Yan Win Boxing

Yan Win Boxing Head Coach at Myanmar Boxing Commission
မြန်မာ​လက်ဝှေ့ကော်မရှင် နည်းပြချုပ်

31/01/2026

ချစ်စရာ သားသားလေးတွေကို cool-down stretching လုပ်ပေးနေတာ ဖြစ်ပါတယ် 😍

လာမယ့် နွေရာသီကျောင်းပိတ်ရက်မှာ အခြေခံအတန်းသစ်များ
ထပ်မံဖွင့်လှစ်သွားဖို့ရှိပါတယ်။
အသေးစိတ်ကို page ကနေ တင်ပေးသွားမှာဖြစ်လို့
စောင့်ကြည့်ပေးကြပါဦးနော် 🙆🏻‍♂️🙆‍♀️

17/12/2025

Power and Focus 🔥🥊

Yan Win Boxing ( Myanmar Boxing Commission)

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
📞 - 09445657509၊ 09779385870


Boxing ကို ပြိုင်ပွဲဝင်ချင်တဲ့အထိ နည်းစနစ်တကျ သင်ယူလေ့လာလိုပါသလား ? 🔥ဒါမှမဟုတ် ကိုယ့်ကာယ ကျန်းမာရေးအတွက် လေ့ကျင့်ချင်ပါသ...
07/12/2025

Boxing ကို ပြိုင်ပွဲဝင်ချင်တဲ့အထိ နည်းစနစ်တကျ သင်ယူလေ့လာလိုပါသလား ? 🔥
ဒါမှမဟုတ် ကိုယ့်ကာယ ကျန်းမာရေးအတွက် လေ့ကျင့်ချင်ပါသလား ? 🌸

Boxing က ခန္တာကိုယ်ကို chess♟️ထိုးသလိုပါဘဲ။
သူ့မှာ သပ်ရပ်တဲ့ footwork တွေ၊ mind-body coordination
အပြည့်နဲ့ လက်သီးကို ပုံစံတကျ ထိုးနည်းတွေ၊ ရှောင်တိမ်းကာကွယ်ခြင်းနည်းစနစ်တွေနဲ့အတူ rhythm ကျကျ ဗျူဟာကျကျ အနိုင်ယူတွက်ချတာတွေ ပါဝင်ပါတယ်။

⚡️ကိုယ်ခန္ဓာကြံ့ခိုင်အောင်၊
⚡️သက်လုံကောင်းအောင်၊
⚡️စိတ်ဓာတ်သန်မာအောင်၊
⚡️Discipline ရှိလာအောင်၊
⚡️အာရုံစူးစိုက်မှုကောင်းအောင်၊
⚡️ကိုယ့်ကိုယ်ကို Confidence ရှိရှိ ကာကွယ်တတ်အောင် လေ့ကျင့်ခန်းတွေနဲ့ပေါင်းစပ်ထားတဲ့ လှပတဲ့ သိပ္ပံနည်းကျ အားကစားတစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး အထောက်အကူများစွာပြုတဲ့ Boxing အားကစားကို အခြေခံကနေ စသင်လိုသူများ​၊ professional ထိဖြစ်အောင် လေ့ကျင့်လိုသူများအတွက် Yan Win Boxing က ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေမှာပါ။

သင်ကြားပေးမယ့် ဆရာရန်ဝင်းရဲ့ Profile အကျဉ်းချုပ်လေးနဲ့
မိတ်ဆက်ပေးပါရစေ🔥

ဆရာရန်ဝင်းဟာ 1991 ခုနှစ်ကနေ Boxing ကိုစတင်​လေ့ကျင့်ခဲ့ပြီး ဆုတံဆိပ်များစွာဆွတ်ခူးထားတဲ့
Champion-turned-coach တစ်ဦးဖြစ်ပါတယ်။

🏆 ဆရာရရှိခဲ့သည့် ဆုတံဆိပ်များ 🏆
- 1992 ခုနှစ် အမျိုးသားအားကစားပွဲတော် ရွှေတံဆိပ်ဆု
- 1994 ခုနှစ် အမျိုးသာအားကစားပွဲတော် ရွှေတံဆိပ်ဆု
- 1994 အမျိုးသားလက်ရွေးစင်အဖြစ် ရွေးချယ်ခံရ
- 1996 ဥက္ကဌဖလား ရွှေတံဆိပ်ဆု
- 1999 အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ ရွှေတံဆိပ်ဆု
- 2001 “Wushu Sanshou” အမျိုးသားတံခွန်စိုက်ပြိုင်ပွဲရွှေတံဆိပ်ဆု
-2002 “Wushu Sanshou” အမျိုးသားတံခွန်စိုက်ပြိုင်ပွဲရွှေတံဆိပ်ဆု
- 2003 Vietnam နိုင်ငံ 22nd SEA Games တွင် “Wushu” ပြိုင်ပွဲငွေတံဆိပ်ဆု

🎖️နည်းပြအတွေ့အကြုံများ🎖️

2005 ခုနှစ်မှစလို့ မော်ကျွန်းလက်ဝှေ့ကလပ်မှာ
နည်းပြစလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် (MBxF) အသိအမှတ်ပြု Precamp နည်းပြအဖြစ်လည်းကောင်း၊ 2013 SEA Games အတွက် Precamp နည်းပြအဖြစ်လည်းကောင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်းမှာ MBxF နည်းပြအဖြစ်လည်းကောင်း
အဖြစ် လေ့ကျင့်ပေးခဲ့ပါတယ်။

2025 မှ စတင်ကာ Japan Boxing Commission (JBC) မှ တိုက်ရိုက်ခန့်အပ်၍ Myanmar Boxing Commission (MBC) တွင် နည်းပြချုပ် (Head Coach) အဖြစ် သင်ကြားပေးလျက်ရှိနေပါတယ်။
ကစားသမားသက်တမ်း နဲ့ နည်းပြသက်တမ်းပေါင်း decade-long elite level experience ရှိပြီး ထူးချွန်ထက်မြတ်တဲ့ ကစားသမားများစွာကို မွေးထုတ်ပေးနေပါတယ်။

ဆရာနဲ့ လေ့ကျင့်ချင်တယ်ဆိုရင်
နေရာ📍(၁) Myanmar Boxing Commission
သိမ်ဖြူအားကစားကွင်း၊ မင်္ဂလာတောင်ညွှန့်၊ ရန်ကုန်
အချိန် - Monday to Friday

နေရာ📍(၂) Yangon Boxing Sport Committee
ပဒေသာအားကစားကွင်း၊ တောင်ဥက္ကလာ၊ ရန်ကုန်
အချိန် - Saturday, Sunday

Personal Trainer အနေနဲ့လည်း ကိုယ့်လိုအပ်ချက်နှင့် အံ့ဝင်ခွင်ကျရှိရှိ customised plan တွေနဲ့ အနီးကပ်လေ့ကျင့်နိုင်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
📞 - 09445657509၊ 09779385870

ဘယ်နေရာလဲ
30/11/2025

ဘယ်နေရာလဲ

MBC ၏ မြန်မာနိုင်ငံတွင် ပထမဆုံး international professional boxing ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ကစားသမား များဖြစ်သော...
21/02/2025

MBC ၏ မြန်မာနိုင်ငံတွင် ပထမဆုံး international professional boxing ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ကစားသမား များဖြစ်သော နော်ဖုန်း၊ စောလင်းအောင် နှင့် ဂင့်ရှမ်းမွောင်တို့ MBC အုပ်ချုပ်သူ နည်းပြဆရာရန်ဝင်းကြည်၊ Mr Nakamura တို့ ဂျပန်နိုင်ငံ အိုဆာကာသို့ စတင်ထွက်ခါပါပီ။ မကြာမှီ အချိန်အတွင်း ပြည်ပနိုင်ငံ တခုသို့ ကစားသမား ၄ ယောက် ထပ်မံသွားရောက်ယှဉ်ပြိုင်ပါမည်။

Japan နိုင်ငံတွင် Professional Boxing ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့အားကစားသမား ...
20/02/2025

Japan နိုင်ငံတွင် Professional Boxing ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့အားကစားသမား ၃ဦးအား Japan နည်းပြဆရာ နှင့်အတူ လေ့ကျင့်သင်ကြားပေးစဉ် မှတ်တမ်းတင်ဓာတ်ပုံ

လေ့ကျင့်ခန်းများ မပြုလုပ်ခင် အကြောသေချာလျှော့ပေးပါ။
26/11/2024

လေ့ကျင့်ခန်းများ မပြုလုပ်ခင် အကြောသေချာလျှော့ပေးပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yan Win Boxing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share