Arsenal World

Arsenal World Arsenal till I die ❤

https://vt.tiktok.com/ZSH9RaWJR/ဘောလုံးဂျာစီတွေ ဝယ်ချင်တဲ့ ညီကိုများအနေနဲ့ ဒီ Link ကနေပြီး မှာယူနိုင်ပါပြီဗျ။
09/04/2026

https://vt.tiktok.com/ZSH9RaWJR/

ဘောလုံးဂျာစီတွေ ဝယ်ချင်တဲ့ ညီကိုများအနေနဲ့ ဒီ Link ကနေပြီး မှာယူနိုင်ပါပြီဗျ။

28/03/2026

We are back guys!

အရင်လို Active ပြန်ဖြစ်တော့မှာမလို့ Support ပေးသွားကြပါအုံး ❤

Yeah ဒါက အာစင်ဝင်းဂါး နဲ့ ဆရာပက် တို့ရဲ့ တပည့်ကျော် ကြီးပါ: 3
10/01/2026

Yeah ဒါက အာစင်ဝင်းဂါး နဲ့ ဆရာပက် တို့ရဲ့ တပည့်ကျော် ကြီးပါ: 3

Caption အတိုင်းပဲ ညီကိုတို့ရေ အာတီတာ ကတော့ အကြံကြီး ကြံနေတယ်။ လက်ရှိခံစစ်တန်းကို Marc Guehi နဲ့ Livramento ကို ပေါင်းထည့်ချင်နေတာတဲ့ဗျ။

အာဆင်နယ် ခံစစ်တန်းက လက်ရှိမှာတင် ဘောလုံးကမ္ဘာမှာ အကောင်းဆုံး လို့ပြောလို့ရနေပြီ။ ကမ္ဘာ့အကောင်းဆုံး Top 3 CB ထဲမှာ ပါနေတဲ့ ဆလီဘာနဲ့ ဂါဘရီရယ်တို့က ဒီမှာ တွဲကစားနေတာ။

Depth အရဆိုရင်လဲ ဒီအသင်းမှာ အရံလို့ပြောရမဲ့ ကစားသမားတွေက တခြားအသင်းတွေမှာ Line up ဝင်နိုင်မဲ့ သူမျိုးတွေ။ ဘန်ဝှိုက် ၊ မော့စ်ကွဲရာ ၊ အင်ကာပီယေ ၊ စကယ်လီ ဒီကစားသမားတွေ။

ဒီကစားသမားတွေက လီပါပူးနဲ့ စီးတီးကလွဲရင် ဘယ်အသင်းမှာမဆို နေရာတနေရာ လုယူနိုင်စွမ်းရှိနေမှာ။ဒီလို အစုအဖွဲ့ကို Guehi နဲ့ Livramento ကို ပေါင်းထည့်ချင်နေတာ။

အာတီတာအနေနဲ့ ချဲလ်ဆီးရဲ့ ခံစစ်ပေးဂိုး အနည်းဆုံး record ကို ချိုးဖျက်ချင်နေတာလားတောင် ထင်ရတယ်။ဒီကစားသမားတွေက စိတ်ဝင်စားတဲ့အသင်းတွေများတာကြောင့် ရောက်မယ်တပ်အပ်ပြောလို့မရဘူး။

ပြောချင်တာက အသင်းရဲ့ ရည်မှန်းချက်နဲ့ အာတီတာ ပုံဖော်ချင်နေတဲ့ ခံစစ်တန်းအကြောင်းပေါ့ဗျာ။ အာတီတာဟာ လက်ရှိခံစစ်တန်းကိုတောင် စိတ်တိုင်းကျသေးတဲ့ပုံ မပေါ်သေးဘူးဗျ။

ဒီလိုရည်မှန်းချက်မြင့်မြင့်နဲ့ ဆက်တည်ဆောက်နေမယ်ဆို ကျွန်တော်တို့တွေ မကြာခင်မှာပဲ Domination လုပ်နိုင်မဲ့အသင်းတစ်ခုဖြစ်လာဖို့ရှိပါတယ်။ အဲ့လိုပဲ ခံစစ်ကို အာရုံစိုက်သလို ကွင်းလယ်နဲ့တောင်ပံတွေကိုလဲ မေ့မထားဖို့တော့ လိုမှာပေါ့ဗျာ။


နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ လေ လဲ တိုက်လို့ရတယ်။ ဖလားလဲ ပိုသေချာသွားမယ်။ But ခုလဲ လမ်းကြောင်းမှန်အပေါ်မှာ ရှိနေတုန်...
09/01/2026

နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ လေ လဲ တိုက်လို့ရတယ်။ ဖလားလဲ ပိုသေချာသွားမယ်။ But ခုလဲ လမ်းကြောင်းမှန်အပေါ်မှာ ရှိနေတုန်းပဲ။ Relax guys🤝

နိုင်သင့် နိုင်ထိုက်တဲ့ ပွဲကို နိုင်နေသ၍ ဖလားလမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ ရှိနေမှာ။ အသင်းကြီးတွေကို အမှတ်လျော့လို့ရတယ်။ ရှူံးလို့လဲရသေးတယ်။ Mid table အသင်းတွေနဲ့ အသင်းငယ်တွေဆီက အမှတ်ယူနိုင်သ၍ ကျွန်တော်တို့ အဆင်ပြေတယ်။

ဒါက အရင်နှစ် title race တွေမှာ ကျွန်တော်တို့ကြုံခဲ့ရတဲ့ပြသနာ။ ဒီရာသီ မန်စီးတီး ကြုံနေရတဲ့ ပြသနာ။ လက်ရှိမှာ ဒီအသင်းက နိုင်သင့်တဲ့ ပွဲတွေကို နိုင်အောင်ကန်တယ်။ မန်စီးတီးနဲ့လဲ ခြောက်မှတ်ကွာနေတယ်။ ဆိုတော့ ဘာပြသနာမှမရှိဘူး။

အသင်းက လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်။ အသင်းကြီး အချင်းချင်းနိုင်ရင် လေတိုက်လို့ပဲ ရမယ်။ အချက်အလက်တွေနဲ့ ထုတ်ကြွားလို့ပဲရမယ်။ ဒါတွေကိုမေ့ထားလိုက်ရအောင်။ ကျွန်တော်တို့လိုအပ်နေတာက လက်ဆုပ်လက်ကိုင်ပြရမဲ့ဆုဖလားတွေ။

လာမဲ့ ဖောရက်စ်နဲ့ပွဲကိုပဲ အာရုံစိုက်ကြမယ်။ ပြီးခဲ့တဲ့ပွဲက ခြေစွမ်းတွေဘာတွေမေ့ထားလိုက်တော့။ ဖောရက်စ်ကို အနိုင်ယူဖို့ပဲ focus ကြမယ်။ ဒီပွဲမနိုင်ရင်တော့ ဝေဖန်သင့်တာ ဝေဖန်ရမှာပေါ့။ လောလောဆယ်ကတော့ အသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတာမလို့ စိတ်အေးအေး ထားကြရအောင်ပါ။


07/01/2026

လက်ရှိ EPL မှာ တင်းဘားထက် ပိုကောင်းတဲ့ RB ရှိရင် တချက်လောက်ပြပေး: 3

06/01/2026

Prime time မှာ ဝေါ်ကာကို ကျော်နိုင်မလားလို့ မေးရဲတဲ့ ငမူးက ရှိသေးတယ်😏

လူကောင်သေးသေးနဲ့ကို ရှယ်ရုန်းတာဗျ💙
04/01/2026

လူကောင်သေးသေးနဲ့ကို ရှယ်ရုန်းတာဗျ💙

အရပ်ကြည့်တော့ 6 ပေမပြည့် ။ လူပုံက နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကောင်လေးက ပါတေးနေရာဝင်ပြီး DM ကစားမယ်ဆိုတော့ သံသယတော့ ရှိကြမှာပဲ။ EPL လို physical အားပြုတဲ့လိဂ်မျိုးမှာ ဖြစ်ရော ဖြစ်ပါ့မလားပေါ့ဗျာ။

တကယ်ကစားတဲ့အချိန်မှာ အထင်နဲ့အမြင်ပါလွဲသွားတယ်။ ဘောလုံးဆိုတာ ဦးနှောက်သုံး ကစားရတာဖြစ်ကြောင်းကို သူက tempo အတင်အချ game control တွေနဲ့ သက်သေပြ ခဲ့တာမျိုး။

ဦးနှောက်သုံးတဲ့သူက အပင်ပန်းခံစရာမလိုကြောင်းကို တကြိမ်ပြီးတစ်ကြိမ် ပြနေတာ။ ဒီအရပ်လောက်နဲ့ DM က EPL ကွင်းလယ်လူတွေထဲမှာ Aerial duel အသာရမှုအများဆုံးတဲ့ဗျ။

ဘောလုံးလာမဲ့ လမ်းကြောင်းကိုတွက်ချက်နိုင်တာကြောင့် သူများတွေလို jumping အမြင့်ကြီးတွေနဲ့ အားစိုက်စရာမလိုဘူး။ ဘော်ဒီခု လိုက်ရုံ နေရာ ကြိုယူရုံနဲ့ ဘောလုံးကို သူက အသာရသွားတယ်။

ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာလဲ possession win တာ 12 ကြိမ်ရှိခဲ့တယ်။ ဒါက ကစားခဲ့ပြီးသမျှ 19 ပွဲမှာ အာဆင်နယ်ကစားသမားတွေထဲမှာ အများဆုံး။ Right time right place မှာနေရာယူထားနိုင်တဲ့အခါ duel ဆို အသာရသွားတော့တာပါပဲ။

ပွဲအနေအထားကို ဖတ်ရှုပုံကောင်းတာကြောင့်လဲ DM ဖြစ်တာတောင် progressive run တွေလုပ်နိုင်တယ်။ သွင်းဂိုးနဲ့ ဖန်တီးမှုတွေပါ လုပ်ပေးနိုင်တယ်။ Deeplying နဲ့ holding midfielder ကို hybrid လုပ်ထားတဲ့ Modern ခေတ် DM တစ်ယောက်ကို ရလိုက်တာပါပဲ။

ပွဲတိုင်း မိနစ် 90 ကစားပေးနိုင်မဲ့ Stamina ကိုပေါင်းထည့်ပေးနိုင်ရင် Zubimendi ဟာ ကျွန်တော်တို့ရဲ့ ကွင်းလယ် ဗိုလ်ချုပ်အနေနဲ့ ဆုဖလားတွေဆီကို ခေါ်ပေးသွားလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိလာခဲ့ပါပြီ။


သူအမှားလုပ်ပြီး ဂိုးပေးလိုက်ရတဲ့အချိန် ဂိုးပြန်သွင်းတော့မယ်ဆိုတဲ့ vibe ရနေတာဗျ💙
04/01/2026

သူအမှားလုပ်ပြီး ဂိုးပေးလိုက်ရတဲ့အချိန် ဂိုးပြန်သွင်းတော့မယ်ဆိုတဲ့ vibe ရနေတာဗျ💙

ဒါဟာ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိတတ်တဲ့စိတ်ဓတ်မျိုး။ လူတိုင်း မှားတတ်ကြတယ်။ ဒါပေမယ့် အမှားတွေကနေ ပြန်လာဖို့တော့ လူတိုင်းမလုပ်နိုင်ကြဘူး။ ဂါဘရီရယ်က ဒီအရာကို သူအမှားလုပ်မိတဲ့ပွဲတိုင်းမှာ လုပ်ပြနေတာ။

သူ့ရဲ့ error ကနေ ဂိုးပေးလိုက်ရတဲ့အချိန်မှာ ဒီကောင်ကြီး ဂိုးရအောင် ပြန်သွင်းလိမ့်မယ်ဆိုတဲ့ vibe ရနေတာ။ ထင်ထားတဲ့အတိုင်းပဲ သိပ်မကြာဘူး ဆရာသမားက ဂိုးကောက်သွင်းပါလေရော။

ဒီလို အမှားကို တာဝန်ယူတတ်တဲ့ စိတ်မျိုးက ကစားသမားတိုင်းမှာမရှိဘူး။ မှားသွားတယ် it's okay ငါပြန်လာနိုင်အောင်လုပ်မယ်ဆိုတာ လက်တွေ့မှာ ပြောသလောက်မလွယ်ပါဘူး။

ဂါဘရီရယ်က ဒီအရာကို သူမှားတဲ့အချိန်တိုင်း မှာ လုပ်ပြနေတာကြောင့်လဲ ကစားသမားတစ်ယောက်အနေနဲ့အပြင် လူသားတစ်ယောက်အနေနဲ့ပါ လေးစားမိတဲ့ သူမျိုးပါပဲ။ ဒီလိုကစားသမားမျိုးကို ပိုပြီးလဲ appreciate လုပ်မိတယ်ယ်။

ကျွန်တော်တို့ဖန်တွေ စိတ်ရင်းနဲ့ အားပေးဖို့ လုံလောက်နေတဲ့ ကစားသမားပါ။ အသင်းကိုချစ်တဲ့စိတ်နဲ့ ပေးဆပ်မှုကတော့ Next level မှာ ရှိနေတယ်။ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်အတွက် ဆက် try သွားပါ ကိုယ့်လူရေ ။ မင်းအမှားတွေလုပ်မိတိုင်းလဲ နောက်မှာ ငါတို့ဖန်တွေရှိနေမယ်။ မင်းပြန်လာနိုင်မယ်ဆိုတာ သိနေတာမလို့🤍💝


ဒီနေ့ည ချယ်ရီတွေနဲ့ ပွဲကို အာရုံစိုက်ကြမယ်။ အကောင်းဆုံး အားပေးသွားကြတာပေါ့ ညီကို တို့ရေ🤝
03/01/2026

ဒီနေ့ည ချယ်ရီတွေနဲ့ ပွဲကို အာရုံစိုက်ကြမယ်။ အကောင်းဆုံး အားပေးသွားကြတာပေါ့ ညီကို တို့ရေ🤝

ဖြုတ်စရာ ရှိတာ ဖြုတ်ပလိုက် ကိုယ့်လူတို့ ။ ရှည်ရှည်ဝေးဝေးဘာမှတွေးမနေနဲ့ ။ One game at the time ပုံစံအတိုင်း သွားကြရမယ်။ အပျော်လဲမစောနဲ့ စိုးရိမ်စိတ်လဲ မရှိနဲ့။ ခြေတလှမ်းချင်း သေချာလေး ကြိုးစားလှမ်းသွားကြမယ်။

ရည်မှန်းချက် ထားရမယ်ဆိုပေမယ့် အဝေးကြီးကို တွေးပြီး စိတ်ကူးယဥ်နေရင်လဲ အပိုပဲ။ လက်ရှိခြေလှမ်းတွေကို ပဲ focus ကြမယ်။ ခြေတစ်လှမ်း လှမ်းပြီးတဲ့အခါ ဒီခြေလှမ်းအတွက် အောင်ပွဲခံ ပျော်ရွှင်မယ်။

ပြီးရင် ဒီပျော်ရွှင်မှုက ရတဲ့ အားအင်နဲ့ နောက်ခြေလှမ်းကိုဆက်လှမ်းကြမယ်။ ရှေ့မှာ ခြေလှမ်း 19 လှမ်းရှိတယ်။ ခြေချော်လဲတာ ဟန်ချက်ပျက်တာ ဘာမဆိုမဖြစ်နိုင်တယ်။ အဲ့လိုဖြစ်လာရင်လဲ ပြန်ထပြီး ဆက်လှမ်းသွားနိုင်ဖို့လိုပါလိမ့်မယ်။

ဘောလုံးပဲ ဖြစ်ဖြစ် ဘဝ ပဲ ဖြစ်ဖြစ် ဒီသဘောပါပဲ။ အဝေးကြီးကိုတွေးပြီးလဲ စိတ်ပင်ပန်းမခံပါနဲ့ ။ အတိတ်ကိုတွေးပြီးတော့လဲ နောင်တတွေနဲ့ ပိတ်လှောင်မထားနဲ့။ ဒီနေ့ရက် ဒီခြေတလှမ်းကို အကောင်းဆုံးလှမ်းသွားရင် ကျွန်တော်တို့တွေ ပန်းတိုင်ကို ရောက်ကိုရောက်မှာ။

ဒီနေ့အတွက် ခြေတလှမ်းကတော့ ရလဒ်တွေ ဆိုးဝါးနေတဲ့ ဘုန်းမောက်ပါပဲ။ Must win ပွဲ ဖြစ်တာကြောင့် မဖြစ်မနေ နိုင်ဖို့ လိုအပ်ပါတယ်။ သရေပွဲတွေများနေတဲ့ ဘုန်းမောက်ကြောင့် အမှတ်ခွဲယူဖို့ ညှစ်ကစားလာမှာကို သတိထားရပါမယ်။

ဒါပေမယ့် သူတို့ရဲ့ ခံစစ်အားနည်းချက်ကို အသုံးချနိုင်ရင် နိုင်ပွဲ ရဖို့ကတော့ မခက်ပါဘူး။ အဓိက က တိုက်စစ်က ကျွန်တော်တို့ကောင်တွေ သွင်းဂိုးတွေနဲ့ ယုံကြည်မှု ရဖို့ပါ။ တိုက်စစ်ကစားသမားတွေ ဂိုးသွင်းနိုင်ရင်တော့ ကျွန်တော်တို့တွေ ဒီခြေလှမ်းကို အောင်အောင်မြင်မြင် လှမ်းသွားနိုင်မှာပါ။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Arsenal World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arsenal World:

Share

Category