01/08/2023
EPL ပွဲစဉ်နဲ့ အတွေးများ - (၁)
ရာသီမစခင် ဒီနှစ်ကို ပိုပြီး ပြိုင်ဆိုင်မှုပိုပြင်းထန်လာမယ်လို့ မျှော်လင့်မိတယ်။ အသင်းကိုယ်စီကဖြည့်တင်းမှုတွေနဲ့ ကြိုပြင်ဆင်ထားကြတော့ ပိုပြီးမျှော်လင့်မိတယ်။ Title Challenger ကို နှစ်သင်းထက်ပိုမျှော်လင့်မိတဲ့🥹 နှစ်လည်းဖြစ်တယ်။ တန်းတက်အသင်းတွေစီကလည်း တန်းတင်ကျန်ခဲ့နိုင်ဖို့မျှော်လင့်မိတယ်။
အသင်းကြီးတွေထဲက ဥရောပပွဲစဉ်တွေ ကန်စရာမရှိပဲ နည်းပြသစ်နဲ့ ပြန်လည်တည်ဆောက်မဲ့ ချဲလ်ဆီးအသင်းကို Title challenge လုပ်နိုင်မလားစောင့်ကြည့်ချင်မိတယ်။ 😬😬
နောက်အာဆင်နယ်ကိုလည်း မနှစ်ကထက်ပိုတဲ့ တည်ငြိမ်မှုနဲ့ ပိုကောင်းလာမယ်လို့ 😇မျှော်လင့်ပြီးတော့ မနှစ်ကခြေချော်ထားတဲ့ လီဗာပူးကလည်း ဒီနှစ်မှာ ပြန်ကောင်းလာအောင် ကြိုးစားလာလောက်တယ်။😅
ယူနိုက်တက်ကတော့ တန်ဟက်ရဲ့ ဒုတိယရာသီကို အပြောင်းအလဲတွေနဲ့ အဓိကနေရာတွေကို ဖြည့်တင်းထားနိုင်တော့ ဒီနှစ်မှာ မျှော်လင့်ကြည့်လို့ ရမယ်ထင်မိတယ်။ 🥺
ချန်ပီယံ စီးတီးအနေနဲ့ကတော့ ကောင်းပြီးသားမို့ ထပ်ပြီးကာကွယ်နိုင်မလား ကြည့်ရမှာပါ။ 🍀
အသင်းလတ်တွေထဲမှာတော့ စပါးကိုထည့်မှတ်ရမယ်
ထင်မိတယ်။ အသင်းကြီးအဆင့်ရောက်တယ်လို့ မခံစားမိသလို အဓိက တိုက်စစ်မှူးကလည်းထွက်ခွာနိုင်တော့ ဒီနှစ် အလယ်အလတ်အသင်းလို့ပဲသတ်မှတ်ရမယ် ထင်တယ်။
မနှစ်ကမထင်မှတ်ပဲကောင်းခဲ့တဲ့ နယူးကာဆယ်နဲ့ ဘရိုက်တန်ကိုလည်း ဒီနှစ်ရောဘာဆက်လုပ်ပြမလဲ ထပ်စောင့်ကြည့်ရမယ်ထင်တယ်။
ကျန်တဲ့အသင်းအချို့ကိုတော့ ရာသီအစပွဲတွေစောင့်ကြည့်ပြီးမှပဲ ဆက်ရေးပါ့မယ်။
ကျေးဇူးတင်ပါတယ် ဖတ်ရှုပေးတာကို 😍…………….