Fit With Chris

Fit With Chris Freelance Personal Trainer💪
Online Personal Trainer
(1)

Body transform ပြုလုပ်တဲ့အခါတိုင်းကျရူံးရတာ၊လမ်းတစ်ဝက်ကနေပြန်လှည့်ရတာbody ‌transformဖြစ်သွားသော်လည်း ပြန်ဝလာတာပိန်လိုက်ဖ...
03/09/2026

Body transform ပြုလုပ်တဲ့အခါတိုင်းကျရူံးရတာ၊လမ်းတစ်ဝက်ကနေပြန်လှည့်ရတာ
body ‌transformဖြစ်သွားသော်လည်း ပြန်ဝလာတာ
ပိန်လိုက်ဖောင်းလိုက်ဖြစ်ပြီး သံသရာလည်
တိုင်ပတ်နေရတာတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းအရာကတော့ consistencyမရှိလို့ပါပဲ❌
consistencyရှိမှ ရေရှည်အဆီကျနေမှာဖြစ်သလို
body ‌transformဖြစ်ပြီးသွားလည်း ဘယ်တော့မှပြန်မဝတော့ဘူး💯✅

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



တစ်ချို့မိန်းကလေးတွေက လူပိန်ပြီး ဗိုက်ကွက်ပူနေတယ် body fitတွေဝတ်ရင် ဗိုက်တစ်လူံးထဲ ထွက်နေတတ်တယ် ဒါဟာ အဆီတစ်ခုတည်းကြောင့်...
02/09/2026

တစ်ချို့မိန်းကလေးတွေက လူပိန်ပြီး ဗိုက်ကွက်ပူနေတယ်
body fitတွေဝတ်ရင် ဗိုက်တစ်လူံးထဲ ထွက်နေတတ်တယ်

ဒါဟာ အဆီတစ်ခုတည်းကြောင့်မဟုတ်ဘဲ တခြားသောအချက်တွေအများကြီးပါ

အကြောင်းရင်းတွေကတော့ •••

Core muscle weak ဗိုက်အတွင်းပိုင်း muscle အားနည်းရင်
ဗိုက်ကိုမထိန်းနိုင်လို့ lower belly ပိုထွက်တတ်တယ်

Posture မမှန်ခြင်း ခါးကောက်၊ တင်ပါးရှေ့ပို့ပြီးရပ်တဲ့ posture မျိုးဆို လူပိန်ပေမယ့် ဗိုက်ပဲထွက်နေသလိုမြင်ရမယ်✅

Stress + အိပ်ရေးမဝခြင်းစိတ်ဖိစီးမှုများရင် cortisol hormone တက်ပြီး fat က lower belly မှာပိုစုတတ်တယ်✅

စားသောက်မှုပုံစံမမှန်ခြင်း
အချိုများ၊ အငန်များ၊ late night စားတာများရင်
ဗိုက်အောက်ပိုင်း fat စုတတ်တယ်✅

အမျိုးသမီးတွေမှာ သားအိမ်ရှိတာကြောင့် အောက်ဗိုက်နားမှာ ကာကွယ်ဖို့အတွက် အဆီလွှာ အနည်းငယ်ရှိနေတတ်တာ သဘာဝပါ ဒါ့အပြင် ဟော်မုန်းမမျှတရင်လည်း ဒီနေရာမှာ အဆီစုတာ ပိုသိသာပါတယ်

ဘယ်လိုလုပ်သင့်လဲ?

Stress လျှော့ပါ✔️
•တစ်နေ့ကို အနည်းဆုံး ၇-၈ နာရီ အိပ်ပါ အိပ်ရေးပျက်ရင် ဗိုက်အဆီတက်စေတဲ့ ဟော်မုန်းတွေ ပိုထွက်ပါတယ်
•ရေများများသောက်ပါ ရေဓာတ်ပြည့်ဝမှ အစာခြေစနစ်က အလုပ်လုပ်ပြီး လေပွတာ သက်သာမှာပါ

အစားအစာထိန်းပါ✔️
•အချို၊ bubble tea, soft drink လျှော့
•ဆားများတဲ့အစားအစာလျှော့ပါ ငန်တာစားရင် ရေဓာတ်ကို အပြင်မထုတ်ဘဲ ဗိုက်ထဲမှာ စုထားတတ်လို့ဗိုက်ပူစေပါတယ်
•Protein + ဟင်းရွက်ပိုစား
•ညအိပ်ခါနီးအများကြီးမစားပါနဲ့

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ


အမျိုးသမီးတိုင်းချပ်ရပ်တဲ့ဗိုက်ကလေးရရှိဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မရပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံက ၈၀% လေ...
01/09/2026

အမျိုးသမီးတိုင်းချပ်ရပ်တဲ့ဗိုက်ကလေးရရှိဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မရပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံက ၈၀% လောက် အရေးကြီးပါတယ်။ လိုတိုရှင်း အချက် ၅ ချက်ကို ဒီမှာပြောပြပေးပါမယ်။နောက်ဆုံးအချက်က အရေးကြီးပါတယ်။

1️⃣အချိုနဲ့ အသင့်စား အစားအစာ ရှောင်ပါ
ဗိုက်ခေါက်ထွက်စေတဲ့ အဓိကတရားခံဟာ သကြားဖြစ်ပါတယ်။ အချိုရည်၊ မုန့်ချိုတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေဟာ ဝမ်းဗိုက်မှာ အဆီစုစေပါတယ်

2️⃣Protein (အသားဓာတ်) ပိုစားပါ
အသား၊ ငါး၊ ဥ နဲ့ ပဲအမျိုးမျိုးကို နည်းနည်းချင်းစီ ပါအောင်စားပါ။ အသားဓာတ်က ဗိုက်ဆာတာကို ထိန်းပေးနိုင်သလို၊ ကြွက်သားတည်ဆောက်မှုကို ကူညီပေးလို့ ဝမ်းဗိုက်ကို တင်းရင်းစေပါတယ်။

3️⃣ရေများများသောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် လေပွတာ (Bloating) ဖြစ်တတ်ပါတယ်။ ရေပုံမှန်သောက်ပေးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

4️⃣Cardio နှင့် Core Exercise တွဲလုပ်ပါ
ဗိုက်လေ့ကျင့်ခန်း (Crunches, Plank) တစ်မျိုးတည်းလုပ်ရုံနဲ့ ဗိုက်ချပ်မလာပါဘူး။ ခန္ဓာကိုယ်အနှံ့က အဆီတွေလောင်ကျွမ်းဖို့ Cardio နဲ့ ဗိုက်လေ့ကျင့်ခန်းနဲ့ တွဲလုပ်သင့်ပါတယ်။

5️⃣အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်က Cortisol ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။ အဲဒီဟော်မုန်းက ဗိုက်မှာ အဆီစုအောင် တွန်းအားပေးတတ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

📌အရေးကြီးဆုံးအချက်: "Spot Reduction" (နေရာကွက်ကျား အဆီချခြင်း) ဆိုတာ သိပ္ပံနည်းကျ မရှိပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက အဆီကျမှသာ ဗိုက်က အလိုအလျောက် ချပ်ရပ်သွားမှာဖြစ်လို့ စိတ်ရှည်ဖို့ လိုပါတယ်။

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ


Motivation ရှိမှ လုပ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့Body Goals တွေနဲ့ ဝေးနေဦးမှာပါပဲနော် ❌ဘာလို့လဲဆိုတော့ စိတ်ကူးပေါက်တဲ့န...
28/08/2026

Motivation ရှိမှ လုပ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့Body Goals တွေနဲ့ ဝေးနေဦးမှာပါပဲနော် ❌

ဘာလို့လဲဆိုတော့ စိတ်ကူးပေါက်တဲ့နေ့မှ Gym သွားတာထက်... စိတ်မပါတဲ့နေ့မှာပါ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး သွားနိုင်တဲ့ 'စည်းကမ်း (Discipline)' ကသာ ရလဒ်ကို အဆုံးအဖြတ်ပေးတာမို့လို့ပါနော်💯

မှန်ထဲကြည့်လိုက်တိုင်း စိတ်ချမ်းသာစေမဲ့ ကျစ်လျစ်လှပတဲ့ Shape မျိုး လိုချင်တယ်ဆိုရင် စိတ်ပါတဲ့ရက်တင်မကဘဲ
ပျင်းတဲ့ရက်တွေမှာပါ စည်းကမ်းရှိရှိ gym routine တွေကို မပျက်မကွက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်💪

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



မနက်ခင်းမှာပဲမြင်ရတဲ့ဗိုက်ကBellyအမျိုးသမီးတွေ မနက်ထလာရင် ဗိုက်လေးက ချပ်ကပ်နေပြီး ညနေဆို ဗိုက်လေးတွေလုံးပြီးပူနေတတ် ကြမှာ...
27/08/2026

မနက်ခင်းမှာပဲမြင်ရတဲ့ဗိုက်ကBelly
အမျိုးသမီးတွေ မနက်ထလာရင် ဗိုက်လေးက ချပ်ကပ်နေပြီး ညနေဆို ဗိုက်လေးတွေလုံးပြီးပူနေတတ် ကြမှာပါ
ဒါက ခန္ဓာကိုယ် ဝလာတာမဟုတ်ပဲ
ဒီအချက်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။

1. အစာချေစနစ်
မနက်ခင်းမှာ အစာမစားရသေးလို့ ဗိုက်အတွင်း အစာနဲ့လေတွေ မများသေးပါလို့ ဗိုက်ချပ်နေတာပါ ။ ဒါပေမယ့် ညဘက်ရောက်လာတော့ နေ့လည်နဲ့ညနေအထိ အစာတွေစားပြီး အစားနဲ့လေတွေဝင်လာတာ ၊ အစာမချေသေးတာတွေ စုလာလို့ ဗိုက်ပူတတ်ပါတယ်။

2. လေဝင်ခြင်း (Gas)
အချိုရည်၊ ကော်ဖီ၊ နို့ထွက်ပစ္စည်း၊အချိုအငံ စားတာများရင် လေစုလွယ်ပါတယ်။

3. ဟော်မုန်း ပြောင်းလဲမှု
Period time ကာလနီးလာရင် ရေတွေစုလာတာကြောင့် ဗိုက်ပူနိုင်ပါတယ်။

4. ဝမ်းချုပ်ခြင်း
နေ့စဉ် ဝမ်းမသွားနိုင်ရင် ညနေမှာ ဗိုက်ပူပြီး မအီမသာ ဖြစ်တတ်ပါတယ်။

5. ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
တစ်နေ့လုံး ထိုင်နေရင် အစာချေမှု နှေးကွေးပြီး ဗိုက်ပူတတ်ပါတယ်။ အထိုင်များနေရင် လမ်းများများလျှောက်ပေးဖို့လိုပါတယ်✅

အဲ့တော့ မနက် ဗိုက်ချပ် ၊ နေ့လည်ဗိုက်ပူနေတာက
ပုံမှန်ဖြစ်နေကျအခြေအနေလေးမို့ Psychoမဝင်ဘဲအရမ်းတွေ စိတ်မညစ်ပါနဲ့ ပြောပရစေ💪

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Weightကျချင်တယ် အဆီကျချင်တယ် ပူနေတဲ့ဗိုက်တွေပြုတ်ချင်တယ်ပြောပြီး စားချင်ရာကို စားချင်သလိုစားတယ်၊တစ်နေကုန် လှုပ်ရှားမှု န...
25/08/2026

Weightကျချင်တယ် အဆီကျချင်တယ် ပူနေတဲ့ဗိုက်တွေပြုတ်ချင်တယ်ပြောပြီး စားချင်ရာကို စားချင်သလိုစားတယ်၊တစ်နေကုန် လှုပ်ရှားမှု နည်းတယ်၊လေ့ကျင့်ခန်းဆိုလို
လမ်းလျောက်တာလောက်တောင် မလုပ်တဲ့ အခြေအနေမျိုး

သေချာတယ် အဲ့လူ…..
နောင်ဆယ်နှစ်နေရင်လည်း ဝိတ်မကျလာဘူး❌

တစ်နဲ့သုညနဲ့ ပေါင်းရင် တစ်ဘဲရမယ်
နှစ်လိုချင်ရင် သုညကို တစ်ဖြစ်အောင် ပြောင်းဖို့လိုတယ်✅

Lifestyleကို မပြောင်းဘဲ Weightကျချင်တယ်၊အဆီကျချင်တယ်၊ ဗိုက်ပြုတ်ချင်တယ်၊ခါးသေးချင်တယ် ပြောနေရုံနဲ့ လက်ရှိအခြေအနေကနေ ဘာမှ မပြောင်းလဲသွားဘူး

အဆီကျချင်ရင် အဆီကျနိုင်လောက်တဲ့ Lifestyle ဖြစ်နေဖို့လိုတယ်

အဆီကျချင်ရင် ခန္ဓာကိုယ်ပြောင်းလဲချင်ရင်
မိမိရဲ့ Lifestyle ကိုမဖြစ်မနေ ပြောင်းလဲဖို့လိုအပ်ပါတယ်💯

ပြောင်းလဲမှုကိုလိုချင်ရင် ကိုယ်ကိုယ်တိုင်
ပြောင်းလဲဖို့လိုအပ်ပါတယ်🤝

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



🙋🏻‍♂️လေ့ကျင့်ခန်းတွေ လုပ်နေပေမဲ့လည်း သိသိသာသာမပြောင်းလဲလာသေးရင် ✅ဒီလိုအစားသောက်ပုံစံလေးပြောင်းစားကြည့်ပါ 🍑🍎🍏🍗အဆီချနေသူမျ...
23/08/2026

🙋🏻‍♂️လေ့ကျင့်ခန်းတွေ လုပ်နေပေမဲ့လည်း သိသိသာသာမပြောင်းလဲလာသေးရင် ✅

ဒီလိုအစားသောက်ပုံစံလေးပြောင်းစားကြည့်ပါ 🍑🍎🍏🍗

အဆီချနေသူများ/ဝိတ်ချနေသူများ/ဝိတ်ထိန်းနေသူများအတွက် အဆင်ပြေစေရန် ❤️

ခန္ဓာက်ိုယ်တခုပြောင်းလဲဖို့ အစားအသောက်ကို Calories Deficit ဖြစ်ဖို့လိုအပ်ပါသည်💯

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Gym သာဆော့တယ် မပြောင်းလဲဘူးဖြစ်နေလား?​"Gym ဆော့တာ ၃၀%၊ စားတာ ၇၀%" ပါ။ ဘယ်လောက်ပဲ ဆော့ဆော့ မစားတတ်ရင် လိုချင်တဲ့ Body ရမှ...
22/08/2026

Gym သာဆော့တယ် မပြောင်းလဲဘူးဖြစ်နေလား?

​"Gym ဆော့တာ ၃၀%၊ စားတာ ၇၀%" ပါ။ ဘယ်လောက်ပဲ ဆော့ဆော့ မစားတတ်ရင် လိုချင်တဲ့ Body ရမှာ မဟုတ်ပါဘူး
သိထားသင့်တဲ့အချက်(5)ချက်ရှိပါတယ်

​1️⃣(Protein) က နံပါတ်တစ်ပါ
ကြွက်သားတက်ဖို့နဲ့ အဆီကျဖို့ ပရိုတင်းက မရှိမဖြစ်ပါ
ကြက်ရင်ပုံသား၊ ကြက်ဥပြုတ်၊ ငါး၊ ပဲအမျိုးမျိုး စားပေးပါ။

2️⃣ကာဘိုဟိုက်ဒရိတ် (Carbs) ကို မဖြတ်ပါနဲ့
ထမင်းလုံးဝဖြတ်ရင် ဆော့ဖို့ အားရှိမှာမဟုတ်ပါဘူး။ Carbs ဆိုတာ အလေးမဖို့ လောင်စာပါ။
👉 ထမင်း၊ အုတ်ဂျုံ (Oats)၊ ကန်စွန်းဥ စားပေးပါ။

​3️⃣မဆော့ခင်နဲ့ ဆော့ပြီး ဘာစားမလဲ?
👉 မဆော့ခင် (၁ နာရီအလို): အားရှိအောင် ငှက်ပျောသီး (သို့) ကြက်ဥပြုတ် စားပါ။
👉 ဆော့ပြီး (၄၅ မိနစ်အတွင်း): ကြွက်သားပြန်ဆောက်ဖို့ ကြက်ရင်ပုံသားနဲ့ အသီးအရွက် (Or) Whey သောက်ပါ။

​4️⃣အဆီ (Fat) တိုင်းကို မကြောက်ပါနဲ့
ကောင်းတဲ့အဆီက ဟော်မုန်းမျှတစေပြီး အဆီကျဖို့ ကူညီပေးပါတယ်။
👉 ထောပတ်သီး၊ ဗာဒံစေ့၊ သံလွင်ဆီ စားပေးပါ။

​5️⃣ရေနဲ့ အိပ်ရေးက အသက်
ရေဓာတ်ခမ်းရင် ကြွက်တက်မယ်။ အိပ်ရေးပျက်ရင် ကြွက်သားမတက်ဘူး။
👉 တစ်နေ့ ရေ ၃-၄ လီတာ သောက်ပြီး ၇-၈ နာရီ ဝဝအိပ်ပါ။

✅ကြွက်သားတွေက Gym ဆော့နေတုန်း ကြီးတာမဟုတ်ဘဲ "အိပ်ပျော်နေတဲ့အချိန်" မှာမှ ကြီးထွားတာပါ။
​စနစ်တကျဆော့၊ ပြည့်ဝအောင်စား၊ ဝအောင်
အိပ်ရင် လိုချင်တဲ့ Body Goal နဲ့မဝေးပါဘူး💯

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



ဗိုက်အဆီမကျရခြင်းရဲ့ နောက်ကွယ်က အကြောင်းတစ်ခုအိပ်စက်ခြင်းနဲ့ ဗိုက်အဆီကျခြင်းရဲ့ ဆက်စပ်မှုတစ်ခုကိုပြောပြပေးပါမယ်ဗိုက်အဆီမ...
21/08/2026

ဗိုက်အဆီမကျရခြင်းရဲ့ နောက်ကွယ်က အကြောင်းတစ်ခု

အိပ်စက်ခြင်းနဲ့ ဗိုက်အဆီကျခြင်းရဲ့ ဆက်စပ်မှုတစ်ခုကိုပြောပြပေးပါမယ်

ဗိုက်အဆီမြန်မြန်ကျဖို့ဆိုရင် အစားအသောက်၊ လေ့ကျင့်ခန်းအပြင် Sleep Quality က 50%လောက် စကားပြောပါတယ်နော်💯

♻️ည12နာရီ နောက်ဆုံးထားပြီး အိပ်ပါ

ည ၁နာရီကနေ မနက် ၃နာရီအတွင်းဟာ ခန္ဓာကိုယ်က အရွယ်တင်နုပျိုစေပြီး၊ အဆီလောင်ကျွမ်းမှုကို ကူညီပေးတဲ့ Growth Hormone အထွက်ဆုံး အချိန်ဖြစ်လို့ ဒီအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ လိုပါတယ်

♻️ညအိပ်ချိန်ကို ပုံသေသတ်မှတ်ပါ

ဒီနေ့စောအိပ်၊ နောက်နေ့ညနက်တဲ့အထိနေ
ဒါမျိုးလုံးဝ မလုပ်ပါနဲ့နော်
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ကမောက်ကမဖြစ်ရင် Metabolism ကျပြီး အဆီပိုစုရလွယ်စေလို့ အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်အိပ်ပေးဖို့လိုပါတယ်

♻️အိပ်ချိန် ၆ နာရီအောက် မနည်းပါစေနဲ့

အိပ်ချိန်နည်းတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်လာပြီး ဗိုက်အဆီကို
ပိုစုဆောင်းစေပါတယ်
ဒါ့အပြင် ဗိုက်ဆာစေတဲ့ ဟော်မုန်းတွေကို ပိုထွက်စေလို့ နောက်ရက်မှာ အချိုနဲ့
ကာဘိုဟိုက်ဒရိတ်တွေကို ပိုစားချင်စိတ်
ဖြစ်ပေါ်စေပါတယ်

♻️ညနက်မှအိပ်ပြီး မနက်နောက်ကျမှထတာမျိုး ရှောင်ပါ❌

ညနက်မှအိပ်တဲ့အခါ အိပ်ချိန်နာရီ တူညီရင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ (Deep Sleep) အဆင့်ကို သိပ်မရရှိဘဲ Insulin Level ကိုပါ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်

ဒါဆိုရင် မြန်မြန်ဆန်ဆန်လှပဖို့ ဒီညကစပြီး Sleep Quality ကိုမြှင်တင်ဖို့ ကြိုးစားကြည့်ပါ

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



ဝိတ်တက်ချင်ရင် အစားအသောက်မရှောင်ရဘူး စားချင်တာစားဆိုတဲ့ အယူအဆ လုံးဝမှားပါတယ်❌Your are what u eat  ဘဲ🫵မင်းဘာစားလဲ မင်းစား...
20/08/2026

ဝိတ်တက်ချင်ရင် အစားအသောက်မရှောင်ရဘူး စားချင်တာစားဆိုတဲ့ အယူအဆ လုံးဝမှားပါတယ်❌

Your are what u eat ဘဲ🫵
မင်းဘာစားလဲ မင်းစားတဲ့အစားအစာ
ပေါ်မူတည်ပြီး မင်းခန္ဓာကိုယ် အချိုးအစား
ရမှာပဲ

ဝိတ်တက်ချင်လို့ဆိုပြီး ဝိတ်တက်ပြီးရော
တွေ့သမျှ အပြင်စာမှန်သမျှ လျောက်စားနေမယ်ဆိုရင် တက်လာတဲ့ဝိတ်က အဆီဝိတ်ဘဲ
ဖြစ်လာပါလိမ့်မယ်

Weight မရင် Muscleလဲတိုးလာပေမဲ့
Fatလည်းလိုက်တိုးလာပါလိမ့်မယ်

စားချင်တာ လျောက်စားနေရင်တော့ ခန္ဓာကိုယ်ကအဆီတွေနဲ့ ကြီးလာပါလိမ့်မယ်
ကျစ်လစ်လှပတဲ့ခန္ဓာကိုယ် ရချင်တယ်ဆိုရင်တော့ အာဟာရှိတဲ့ Balance Diet planကိုစားရပါလိမ်မယ်

ဝိတ်ချနေတဲ့သူတွေလည်း ထိုနည်းတူပဲ
ဝိတ်ကျရင် ပြီးရောဆိုပြီး
ညစာ တုံးတိ ဖြတ် ကြောင်စာလောက်ရှိတဲ့
Diet plan စားနေရင်
ဝိတ်တော့ ကျသွားမယ်
လူ နာ ရုပ် ဖြစ်နေလိမ့်မယ်

ခန္ဓာကိုယ် အချိုးအစားလှဖို့
ရေရှည် ၆လ တစ်နှစ် အနည်းဆုံး ကြာပါမယ်💯

စိတ်ရှည်ပါ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်စားပါ

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Fit With Chris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share