိုတာလည်း မဖြစ်တော့ပါဘူး။

အခုပြောခဲ့တဲ့ စာဖတ်နည်း၂ခု က တစ်အုပ်လုံးပြီးအောင် ဖတ်စရာမလိုပဲ အနှစ်တွေ၊ လိုရင်းတွေပဲ ရှာဖတ်တဲ့နည်းပါ။ ကျွန်တော် စာအုပ် တော်တော်များများကို အဲလိုဖတ်ပါတယ်။

နောက်ဆုံးနည်းကတော့ တစ်အုပ်လုံးဖတ်တဲ့နည်းပါ။

▪️3 Books

ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စာအုပ် review တွေ ရှာဖတ်ပါ။
စာဖတ်တဲ့ လူတွေဆီက recommendation တောင်းပါ။ YouTube ကနေ review ကြည့်ပါ။

အဲလိုနည်းနဲ့ စာအုပ် ၃ အုပ် ကို ၁သက်တာလုံးအတွက် စိတ်ချလက်ချသာ ရွေးချယ်လိုက်ပါ။

စာအုပ်အဖုံးမှာ စာမျက်နှာ နံပါတ်နဲ့ Learning Points တွေကိုလည်း တွဲမှတ်ပါ။

ဒါမှ လိုတဲ့အချက် ကို လိုအပ်တဲ့အချိန် မြန်မြန်ပြန်ကြည့်နိုင်မယ်။

အဲ့ ၃ အုပ်ကို ဘဝရဲ့ လိုအပ်တဲ့ အချိန်တိုင်း မှာ ပြန်ပြန်ဖတ်ပါ။

ထပ်ခါတလဲလဲ ဖတ်ပါ။ အခြားစာအုပ်တွေထက် အဲ့ဒီ ၃ အုပ်ထဲကိုပဲ လှည့်ပြီးဖတ်ပါ။

အကြောင်းက…

စာအုပ်တွေ အများကြီးရှိနေလည်း မဖတ်ရင် အကျိုးမရှိသလို၊ စာတွေ အများကြီးဖတ်ရင် perspective များလာပြီး “ဟုန်” နေတတ်ပါတယ်။

အဲလိုဖြစ်တာထက်စာရင် Quality အကောင်းဆုံး စာအုပ် ၃ အုပ်နဲ့ ဘဝကို တည်ဆောက်ပြီး နေတာ အကောင်းဆုံးပါပဲ။

အရိုးဆုံး၊ အရှင်းဆုံး နဲ့ အကောင်းဆုံးပါ။

ဒီထက်ပိုပြီး Challenge ဖြစ်ချင်သေးတယ် ဆိုရင်

ကိုယ်စိတ်ဝင်စားတဲ့၊ ဒါမှမဟုတ် တိုးတက်ချင်တဲ့ Subject တစ်ခုချင်းဆီ နဲ့ ပတ်သက်တဲ့ စာအုပ် ၁အုပ် စီ ပဲ Selection လုပ်ပြီး အဲ့စာအုပ်တွေကပေးတဲ့ နည်းစနစ်တွေနဲ့ နေထိုင်လို့ ရပါသေးတယ်။

Okay !!!

ဒါဆို စာဖတ်တာ နဲ့ ပတ်သက်ပြီး ကျွန်တော် အသုံးပြုတဲ့ နည်းလမ်းလေးတွေ မျှဝေပြီးပါပြီ။

နှစ်သက်တဲ့ နည်းလမ်းနဲ့ စာဖတ်ခြင်းကို ပြန်လည် စတင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

လိုအပ်သူတွေအတွက် လွှတ်လပ်စွာ ပြန်လည် မျှဝေပေးနိုင်ပါတယ်။ 👍👍👍

ဆက်လက်မျှဝေပါဦးမည်။
Coach Yan Naing








Life Tipsခနခန စိတ်ဓါတ်ကျတယ်။ အဆင်ပြေမနေဘူး၊ အားပေးမယ့်သူ မရှိဘူး။ Motivation မရှိဘူးဖြစ်နေတယ်။ ဒါမျိုး ကျွန်တော်တို့ ခနခ...
16/07/2023

Life Tips

ခနခန စိတ်ဓါတ်ကျတယ်။
အဆင်ပြေမနေဘူး၊ အားပေးမယ့်သူ မရှိဘူး။

Motivation မရှိဘူးဖြစ်နေတယ်။
ဒါမျိုး ကျွန်တော်တို့ ခနခန ကြုံတွေ့ရတတ်တယ်။
အဲ့ဒါ ပုံမှန် အခြေအနေပါ။ တကယ်ပါ။ လုံးဝ ပုံမှန်ပါ။
▪️Motivation က ရေချိုးတာ၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးနဲ့ တူတယ်။

နေ့တိုင်း စိတ်ကြည်လင်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ဆိုရင်တော့
ပုံမှန် ရေချိုးတာ၊ အိမ်သန့်ရှင်းရေးလုပ်တာ မဖြစ်မနေလုပ်ရတယ် မလား။

အဲလိုပဲ…
Motivation ကို မကြာခန တင်ထားနိုင်လေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုကောင်းပြီး
စိတ်ရော ကိုယ်ပါ ကျန်းမာမယ်။ Productivity ပိုကောင်းလာပါမယ်။

▪️Motivation အမြဲ လိုနေတယ့် သူ မရှိသလို၊
တစ်ခါမှ မလိုဖူးဘူး ဆိုတဲ့သူ လည်း မရှိပါဘူး။

လတ်တလော အဆင်ပြေနေတဲ့ လူက Motivation ဆိုတာ မလိုအပ်ပါဘူး ဆိုပြီး ဖြစ်တတ်ပါတယ်။

လူ့သဘောက အမြဲ အဆင်ပြေနေတာမျိုး မဟုတ်တော့
Down နေတဲ့ အချိန်တွေ ရောက်ပြန်တော့ Motivation က
သိပ်ကောင်းတဲ့ တွန်းအားတစ်ခု ဖြစ်နေပြန်ရော။
▪️Motivation က Very Particular & Subjective ဖြစ်ပါတယ်။
ဥပမာ။ အလုပ်မှာ အောင်မြင်နေတဲ့သူက အခြားနေရာ တစ်ခုခုမှာ
Motivation အကြီးအကျယ်လိုနေတာမျိုး ဖြစ်နေတတ်ပါတယ်။

▪️Motivation က ကျတာလည်း မြန်တယ်။ တက်တာလည်းမြန်တယ်။

Motivate ကျတဲ့အချိန် ကနေ တက်တဲ့အချိန် ကို Change ဖို့ ကြားထဲမှာ
စကားတစ်ခွန်း၊ ဖြစ်ရပ်တစ်ခု၊ စာတစ်ကြောင်း၊ သီချင်း၁ပုဒ် စသဖြင့် ပဲ လိုနိုင်တာပါ။

ဦးဏှောက် က Perspective တစ်ခုကို လက်ခံ လိုက်တာနဲ့ စ Change တော့တာပါပဲ။
So What?
▪️Motivation Down တဲ့အခြေနေတိုင်းမှာ
အမြန်ဆုံး ကိုယ့်ကိုယ်ကိုဆွဲတင်လို့မယ့် နည်းလမ်း၁ခု ပြောပြပေးပါမယ်။
💡One Word Strategy လို့ခေါ်ပါတယ်။ နည်းလမ်းကတော့..
✅ကိုယ် အခု Motivation Down တဲ့ အခြေအနေ ၁ခု ကို သုံးသပ်ပြီး
ကိုယ့်ကိုယ်ကို မညှာတမ်း အကြံပေးစကား ၁ခွန်းပြောကြည့်ပါ။

ဥပမာ။
ငါ သိပ်အပျင်းကြီးနေတာ။ လုပ်စရာ ရှိတာ #ချက်ချင်းလုပ် ရမယ်။
ငါ သူများကို ဂရုစိုက်လွန်းတယ်။ #ပြောစရာရှိတာပြော ရမယ်။

အဲ့ဒီမှာ “ချက်ချင်းလုပ်” နဲ့ “ပြောစရာရှိတာပြော” ဆိုတာက One-Word Strategy ပါ။

ဥပမာ။
ကျွန်တော်ဆို စိတ်မပါတဲ့ Task တစ်ခုခု မဖြစ်မနေ လုပ်ရရင်

“I will love the job I do” လို့ ကိုယ့်ကိုယ်ကို ပြောပြီး ချက်ချင်း ဆွဲတင်လိုက်တယ်။
ဒါကတော့ စိတ်မပါတဲ့အလုပ်ဆိုတဲ့ Condition အတွက် လုပ်ထားတဲ့ One-Word Strategy ပါ။
Motivation ကျမယ့် Condition တွေ ကို ကြုံလာတိုင်း…

✅One-Word Strategy တွေ ကိုယ့် အထဲက ရှာပါ။
✅အနည်းဆုံး ၃ခေါက်လောက် ပါးစပ်ကနေ ကိုယ်တိုင်ကြားအောင် ထုတ်ပြောပါ။
✅ဒါပါပဲ။ ရပါပြီ။

အဲလိုလုပ်နေတဲ့ သူ တစ်ယောက်က Motivation အတွက်
အချိန်တွေ သက်သက် ပေးစရာမလိုတော့ဘူး။

သူများ နည်းလမ်းက ကိုယ့်အတွက် အဖြေဟုတ်မယ်လို့ မသေချာနိုင်တဲ့ အတွက်…

👍ဒီတစ်ခါ Motivation ပျောက်ရင်
ကိုယ်ပိုင် One-Word Strategy ကို ဖန်တီး အသုံးပြုကြည့်ကြပါ။

👌ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် မိတ်ဆွေတွေကို မျှဝေ ပေးလိုက်ပါအုံး။

Coach Yan Naing







Business Tips လုပ်ငန်းက ပုံမှန်လည်ပတ်နေတယ်။ ဝန်ထမ်းကောင်းတွေလည်း ရှိတယ်။ ဒါပေမယ့် တိုးတက်မှုနှေးတယ်။ အောင်မြင်သင့်သလောက်...
15/07/2023

Business Tips

လုပ်ငန်းက ပုံမှန်လည်ပတ်နေတယ်။
ဝန်ထမ်းကောင်းတွေလည်း ရှိတယ်။
ဒါပေမယ့် တိုးတက်မှုနှေးတယ်။
အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ဘူး။

ဘာဖြစ်လို့လဲ?
⚠️ Sense of URGENCY !!!
Sense of URGENCY ဆိုတာ ဘာလုပ်လုပ် အခုချက်ချင်း လုပ်မှရမယ်။
အကောင်းဆုံး Quality နဲ့ မြန်မြန်ပြီးအောင်လုပ်ရမယ် ဆိုလိုတာပါ။

ဥပမာ။
အခုအမြန်ဆုံးမပြေးရင် နောက်က ကျားက
နှေးတဲ့လူကို အရင် လာကိုက်ဆွဲတော့မယ် ဆိုတာမျိုး။

💡Company ရဲ့ Vision, Mission & Value Statement တွေ မှာလည်း
Sense of URGENCY ကို ပါအောင်ထည့်ထားရပါမယ်။

💡Strategy နဲ့ Ex*****on ပိုင်းတွေ တာဝန်ယူရတဲ့ Department Head တွေ က
ကိုယ့် team member တွေကို Sense of URGENCY ထည့်ပေးထားဖို့လိုပါတယ်။

💡ဒါလို လုပ်မှ Company Culture မှာ Sense of URGENCY က
မဖြစ်မနေ ပါဝင်သွားမှာဖြစ်ပါတယ်။

အရှိန်အဟုန်နဲ့ တိုးတက်တဲ့ လုပ်ငန်းတွေက URGENCY ကို အလေးပေးကြပါတယ်။

Time is Money ပါ။
ကိုယ်ဦးဆောင်နေတဲ့ လုပ်ငန်းမှာ Sense of URGENCY ဘယ်လောက်ကောင်းလဲ အမှတ်ပေးကြည့်ပါ။

၁ ကနေ ၁၀ ပေါ့။
၁ က အနှိမ့်ဆုံး။
၁၀ က အမြင့်ဆုံး။

၇ အထက်ဆို ✅✅✅
၇ အောက်ဆို ❌❌❌သေချာကိုင်တွယ်ရပါမယ်။
အချိန်တို အတွင်း အထိရောက်ဆုံး ကိုင်တွယ်ရမယ့် နည်းလမ်းအတွက်ကို
messenger ကနေ လာရောက် ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

ဆက်ပါဦးမည်။
Coach Yan Naing







Photo credit to original uploaders

Business Tipsကိုယ့်လုပ်ငန်း က တိုးတက်မလာဘူး။ ဝင်ငွေ ကလည်း ပိုတိုးမလာဘူး။ အဲလိုဖြစ်နေလား?ဒါဆို ကျွန်တော်နဲ့အတူ အခု assess...
14/07/2023

Business Tips

ကိုယ့်လုပ်ငန်း က တိုးတက်မလာဘူး။
ဝင်ငွေ ကလည်း ပိုတိုးမလာဘူး။

အဲလိုဖြစ်နေလား?
ဒါဆို ကျွန်တော်နဲ့အတူ အခု assessment လုပ်ကြည့်ရအောင်။


တစ်လ customer ဘယ်နှစ်ယောက် ကိုယ့် လုပ်ငန်းဆီ လာလဲ?
Online က လာမေးတာ၊ ကိုယ့်ဆီကို ရောက်လာတာ၊
ကိုယ်က သွားမိတ်ဆက်တာ၊ဖုန်းဆက်လာတာ၊ စသဖြင့်ပေါ့…
ဘယ်နည်းနဲ့ လာလာ အကုန်ထည့်တွက်ပါ။


အဲ့ဒီ customer REACH က ဒီ၁နှစ်အတွင်း လစဉ် တိုးတက်မှု
အနှိမ့်၊ အမြင့် အခြေအနေ ဘယ်လိုရှိလဲ?


ဘယ်တုန်းက အမြင့်ဆုံးဖြစ်မလဲ? ဘာလို့မြင့်ခဲ့တာလဲ?
ဘယ်တုန်းက အနိမ့်ဆုံးလဲ? ဘာလို့ နိမ့်ခဲ့တာလဲ?

💡Record လုပ်ထားတာ မရှိရင် အခုကစပြီး သေချာ စမှတ်ဖို့လိုပါတယ်။

အဲ့မေးခွန်း ၃ ခု ကို သေချာ စဉ်းစား အဖြေထုတ်နိုင်ရင်

Customer REACH ကို manage ပိုလုပ်လာနိုင်မယ်။
ဒါဆို Customer တွေ ပိုရလာမယ်။
အရောင်းတိုးတက်လာမယ်၊
လုပ်ငန်းတိုးတက်လာပါလိမ့်မယ်။

ဒါ ကောင်းမွန်တဲ့ basic structure ဖြစ်ပါတယ်။

Customer reach တွေများဖို့ လိုပါတယ်။
Customer REACH တွေ အများကြီး ဖြစ်အောင် လုပ်ရပါမယ်။

မှတ်ထားပါ…
Business is all about making transaction ပါ။





Life Tips ကိုယ်စကားပြောနေတဲ့ အချိန် ကိုယ့်ကို အာရုံမစိုက်တာ။သူတို့လုပ်ချင်တာတွေ လုပ်နေကြတာ…ကြုံဖူးကြလား?အဲ့လို မဖြစ်ချင်...
14/07/2023

Life Tips

ကိုယ်စကားပြောနေတဲ့ အချိန် ကိုယ့်ကို အာရုံမစိုက်တာ။
သူတို့လုပ်ချင်တာတွေ လုပ်နေကြတာ…ကြုံဖူးကြလား?

အဲ့လို မဖြစ်ချင်ရင်
အခု နည်းလမ်း ၁ ခု ပြောပြပေးပါမယ်။

နောက် တစ်ခါ လူတွေနဲ့စကားမပြောခင် သူတို့တွေအားလုံးနဲ့ connect အရင်လုပ်ထားပါ။

ဥပမာ။ small talk တွေ ပြောတာ၊ ပြုံးပြတာ၊ နှုတ်ဆက်တာ၊ သူတို့ပြောတဲ့အချိန် စိတ်ဝင်တစားနားထောင်တာ၊ မေးခွန်းတွေ မေးပေးတာ၊ ချီးမွမ်းပြောဆိုတာ။

ဒီလို connection လုပ်ထားလိုက်ပြီဆိုရင်၊ အဲ့ဒီလူတွေက သင်ပြောတဲ့အခါ စိတ်ဝင်တစားနဲ့နားထောင်နေပါလိမ့်မယ်။

စမ်းကြည့်ကြပါ။ 💪💪💪





လုပ်ငန်းခွင်မှာ Communication လုပ်တယ်ဆိုပြီးစကားတွေ ဇွတ်ပြောနေလို့ မရဘူးနော့်။ စကားပြောလွန်းတဲ့ ဘုရင်ကြီးကို ပညာရှိတွေ ဝ...
03/07/2023

လုပ်ငန်းခွင်မှာ Communication လုပ်တယ်ဆိုပြီး
စကားတွေ ဇွတ်ပြောနေလို့ မရဘူးနော့်။
စကားပြောလွန်းတဲ့
ဘုရင်ကြီးကို
ပညာရှိတွေ ဝိုင်းပြီး နားချရတဲ့ ပုံပြင်
ကြားဖူးတယ် မလား။

တစ်ခါတလေ ကိုယ်က
အဲလို ဘုရင်ကြီး ဖြစ်နေမိပြီလား?

ဒါဆို မလွှဲသာ လို့ သာ
ကိုယ်နဲ့ စကားပြောတာ ဖြစ်နေမယ်။

….

Effective ဖြစ်တဲ့ communication ဆိုတာ…

ပြောမယ်။ နားထောင်မယ်။ မေးမယ်။
အဲ့ ၃မျိုး အခြေခံ ပါဝင်ရမယ်။

….

ဒီနေ့ စကားပြောတဲ့အပိုင်း ၂ချက် ဆွေးနွေးမယ်။

#ပထမအချက်

ပြောတာ အားသာတဲ့ သူတွေ
စကားကြောရှည်တဲ့ သူတွေ
စကား လျှော့ပြောနိုင်ဖို့ အရေးကြီးတယ်။

အဲ့အတွက် အကောင်းဆုံး ပြုပြင်နည်းကတော့…

မပြောခင် စိတ်ထဲမှာ
“ကိုယ်ကဇာတ်ပို့၊ ကိုယ်နဲ့ပြောတဲ့သူ က ဇာတ်ဆောင်”
အဲလို စိတ်ထဲထည့်ထား။

ဒါဆို တော်တော်လေး အဆင်ပြေပြီ။
ကိုယ်လည်း အများကြီး မပြောဖြစ်တော့ဘူး။

စကားပြောပြီးရင်…တစ်ဖက်လူက
ခင်ဗျားနဲ့ စကားပြောလို့ကောင်းတယ် တွေ ဖြစ်သွားမှာ။

တကယ်က သူချည်းပြောသွားတာ။ 😁

….

#ဒုတိယအချက်

ကိုယ်ကပြောတိုင်း သူများတွေ ကိုယ်ဖက်ပါစေချင်ရင်
၃ချက် ဂရုစိုက်…

၁။ မှန်ကန်မှု
၂။ အကျိုးရှိမှု
၃။ ကြိုက်နှစ်သက်မှု

၁။ #မှန်ကန်မှု က
ကိုယ့်အတွက်ရော၊ တစ်ဖက်အတွက်ရော
ထည့်သွင်းစဉ်းစားရမယ်။

အဲလို perspective ကနေ ပြောတာနိုင်ရင်
ကိုယ်ပြောတာ ပုံမှန်ထက်
လွယ်လွယ် လက်ခံနိုင်ကြမယ်။

၂။ #အကျိုးရှိမှု မှာလည်း

ပါဝင်သူတွေ အကုန် အကျိုးရှိရမယ့်
perspective ကနေပြောရမယ်။
win/ win-win/ win-win-win အဲလို ပြောပြနိုင်ရမယ်။

အကျိုးမရှိရင် ပြောဖို့ ပြန်စဉ်းစား။
အနည်းဆုံး
ကိုယ့်စကားကနေ အကျိုးတစ်ခုခု
တစ်ယောက်က ရသင့်တယ်။

၃။ #ကြိုက်နှစ်သက်မှု ဆိုတာ
အတင်းကြိုက်အောင် ပြောခိုင်းတာ မဟုတ်ဘူး။

နားဝင်အောင် ပြောနိုင်ရမယ်။
ငါတော့ ဒါမျိုးပဲ ပြောတတ်တယ်။
ငါ့စတိုင် တွေ ဘာတွေ လုပ်မနေနဲ့။
နည်းနည်း တော့ နားဝင်အောင်ပြောတတ်အောင် ကျင့်ရမယ်။

ဒါကိုနားလည်ပြီ၊
လေ့ကျင့်ထားပြီ ဆိုရင် လုပ်ငန်းခွင်မှာ
ဘယ် conversation မဆို အေးဆေး ပြောလို့ရပြီပေါ့။

….

ဟိုစကားများတဲ့ တစ်ယောက်အတွက်
post လေးကို share ပေးလိုက်ပါအုံး ဗျာ။ 😁

….

ဆက်ပါဦးမည်။

….



Communication ကို Advance level ပြောနိုင်ဖို့ ဆိုရင်တော့
လူတွေရဲ့ ပင်ကိုယ် စရိုက်တွေ ကို သိထားသင့်တယ်။
နားထောင်နည်းသိရမယ်။
လူတွေ ကို အကဲခက် နိုင်ရမယ်။
ပြီးမှ Executive Conversation level အတွက် data story telling တွေ နဲ့ Conversation Level ဆိုတာတွေ စသဖြင့် နားလည်ဖို့လိုပါမယ်။

ဒီအတွက်ကို စတင် ဝန်ဆောင်မှု ပေးနေပါပြီ။

အရောင်းပိုင်းမှာ ထိထိရောက်ရောက် ပြောဆို ရောင်းချနိုင်ဖို့၊
လုပ်ငန်းမှာ လိုရင်း‌ရောက်အောင် ပြောဆိုတတ်ဖို့၊
ဝန်ထမ်းတွေအချင်းချင်း နဲ့ department တွေကြားမှာ communication ကောင်းတွေ တည်ဆောင်ဖို့ လိုအပ်နေပြီဆိုရင်တော့...

အခုပဲ messenger ကနေ ဆက်သွယ်လိုက်ပါ။

Yan Naing
Business Coach
NLP Practitioner
Timeline Therapist

“NO”NO လို့ ပြောရမှာ မကြောက်ပါနဲ့။ အားမနာပါနဲ့။ ပြောမထွက်ရင် ဦးသိန်းတန် ကို ခနခန မြင်ယောင်။ Inspire လုပ်။ NO ကို ရဲရဲ ပြ...
26/06/2023

“NO”

NO လို့ ပြောရမှာ မကြောက်ပါနဲ့။
အားမနာပါနဲ့။

ပြောမထွက်ရင် ဦးသိန်းတန် ကို ခနခန မြင်ယောင်။
Inspire လုပ်။

NO ကို ရဲရဲ ပြောနိုင်မှ ဘဝကို ရှင်းရှင်းလျှောက်နိုင်မှာ။

Coach Yan Naing
26th June 2023

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yan Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yan Naing:

Share

Category