Dr. Alex is Fit

Dr. Alex is Fit Real Transformation & Ketosis Beast
Do whatever u can and Get what u deserve.

February 7 ရက်နေ့ကျရင် ကျွန်တော် အရင်ကဖွင့်ခဲ့တဲ့ Real Transformation အမည်နဲ့ weighloss နဲ့ lifestyle class လေးပြန်စပါတေ...
22/01/2024

February 7 ရက်နေ့ကျရင် ကျွန်တော် အရင်ကဖွင့်ခဲ့တဲ့ Real Transformation အမည်နဲ့ weighloss နဲ့ lifestyle class လေးပြန်စပါတော့မယ်။

ကျွန်တော့ရဲ့ ပုံစံအတိုင်း ကျန်းမာစွာ ဝိတ်ကျရေးကို ဦးတည်ပြီး အဲ့လိုဝိတ်ကျဖို့ကိုလည်း သိပ္ပံနည်းကျ အစမ်းသပ်ခံထားတဲ့ exercise program တွေ အပြင် တကယ့် လက်တွေ့ပြင်ပ ဘဝမှာပါ သွက်လက်သန်မာစေမဲ့ exercises တွေပါ ထပ်မံအားဖြည့် ပေါင်းထည့်ပေးထားပါတယ်။

Nutrition coaching ကိုလည်း အရင်အတိုင်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ BMR အလိုက် တစ်နေ့တာစားရမဲ့ ပမာဏကိုလဲ အနီးကပ်ကြီးကြပ်ပေးမဲ့ အပြင် ဘာစား ဘာစားဆိုပြီး လက်ညှိုးညွှန် စားခိုင်းတာမျိုးမလုပ်ပဲ မိမိရဲ့ lifestyle နဲ့ လိုက်လျော ညီထွေဖြစ်စေမဲ့ စားသောက်မှုပုံစံ စားနည်းသောက်နည်းများကို သင်တန်းကာလအတွင်း *မိမိကိုယ်တိုင် စားသောက်တတ်သွားစေရန်* နည်း‌ပြပေးဦးမှာ ဖြစ်ပါတယ်။

ကျန်းမာစွာဝိတ်ချရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တဲ့ stress အကြောင်းနဲ့ အဲ့လို stress ကို ဘယ်လို အနိုင်ယူကြမလဲဆိုတာကိုလဲ updated science တွေနဲ့ အလွယ်တကူနားလည်လွယ်အောင် သင်ပေးဦးမှာပါ။

အိပ်ချိန်မမှန်တာတွေ အိပ်ရေးမဝတာတွေ body posture လို့ခေါ်တဲ့ ကိုယ်နေဟန်ထား ပုံမမှန်တာတွေကိုလဲ တပါတည်းပြင်ပေးမဲ့ အပြင် ဒူးနာ ခါးနာတဲ့ လူတွေကိုလဲ လေ့ကျင့်ခန်းမှ တဆင့် ဒူးနာ ခါးနာသက်သာပျောက်ကင်းအောင်လဲ ကူညီပေးသွားဦးမှာပါ။

တစ်ပတ်တစ်ခါ online ကနေလဲ ဝိတ်ကျဖို့အတွက် သိသင့်သိထိုက်သော အကြောင်းအရာများ။
အခြေခံ အာဟာရ ဗဟုသုတများ။
လွဲမှားနေတဲ့ ဝိတ်ချနည်းစနစ်များ အကြောင်း။
လွဲမှားနေတဲ့ စားသောက် နေထိုင်မှု ပုံစံများ အကြောင်း။ Fasting နဲ့ Detox ဖျော်ရည်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ Junk foods တွေအကြောင်း အစရှိသည်များကိုလဲ Facebook gp ထဲမှာအပြင် live class တွေနဲ့ သင်ကြားပေးသွားဦးမှာပါ။

ဘယ်လိုလူတွေ join သင့်သလဲ?
၁. ဝိတ်တော့ကျချင်တယ် ကျန်းမာရေးတော့ မထိခိုက်ချင်ဘူး ဆိုသူများ။
၂. အချိန်အများကြီးမပေးနိုင်ဘူး အိမ်မှာပဲ ရှိတဲ့ equipment နဲ့ လေ့ကျင့်ခန်းလုပ်လိုသူများ
၃. မိမိကိုယ်တိုင် အာဟာရနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတကို သိရှိလိုသူများ။
၄. လက်တွေ့ဘဝမှာ သွက်လက်ပေါ့ပါးလိုသူများ။

Bonus အနေနဲ့ကတော့ ဆရာဝန် တစ်ဖြစ်လဲ ကျွန်တော့ဆီကနေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ခွင့်ရပါမယ်။

ဘယ်လိုသင်မှာလဲ ?
Facebook private gp မှာ လေ့ကျင့်ခန်း videos တွေ တင်ပေးပါ့မယ်။
တစ်ပတ် တစ်ရက် Zoom or Skype ကနေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို သင်ပေးပါ့မယ်။

Class ကို join ချင်သူများ ကျွန်တော့ Cb ကနေ သင်တန်း အပ်လို့ရပါပြီ။

သင်တန်းကာလကတော့ စုစုပေါင်း 8 ပတ်ကြာမှာဖြစ်ပြီး ပထမဆုံးပြန်ဖွင့်တဲ့ အတန်းမို့ အပိုဆောင်း နှစ်ပတ်ပို train ပေးသွားမှာပါ။

သင်တန်းကာလ 8 ပတ်စာအတွက် 80000 ကျပ်ကျသင့်ပါမယ်။

အောက်က link မှာ အရင် သင်တန်းအဟောင်းက သင်တန်းသားတွေရဲ့ results တွေ ဝင်ရောက်လေ့လာလို့ရပါတယ်။

Kpay no. 09795590986 ကိုငွေလွှဲပြီး ငွေလွှဲမှတ်တမ်းနဲ့ သင်တန်း အပ်လို့ရပါပြီ။
https://m.facebook.com/story.php?story_fbid=163116255591320&id=108370254399254&mibextid=UyTHkb

Fructose Fructose ဆိုတာ Glucose, Galactose တို့လိုမျိုး Monosaccharide Carbohydrate တစ်မျိုးပါပဲ။ Fructose ကို ကျွန်တော်...
05/12/2023

Fructose

Fructose ဆိုတာ Glucose, Galactose တို့လိုမျိုး Monosaccharide Carbohydrate တစ်မျိုးပါပဲ။

Fructose ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသီးတွေနဲ့ Table sugar လို့ခေါ်တဲ့ သကြားမှာ တခြား Monosaccharide တွေနဲ့ အတူတကွ အများအပြားတွေ့ရပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Glucose ကိုသာ စွမ်းအင်အဖြစ် အသုံးချဖို့ အားသာလေ့ရှိပြီး အဲ့လို Glucose ကနေ နောက်ဆုံး ခန္ဓာကိုယ်ကနေ စွမ်းအင်အဖြစ်ထုတ်ယူ အသုံးချတဲ့ ဖြစ်စဉ်ကိုလဲ Regulator ပေါင်းများစွာနဲ့ ထိန်းညှိထားပါတယ်။

Galactose လို့ခေါ်တဲ့ Monosaccharide ကိုလဲ cells ထဲရောက်ရင် Glucose1 phosphate အဖြစ်က‌ Glucose6phosphate ပြန်ပြောင်းပြီး လိုရင်စွမ်းအင်ဖြစ်သုံး ပိုရင် Glycogen ဖွဲ့သိမ်း ဒီထက်ပိုရင် Glucose နည်းတူပဲ အဆီအဖြစ်နဲ့ သိမ်းထားလေ့ရှိပါတယ်။

Fructose ကျတော့ သူလဲ စွမ်းအင်အဖြစ် အသုံးချနိုင်ပေမဲ့ သူကနေပြီးတော့ စွမ်းအင်ထုတ်တဲ့ ဖြစ်စဉ်မှာ ထိန်းညှိပေးတဲ့ Regulator တွေ အရမ်းနည်းတာပါပဲ။

နောက်တစ်ချက်ကတော့ Carbohydrates တွေဟာ သဘာဝထဲမှာ Glucose ချည်းသီးသန့် Galactose ချည်းသီးသန့် Fructose ချည်းသီးသန့် တည်ရှိမနေပဲ အကုန် ရောနှော တည်ရှိနေတာပါပဲ။

ဥပမာပြောရရင် Sugar = Fructose+ Glucose, Milk Carbs= Galactose + Glucose, Maltose= Glucose+ Glucose.

ဆိုတော့ကာ သကြားအများကြီးစားပြီဆိုပါစို့ သကြားထဲမှာ ပါဝင်တဲ့ Fructose နဲ့ Glucose စွမ်းအင်အတွက်ကို ဘယ် Monosaccharide ကိုပိုသုံးကြမယ်ထင်လဲဗျ။

အပေါ်မှာပြောခဲ့သလိုပဲ Glucose ကို အသုံးချဖို့ ပိုအားသာတာမို့ Fructose တွေဟာ ပိုနေမဲ့ အပြင်ကို Fructose ကိုဖြိုခွဲဖို့ ထိန်းညှိပေးမဲ့ Regulator တွေ နည်းပါးလွန်းတာကြောင့်ပဲ ပိုလျှံနေတဲ့ Fructose တွေဟာ အဆီအဖြစ် ပြောင်းလဲဖွဲ့စည်းခံရပြီး ခန္ဓာကိုယ် Fat cells တွေမှာ သိုလှောင်ခြင်းခံရပါတော့တယ်။

ပုံမှန် လှုပ်လှုပ်ရှားရှားနေတဲ့သူ အားကစားအမြဲလုပ်တဲ့လူတွေမှာ စွမ်းအင်လိုအပ်ချက်မြင့်တာကြောင့် Fructose ကိုပါ စွမ်းအင်အဖြစ် အသုံးချနိုင်ပေမဲ့ ကိုယ်လက်လှုပ်ရှားမှုလဲ မရှိ လုပ်တဲ့အလုပ်ကလဲ စားပွဲပေါ်က မထလုပ်ရတဲ့ အလုပ်မျိုး အချိုလေးကလဲ ကြိုက်တော့ Sugary drinks တွေ ခဏခဏ သောက်တတ်တဲ့ လူမျိုးတွေအတွက် သတင်းကောင်းကတော့ အဆီမစားပေမဲ့လဲ အဆီစုပါတယ်လို့ .

**ဘာနေနေ ဝိတ်ကျရင်ပြီးရောဆိုသူများ အောက်ကစာများကို ဆက်လက်ဖတ်ရှူရန်မလို**အရင်တုန်းက ကျွန်တော် ကိုယ်တိုင်ဦးစီးပြီး ဖွင့်ခဲ...
21/11/2023

**ဘာနေနေ ဝိတ်ကျရင်ပြီးရောဆိုသူများ အောက်ကစာများကို ဆက်လက်ဖတ်ရှူရန်မလို**

အရင်တုန်းက ကျွန်တော် ကိုယ်တိုင်ဦးစီးပြီး ဖွင့်ခဲ့တဲ့ Real Transformation နာမည်နဲ့ life style class နှင့် Weightloss class လေးပြန်ဖွင့်ဖို့ရှိပါတယ်။
အရင်ကပုံစံအတိုင်း အစားအသောက်ကို ဘယ်လိုအစားအသောက်မျိုးတွေ ရွေးချယ်စားသောက်ရမလဲ။

ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းတွေအပြင် လက်ပြင်ကုန်း ခါးလျော ခါးနာ ဒူးနာတာတွေကိုပါ အထိုက်အလျောက် ပြင်ပေးသွားဦးမှာပါ။

အရင်တက်ဖူးတဲ့သူတွေ သေချာ သိကြပါတယ်။
ဘာစား ဘာလုပ်ဆိုပြီး မျက်စိပိတ်ညွှန်ကြားတာမျိုး မဟုတ်ပဲ မိမိနဲ့ သင့်တော်မဲ့ နေထိုင်စားသောက်မှုပုံစံကို ဦးတည်ပြီး သင်ကြားပြသရင်း မိတ်ဆွေတို့ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝိတ်ချပေးသွားမှာမို့ ကျန်းကျန်းမာမာနဲ့ lifestyle ကိုပြောင်းလဲလိုသူများနှင့် အထူးသင့်လျော်ပါတယ်။

ZOOM meeting နဲ့ Join ရမဲ့ အစားအသောက် အာဟာရနှင့် ပတ်သက်တဲ့ ဗဟုသုတများ။
လွဲမှားနေတဲ့ စားသောက်မှုပုံစံများ။
Stress များတဲ့ lifestyle ကိုဘယ်လိုအနိုင်ယူမလဲ။ အစရှိသည့် ကျန်းမာစွာနေနည်းထိုင်နည်းများကိုလဲ ပုံစံအသစ် knowledge အသစ်တွေနဲ့ သင်ကြားပေးသွားမှာမို့ . . .

Page လေးကို follow ရင်း stay tuned ပါခင်ဗျ

04/11/2023

One fine evening at The Beast Fitness Club

13/10/2023

I am Not Perfect but I am trying to be.

Hello Everyone.ဒီကာလမှာ အကုန်လုံးနဲ့ ကိုက်ညီ အဆင်ပြေမဲ့ Lifestyle သင်တန်းလေး လကုန် စဖွင့်ပါမယ်.စနေ တနင်္ဂနွေရက် ရက်များမ...
10/08/2021

Hello Everyone.

ဒီကာလမှာ အကုန်လုံးနဲ့ ကိုက်ညီ အဆင်ပြေမဲ့

Lifestyle သင်တန်းလေး လကုန် စဖွင့်ပါမယ်.

စနေ တနင်္ဂနွေရက် ရက်များမှာ Zoom ကနေ တဆင့် သင်ကြားပေးသွားမှာပါ..

တက်သင့်တဲ့သူများ

1. Lifestyle လွဲမှားနေတာတွေက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ fitness goal တွေမှာ ဘယ်လောက်ထိ ပြဿနာဖြစ်စေတယ်ဆိုတာကို သိချင်သူများ

2. Weight ချတာပဲ ဖြစ်ဖြစ် Weight တင်တာပဲ ဖြစ်ဖြစ် အရေးကြီးတဲ့ အခြေခံအာဟာရအုပ်စုများ အကြောင်းသိချင်သူများ

3. Exercise တွေကို ရွေးချယ်လေ့ကျင့်ရာမှာ မိမိတို့ဖြစ်လိုသော Body goal သာမက လက်တွေ့ပြင်ပဘဝမှာ အသုံးဝင်သော exercise များကို သိလိုသူများ.

4. Stress ပေါင်းတစ်သိန်းခြောက်သောင်းနဲ့ တိုင်ပတ်နေသော သူများ

ပါဝင်မဲ့ သင်ခန်းစာခေါင်းစဥ်တွေကတော့

1. အာဟာရ အခြေခံ မိတ်ဆက်
2. Junk food vs Healthy Food
3. ဝိတ်ချရာမှာ အသုံးပြုနေကျတဲ့ နည်းလမ်း အဖုံဖုံရဲ့ အကျိုးနှင့် အပြစ်
4. Stress ကိုဘယ်လိုဖြေလျော့ကြမလဲနှင့် Stress အကြောင်းသိကောင်းစရာ
5. မိမိရဲ့ Body Goal တွေနဲ့ လိုက်ညီမဲ့ Exercise အမျိုးအစားတွေနဲ့ ဘယ်လို exercise တွေကို ရွေးချယ်သင့်လဲ

Zoom Application ကနေသင်မှာပါ.
Recording လုံးဝမပေးပါ.

စနေ တနင်္ဂနွေ ညနေသုံးနာရီမှ ငါးနာရီအထိပါ.

အရင်သင်တန်းသားအားလုံး သင်တန်းကြေး လုံးဝ လုံးဝ ပေးစရာမလို.

လူသစ်များ နှစ်သောင်းဖြင့် သင်တန်းအပ်လို့ရပါပြီ..

♻ 𝗦𝘂𝗯𝗰𝘂𝘁𝗮𝗻𝗲𝗼𝘂𝘀 𝗙𝗮𝘁 𝗩𝗦 𝗩𝗶𝘀𝗰𝗲𝗿𝗮𝗹 𝗙𝗮𝘁 [အရေပြားအောက်အဆီ နှင့် ဝမ်းတွင်းအဆီ] ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ စားလို့သောက်လို့ရလာတဲ...
27/01/2021

♻ 𝗦𝘂𝗯𝗰𝘂𝘁𝗮𝗻𝗲𝗼𝘂𝘀 𝗙𝗮𝘁 𝗩𝗦 𝗩𝗶𝘀𝗰𝗲𝗿𝗮𝗹 𝗙𝗮𝘁 [အရေပြားအောက်အဆီ နှင့် ဝမ်းတွင်းအဆီ]

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ စားလို့သောက်လို့ရလာတဲ့ ပိုတဲ့ Calories တွေကို နောင်တစ်ချိန်မှာ ပြန်သုံးနိုင်ရန်အတွက် အဆီအဖြစ်နဲ့ သိုလှောင်လေ့ရှိပါတယ်... အဲ့လိုသိုလှောင်တဲ့ Fat အဆီအမျိုးအစားထဲကမှ လူတွေ စိတ်ဝင်စားကြတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အဆီနှစ်မျိုးကတော့ 𝗦𝘂𝗯𝗰𝘂𝘁𝗮𝗻𝗲𝗼𝘂𝘀 𝗙𝗮𝘁 နဲ 𝗩𝗶𝘀𝗰𝗲𝗿𝗮𝗹 𝗙𝗮𝘁 ပါပဲ .

၁. 𝗦𝘂𝗯𝗰𝘂𝘁𝗮𝗻𝗲𝗼𝘂𝘀 𝗙𝗮𝘁 (တစ်နည်းအားဖြင့် Skin Fat)

ဒါကတော့ ဝိတ်ချတဲ့လူတွေ တော်တော်များများ အာရုံထားတဲ့ အဆီအမျိုးအစားပါ... နာမည်နဲ့ လိုက်အောင်ပဲ ကျွန်တော်တို့ရဲ့ အရေပြားအောက်မှာ တည်ရှိပြီးတော့ စွမ်းအင်လိုအပ်လာရင် ထုတ်သုံးနိုင်အောင် Design ဆွဲထားတာပါ။ သူရဲ့ သဘာဝကိုအလွယ်မှတ်ရင်တော့ ကပ်စီးနည်း သူဋ္ဌေးကြီးလို့မှတ်လို့ရပါတယ်... စားလို့ပိုတဲ့ စွမ်းအင်တွေကိုအဆီအဖြစ်ပြောင်းပြီး သိုလှောင်ရာမှာ သူဟာ ပမာဏများများယူပြီး သိုလှောင်ပေမဲ့ Exercise လုပ်လို့ စွမ်းအင်လိုအပ်ချက်အရ ပြန်ထုတ်သုံးရင် ပမာဏနည်းနည်းသာ ပြန်ပေးလို့ပါဗျ... ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ Skin Fat ဟာ ဝမ်းတွင်းအဆီလောက် ဆိုးကျိုးမပေးပါဘူးဗျ. .

၂. 𝗩𝗶𝘀𝗰𝗲𝗿𝗮𝗹 𝗙𝗮𝘁 (တစ်နည်းအားဖြင့် ဝမ်းတွင်းအဆီ)

သူကတော့ ကျွန်တော်တို့ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကလီစာတွေမှာကပ်တွယ်နေတဲ့ အဆီအမျိုးအစားဖြစ်ပြီး ကျန်းမာရေးရှုထောင့်ကကြည့်ရင် လူကို အများကြီးဆိုးကျိုးပေးတဲ့ အဆီမျိုးပါ။ ဝမ်းတွင်းအဆီများခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ လေဖြတ်ခြင်း၊ သွေးတွင်း အဆီများခြင်းတို့ကို ဖြစ်စေနိုင်တာမို့ နည်းလေကောင်းလေဖြစ်တဲ့ အဆီအမျိုးစားပါ။

ဝမ်းတွင်းအဆီတွေများလာရခြင်းအဓိကအကြောင်းအရင်းကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း ( Sedentary Lifestyle) နဲ့ အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုများခြင်းတို့ကြောင့်ပါပဲ။ ဝမ်းတွင်းအဆီက Skin Fat နဲ့ ဆန့်ကျင်ဖက် အဆီသိုလှောင်ရာတွင် နည်းနည်းသာယူပေမဲ့ စွမ်းအင် လိုအပ်ချက်များတဲ့ Exercise တွေလုပ်တဲ့အခါမှာတော့ ရက်ရက်ရောရော ထုတ်ပေးတတ်ပါတယ်။

👨‍⚕️ အနှစ်ချုပ်

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းဟာ ကျန်းမာရေးအတွက် ထိခိုက်စေတဲ့ ဝမ်းတွင်းအဆီတွေကို ကျစေပြီးတော့ စနစ်တကျ Calories လျော့စားသောက်ခြင်းက Skin Fat ကို ကျစေနိုင်ပါတယ်ဗျ။ အခုလောက်ဆို ကျန်းမာချင်ရင် ဘယ် Fat အမျိုးအစားကို အဓိကထား လျော့ချရမယ်ဆိုတာ နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်..

Dr. လပြည့်စိုး

[Zawgyi]








👨‍⚕️ အနှစ်ချုပ်


Dr. လပြည့်စိုး

♻ 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 & 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡 5)အားလုံးပဲ မင်္ဂလာပါခင်ဗျ. . ပထမဦးစွာ Page Name လေးကို ယခင် "𝗗𝗿.𝗙𝗶𝘁"...
26/01/2021

♻ 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 & 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡 5)

အားလုံးပဲ မင်္ဂလာပါခင်ဗျ. . ပထမဦးစွာ Page Name လေးကို ယခင် "𝗗𝗿.𝗙𝗶𝘁" အစား "𝗗𝗿.𝗔𝗹𝗲𝘅𝗶𝘀𝗙𝗶𝘁" လို့ ပြောင်းလဲထားကြောင်း Clients မိတ်ဟောင်း မိတ်သစ်များအား ဦးစွာ အသိပေးအပ်ပါတယ်။ ကျွန်တော်တို့ Real Transformation အဖွဲ့ရဲ့ Weight Loss နဲ့ Healthy Lifestyle Class ကိုဖွင့်လှစ်ခဲ့တာ Batch 4 ထိ အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့တဲ့ အပြင် တကယ်လိုက်လုပ်ခဲ့တဲ့ သူတွေကို ဝိတ်ချပေးနိုင်ရုံမျှမက ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရေးကိုပါ လမ်းညွှန်ပြသပေးနိုင်ခဲ့ပါတယ်ဗျ. .

🔹 ကျွန်တော်တို့တွေ အဝလွန်လာတယ် အဆီစုလာတယ်ဆိုတာ Calories ပိုစားလို့ဆိုတာ မြေကြီးလက်ခပ်မလွဲပေမဲ့ တခြားသော Life style အမှားတွေကို မပြင်ဘူးဆိုရင် Diet လုပ်လိုက် ဝိတ်ချလိုက် ပြန်စားလိုက် ပြန်ဝလိုက်နဲ့ သံသရာလည်လို့ဆုံးမှာ မဟုတ်ပါဘူး. .

🔹 ဆိုတော့ကာ Batch 5 ကိုလဲ လာမဲ့ February 8 ရက်နေ့မှာ ထပ်မံဖွင့်လှစ်ဦးမှာမို့ Weight လဲကျချင်တယ်. ကျန်းမာရေးနဲ့လဲ ညီညွတ်ချင်တယ်... သေချာကြိုးစားမယ့်သူတွေအတွက် Real Transformation အဖွဲ့မှကြိုဆိုပါတယ်... 👨‍⚕️ အောက်မှာပါဝင်မယ့် Service တွေရဲ့ Link ရယ် ကျွန်တော့် Coaching နဲ့ ပတ်သက်တဲ့ Clients Feedbacks တွေကို စုစည်းထားတဲ့ Link တွေ ထည့်ပေးထားလို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..

🔹 သက်ဆိုင်ရာ တရားဝင် အသိအမှတ်ပြု လက်မှတ်များ - https://bit.ly/34B5oBO
🔹 Batch (1) & (2) Clients' Transformation မှတ်တမ်းပုံရိပ်အချို့ - https://bit.ly/34FOvpx
🔹 Batch (1) & (2) Clients' Transformation မှတ်တမ်းဇယား - https://bit.ly/34VZN9B
🔹 Batch (1) & (2) Clients' Authentic Feedbacks - https://bit.ly/3rlO8dv

Dr. လပြည့်စိုး

[Zawgyi]

♻ 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 & 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡 5)





Dr. လပြည့်စိုး

🎉 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐅𝐢𝐱𝐞𝐝 𝐃𝐢𝐞𝐭 𝐏𝐥𝐚𝐧 by 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧❕လက်ရှိ 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 အနေနဲ့ Online Training Classes များနဲ့  စ...
15/01/2021

🎉 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐅𝐢𝐱𝐞𝐝 𝐃𝐢𝐞𝐭 𝐏𝐥𝐚𝐧 by 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧❕

လက်ရှိ 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 အနေနဲ့ Online Training Classes များနဲ့ စားသောက်မှု ပုံစံအမှား၊ Life Style အမှားတွေကိုပြုပြင်ပေးပြီး Exercise တွေနဲ့ ကျန်းမာစွာ ဝိတ်ချပေးနိုင်လာခဲ့တာ အခုဆို Batch 4 ခုထိရှိပါပြီ။ ကျန်းမာစွာ ဝိတ်ကျစေခြင်းအပြင် မှားယွင်းနေတဲ့ Life Style တွေကိုပြင်ဆင်ပေးနိုင်ခဲ့ခြင်း နဲ့ အရမ်းကိုကျေနပ်ရပါတယ်ဆိုတဲ့ Clients' Honest Feedback တွေကတော့ Bonus ပါ။ ဒီလိုကနေ Clients တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေ စကားသံတွေကို နားထောင်ဆွေးနွေးပေးရင်း အများစုသောလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မယ့် 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐅𝐢𝐱𝐞𝐝 𝐃𝐢𝐞𝐭 𝐏𝐥𝐚𝐧 by 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ဆိုတဲ့ Product အသစ်လေးနဲ့ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။

♻ 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐅𝐢𝐱𝐞𝐝 𝐃𝐢𝐞𝐭 𝐏𝐥𝐚𝐧 ဆိုတာ❔

ကျွန်တော်တို့ 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 Team ကနေ Clients တစ်ယောက်ချင်းစီရဲ့ ကြိုက်နှစ်သက်တဲ့ စားသောက်မှုပုံစံအလိုက် (ဥပမာ Clean Diet တော့ စားချင်တယ် အနောက်တိုင်းအစာတွေ မစားချင်ဘူး) စသဖြင့် မစားတဲ့အသား ဟင်းသီးဟင်းရွက်က အစ ဖယ်သင့်တာဖယ် ထည့်သင့်တာထည့်ပြီး Customized လုပ်ပေးမဲ့ Product လေးပါ. .

♻ ဘယ်လိုလူတွေအတွက် သင့်တော်လဲ .. ဈေးနှုန်းကရော❔

အားကစားတော့ ကိုယ့်ဘာသာ လုပ်မယ် Diet ကိုပဲ လိုချင်တာဆိုတဲ့ Clients တွေ အတွက် ရှယ် Clean Diet Plan လေးတွေကတော့ (၃) လတာအတွက် 100,000 Ks ပါဗျ. .

Junk food တွေ Clean Diet တွေအကြောင်း အရှေ့ပိုင်းမှာ ရှင်းပြထားပြီး 👉 https://bit.ly/3ibfPSa ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

♻ ထူးခြားချက်❔

Diet Plan ကို တစ်လခြင်းစီပဲ ပေးအပ်သွားမှာဖြစ်ပြီးတော့ ပထမတစ်လတာအတွက် ငါးသောင်းကျပ်... နောက်ကျန်တဲ့နှစ်လတာ့တွက် ပြောင်းလဲသွားတဲ့ Body Composition ပေါ်မူတည်ပြီး ထပ်မံ ပြင်ဆင်ရေးဆွဲပေးမှာမို့ မိမိတို့လိုချင်တဲ့ Body Goal ကို မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မဲ့ အပြင် ထပ်ဆောင်း Service အနေနဲ့ Meal Plan နဲ့ ပတ်သက်တာတွေကို သုံးလတာ ကာလအတွင်း Free Consultation ပေးသွားဦးမှာဖြစ်ပါတယ်. လိုအပ်တဲ့ အသေးစိတ်အချက်အလက်များကိုတော့ 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 Page Chat Box မှာ စုံစမ်းလို့ရပါတယ်ဗျ....

တစ်ဆက်တည်းမှာပဲ 𝐑𝐞𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ရဲ့ 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 & 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡 5) အတွက်ကိုလဲ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

👨‍⚕️ ကျွန်တော့် Coaching နဲ့ ပတ်သက်တဲ့ Feedbacks တွေကို Page ရဲ့ Recommendation မှာကြည့်နိုင်သလို အောက်ဖော်ပြပါ Link များမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..

Proudly brought to you by Dr.Fit team

အမှုမဲ့အမှတ်မဲ့ဖြစ်နေသည့် ခန္ဓာကိုယ်အနေအထား ပုံမမှန်ခြင်း (လက်ပြင်ကုန်းခြင်း)အားလုံးပဲ မဂ်လာပါဗျ..... ကျွန်တော် Online က...
03/01/2021

အမှုမဲ့အမှတ်မဲ့ဖြစ်နေသည့် ခန္ဓာကိုယ်အနေအထား ပုံမမှန်ခြင်း (လက်ပြင်ကုန်းခြင်း)

အားလုံးပဲ မဂ်လာပါဗျ..... ကျွန်တော် Online ကနေ Weight Loss Training လုပ်ပေးရင်းနဲ့ အများဆုံး အတွေ့များတဲ့ ပြဿနာကတော့ Kyphosis ဆိုတဲ့ အရပ်အခေါ် အားဖြင့် "လက်ပြင်ကုန်းခြင်း" ပြဿနာပါပဲ... ဒီပြဿနာကို မရှင်းခင်မှာ ကျွန်တော်တို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို အကြမ်းဖျဉ်းလေး ​နောက်ဆုံး တစ်ချက်ကြည့်လိုက်ရအောင်....

ကျွန်တော်တို့ Body ဟာ အရိုးအဆစ်တွေပေါ်မှာ အခြေပြုတည်ဆောက်ထားပြီးတော့ ကြွက်သားတွေ Fascia Line တွေရဲ့ လှုပ်ရှားမှုနဲ့ အတူတူ နေ့စဉ်ဘဝလှုပ်ရှားသွားလာမှုကို လုပ်ဆောင်ကြပါတယ်... Human Movement ကိုသေချာ သရုပ်ခွဲကြည့်ရင် လှုပ်ရှားမှုတွေဟာ Joint တစ်ခုထဲ Muscle တစ်ခုတည်းလှုပ်တာထက် အားလုံး အတူတကွပူးပေါင်းလုပ်ဆောင်တာကို တွေ့နိုင်ပါတယ်. (Hypertrophy အတွက်အလေးတွေနဲ့မတဲ့ Gym ထဲက Movement တစ်ချို့မပါ)

ဆိုတော့ အဲ့လိုလှုပ်ရှားတဲ့ ဖြစ်စဉ် (Kinetic Chain) တစ်ခုမှာ Joint တစ်နေရာရာမှာဖြစ်ဖြစ် Muscle တစ်ခုခုမှာပဲ ဖြစ်ဖြစ် ပုံမှန်မဟုတ်ပဲ Unbalance ဖြစ်နေရင် Kinetic Chain တစ်ခုလုံးရဲ့ Stability ရော Mobility ကိုပါ သက်ရောက်မှုရှိပါတယ်. .

လက်ရှိ Clients တော်တော်များများမှာ တွေ့ရတဲ့ လက်ပြင်ကုန်းပြဿနာဟာလဲ တကယ်တမ်းတွေးကြည့်ရင် အဓိပ္ပါယ်ရှိပါတယ် ... ဒီနေ့ခေတ်လူတွေဟာ Phone, Tablet, PC အစရှိတဲ့ ပစ္စည်းတွေသုံးဆွဲမှုများလာတာနဲ့ အလျောက် Forward Neck လို့ခေါ်တဲ့ ခေါင်းခွံ Skull က ခါးရိုးဆစ်ရှေ့ထွက်ခြင်း Computer ဖုန်းတွေကို ငုံ့ကြည့်ရခြင်း လက်နှစ်ဖက်ဖြင့်ရှေ့ကိုကိုင် သုံးရခြင်းတို့ကြောင့် Pectoralis Minor သည် အမြဲ ကျုံ့နေရခြင်းတို့ကြောင့် လက်ပြင်ကုန်းလာခြင်း လက်မောင်းရိုးသည်ရှေ့သို့ လည်လာခြင်းတို့ကို ဖြစ်စေပါတယ်..

အပေါ်မှာပြောသလိုပဲ Kinetic Chain တစ်နေရာရာမှာ ပြဿနာတက်နေရင် တခြား နေရာကပါ အဲ့အတွက်ပြန်ပြီး Compensate (ဒီနေရာမှာတော့ လိုက်ထိန်းညှိပေးလို့ သုံးချင်ပါတယ်) အောက်မှာရှိတဲ့ ခါးရိုးဆစ်တွေမှာပါ ဝန်ပိပြီးတော့ ခါးနာခြင်း😫😫😫 အဖြစ်ကို ရောက်ရပါတော့တယ်... အလိုလိုနေရင်းတောင် ခါးနာပါတယ်ဆိုလျင် အလေးဝန်တွေသာ မလိုက်လို့ကတော့ ဘာပြောကောင်းလိုက်မလဲ 😥😥😥

အောက်က တင်ပါးဆုံမှာပါ Posterior Pelvis Tilt လို့ခေါ်တဲ့ အခြေအနေကိုဖြစ်ပေါ်စေပြီးတော့ ခါးနောက်ကြွက်သားတွေ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ပေါင်ရှေ့နောက် ကြွက်သားတွေကိုပါ မညီမျှခြင်းကို ဖြစ်စေတာကြောင့် လက်ပြင်ကုန်းတဲ့ ပြဿနာဟာ ပေါ့သေးသေးမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်. .

Well Rounded Coach တစ်ယောက်ဖြစ်ချင်ခြင်းနဲ့ အညီ Clients တွေရဲ့ အခုလိုပြဿနာမျိုးတွေကိုလည်း တိကျသေချာတဲ့ Exercise တွေနဲ့ ပြန်လည်တည့်မတ်ပေးနိုင်ခဲ့လို့ အခုဆိုရင် တော်တော်များများ ဝေဒနါတွေသက်သာလာပြီး ပျော်ပျော်ပါးပါးဝိတ်ချလာနိုင်တာကို ကျွန်တော့ Acc ရဲ့ Clients Feedbacks တွေမှာဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း ပြောကြားရင်းနဲ့ Page ကို Like and Share လေးလုပ်ပေးသွားကြပါဦးဗျ

Dr. La Pyae Soe ( Dr. Fit)

[Zawgyi]

အမှုမဲ့အမှတ်မဲ့ဖြစ်နေသည့် ခန္ဓာကိုယ်အနေအထား ပုံမမှန်ခြင်း (လက်ပြင်ကုန်းခြင်း)

အားလုံးပဲ မဂ်လာပါဗျ..... ကျွန်တော် Online ကနေ Weight Loss Training လုပ်ပေးရင်းနဲ့ အများဆုံး အတွေ့များတဲ့ ပြဿနာကတော့ Khyphosis ဆိုတဲ့ အရပ်အခေါ် အားဖြင့် "လက်ပြင်ကုန်းခြင်း" ပြဿနာပါပဲ... ဒီပြဿနာကို မရှင်းခင်မှာ ကျွန်တော်တို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို အကြမ်းဖျဉ်းလေး ပထမပုံမှာ တစ်ချက်ကြည့်လိုက်ရအောင်....

ကျွန်တော်တို့ Body ဟာ အရိုးအဆစ်တွေပေါ်မှာ အခြေပြုတည်ဆောက်ထားပြီးတော့ ကြွက်သားတွေ Fascia Line တွေရဲ့ လှုပ်ရှားမှုနဲ့ အတူတူ နေ့စဉ်ဘဝလှုပ်ရှားသွားလာမှုကို လုပ်ဆောင်ကြပါတယ်... Human Movement ကိုသေချာ သရုပ်ခွဲကြည့်ရင် လှုပ်ရှားမှုတွေဟာ Joint တစ်ခုထဲ Muscle တစ်ခုတည်းလှုပ်တာထက် အားလုံး အတူတကွပူးပေါင်းလုပ်ဆောင်တာကို တွေ့နိုင်ပါတယ်. (Hypertrophy အတွက်အလေးတွေနဲ့မတဲ့ Gym ထဲက Movement တစ်ချို့မပါ)

ဆိုတော့ အဲ့လိုလှုပ်ရှားတဲ့ ဖြစ်စဉ် (Kinetic Chain) တစ်ခုမှာ Joint တစ်နေရာရာမှာဖြစ်ဖြစ် Muscle တစ်ခုခုမှာပဲ ဖြစ်ဖြစ် ပုံမှန်မဟုတ်ပဲ Unbalance ဖြစ်နေရင် Kinetic Chain တစ်ခုလုံးရဲ့ Stability ရော Mobility ကိုပါ သက်ရောက်မှုရှိပါတယ်. .

လက်ရှိ Clients တော်တော်များများမှာ တွေ့ရတဲ့ လက်ပြင်ကုန်းပြဿနာဟာလဲ တကယ်တမ်းတွေးကြည့်ရင် အဓိပ္ပါယ်ရှိပါတယ် ... ဒီနေ့ခေတ်လူတွေဟာ Phone, Tablet, PC အစရှိတဲ့ ပစ္စည်းတွေသုံးဆွဲမှုများလာတာနဲ့ အလျောက် Forward Neck လို့ခေါ်တဲ့ ခေါင်းခွံ Skull က ခါးရိုးဆစ်ရှေ့ထွက်ခြင်း Computer ဖုန်းတွေကို ငုံ့ကြည့်ရခြင်း လက်နှစ်ဖက်ဖြင့်ရှေ့ကိုကိုင် သုံးရခြင်းတို့ကြောင့် Pectoralis Minor သည် အမြဲ ကျုံ့နေရခြင်းတို့ကြောင့် လက်ပြင်ကုန်းလာခြင်း လက်မောင်းရိုးသည်ရှေ့သို့ လည်လာခြင်းတို့ကို ဖြစ်စေပါတယ်..

အပေါ်မှာပြောသလိုပဲ Kinetic Chain တစ်နေရာရာမှာ ပြဿနာတက်နေရင် တခြား နေရာကပါ အဲ့အတွက်ပြန်ပြီး Compensate (ဒီနေရာမှာတော့ လိုက်ထိန်းညှိပေးလို့ သုံးချင်ပါတယ်) အောက်မှာရှိတဲ့ ခါးရိုးဆစ်တွေမှာပါ ဝန်ပိပြီးတော့ ခါးနာခြင်း😫😫😫 အဖြစ်ကို ရောက်ရပါတော့တယ်... အလိုလိုနေရင်းတောင် ခါးနာပါတယ်ဆိုလျင် အလေးဝန်တွေသာ မလိုက်လို့ကတော့ ဘာပြောကောင်းလိုက်မလဲ 😥😥😥

အောက်က တင်ပါးဆုံမှာပါ Posterior Pelvis Tilt လို့ခေါ်တဲ့ အခြေအနေကိုဖြစ်ပေါ်စေပြီးတော့ ခါးနောက်ကြွက်သားတွေ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ပေါင်ရှေ့နောက် ကြွက်သားတွေကိုပါ မညီမျှခြင်းကို ဖြစ်စေတာကြောင့် လက်ပြင်ကုန်းတဲ့ ပြဿနာဟာ ပေါ့သေးသေးမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်. .

Well Rounded Coach တစ်ယောက်ဖြစ်ချင်ခြင်းနဲ့ အညီ Clients တွေရဲ့ အခုလိုပြဿနာမျိုးတွေကိုလည်း တိကျသေချာတဲ့ Exercise တွေနဲ့ ပြန်လည်တည့်မတ်ပေးနိုင်ခဲ့လို့ အခုဆိုရင် တော်တော်များများ ဝေဒနါတွေသက်သာလာပြီး ပျော်ပျော်ပါးပါးဝိတ်ချလာနိုင်တာကို ကျွန်တော့ Acc ရဲ့ Clients Feedbacks တွေမှာဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း ပြောကြားရင်းနဲ့ Page ကို Like and Share လေးလုပ်ပေးသွားကြပါဦးဗျ

Dr. La Pyae Soe ( Dr. Fit)

Address

Kantawlay
Yangon
01

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959964067700

Website

Alerts

Be the first to know and let us send you an email when Dr. Alex is Fit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share