Thamine Junction Football Geeks

Thamine Junction Football Geeks We will post news and data analysis on Premier League & FPL. Like and Follow our page and join our league for year end prizes.

League winner နဲ့ runner up brother တို့ Congratulations ပါ။ Prize money လာထုတ်လို့ရပြီ​နော်။ သိတဲ့လူရှိရင် mention ​ခေါ...
23/05/2022

League winner နဲ့ runner up brother တို့ Congratulations ပါ။ Prize money လာထုတ်လို့
ရပြီ​နော်။ သိတဲ့လူရှိရင် mention ​ခေါ်​ပေးကြပါအုံးဗျ။ ကျ​နော့် page က ​နောက်ပိုင်း inactive ဖြစ်သွားလို့ sorry ပါ ​နောက်နှစ်​တော့ Fantasy Premier League Myanmar page မှာပဲ Admin ဆက်လုပ်ဖြစ်ဖို့များပါတယ်။ ကျ​နော့် အသင်း အ​နေနဲ့​တော့ ဒီ ရာသီမှာ Top 125k နဲ့ ရာသီသိမ်းလိုက်ပါတယ်။ ကျ​နော်တို့ league မှာ အ​ပျော်၀င်​ဆော့​ပေးတဲ့လူ​တွေအားလုံးကိုလဲ ​ကျေးဇူးပါဗျ။ See you next season, guys!

27/11/2021

ကျနော့်အနေနဲ့ အချိန်မပေးနိုင်တော့တာရယ် page အတွက် သေသေချာချာ content မရေးပေးနိုင်တာရယ်ကြောင့် ဒီ page ကို ဒီ ရာသီအတွက် ခဏနားပါမယ် ခင်ဗျ။ ကျနော် ပုံမှန်အနေနဲ့ Fantasy Premier League Myanmar page မှာ weekly podcast တိုင်းကို ၀င်‌ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီ page မှာပဲပြန်တွေ့ကြတာပေါ့။ ဒီ page inactive သွားပေမဲ့ ကျနော်တို့‌ဒီ page အတွက်ထောင်ထားတဲ့ league အတွက် ရာသီကုန်ရင် ဆက်သွယ်ပြီး ဆုပေးသွားအုံးမှာပါခင်ဗျ။ FPL manager ‌တိုင်းကြမ်းမကပ်ပဲ comeback နိုင်ကြပါစေဗျာ။ xD

ဒီနေ့မှာတော့ deadline day ဖြစ်တာကြောင့် အရင်တစ်ပတ်က ရွေးချယ်မှုတွေကိုပြန်လည်သုံးသပ်ပြီး ဒီတစ်ပတ်အတွက် pick တွေကိုလဲ ထပ်မ...
05/11/2021

ဒီနေ့မှာတော့ deadline day ဖြစ်တာကြောင့် အရင်တစ်ပတ်က ရွေးချယ်မှုတွေကိုပြန်လည်သုံးသပ်ပြီး ဒီတစ်ပတ်အတွက် pick တွေကိုလဲ ထပ်မံရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

အရင်အပတ်က pick တွေကိုပြန်လည်သုံးသပ်ရမယ်ဆိုရင် Salah အနေနဲ့ ထင်သလောက် return မရခဲ့ပေမဲ့ လုံး၀ မ blank ပဲ assist တစ်ခုယူပေးသွားပါသေးတယ်။ Foden ဆီ ကတော့ ပွဲချိန်ပြည့်၀င်ကစားခဲ့ပေမဲ့ return မရခဲ့ပါဘူး။ Kane ကလဲ ယူနိုက်တက်နဲ့ပွဲမှာ ခြေမပေါ်ခဲ့ဘဲ Under-pressure Ole ရဲ့ United ကပဲ ပုံစံကောင်းပြန်ပြပြီး အနိုင်ယူသွားခဲ့ပါတယ်။ Firmino မ၀ယ်ခိုင်းတာကတော့ မှန်ခဲ့ပြီး သူကိုယ်တိုင်လဲ ဂိုးမသွင်းနိုင်ခဲ့ပဲ 77 မိနစ်မှာ လူစားလဲ ခံခဲ့ရပါတယ်။

ဒီတစ်ပတ်အတွက်တော့ Transfer-in အနေနဲ့ Reece James ကိုရွေးချယ်ပေးချင်ပါတယ်။ နောက်ဆုံး နှစ်ပွဲမှာ James နဲ့ Chilwell အနေနဲ့ Makeshift winger လိုမျိုးကစားနေရပြီး cleansheet ရနိုင်တဲ့အပြင် တစ်ဂိုးသွင်းရင် 6မှတ်ရနိုင်တာကြောင့် return ရဖို့ chance တော်တော်များတာကိုတွေ့ရပါတယ်။

Captain ကတော့ ဒီတစ်ပတ်လဲ differential မလုပ်ဘဲ အများနည်းတူ သခင်ကြီးSalah ကိုပဲ ဆက်လက်ရွေးချယ်ထားပါတယ်။

Differential အနေနဲ့တော့ ဒီတစ်ပတ် Norwich နဲ့ ကစားရမှာဖြစ်ပြီး FPL မှာ Midfielder ဖြစ်နေတဲ့ Brentford တိုက်စစ်မှူး Mbeumo ကိုရွေးချယ်ပေးချင်ပါတယ်။ ownership ကလဲ 4.2% ပဲရှိတာကြောင့် haul ရလိုက်တယ်ဆိုရင် ranking တွေထိုးတက်လာဖို့ရှိပါတယ်။

နောက်ဆုံးရှောင်ရမဲ့ကစားသမားအ‌နေနဲ့တော့ တစ်ပတ်တလေ 10 မှတ်ရပြီး တစ်ရာသီလုံး 2 မှတ် 3 မှတ်ထိုင်ယူမဲ့ Rice ကို ရှောင်စေချင်ပါတယ်ဗျ။ DMF ကစားသမား တွေအနေနဲ့ FPLမှာ return ရလေ့မရှိပါဘူး။

ကျနော်တို့ ရွေးချယ်ပေးတဲ့ pick တွေကို သဘောကျတယ်ဆိုရင်တော့ page ကို like & follow လုပ်ဖို့မမေ့ကြပါနဲ့။ နောက်တစ်ပတ်မှာလဲ နောက်ထပ် pick တွေနဲ့ အတူပြန်လာခဲ့ပါအုံးမယ် ခင်ဗျ။

ဒီတစ်ပတ်အတွက် pick တွေကိုလဲ deadline မတိုင်ခင်လေးတင်ပေးလိုက်ပါတယ်။အရင်အပတ်အတွက် review လုပ်ရမယ်ဆိုရင်တော့ Vardy အနေနဲ့ ပ...
30/10/2021

ဒီတစ်ပတ်အတွက် pick တွေကိုလဲ deadline မတိုင်ခင်လေးတင်ပေးလိုက်ပါတယ်။

အရင်အပတ်အတွက် review လုပ်ရမယ်ဆိုရင်တော့ Vardy အနေနဲ့ ပထမပိုင်းအပြီးမှာ Daka နဲ့လဲလိုက်ရတာကြောင့် blank သွားပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ captain Salah က အမှတ်တွေယူပေးသွားတာကြောင့် အဆင်ပြေတဲ့ weekend တစ်ခုဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်။ Daka အနေနဲ့ လဲ လူးစား၀င်သာဖြစ်ပြီး Haul မရတာကြောင့် ကျနော်မ၀ယ်နဲ့ပြောလို့ မ၀ယ်ထားတဲ့သူတွေ ပြဿနာမတက်လောက်ပါဘူး။ Mbeumo ကလဲ ဒဏ်ရာအနည်းငယ်ရသွားတာကြောင့် ခေါ်ထားတယ်ဆိုရင် နောက်တစ်ပတ် line up ပါမပါ ထပ်စောင့်ကြည့်ဖို့ recommend ပေးချင်ပါတယ်။

ဒီ တစ်ပတ်အတွက် pick တွေအနေနဲ့ တော့
Transfer in - Foden
Captain - Salah
Differential - Kane နဲ့
Don't buy(မ၀ယ်ဖို့) Firmino ကိုရွေးချယ်ပေးထားပါတယ်။

Pep roulette ကိုမကြောက်ပဲ Foden ကိုရွေးထားရတာကတော့ CF နေရာ လောလောဆယ်ဆော့နေတာကြောင့်ပါ။ Pep ကလဲ Foden ကိုသဘောကျနေပုံရပြီး အဲ့ဒီနေရာမှာ ဘယ်လောက်မြဲမလဲ စောင့်ကြည့်ရမယ်ဆိုပေမယ့် ဒီကောင်ကန်နေရသရွေ့တော့ မ၀ယ်ထားတဲ့သူတွေ ထိခိုက်နိုင်ပါတယ်။ Captain က တော့ ထုံးစံအတိုင်း Africa ဖလား သွားမကန်မချင်း Salah ကိုပဲပေးပါမယ်။
Kane က‌တော့လောလောဆယ်မှာ Ole ကြောင့် တိုင်ပတ်နေတဲ့ United နောက်‌တန်းနဲ့ တွေ့မှာဖြစ်လို့ return ရနိုင်ခြေရှိပါတယ်။ နောက်ပွဲကစပြီးလဲ ပွဲချောင်နေတာကြောင့့် Differential အနေနဲ့ စဉ်းစားသင့်ပါတယ်။ Firmino ကတော့ ဈေးကြီးပြီး ပွဲထွက်လာဖို့မသေချာ‌တာကြောင့် သူ့အစား ဈေးနှုန်း မတိမ်းမယိမ်းရှိတဲ့ကွင်းလယ်က Foden, Son တို့ကိုပိုသဘောကျ‌မိပါတယ်။

နောက်တစ်ပတ်မှာလဲ GW 11 pick တွေနဲ့ ပြန်လာအုံးမှာဖြစ်တာကြောင့် ကျနော်တို့ page ကို like & follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဗျာ။

ဒီတစ်ပတ် Friday Night kickoff ရှိတာကြောင့် early deadline မတိုင်မီမခင် အချိန်မီ admin ရဲ့ pickတွေကိုဖော်ပြပေးလိုက်ပါတယ်။...
22/10/2021

ဒီတစ်ပတ် Friday Night kickoff ရှိတာကြောင့် early deadline မတိုင်မီမခင် အချိန်မီ admin ရဲ့ pickတွေကိုဖော်ပြပေးလိုက်ပါတယ်။

အရင်အပတ်က review အနေနဲ့တော့ differential option ဖြစ်တဲ့ Jimenez တစ်ယောက်သာ ပွဲထွက်ခွင့်မရခဲ့တာတွေ့ရပြီး Captain Salah ရွေးချယ်မှုမှန်ခဲ့သလို transfer pick Cancelo လဲ မှန်ခဲ့တာကိုတွေ့ရပါတယ်။ Avoid လုပ်ခိုင်းထားတဲ့ Alonso ကလဲ lineup ပါလာခြင်းမရှိပါဘူး။

ဒီတစ်ပတ် pick တွေအနေနဲ့တော့ Transfer in နေရာမှာ Ronaldo, Lukaku တို့နဲ့ တိုက်ရိုက်လဲလို့အဆင်ပြေတဲ့ Vardy ကိုရွေးပေးထားပါတယ်။ ဒီရာသီမှာ ပွဲတိုင်းလိုလို return တွေရနေပြီး ပွဲချောင် တာကြောင့် ဂိုးတွေ assist တွေ ထပ်ရနိုင်ပါတယ်။

Captain ကတော့ Salah ကိုပဲ ဆက်လက်ရွေးချယ်ထားပြီး မန်ယူနဲ့ ကစားမှာဖြစ်ပေမဲ့ မန်ယူနောက်တန်းကလက်တလော အကောင်းဆုံးပုံစံမှာရှိမနေတာကြောင့်ဂိုးသွင်းနိုင်ခြေရှိ‌ပါတယ်။

Differential pick အနေနဲ့ဝောာ့ Brentford အသင်းရဲ့ တိုက်စစ်မှူး Mbeumo ကိုရွေးပေးထားပါတယ်။ သူ့ရဲ့ xG stats တွေက အထင်ကြီးစရာကောင်းပြီး FPL မှာကွင်းလယ်လူဖြစ်နေတာကြောင့် သူ့ရဲ့အလားအလာက ဆက်လက်စောင့်ကြည့်ချင်စရာပဲဖြစ်ပါတယ်။

Avoid လုပ်ရမဲ့ player ကတော့ Leicester အသင်းရဲ့ အရန်တိုက်စစ်မှူး Daka ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီတစ်ပတ် Europa league မှာ 4 ဂိုးသွင်းထားတယ်ဆိုပေမဲ့ Premier League မှာတော့ Lineup ၀င်ဖို့မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။

နောက်တစ်ပတ်ကျရင်လဲ pick တွေနဲ့ ပြန်လာအုံးမှာဖြစ်တာကြောင့် page ကို like & follow လုပ်ဖို့လဲမမေ့ကြပါနဲ့ဗျာ။ Have a nice Gameweek.

ဒီနေ့မှာတော့  အရင်တစ်ပတ်က pick တွေကိုလဲပြန်လည်သုံးသပ်ပေးသွားမှာ ဖြစ်ပြီး ဒီတစ်ပတ်အတွက် pick တွေကို ရွေးချယ်ပေးသွားမှာ ဖြ...
16/10/2021

ဒီနေ့မှာတော့ အရင်တစ်ပတ်က pick တွေကိုလဲပြန်လည်သုံးသပ်ပေးသွားမှာ ဖြစ်ပြီး ဒီတစ်ပတ်အတွက် pick တွေကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

အရင်တစ်ပတ်က Alonso ကို rotation သတင်းတွေမထွက်ခင် စောစောရွေးပေးမိတာကြောင့် နောက်လာမဲ့ အပတ်တွေမှာ Admin's pick ကို ပိုသေချာအောင် Friday Night (ဒါမှမဟုတ်) Saturday morning မှ ရွေးပေးဖြစ်ဖို့ရှိပါတယ်။ အရင်အပတ်က Captain Lukaku ဆီကလဲ return မရခဲ့ပါဘူး။ Don't buy နဲ့ Differential pick တွေတော့မှန်ခဲ့တယ်လို့ပြောလို့ရပါတယ်။

ဒီတစ်ပတ် Transfer in အနေနဲ့တော့ cleansheet ရဖို့သေချာတဲ့ Cancelo (6.1m) ကိုရွေးချယ်ပေးထားပါတယ်။ ManCity အနေနဲ့လဲပွဲချောင်တာကြောင့် Cancelo ဆီကနေ နောက်ပွဲစဉ်တွေအထိ ပေးရတဲ့ price နဲ့တန်တဲ့ return တွေမျှော်လင့်နိုင်ပါတယ်။ Captain ကတော့ထုံးစံအတိုင်း သခင်ကြီး ဆာလက်ပါပဲ။ Never in doubt ပါ။ Differential အနေနဲ့တော့ဂိုးပေါက်ပြန်ရှာတွေ့သွားပြီးယုံကြည်မှုတွေပြန်ရလာတဲ့ Jimenez (7.6m) ကိုရွေးချယ်ပေးထားပြီး Don't buy အနေနဲ့တော့ Rotation risk ရှိတဲ့ Alonso ကိုရှောင်စေချင်ပါတယ်။

ကျနော်တို့ Thamine Junction Football Geeks page က pick တွေကို သဘောကျတယ်ဆိုရင် page ကို like & follow လုပ်ဖို့မမေ့ကြပါနဲ့။ ဒီနေ့ 3 နာရီမှာလဲ Fantasy Premier League Myanmar နဲ့ပေါင်းပြီး deadline stream လုပ်သွားဖို့ရှိတာကြောင့် FPLM page မှာလာရောက်နားထောင်ကြဖို့ဖိတ်ခေါ်ပါတယ်။ Good luck with your FPL teams.

ဒီတစ်ပတ် Gameweek 7 အတွက် admin ရဲ့ pick တွေကိုဖော်ပြပေးလိုက်ပါတယ်။Transfer inMarcos Alonso (£5.9m)ဒီတစ်ပတ်အတွက် Transfe...
01/10/2021

ဒီတစ်ပတ် Gameweek 7 အတွက် admin ရဲ့ pick တွေကိုဖော်ပြပေးလိုက်ပါတယ်။

Transfer in
Marcos Alonso (£5.9m)
ဒီတစ်ပတ်အတွက် Transfer in အနေနဲ့ Chelsea နောက်ခံလူ Marcos Alonso ကိုရွေးချယ်ပေးထားပါတယ်။ Alonso ဟာဒီရာသီ Premier League မှာ တိုက်စစ်လိုက်ပါမှုအများဆုံး Wing back တွေထဲကတစ်ယောက်ဖြစ်ပြီး Chelsea အသင်းရဲ့ နောက်ထပ်ကစားရမဲ့ ပွဲစဉ် 6ပွဲလုံးချောင်နေတာကြောင့် Attacking return အပြင် cleansheet ပါမျှော်လင့်လို့ရပါတယ်။

Captain
Romelu Lukaku (£11.7m)

Chelse‌a ရဲ့ fixture swing ကြောင့် Lukaku ကလဲ ဒီတစ်ပတ်အတွက် ခေါ်ယူသင့်တဲ့ကစားသမားစာရင်းမှာ ထိပ်ဆုံးကပါနေပါတယ်။ Captain option တွေထဲမှာ Salah က Mancity နဲ့ အဝေးကွင်းမှာကစားရမှာဖြစ်ပြီး Ronaldo ကဝောာ့ အိမ်ကွင်းမှာ Everton နဲ့ကစားရမှာဖြစ်တာကြောင့် ပွဲအနည်းငယ်ပိုချောင်သလိုရှိတဲ့ Lukaku ကနှာတဖျားသာနေပါတယ်။ ဒါပေမဲ့ Southampton အသင်းရဲ့ ဒီရာသီ ခံစစ်ကစားပုံက အရင်နှစ်တွေကထက်စာရင် ပိုပြီး ကျစ်လျစ်နေတာကြောင့် Lukaku အနေနဲ့ Southampton နောက်တန်းကိုကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Differential
Jamie Vardy (£10.4m)

Gameweek 5 အတွက် differential အဖြစ်ရွေးချယ်ပေးခဲ့တဲ့ Vardy ကို ဒီတစ်ပတ်အတွက်လဲ ထပ်ပြီးရွေးချယ်ပေးချင်ပါတယ်။ Leicester အသင်းရဲ့သွင်းဂိုးတော်တော်များများမှာ တိုက်ရိုက်ပါ၀င်နေပြီး Penalty လဲ ပုံမှန်ကန်နေရတဲ့ Vardy ကို FPL manager တွေရဲ့ 12% ကသာ ပိုင်ဆိုင်ထားတာကြောင့် difference maker ဖြစ်လာနိုင်တဲ့ ကစားသမားတစ်ယောက်လဲ ဖြစ်ပါတယ်။

Don't Buy
Thiago Silva (£5.4m)

Rotation risk ရှိနိုင်တဲ့ Thiago Silva ကို၀ယ်မဲ့အစား Chelsea နောက်တန်းမှာ ပုံမှန်ပွဲထွက်ခွင့်ရပြီး FPL point တွေပိုရနိုင်ခြေရှိတဲ့ Alonso, Rudiger တို့ကို၀ယ်သင့်ပါတယ်။

ကျနော်တို့ page ကနေ အပတ်စဉ်တိုင်းမှာ FPL pick တွေကိုရွေးချယ်ပေးသွားမှာဖြစ်လို့ page ကို like & follow လုပ်ဖို့မမေ့ကြပါနဲ့ဗျာ။

ဒီတစ်ပတ် admin's pick တွေမှာတော့ Ronaldo Captain pick တစ်ခုလွဲခဲ့ပြီး ကျန်တဲ့ pick တွေကတော့ မှန်ကန်ခဲ့တာကိုတွေ့ရမှာဖြစ်ပ...
26/09/2021

ဒီတစ်ပတ် admin's pick တွေမှာတော့ Ronaldo Captain pick တစ်ခုလွဲခဲ့ပြီး ကျန်တဲ့ pick တွေကတော့ မှန်ကန်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ Ronaldo ကို Captain ပေးပြီးကြမ်းကပ်နေတဲ့ ညီအကိုတွေ comeback နိုင်ဖို့နောက်တစ်ပတ်ကျရင်လဲ suggestions တွေနဲ့ပြန်လာခဲ့ပါအုံးမယ်ခင်ဗျ 🤣

ဒီနေ့ည 7:30 လောက်မှာ Admin နဲ့ FPL Myanmar page က admin တွေပေါင်းပြီး ပုံမှန်တင်ဆက်နေကြ FPL podcast ကိုတင်ဆက်ပေးသွားဖို့...
24/09/2021

ဒီနေ့ည 7:30 လောက်မှာ Admin နဲ့ FPL Myanmar page က admin တွေပေါင်းပြီး ပုံမှန်တင်ဆက်နေကြ FPL podcast ကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။ ကျနော်တို့အနေနဲ့ podcast ကို အပတ်စဉ် တနင်္လာနေ့နဲ့ သောကြာနေ့တိုင်းမှာတင်ဆက်ပေးနေတာကြောင့် Fantasy Premier League Myanmar page မှာလာရောက်နားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီတစ်ပတ် Gameweek 6 အတွက် admin ရဲ့ pick တွေကိုဖော်ပြပေးလိုက်ပါတယ်။Transfer in - Allan Saint-Maximin (£6.7m)Newcastle အသ...
24/09/2021

ဒီတစ်ပတ် Gameweek 6 အတွက် admin ရဲ့ pick တွေကိုဖော်ပြပေးလိုက်ပါတယ်။

Transfer in - Allan Saint-Maximin (£6.7m)

Newcastle အသင်းရဲ့တိုက်စစ်မှူး Saint-Maximin ကတော့ Wilson မပါတဲ့ Newcastle ရှေ့တန်းကို ဦးဆောင်လာဖို့ရှိပါတယ်။ သူရဲ့ပြေးအားတိုးအားနဲ့ ကစားပုံအပြင် Wilson မပါတဲ့အချိန်မှာ နောက်တန်းနဲ့ ကွင်းလယ်က ရတဲ့ အခွင့်အရေးတွေကို ပိုမိုအသုံးချနိုင်ဖို့ရှိ‌တာကြောင့် ဒီတစ်ပတ် Bamford နေရာကို Transfer လုပ်ဖို့ အသင့်တော်ဆုံးကစားသမားအဖြစ်ရွေးချယ်ပေးလိုက်ရပါတယ်။

Captain - Cristiano Ronaldo (£12.7m)

FPL ရဲ့လက်ရှိ ဈေးအကြီးဆုံးကစားသမားဖြစ်တဲ့ Ronaldo ကတော့ မန်ယူကိုရောက်ပြီးနောက်ပိုင်းမှာ ပွဲတိုင်းဂိုးသွင်းထားပါတယ်။ ဒီတစ်Villa နဲ့ပွဲမှာလဲ ဒီမှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့မျှော်လင့်ရပါတယ်။ Villa ရော Brentford ပါခြေစွမ်းကောင်းနေတာကြောင့် အဝေးကွင်းမှာကစားမဲ့ Salah ထက် Old Traffold မှာ ကစားမဲ့ Ronaldo ကိုရွေးချယ်ထားပါတယ်။

Differential - Ismaila Sarr (£6.1m)

Ismaila Sarr ကတော့ အရင်တစ်ပတ်က Norwich နဲ့ပွဲမှာခြေစွမ်းပြခဲ့ပြီး လူကြိုက်များလာတဲ့ ကစားသမား
ဖြစ်ပါတယ်။ Watford အသင်းရဲ့တိုက်စစ်မှာ key-player လိုဖြစ်နေတာကြောင့် Watford ဂိုးရတာနဲ့ သူ့ရဲ့ပါ၀င်မှုနှုန်းများဖို့ရှိပါတယ်။ ဈေးကလဲ 6.1m သာရှိတာကြောင့် ၀ယ်ပြီး ဥထားသင့်တဲ့ ကစားသမားလဲ ဖြစ်ပါတယ်။

Don't Buy - Mason Greenwood (£7.7m)

Ronaldo ရောက်လာပြီးနောက်ပိုင်းတောင်ပံကိုရောက်သွားတာကြောင့် Greenwood အနေနဲ့ xG နဲ့ xA လျော့သွားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Ole အနေနဲ့ Greenwood နဲ့ Sancho ကို rotate လုပ်ဖို့ရှိတာကြောင့် ပွဲကစားချိန်တွေလျော့သွားနိုင်ပါတယ်။ နောက်လာမဲ့ပွဲစဉ်တွေမှာလဲ United က‌ပွဲကျပ်တွေကစားရမှာဖြစ်တာကြောင့် ဈေးတူတဲ့ Torres,Jota တို့နဲ့လဲမယ်ဆိုရင် ‌တောင် £6.5m ၀န်းကျင်ထဲက ရွေးချယ်သင့်ပြီး Greenwood ကိုရှောင်သင့်ပါတယ်။

ဒီနေ့မှာတော့ Gameweek 6 အတွက် Admin ရဲ့ pick တွေကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ page ကတင်ပေးတဲ့ FPL နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို သဘောကျ‌တယ်ဆိုရင်တော့ page ကို like & share လုပ်ဖို့မမေ့ကြပါနဲ့ဗျ။

အရင်တစ်ပတ်အတွက် admin ရဲ့ pick တွေမှာတော့ Lord Benrahma ကိုစော်ကားမိလို့တိုင်ပတ်သွားတာကလွဲရင် သုံးယောက်လုံး အဆင်ပြေနေပါတ...
23/09/2021

အရင်တစ်ပတ်အတွက် admin ရဲ့ pick တွေမှာတော့ Lord Benrahma ကိုစော်ကားမိလို့တိုင်ပတ်သွားတာကလွဲရင် သုံးယောက်လုံး အဆင်ပြေနေပါတယ်ဗျ။ Captain choice Salah မှန်ကန်ခဲ့ပြီး Bamford နဲ့ Vardy ဆီကလဲ return နဲနဲပြန်ရလိုက်ပါတယ်။ Admin က တော့ နဲနဲကြမ်းကပ်သွားတာကြောင့် rank top 180k ကိုပြန်ရောက်သွားပါတယ်။ မနက်ဖြန်ကျရင်တော့ ဒီတစ်ပတ် GW 6 အတွက် awesome pick တွေနဲ့အတူပြန်လာခဲ့ပါအုံးမယ်ခင်ဗျ။

Gameweek 5 အတွက် Admin ရဲ့ pick တွေကို ရွေးချယ်ပေးလိုက်ပါပြီ။"Transfer in" အနေနဲ့ဝောာ့ Leeds အသင်းရဲ့တိုက်စစ်မှူး Patric...
17/09/2021

Gameweek 5 အတွက် Admin ရဲ့ pick တွေကို ရွေးချယ်ပေးလိုက်ပါပြီ။

"Transfer in" အနေနဲ့ဝောာ့ Leeds အသင်းရဲ့တိုက်စစ်မှူး Patrick Bamford ကိုရွေးချယ်ပေးထားပါတယ်။
DCL ဒဏ်ရာရနေတာကြောင့် Bamford ကို FPL manager တော်တော်များများက မျက်စိကျနေကြပြီး Leeds အသင်းရဲ့ ပွဲစဉ်တွေကလဲ Gameweek 10 အထိချောင်နေတာကြောင့် Bamford, Raphinha တို့ လိုကစားသမားတွေ မျက်နှာပန်းလှဖို့ရှိနေပါတယ်။

"Captain" အနေနဲ့တော့ safe pick ဖြစ်တဲ့ သခင်ကြီး Salah ကိုထပ်မံရွေးချယ်ပေးထားပါတယ်။ အရင်
တစ်ပတ်က Ronaldo ရဲ့ကျော်တက်ခြင်းကိုခံခဲ့ရတာကြောင့် သခင်ကြီး အနေနဲ့ ဒီတစ်ပတ်မှာ low block ဆော့မဲ့ Crystal Palace နောက်တန်းကိုကျော်ပြီး ဂိုးတွေသွင်းနိုင်မလား ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

"Differential pick" ကိုဝောာ့ "No Vardy, No Party" ဆိုတဲ့အတိုင်း ownership 11.4% ရှိတဲ့ Jamie Vardy ကိုရွေးချယ်ပေးထားပါတယ်။ သူ့ရဲ့ £10.4m ဈေးကြောင့် လူတွေက်ုလက်တွန့်စေပေမဲ့ သွင်းဂိုးတွေအပြင် Penalty က point တွေလဲမျှော်လင့်လို့ရပြီး Leicester အသင်း အနေနဲ့လဲ GW11 အထိပွဲကျပ်တစ်ပွဲပဲရှိတာကြောင့် Differential အနေနဲ့ စောင့်ကြည့်ထားသင့်ပါတယ်။

"Don't buy This player" ကိုတော့ Benrahma ကိုရွေးချယ်ထားပါတယ်။ သူ့ကို ကျနော်ကိုယ်တိုင် Gameweek 3 မတိုင်ခင်မှာ Transfer-in အနေနဲ့ ရွေးချယ်ပေးခဲ့ပေမဲ့ Benrahma ဟာ Gameweek 3 ကစပြီး တောင်ပံမှာပြောင်းကစားနေတာကိုတွေ့ရပြီး အရင် GW 1,2 ကလောက် return မရဝောာ့တာကိုတွေ့ရပါတယ်။ သူ့နေရာမှာ အသစ်ခေါ်ယူထားတဲ့ Nicolo Vlasic နဲ့လဲနေရာလုရနိုင်ခြေရှိနေပါတယ်။ နောက်လာမဲ့ပွဲစဉ်တွေမှာလဲ WestHam အနေနဲ့ ပွဲစဉ် 7 ပြီးရင်ပွဲကျပ်တွေလာဖို့ ရှိတာကြောင့် Benrahma ဟာ လောလောဆယ်မှာ မ၀ယ်သင့်‌တဲ့ ကစားသမားပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဒီတစ်ပတ်အတွက် admin ရဲ့ pick တွေကိုရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ Gameweek 5 ရဲ့ transfer deadline က ည 12 နာရီ ဖြစ်တာကြောင့် Leeds နဲ့ Newcastle ပွဲအမှီ transfer တွေလုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာ။ Good luck everyone.

Address

Thamine Junction
Yangon
11011

Alerts

Be the first to know and let us send you an email when Thamine Junction Football Geeks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category