NOBLE Fitness Centre -NFC

NOBLE Fitness Centre -NFC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NOBLE Fitness Centre -NFC, Gym/Physical Fitness Center, No. 557/B, Min Ye Kyaw Swar Street, 8-Ward, Shwe Pyi Thar Township, Yangon.

28/08/2026

🏋️‍♂️💪Gym ကစားတဲ့အခါ ကြွက်သားတွေ ထွက်လာတာ၊ ခန္ဓာကိုယ်လှလာတာဟာ အလေးမနေတဲ့အချိန်မှာ မဟုတ်ဘဲ နားနေတဲ့အချိန် (Rest Days) မှ ဖြစ်တည်လာတာပါ။
​အလေးမတဲ့အခါ ကြွက်သားမျှင်လေးတွေဟာ စုတ်ပြဲဒဏ်ရာရသွားပါတယ်။ အဲ့ဒီဒဏ်ရာတွေကို ခန္ဓာကိုယ်က ပြန်လည်ပြင်ဆင်ပြီး ပိုမိုတောင့်တင်းတဲ့ ကြွက်သားအဖြစ် တည်ဆောက်ဖို့ "Rest Day" ဆိုတဲ့ အနားယူချိန် မဖြစ်မနေ လိုအပ်ပါတယ်။
‼️​နားရက်မယူရင် ဘာတွေဖြစ်လာနိုင်သလဲ
​ကြွက်သားမတက်တော့ခြင်း (Plateau): နားရက်မရှိဘဲ ဆက်တိုက်ဆော့ရင် ကြွက်သားတွေ ပြန်လည်မဆောက်လုပ်နိုင်တော့လို့ ခန္ဓာကိုယ်ပြောင်းလဲမှု ရပ်တန့်သွားတတ်ပါတယ်။
​ဒဏ်ရာရလွယ်ခြင်း: အဆစ်အမြစ်နဲ့ ကြွက်သားတွေ တင်းနားပြီး ထိခိုက်ဒဏ်ရာ (Injuries) အလွယ်တကူ ရရှိနိုင်ပါတယ်။
​မောပန်းနွမ်းနယ်ခြင်း (Overtraining Syndrome): အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ အမြဲမောပန်းနေတာနဲ့ ကိုယ်ခံအားကျတာတွေ ဖြစ်လာနိုင်ပါတယ်။
​Rest Day မှာ ဘာတွေလုပ်ရမလဲ
​Active Rest Day: လုံးဝအိမ်မှာ လှဲနေတာမျိုးမဟုတ်ဘဲ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါး လုပ်တာ၊ သို့မဟုတ် Stretching (ကြွက်သားလျော့နည်း) လုပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။
​အာဟာရပြည့်ဝစွာစားပါ: နားရက်မှာလည်း ကြွက်သားပြန်လည်တည်ဆောက်ဖို့အတွက် ပရိုတင်း (Protein) နဲ့ အစားအသောက်တွေကို ပုံမှန်အတိုင်း ပြည့်ဝစွာ စားပေးရပါမယ်။
​နှစ်ခြိုက်စွာ အိပ်စက်ပါ: ကြွက်သားတွေကို ပြန်လည်ပြင်ဆင်ပေးတဲ့ Growth Hormone တွေဟာ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်မှာ အများဆုံး ထွက်ရှိတာပါ။
​တစ်ပတ်မှာ အနည်းဆုံး ၁ ရက်မှ ၂ ရက် အထိ နားရက်ယူပေးတာဟာ သင့်ရဲ့ Gym ခရီးစဉ်ကို ပိုမိုမြန်ဆန်ပြီး ထိရောက်စေမယ့် လျှို့ဝှက်ချက်ဖြစ်ပါတယ်။

゚viralシfypシ゚


လေ့ကျင့်ရေးနည်းစနစ်တွေ

စားသောက်နေထိုင်နည်းတွေ မျှဝေနေတာမို့

Private Gp လေးမှာ ပါ Join ပေးထားကြနော် 👇👇

https://www.facebook.com/share/g/1DRcXBFUSr/?mibextid=wwXIfr

25/08/2026

😆 You တို့ရော အဲ့လိုဘဲလား

゚viralシfypシ゚


လေ့ကျင့်ရေးနည်းစနစ်တွေ

စားသောက်နေထိုင်နည်းတွေ မျှဝေနေတာမို့

Private Gp လေးမှာ ပါ Join ပေးထားကြနော် 👇👇

https://www.facebook.com/share/g/1DRcXBFUSr/?mibextid=wwXIfr

Male Fitness Trainer (ကျား ၃ ဦး) အမြန်အလိုရှိသည်။မိမိတို့ အဆင့်မြင့် ကြံ့ခိုင်ရေး  တက်ကြွစွာ တာဝန်ထမ်းဆောင်လိုသော Male F...
23/08/2026

Male Fitness Trainer (ကျား ၃ ဦး) အမြန်အလိုရှိသည်။

မိမိတို့ အဆင့်မြင့် ကြံ့ခိုင်ရေး တက်ကြွစွာ တာဝန်ထမ်းဆောင်လိုသော Male Fitness Trainer (၃) ဦး ကို အမြန်ဆုံး ခန့်အပ်လိုပါသည်။

ရရှိနိုင်မည့် အခွင့်အလမ်းနှင့် အကျိုးခံစားခွင့်များ

Salary - အခြေခံလစာ +ရက်မှန် အချိန်မှန် + Commission + Target Bonus (ညှိနှိုင်း)
အလုပ်ချိန် - ညှိနှိုင်း Shift စနစ်

Locations - အမှတ် ၅၅၇(ခ) မင်းရဲကျော်စွာလမ်း/ရွှေပြည်သာမြို့နယ်/ရန်ကုန်မြို့။

လိုအပ်သော အရည်အချင်းများ

ကျား (၃) ဦး (အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း)

Fitness / Gym Trainer အဖြစ် လုပ်သက် အနည်းဆုံး (၁) နှစ် ရှိသူ ဖြစ်ရမည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်ပြီး လူမှုဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။

Fitness Certificate (သို့) သင်တန်းဆင်းလက်မှတ် ရှိသူများ ပိုမို ဦးစားပေးမည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

👉 လျှောက်ထားရန်

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form (ပုံပါဝင်သော) ကို အောက်ပါ

Viber -09762246832 (သို့မဟုတ်) Page Messengerတို့မှတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါသည်။

22/08/2026

အိုမို🔥🔥🔥


゚viralシfypシ゚


🏠လိပ်စာ➖အမှတ် (၅၅၇/ဘီ) မင်းရဲကျော်စွာလမ်း၊(၈)ရက်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်။
Ph no; 09400997041, 09760393442ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်။

20/08/2026

Gym ဆော့ပြီးနားလိုက်ရင် ပိုဝလာတတ်လား?
၀ိတ်ပိုတက်လာမလား 🤷‍♀️

တချို့တော်တော်များများပြောတတ်ကြပါတယ်။

🏋️‍♀️"Gym မဆော့ရဲဘူး။ Gym ဆော့ပြီး လအနဲငယ်လောက် မဆော့ပဲ နားလိုက်ရင် လူကအရမ်းဝလာတယ်"
Especially မိန်းကလေးတွေပြောတတ်ကြပါတယ်။

အဲလိုပြောနေတာတွေက အယူအဆမှားယွင်းနေကြတာပါ။ Gym ဆော့ပြီးနားလိုက်လို့ Weight ပိုတက်ပြီး ဝလာတာမဟုတ်ပါဘူး။

📍ဥပမာ ခန္ဒာကိုယ်က တစ်နေ့ ကယ်လိုရီ ၁၀၀၀ လိုအပ်တယ်လို့ယူစကြည့်ကျပါစို့။

💢(၁) ပုံမှန် Gym ဆော့တုန်းက တစ်နေ့ ကယ်လိုရီ ၁၄၀၀ -၁၅၀၀လောက်စားပြီး gym ဆော့လို့ ကယ်လိုရီ ၄၀၀ - ၅၀၀ လောက်လောင်ကျွမ်းအောင်လုပ်နိုင်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီ ၁၀၀၀ က ကွက်တိပါပဲ။

💢(၂) Gym မဆော့လို့နားနေတုန်း အစားလည်းမလျှော့ပဲ တစ်နေ့ ကယ်လိုရီ ၁၄၀၀ ဆက်စားနေရင် ခန္ဒာကိုယ်က လိုအပ်တဲ့ ကယ်လိုရီ ၁၀၀၀ အပြင် ၄၀၀ က ပိုသွားတဲ့အတွက် အဆီတက်ပြီး ပေါင်ချိန်တွေတဖြည်းဖြည်းတက်လာတာပါ။

🤨အဲ့အတွက်ကြောင့် Gym မဆော့ဖြစ်ရင်တောင် အစားအသောက်ဆင်ခြေတာတို့ တစ်နေ့ နာရီဝက်လောက် လမ်းပုံမှန်လျှောက်တာတို့ (၁၅)မိနစ်လောက် ပြေးတာတို့လုပ်သင့်ပါတယ်

Gym မဆော့တာကြာရင် muscle mass လျော့သွားတတ်လို့ အရင်လို တင်းတင်းရင်းရင်းမရှိတာတော့ဖြစ်ပါတယ်။ အားကစားတစ်ခုခုလုံးဝမလုပ်နိုင်ရင်တောင် အစားအသောက်ကို ပိုမိုဆင်ခြေသင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်ရှင့်။

゚viralシfypシ゚


လေ့ကျင့်ရေးနည်းစနစ်တွေ

စားသောက်နေထိုင်နည်းတွေ မျှဝေနေတာမို့

Private Gp လေးမှာ ပါ Join ပေးထားကြနော် 👇👇

https://www.facebook.com/share/g/1DRcXBFUSr/?mibextid=wwXIfr

17/08/2026

မိန်းကလေးတွေ muscle ရှိရင်မလှဘူးလို့ဘယ်သူကပြောလဲ😒



💢လူတော်တော်များများက အောက်ပိုင်းထိုင်ရင်Squatထိုင်ဖို့တော်တော်လေးကြောက်ကျတယ် 🏋️‍♂️Squat လေ့ကျင့်ခန်းဟာ ခြေထောက်၊ တင်ပါးန...
13/08/2026

💢လူတော်တော်များများက အောက်ပိုင်းထိုင်ရင်Squatထိုင်ဖို့တော်တော်လေးကြောက်ကျတယ်

🏋️‍♂️Squat လေ့ကျင့်ခန်းဟာ ခြေထောက်၊ တင်ပါးနဲ့ အူဗိုက်ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်
အောက်ပိုင်းရဲ့ ကြံ့ခိုင်မှုကို တိုးတက်စေပါတယ်။ ပုံမှန် Squat လုပ်ပေးခြင်းက အရိုးနဲ့အဆစ်တွေကို အားကောင်းစေခြင်း၊ ဟန်ချက်ညီမှုနဲ့ လှုပ်ရှားနိုင်စွမ်း တိုးတက်စေခြင်း၊ ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူပြုခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့အတွက် Squat ကို နေ့စဉ်လေ့ကျင့်ခန်းတစ်ခုအဖြစ် ထည့်သွင်းလုပ်ဆောင်နိုင်ပါတယ်။

゚viralシfypシ゚


လေ့ကျင့်ရေးနည်းစနစ်တွေ

စားသောက်နေထိုင်နည်းတွေ မျှဝေနေတာမို့

Private Gp လေးမှာ ပါ Join ပေးထားကြနော် 👇👇

https://www.facebook.com/share/g/1DRcXBFUSr/?mibextid=wwXIfr

11/08/2026

အားကိုးရှာမနေနဲ့တော့ ကိုယ်ကိုတိုင် အားကိုးလို့ရအောင်လုပ်ပစ်လိုက်တော့😗💪


လူစုံမှ GYM ဆော့ရတာအဆင်ပြေတာ တဲ့ တကယ် တမ်းလူစုံသောအခါ    ゚viralシfypシ゚
07/08/2026

လူစုံမှ GYM ဆော့ရတာအဆင်ပြေတာ တဲ့
တကယ် တမ်းလူစုံသောအခါ

゚viralシfypシ゚

06/08/2026

မပျော်တော့ဘူး😣



Address

No. 557/B, Min Ye Kyaw Swar Street, 8-Ward, Shwe Pyi Thar Township
Yangon
11411

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959400997041

Website

Alerts

Be the first to know and let us send you an email when NOBLE Fitness Centre -NFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share