Burmese Fantasy Football

Burmese Fantasy Football Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burmese Fantasy Football, Sports, Yangon.
(5)

📲 BFF ဆိုတာကတော့ ဝါသနာတူ ဘောလုံးပရိတ်သတ်တွေနဲ့ ဘောလုံးပွဲတွေကို ခန့်မှန်းယှဉ်ပြိုင်နိုင်တဲ့ App ပါ။ Player ချင်း ပြိုင်ရတာဖြစ်လို့ ပိုပျော်ဖို့ကောင်းသလို ဘောလုံးပွဲတွေကို ပိုအရသာခံပြီးကြည့်ရှုနိုင်မှာပါ။ အခမဲ့ ဖြစ်တဲ့အပြင် ဆုကြေးတွေပါ ရနိုင်သေးတယ်နော်။

🏆 bffsports.com Weekly လိဂ်ရဲ့ Game Week (2) ဆုရှင်များ ကြေညာခြင်း 🏆bffsports.com Weekly ရဲ့ ပထမဆုံးအပတ်ဖြစ်တဲ့ Game Wee...
02/09/2026

🏆 bffsports.com Weekly လိဂ်ရဲ့ Game Week (2) ဆုရှင်များ ကြေညာခြင်း 🏆

bffsports.com Weekly ရဲ့ ပထမဆုံးအပတ်ဖြစ်တဲ့ Game Week (2) အတွက် အမှတ်အများဆုံးရရှိသွားတဲ့ မန်နေဂျာတွေကို ဂုဏ်ပြုကြေညာပေးလိုက်ပါတယ်။ ဒီတစ်ပတ်မှာ Chip အသုံးပြုသူတွေ များတာကြောင့် အထူးသဖြင့် Bench Boost သုံးထားတဲ့ မန်နေဂျာတွေက ထိပ်ဆုံးနေရာတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။

🥇 ပထမဆု (Paing Soe - The Sealord)
ပင်လယ်ကိုပိုင်စိုးတဲ့ ဒီအသင်းကတော့ Bruno နဲ့ Mbeumo အတွဲအဖက်အပြင် အရံခုံမှာ Gross ပါဝင်နေခဲ့တာကြောင့် အမှတ်တွေ သိမ်းကြုံးယူကာ ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

🥈 ဒုတိယဆု (Steve Atlaf - FC Ultra Legend) GW (2) မှာ Benchboost ဖို့သေချာ ပြင်ဆင်ထားခဲ့တဲ့ ဒီအသင်းကတော့ ပထမနေရာနဲ့ (၁) မှတ်အကွာ ကပ်လျက်အနေအထားနဲ့ ဒုတိယဆုကို ပိုင်ဆိုင်သွားပါတယ်။

🥉 တတိယဆု (Tun Naing Oo - 3rd Wave Survivor) Chip လုံးဝ အသုံးမပြုဘဲ သီးသန့်အစွမ်းအစနဲ့ (၁၂၃) မှတ်တိတိ ရခဲ့ပါတယ်။ Tarkowski က တတိယနေရာကို ပို့ဆောင်ပေးခဲ့တာပါ။

🎁 ဆုကြေးများ (အပတ်စဉ် ထိပ်ဆုံး ၁၀ ယောက်အတွက်)
* 🥇 ပထမဆု - 100 Coins (၁၀,၀၀၀ ကျပ်) + 1,000 Stars
* 🥈 ဒုတိယဆု - 1,000 Stars
* 🥉 တတိယဆု - 500 Stars
* 🏅 အဆင့် ၄ မှ ၁၀ အထိ - 200 Stars
💡 BFF App အတွင်းရှိ Coins များကို ဆုငွေအဖြစ်နဲ့ Stars များကို ဖုန်းဘေလ်၊ ဂျာစီ ကံစမ်းမဲ၊ BXB ပရိုမို၊ Premium နှင့် Paid Event Discount များအဖြစ် လဲလှယ်အသုံးပြုနိုင်ပါသည်။

📌 ဆုထုတ်ယူရန် ဆုရရှိသူများကို သက်ဆိုင်ရာအကောင့်ကို ဒီညထည့်ပေးသွားမှာဖြစ်လို့ အောက်ပါ Form လေးကို မဖြည့်ရသေးရင် ဖြည့်ထားပေးပါ။ 👉 https://docs.google.com/forms/d/e/1FAIpQLScYU3ynphNbiNrg-zof0WNMgsBungsShE637JJ6K8SsERIY4A/viewform?usp=publish-editor

🔥 ယခုပဲ ဝင်ပြိုင်လိုက်ပါ BFF Weekly လိဂ်ဟာ အပတ်စဉ်ယှဉ်ပြိုင်ရတာဖြစ်လို့ အခုမှစကစားမယ့်သူတွေလည်း အချိန်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အသေးစိတ် စည်းကမ်းချက်များကို ဖတ်ရှုပြီး အောက်ပါလင့်ခ်မှတစ်ဆင့် ပါဝင်လိုက်ပါ။ 👉 https://www.facebook.com/share/p/1Ewgu8aBuA/?mibextid=wwXIfr

ဒီတစ်ပတ်ရဲ့ ကျပ် ၉၅,၀၀၀ ဆုကြီးကို ဆွတ်ခူးသွားတဲ့ ချန်ပီယံ Mg Thihan 🏆ကို Mg Thihan အနေနဲ့ အခမဲ့ပြိုင်ပွဲမှာ အဆင့် (၆) နေ...
02/09/2026

ဒီတစ်ပတ်ရဲ့ ကျပ် ၉၅,၀၀၀ ဆုကြီးကို ဆွတ်ခူးသွားတဲ့ ချန်ပီယံ Mg Thihan 🏆

ကို Mg Thihan အနေနဲ့ အခမဲ့ပြိုင်ပွဲမှာ အဆင့် (၆) နေရာသာ ရရှိခဲ့ပေမဲ့၊ ၅,၀၀၀ ကျပ်ကြေး သီးသန့်ပြိုင်ပွဲမှာတော့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဆုငွေ တစ်သိန်းနီးပါးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်မှာ အကြံတူနေတဲ့ Admin နဲ့ Admin အထက်မှာနေမယ်ဆိုပြီးအောက်ရောက်နေတဲ့ အာကြီးဖန် တို့ကို (၄) မှတ်အသာနဲ့ ဖြတ်ကျော်ပြီး ချန်ပီယံဖြစ်သွားခဲ့တာပါ။ ဒီတစ်ပတ် ၅,၀၀၀ ကြေးပြိုင်ပွဲမှာ ကစားသမား (၁၉) ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး BFF ဘက်ကနေ ကော်မရှင်ခ တစ်ပြားမှမယူဘဲ ဆုကြေးအဖြစ် အပြည့်အဝ ချီးမြှင့်ပေးခဲ့ပါတယ်။
လက်ရှိမှာ စပါးအသင်း အခြေအနေ သိပ်မကောင်းသေးပေမဲ့ စပါးဖန် ကို Mg Thihan ကတော့ ဒီတစ်ပတ်အတွက် အပြတ်အသတ် ခိုင်သွားခဲ့ပါပြီ။ Congratulations ပါဗျာ! 🎉

ကြယ်တာရာပြိုင်ပွဲ (Star Event) ဆုရရှိသူများ 🌟

ဒီတစ်ပတ် ကြယ်တာရာပြိုင်ပွဲမှာတော့ စုစုပေါင်း (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောက်ပါကစားသမားတွေက ဆုတွေ အသီးသီး ရရှိသွားကြပါတယ်-
* 🥇 Champion: Seasmoke (Star 1000)
* 🥈 2nd Place: Adminတွေရဲ့ အထက်မှာနေမယ် (Star 500)
* 🥉 3rd Place: Z Suan Lian (Star 300)

ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်သူတွေရဲ့ ထိပ်ဆုံး (၃) ပုံ (၁) ပုံစာရင်းဝင်တဲ့ အဆင့် (၄) ကနေ (၉) အထိ ကစားသမားတွေအတွက်လည်း နှစ်သိမ့်ဆုအဖြစ် Star 200 စီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Coins နဲ့ Stars တွေကိုတော့ ဒီညပဲ အမြန်ဆုံး ဖြည့်ပေးသွားပါမယ်။

စုဆောင်းရရှိထားတဲ့ Star တွေကိုနှိပ်ပြီး မိမိနှစ်သက်ရာ ဆုလက်ဆောင်တွေ၊ Discount တွေနဲ့ ပြန်လည်လဲလှယ် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ စိတ်ဝင်စားစရာ နောက်တစ်ပတ်ပြိုင်ပွဲတွေမှာ ပြန်ဆုံကြပါမယ်။

နာမည်ကိုတော့ ကြိုက်ပြီလေ! 😎 ဒါ Admin တွေကို ဒဲ့စိန်ခေါ်လိုက်တာပဲ။နောက်တစ်ပတ် Game Week (3) ပွဲစဉ်တွေအတွက် Admin’s Tip နဲ...
02/09/2026

နာမည်ကိုတော့ ကြိုက်ပြီလေ! 😎 ဒါ Admin တွေကို ဒဲ့စိန်ခေါ်လိုက်တာပဲ။

နောက်တစ်ပတ် Game Week (3) ပွဲစဉ်တွေအတွက် Admin’s Tip နဲ့ပဲ အရင်ယှဉ်လိုက်မယ်။ ဘယ်သူက ဇယားအထက်မှာ ရောက်မလဲ ကြည့်ကြသေးတာပေါ့။

ကဲ... အခြားသူတွေကရော ဒီတစ်ခါ Admin ကို အားပေးမလား၊ စိန်ခေါ်ထားတဲ့ ဒီအာဆင်နယ်ဖန်ဘက်က ရပ်တည်မလား? ပွဲကြီးပွဲကောင်း ကြည့်ဖို့သာ အသင့်ပြင်ထားကြတော့ 👀

နေ့စဉ်ပြိုင်ပွဲကို ဩဂုတ်မှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့သူတွေနဲ့ စက်တင်ဘာမှာ အဖွင့်ကောင်းခဲ့သူတွေပါ။ဆုရမယ့် အခြေနေကပုံသေမရ...
02/09/2026

နေ့စဉ်ပြိုင်ပွဲကို ဩဂုတ်မှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့သူတွေနဲ့ စက်တင်ဘာမှာ အဖွင့်ကောင်းခဲ့သူတွေပါ။

ဆုရမယ့် အခြေနေကပုံသေမရှိတာမို့ မနက်တိုင်းဝင်ကြည့်ပြီးရင်ခုန်ရပါတယ်။ ဆုရမရအပြင် ဆုအဖြစ်Star ဘယ်လောက်ရမှာလဲဆိုတာပါရင်ခုန်နေရတာမျိုးပါ။ ဒါပေမဲ့ မပူပါနဲ့ နေ့တိုင်း သေချာဝင်ခန့်မှန်းရင် Star တွေ ဆုရလာမှာဖြစ်ပြီး နေ့စဉ်မှန်မှန်ခန့်မှန်းရင်း ထပ်ထပ်စုဆောင်းထားနိုင်ပါတယ်။ ဒီပြိုင်ပွဲနဲ့ အသားကျလာတဲ့သူတွေရှိလားဗျို့။

၂၀၂၆ နွေရာသီ Deadline Day EPL အပြောင်းအရွှေ့များနောက်ဆုံးနေ့မှာဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်အပြောင်းအရွှေ့တွေကို BFF ပရိသတ်တ...
02/09/2026

၂၀၂၆ နွေရာသီ Deadline Day EPL အပြောင်းအရွှေ့များ

နောက်ဆုံးနေ့မှာဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်အပြောင်းအရွှေ့တွေကို BFF ပရိသတ်တွေအတွက် ကစားသမားတွေရဲ့ ကစားမယ့်နေရာ (Position)၊ ပြောင်းရွှေ့ကြေးနဲ့ အသေးစိတ် အချက်အလက်တွေကို အသင်းအလိုက် စုစည်းပေးလိုက်ပါတယ်။

🔵 Manchester City
✅အန်ဇို ဖာနန်ဒက်ဇ် (Enzo Fernandez) - CM (ချဲလ်ဆီးမှ စံချိန်တင် ပေါင် ၁၂၅ သန်း)
✅ အင်ဒီယာယီ (Iliman Ndiaye) - LW (အဲဗာတန်မှ ပေါင် ၆၅ သန်း)

🦁 Aston Villa
✅ အမ်ဘာယီ (Ibrahim Mbaye) - RW (PSG မှ ပေါင် ၄၇ သန်း)
✅ ဟားဝုဒ်-ဘဲလစ် (Taylor Harwood-Bellis) - CB (ဆောက်သမ်တန်မှ ပေါင် ၃၀ သန်း)

⚪ Tottenham Hotspur
✅ တိုဆင် (Tosin Adarabioyo) - CB (ချဲလ်ဆီးမှ ပေါင် ၁၀ သန်း)
✅မူဒရစ် (Mykhaylo Mudryk) - LW (ချဲလ်ဆီးမှ အငှား)

🦅 Crystal Palace
✅ ကွင်းတင် တင်ဘာ (Quinten Timber) - AM/CM/DM (မာဆေးလ်မှ - ပြောင်းရွှေ့ကြေး မဖော်ပြ)
✅ ချီးလ်ဝဲလ် (Ben Chilwell) - LWB (စထရာစဘိုးမှ - ပြောင်းရွှေ့ကြေး မဖော်ပြ)
✅ အိုဆိုရီယို (Darío Osorio) - RWB/RW (FC Midtjylland မှ အငှား)
✅ အဟာနာ (Honest Ahanor) - CB (အတ္တလန်တာမှ အငှား)

🍬 Everton
✅ ဂရီးလစ်ရှ် (Jack Grealish) - LW (မန်စီးတီးမှ အငှား)
✅ မိတ်လန်း-နိုင်းလ်စ် (Ainsley Maitland-Niles) - RB (လိုင်ယွန်မှ ပေါင် ၄ သန်း)

⚫ Newcastle United
✅ ဖာနန်ဒက်ဇ်-ပါဒို (Matias Fernandez-Pardo) - ST/LW (လိုင်လီမှ ပေါင် ၅၁ သန်း)

🔴 Liverpool
✅ ဘရူဂ်မန်းစ် (Lucca Brughmans) - GK (ဂျန့်ခ်မှ ပေါင် ၃၀ သန်းဖြင့် ခေါ်ယူပြီး ယခုရာသီအတွက် ဂျန့်ခ်သို့ အငှားပြန်ချ)

🔵 Brighton
✅ အန်ဒရက်စ် (Chema Andres) - DM (ဖရန့်ဖတ်မှ ပေါင် ၁၅ သန်း)

⚪ Fulham
✅ လာဆန် (Hugo Larsson) - DM (ဖရန့်ဖတ်မှ ပေါင် ၂၁ သန်း)
✅ အာဖန်ဂရူဘာ (David Affengruber) - CB (အယ်လ်ချီမှ ပေါင် ၈.၅ သန်း)
✅ အမ် အိန်ဂျယ်လ် (Manuel Angel) - CM (ရီးရဲလ်မက်ဒရစ်မှ ပေါင် ၃ သန်း)

🟡 Leeds United
✅ ဘာဟိုယာ (Jean-Matteo Bahoya) - LW (ဖရန့်ဖတ်မှ အငှား)
✅ ဘတ်ဒ် (Melvin Bard) - LWB (လန်းစ်မှ)

🚜 Ipswich Town
✅ ဖလန်းမင်း (Zian Flemming) - ST (ဘန်လေမှ ပေါင် ၂၀ သန်း)

🌳 Nottingham Forest
✅ ဒီ မူနိုဇ် (D.Munoz) - RWB

🔴 Sunderland
✅ အမ် ဖိုဖာနာ (Malick Fofana) - LW (လိုင်ယွန်မှ ပေါင် ၃၁ သန်း)
✅ ဂျေ အန်ဂူလို (Juan Riquelme Angulo) - ST (အင်ဒီပန်းဒီးယန်းတေးမှ ပေါင် ၅ သန်း)
✅ဒန်ဆို (Kevin Danso) - CB (စပါးမှ အငှား)

🐯 Hull City
✅ အန်ဆာ (Ilyas Ansah) - AM/ST (ယူနီယံဘာလင်မှ ပေါင် ၂၁ သန်း)
✅ အက်စ် သောမတ်စ် (Sorba Thomas) - LW (စတုတ်စီးတီးမှ - ပြောင်းရွှေ့ကြေး မဖော်ပြ)
✅ အီရိုဂ်ဘူနမ် (Tim Iroegbunam) - DM (အဲဗာတန်မှ - ပြောင်းရွှေ့ကြေး မဖော်ပြ)
✅ နော်တန်-ကပ်ဖီ (Brooke Norton-Cuffy) - RW/RB (ဂျီနိုအာမှ)
✅ ရိုဘင်နီယို ဗက်ဇ် (Robinio Vaz) - ST
✅ မူဇာကီတစ် (Mouzakitis) - DM

🎉 Game Week (2) အပတ်စဉ် အခမဲ့ခန့်မှန်းပြိုင်ပွဲရဲ့ အနိုင်ရရှိသူများကို ကြေညာလိုက်ပါပြီ! 🏆ဒီတစ်ပတ်ရဲ့ ချန်ပီယံကတော့ ကို M...
01/09/2026

🎉 Game Week (2) အပတ်စဉ် အခမဲ့ခန့်မှန်းပြိုင်ပွဲရဲ့ အနိုင်ရရှိသူများကို ကြေညာလိုက်ပါပြီ! 🏆

ဒီတစ်ပတ်ရဲ့ ချန်ပီယံကတော့ ကို Myo Myint Aung အမှတ်အပြတ်အသတ်နဲ့ အနိုင်ရသွားတာပါ။ မနေ့ကတည်းက ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ပြီး 2x Booster ကိုပါ ကွက်တိအသုံးပြုနိုင်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ (၁၂) မှတ်အထိတောင် ပြတ်သွားခဲ့ပါတယ်။

ပွဲတိုင်းအမှတ်ရခဲ့တဲ့ Seasmoke က ဒုတိယ နဲ့ O Gyi က တတိယနေရာအထိတက်လှမ်းနိုင်ခဲ့ပါတယ်။ ချန်ထားတဲ့ Booster ကို အသုံးချပြီး Poseidon နဲ့ Site Karr တို့ကတော့ အဆင့် (၄) (၅) ရယူသွားခဲ့ကြပါတယ်။

💰 ဆုလက်ဆောင်

💎 Premium Members: ငွေသားအဖြစ် ပြန်လည်ထုတ်ယူနိုင်မယ့် Coin များ ရရှိပါမယ်။
⭐ Non-Premium / Trial / Stars Redeemed: ရရှိမယ့် Coin တန်ဖိုးရဲ့ ထက်ဝက်နဲ့ညီမျှတဲ့ Stars များကို ရရှိပါမယ်။ (အဆိုပါ Stars တွေကို 'Stars page မှာဆုလက်ဆောင်တွေနဲ့လဲနိုင်ပါတယ်။)
⚠️ GW (2) Deadline မတိုင်ခင် Coin ဖြင့် Premium ဝယ်ယူထားသူများသာ Coin ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
🎁 ဆုလက်ဆောင်များကို မကြာခင်မှာ ဆုရသူများရဲ့ အကောင့်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးသွားပါမယ်။
—

📲 BFF App ဆိုတာ ဘာလဲ?
ဝါသနာတူ ဘောလုံးပရိသတ်တွေ စုဝေးပြီး ပွဲစဉ်ရလဒ်တွေကို ခန့်မှန်းရင်း ရင်ခုန်စိတ်လှုပ်ရှားစွာ ယှဉ်ပြိုင်နိုင်မယ့် နေရာလေးတစ်ခုပါ။ သင်ရော နောက်တစ်ပတ်မှာ ချန်ပီယံဖြစ်ဖို့ အဆင်သင့်ပဲလား? ⚽🔥

ဒီည Gw (2) နောက်ဆုံးပွဲအတွက် အက်မင်ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။ ဗီလာ vs အာဆင်နယ် နိုင်ခြေ - ၁၅.၈% | ၂၂.၀% | ၆၂.၂%ရာသီအဖွင...
31/08/2026

ဒီည Gw (2) နောက်ဆုံးပွဲအတွက် အက်မင်ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။

ဗီလာ vs အာဆင်နယ်
နိုင်ခြေ - ၁၅.၈% | ၂၂.၀% | ၆၂.၂%

ရာသီအဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ၄ ဂိုးပြတ်နဲ့ အရှက်ကွဲခဲ့ရတဲ့ အူနိုင်းအမ်မရီရဲ့ အက်စတန်ဗီလာအသင်းဟာ ဒီတစ်ပတ်မှာတော့ အာဆင်နယ်ကို အိမ်ကွင်း ဗီလာပါ့ခ်မှာ ခက်ခက်ခဲခဲ လက်ခံကစားရမှာဖြစ်ပါတယ်။ အာတီတာရဲ့ ဂန်းနားတို့ကတော့ အဖွင့်ပွဲမှာ တန်းတက် ကိုဗင်ထရီကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူထားပြီး ချန်ပီယံဘွဲ့ ကာကွယ်မယ့် ခရီးစဉ်ကို အကောင်းဆုံး စတင်ထားပါတယ်။ လူစာရင်းအရ အာဆင်နယ်ဘက်မှာ Al-Hilal ကို ပြောင်းရွှေ့ဖို့သတင်းထွက်နေတဲ့ မာတင်နယ်လီ နဲ့ ဂါဘရီယယ် ဂျေဆုတို့ဟာ အပြောင်းအရွှေ့ ကိစ္စတွေကြောင့် ပါဝင်လာဖို့ မသေချာပေမယ့် ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကိုင်ဟာဗက်ဇ်၊ ဆာကာ စတဲ့ အမာခံကစားသမားတွေ အပြည့်အစုံ ပါဝင်လာဖို့ရှိပါတယ်။ ဗီလာဘက်မှာ အိမ်ကွင်းအားသာချက်ရှိပေမယ့် ခံစစ်ပိုင်း အားနည်းချက်တွေကို အမြန်ဆုံး ပြင်ဆင်နိုင်ခြင်းမရှိရင် တိုက်စစ်အားကောင်းတဲ့ အာဆင်နယ်ကို တောင့်ခံနိုင်ဖို့ ခက်ခဲမှာပါ။ အမ်မရီဟာ ဗီလာပါ့ခ်မှာ အာဆင်နယ်ကို နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲ အနိုင်ယူထားနိုင်ပေမဲ့ ဒီဇင်ဘာပွဲကြပ်ကာလတွေမှာသာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရ အာဆင်နယ်တို့ ဗီလာပါ့ခ်ကနေ နိုင်ပွဲဆက်ပြီး သုံးမှတ် အပြည့်ယူသွားမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

ခန့်မှန်းရလဒ် - ဗီလာ ၀-၂ အာဆင်နယ်
ခန့်မှန်း POTM - Declan Rice
✅2xBooster

လီဗာပူး Player သစ်ဘာကိုလာ ရွေးလို့ရပြီနော်
31/08/2026

လီဗာပူး Player သစ်
ဘာကိုလာ ရွေးလို့ရပြီနော်

ဒီညတစ်ပွဲပဲပြိုင်ဖို့ကျန်တော့တဲ့ GW (2) အပတ်စဉ်ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်ထားသူတွေဖြစ်ပါတယ်။မနေ့က (၄) ပွဲအတွင်းမှာ အသ...
31/08/2026

ဒီညတစ်ပွဲပဲပြိုင်ဖို့ကျန်တော့တဲ့ GW (2) အပတ်စဉ်ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်ထားသူတွေဖြစ်ပါတယ်။

မနေ့က (၄) ပွဲအတွင်းမှာ အသင်းကြီးတွေနိုင်သွားတဲ့အတွက် ကျန်ပွဲစဉ် (၂)ပွဲရဲ့ ရလဒ်က အတော်လေးအရေးပါသွားခဲ့တာပါ။ ဒီပွဲစဉ် (၂) ပွဲကို အတိအကျ မှန်ကန်သူတွေက Underdog Bonus ပါရခဲ့တာကြောင့် အဆင့်တွေ ခုန်တက်လာကြတာကိုတွေ့ရပါတယ်။

ပွဲစဉ် တစ်ပွဲ လောက်ကလည်း Leaderboard ကိုပြောင်းပြန်လှန်ပစ်နိုင်သလို 2xBooser ကျန်တဲ့သူတွေလည်း အများကြီးရှိသေးတာကြောင့် မနက်ဖန်မှာဘာတွေဖြစ်သွားမလဲဆိုတာတူတူရင်ခုန်ရအောင်ဗျာ။

🎉 (၂၉) ရက်နေ့နဲ့ မနေ့ကကျင်းပခဲ့တဲ့ နေ့စဉ် ပွဲစဉ်ခန့်မှန်းပြိုင်ပွဲရဲ့ဆုရသူတွေ ဖြစ်ပါတယ်ခင်ဗျာ... ဂုဏ်ယူပါတယ်နော်။ 👏နေ့စဉ...
31/08/2026

🎉 (၂၉) ရက်နေ့နဲ့ မနေ့ကကျင်းပခဲ့တဲ့ နေ့စဉ် ပွဲစဉ်ခန့်မှန်းပြိုင်ပွဲရဲ့ဆုရသူတွေ ဖြစ်ပါတယ်ခင်ဗျာ... ဂုဏ်ယူပါတယ်နော်။ 👏

နေ့စဉ်မပျက်မကွက် သေချာလေး ဝင်ရောက်ခန့်မှန်းပေးမယ်ဆိုရင်တော့ တစ်နေ့မဟုတ် တစ်နေ့ ဆုတွေဆွတ်ခူးနိုင်မှာ အသေအချာပါပဲဗျို့။ 💯

ဒီကနေ့မှာတော့ လိဂ်ကြီးတွေရဲ့ ပွဲစဉ် (၁၂) ပွဲအပြင် နောက်ထပ် ပွဲစဉ် (၁၃) ပွဲကိုပါ ပေါင်းထည့်ပေးထားပါတယ်။ ဒါကြောင့် ကိုယ်အကြိုက်ဆုံးပွဲစဉ်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး အခုပဲ ဝင်ရောက်ခန့်မှန်းလိုက်တော့နော်! 🔥⚽

Address

Yangon

Alerts

Be the first to know and let us send you an email when Burmese Fantasy Football posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category