Goal 4 You

Goal 4 You Sports & News.Media

Myanmar Vs Pakistan ပွဲရဲ့ ပုံရိပ်များ 🏟
12/06/2025

Myanmar Vs Pakistan ပွဲရဲ့ ပုံရိပ်များ 🏟


"ဒီမှာက ကျွန်တော်အိမ်ဖြစ်နေပါပြီ။ဒီကလပ်နဲ့ လန်ဒန်မြို့ကြီးကို သဘောကျတယ်။အရာအားလုံးသဘောကြတယ်။ ဒီနေရာက ကျွန်တော်အိမ်လိုပဲ ...
22/09/2022

"ဒီမှာက ကျွန်တော်အိမ်ဖြစ်နေပါပြီ။ဒီကလပ်နဲ့ လန်ဒန်မြို့ကြီးကို သဘောကျတယ်။အရာအားလုံးသဘောကြတယ်။ ဒီနေရာက ကျွန်တော်အိမ်လိုပဲ ခံစားရတယ်။""

- ဆာလီဘာ🗣

အာဆင်နယ်ဆိပ်ကမ်းမှာ နှစ်ပေါင်း ၂၀ …ပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲ။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ တောင်ကြာခဲ့ပြီပေါ့။ ဒီ...
22/09/2022

အာဆင်နယ်ဆိပ်ကမ်းမှာ နှစ်ပေါင်း ၂၀ …

ပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲ။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ တောင်ကြာခဲ့ပြီပေါ့။ ဒီအသင်း၊ ဒီအလံတော်အောက်မှာ သစ္စာရှိရဲဘော်အိုကြီးတစ်ဦးလို နေထိုင်ခဲ့တဲ့နှစ်တွေ။ အချိန်ကာလဟာ ကမ္ဘာကြီးကို အဖြစ်အပျက်အမျိုးမျိုးနဲ့ တိုက်စားခဲ့လည်း ကိုယ်တွေကတော့ ဒီဆိပ်ကမ်းမှာပဲ ခေါင်းတိုးနစ်ဝင်နေခဲ့ဆဲ။ နှစ်ပေါင်း ၂၀ အတွင်း စွန့်လွှတ်ခဲ့ရတဲ့သူတွေ၊ ချစ်ရသူတွေ၊ ကိုယ်ချစ်ရသူတွေ၊ ချစ်ရတဲ့အမျိုးသမီးတွေ အမျိုးမျိုးပြောင်းခဲ့လည်း ဘောလုံးကိုတော့ အာဆင်နယ်နာမည်နဲ့ပဲ ကိုယ်ဟာ ချစ်ခဲ့တယ်။ ကိုယ်ဟာ ဒီလို ချစ်ခဲ့တယ်။ ကိုယ်တို့ ချစ်ခဲ့ကြတယ်။

၂၀၀၂ ရာသီမှာ ကမ္ဘာ့ဖလားပြီးတော့ ကိုယ့်ခေါင်းဟာ ပရီးမီးယားလိဂ်ဘက်ကို လှည့်သွားတာ မှတ်မိသေးတယ်။ အဲဒီတုန်းက လက်ဖက်ရည်ဆိုင်ကို အဖေနဲ့လိုက်တဲ့အခါ အားကစားဂျာနယ်တွေဟာ ကိုယ့်ကို အမြဲလိုလို ဖမ်းစားနိုင်ခဲ့တယ်။ အဲဒါပြီးနောက်မှာတော့ ဘောလုံးပွဲစဉ်တချို့ပေါ့လေ။ ကိုယ်ဟာ မန်ယူအနီကြားကနေပဲ နီစွေးသောသွေးတွေရဲ့စေညွှန်ရာကြောင့် အာဆင်နယ်အနီကို သွားချစ်ခဲ့တယ်။ သရဲနီဘော်ဒါတွေကြားမှာနေထိုင်ရင်း ဒီအသင်းကို ချစ်တဲ့အချစ်က ပိုလို့ိတိုးခဲ့တယ်။ အခုတော့ နှစ်များလွန်ခဲ့ပေ့ါ။

အဲဒီတုန်းက ဆီးမင်းကြီးတောင် အသင်းဂိုးပေါက်မှာ ရှိနေတုန်းထင်ပါရဲ့။ ကိုယ်အမှတ်မမှားရင် ဘယ်ခံစစ်မှာ ခပ်ငယ်ငယ်လေး အက်ရှ်လေကိုးရှိမယ်၊ နောက်တန်းမှာ မာတင်ကီယွန်ကြီးနဲ့ ဆိုးလ်ကမ်းဘဲလ်၊ ပြီးတော့ လော့ရင်ပေါ့။ ကိုယ်တို့အသင်းခေါင်းဆောင်ကြီး ဗီအဲရာရဲ့ ခက်ထန်တဲ့မျက်နှာပေးဟာ ကိုယ့်သွေးတွေကို ပူနွေးစေတယ်။ ဘားကမ့်ရဲ့အနုပညာဆန်မှု၊ ပီရက်ဇ်ရဲ့လှပပြီး အံ့သြဖွယ်ရာ အတိုးအလှုပ်နဲ့ ဝေ့ဝိုက်ကန်ချက်တွေ၊ ပြီးတော့ ဘယ်သူ့ကိုမှ ထီမထင်သလို မျက်နှာပေးနဲ့ King (ဟင်နရီ) ရဲ့ ဂိုးတွေ၊ ပြီးတော့ အောင်ပွဲခံဟန်တွေ။ ကိုယ့်အိမ်နံရံမှာ သူတို့ဓါတ်ပုံတွေ ရောက်ခဲ့တဲ့နှစ်များပေါ့။

အဲဒီနောက် ရှုံးပွဲမရှိချန်ပီယံအဖြစ် ကိုယ်တို့ ပွဲခံခဲ့ပုံတွေ။ ကမ္ဘာကြီးဟာ ဒီအတိုင်း ဆက်သွားနေလိမ့်မယ်လို့ ကိုယ်တို့ငယ်ငယ်လေးတွေ ထင်မှတ်ခဲ့ကြပုံတွေပေါ့။ နောက်တော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီကို ရှုံးတော့ ကိုယ်ဟာ ဆုံးရှုံးမှုကြောင့်ကျတဲ့ မျက်ရည်ကို နားလည်ခဲ့ရတယ်။ မမေ့နိုင်စရာမြင်ကွင်းအဖြစ် ကိုယ့်ရင်ထဲ အမြဲစွဲနေခဲ့တယ်။ အဲဒီနောက် အသင်းဆီကို နှစ်နဲ့ချီတဲ့ မုန်တိုင်းဟာ ဝင်ရောက်လာခဲ့တော့တာပါပဲ။

အာစင်းကိုတော့ ကိုယ် အပြစ်မမြင်နိုင်ခဲ့ပါဘူး။ ဒီအသင်းအပေါ် သူ ဘယ်လောက်အထိချစ်သလဲဆိုတာကို ကိုယ် အမြဲ ခံစားလို့ရခဲ့တယ်လေ။ ကွင်းသစ်ကြီးကို သူဆောက်ချင်တာကလည်း အသင်းအတွက်ပဲဆိုတာ ကိုယ်အမြဲနားလည်ခဲ့တာပဲ။ အင်း … အသင်းကတော့ နိမ့်ဆင်းသွားခဲ့တာတွေ ရှိခဲ့တယ်ဆိုပေမယ့်လည်းပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအသင်းကို ကိုယ်အမြဲချစ်ခဲ့ပါတယ်။ နာကျင်ရတဲ့အခိုက်အတန့်တွေဟာ အဲဒီတုန်းက ကြီးစိုးခဲ့တယ်ဆိုပေမယ့်လည်းပေါ့။

နောက်တော့ အိုဇေးလ်ရောက်ခဲ့တယ်။ ကိုယ်တို့တွေ FA ဖလားပြန်ရခဲ့တယ်။ ဆန်းချက်ရောက်ခဲ့တယ်။ ကိုယ်တို့တွေ မျှော်လင့်ချက်တွေထားခဲ့တယ်။ အဲဒီနောက် မျှော်လင့်ချက်တွေဟာ လေထဲမှာ ပေါက်ထွက်သွားတဲ့ မိုးပျံပူဖောင်းတွေလို အငွေ့ပျံသွားခဲ့တယ်။ မိုးရေတွေကြားမှာပဲ လက်သီးတွေကို ဆုပ်လျက် ကိုယ်တို့ ငိုခဲ့ကြတယ်။ ကိုယ်တို့ရဲ့နှစ်ရှည်ကစားသမားတွေလည်း အသင်းကို ကိုယ်စီစွန့်ခွါသွားကြတယ်။ ဝဲလ်ကော့ထွက်သွားတော့ ကိုယ်တစ်နေ့လုံး ငိုင်နေခဲ့မိတယ်။ ကိုယ်ဟာ သူ့ကိုလည်း ချစ်မက်ခဲ့သေးတာကိုး။

ပြန်စဉ်းစားကြည့်ရင် အချစ်နဲ့အတူ အမုန်းတွေလည်း မကင်းနိုင်ခဲ့ပါဘူး။ ကိုယ်ဟာ အဒီဘာယောကို မုန်းခဲ့တယ်။ ဗန်ပါစီကို မုန်းခဲ့တယ်။ စသဖြင့် မုန်းခဲ့ဖူးတယ်။ အခုတော့ ကိုယ်လည်း အဲဒီအမုန်းကို လျော့ပါးအောင် စိတ်ထားနိုင်တဲ့အရွယ်ကို ရောက်ခဲ့ပြီပေ့ါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ နာကျင်ခဲ့ကြရတာတွေကတော့ စစ်မှန်ခဲ့ပါတယ်။

အဲဒီနောက် Arsene Out ဆိုတဲ့ လေယာဉ်တွေဟာ အမ်းမရိတ်ကောင်းကင်ပေါ်မှာ ပျံဝဲနေခဲ့တာတွေ၊ အာစင်းကို နှုတ်ဆက်ရတဲ့နေ့မှာ ကိုယ် မျက်ရည်လည်မိတာတွေ၊ ဒီအသင်းကို အချစ်လျော့သွားပြီလို့ ကိုယ် ဆုံးဖြတ်လိုက်တာတွေ၊ ဒါပေမဲ့ မနေနိုင် မထိုင်နိုင်ဖြစ်ခဲ့တာတွေ၊ ဘောလုံးအသင်းတစ်သင်းကို ချစ်မှုဟာ ဘယ်တော့မှ လျော့ပါးခြင်းမရှိဘူးဆိုတာကို ကိုယ် နားလည်ခဲ့တာတွေပေ့ါ။ အဲဒီနောက် အရာရာပေါ့။ အူနိုင်းအမ်မရီ၊ ယွန်းဘတ်မှသည် အာတီတာအထိပေါ့။ ကိုယ်တို့ ခရီးဆက်ခဲ့ကြတယ်။ မြင်းရိုင်းတစ်ကောင်ဟာ ခက်ထန်တဲ့ နှင်းမုန်တိုင်းထဲမှာ ခရီးဆက်ခဲ့ကြရသလိုပေါ့။

ဒါတွေအားလုံးဟာ ကိုယ့်အတွက်တော့ နှစ်ပေါင်း ၂၀ ကြာခဲ့ပါပြီ။ ကိုယ်လည်း အသက် ၃၀ စွန်းတဲ့ လူလတ်ပိုင်းအရွယ်ကို ရောက်ခဲ့ပြီလေ။ အဖြစ်အပျက်များစွာကို ကြုံခဲ့ဖူးသလို စွန့်လွှတ်ရတဲ့သူတွေကိုလည်း စွန့်လွှတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကိုယ်ဟာ ဒီအသင်းကိုတော့ ချစ်မက်နေဆဲ၊ ဘောလုံးအကြောင်း ကြားတဲ့အခါ ကိုယ့်သွေးဟာ ဆူပွက်လာတုန်းပဲ။

ဒါပေါ့ .. ဒီနှစ်ပေါင်း ၂၀ အတွင်းမှာ ကိုယ်ချစ်ခဲ့တဲ့ ကစားသမားတွေဟာ စာရင်းနဲ့ မကအောင်ရှိလိမ့်မယ်။ ကိုယ် အားမရခဲ့တဲ့ ကစားသမားတွေ၊ ကိုယ်ခံပြင်းခဲ့တာတွေ၊ နံရံကို လက်သီးနဲ့ ထိုးမိတာတွေ၊ ကိုယ် ငိုမိတာတွေ၊ ဘေးက သူစိမ်းကို ထပြီးဖက်နမ်းမိတဲ့အထိ ပျော်ရွှင်ခဲ့မိတာတွေ၊ မိုးရေထဲမှာ မျက်ရည်တွေ ကျနေခဲ့မိတာတွေ၊ အဖြစ်အပျက်တွေဟာ တိတ်ဆိတ်စွာနဲ့ဖြစ်ခဲ့တယ်။ ဒါတွေတကယ်ဖြစ်ခဲ့တယ်။ အတိတ်မှာဖြစ်ခဲ့တယ်။ ကိုယ်တို့ရဲ့အချစ်ကြောင့်ပဲ ကိုယ်တို့ နာကျင်ခဲ့ကြရ၊ ဒါပေမဲ့ အဲဒီနာကျင်မှုကြားကနေပဲ ကိုယ်ဟာ ဒီအသင်းကို ဆက်ချစ်ခဲ့တယ်။

အခုတော့ နှစ်ပေါင်း ၂၀ လွန်ခဲ့ပေါ့။ အသင်းက ဘယ်ကို ခရီးဆက်နေလဲ ၊ ကိုယ်မသိပါဘူး။ ဒါပေါ့ .. အောင်မြင်တဲ့အခါ ကိုယ် ပျော်ပြီး ကျရှုံးတဲ့နေ့တွေမှာ ကိုယ်ဟာ ဒေါသတွေဖြစ်နေဦးမှာပဲ။ ကျရှုံးမှုက ကြီးမားရင်တော့ ကိုယ်ဟာ မျက်ရည်တွေလည်း ကျကောင်းကျမှာပေါ့။

ဘောလုံးဟာ ကိုယ်တို့ကို ရူးနှမ်းစေတယ်၊ ငယ်ရွယ်မှုကို ပေးစွမ်းနိုင်တယ်မဟုတ်လား။ ဒါကြောင့်ပဲ ကိုယ်ဟာ ဘောလုံးကို ချစ်ခဲ့တယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ဘောလုံးအသင်းပေါင်း သောင်းချီရှိတဲ့အထဲကမှ ကိုယ်ဟာ ဒီအသင်းကို ချစ်ခဲ့တယ်။

အာဆင်နယ် ၊ ကိုယ်ဟာ ဒီအသင်းကို ချစ်ခဲ့တယ်။

Arsenal

Done Deal ✅ကစားသမားဖြစ်သူနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးကတော့  သန်း (၃၀) ဖြစ်ပါတယ်။လေးနှစ်စာချုပ် ချုပ်ဆိ...
18/07/2022

Done Deal ✅

ကစားသမားဖြစ်သူနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးကတော့ သန်း (၃၀) ဖြစ်ပါတယ်။

လေးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး (၂၀၂၆) တွင် သက်တမ်းကုန်ဆုံးမှာပါ။

ယခုအပတ်အတွင်း ဆေးစစ်မှုပြုလုပ်မယ်လို့ သိရပါတယ်🔴⚪

[Fabrizio]

UpdateNewsဘာစီလိုနာအသင်းဟာ ခွန်းဒေးကိုခေါ်ယူနိုင်ဖို့ တွန်းအားပေးလျက်ရှိနေပြီး ဆီဗီလာအသင်းနဲ့တော့ ဘာသဘောတူညီမှုမျိုးမှ မ...
18/07/2022

UpdateNews

ဘာစီလိုနာအသင်းဟာ ခွန်းဒေးကိုခေါ်ယူနိုင်ဖို့ တွန်းအားပေးလျက်ရှိနေပြီး ဆီဗီလာအသင်းနဲ့တော့ ဘာသဘောတူညီမှုမျိုးမှ မရရှိသေးပါဘူး ။

ထို့အတူ ချဲလ်ဆီးအဘက်ကလည်း ယခုအပတ်ကနေစပြီး ခွန်းဒေးကိုခေါ်ယူဖို့အတွက် ကစားသမားရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ် ။

Source-[ Fabrizio Romano🥇]

Official!!!အေစီမီလန်အသင်းဟာ အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်ကို တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချ...
18/07/2022

Official!!!

အေစီမီလန်အသင်းဟာ အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်ကို တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit

Transfer News:ဝက်စ်ဟမ်းအသင်းကတော့ ချယ်လ်ဆီးတိုက်စစ်မှူး ဘရော်ဂျာကို ပေါင်သန်း 30 ဝန်းကျင်နဲ့ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပ...
18/07/2022

Transfer News:

ဝက်စ်ဟမ်းအသင်းကတော့ ချယ်လ်ဆီးတိုက်စစ်မှူး ဘရော်ဂျာကို ပေါင်သန်း 30 ဝန်းကျင်နဲ့ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 🚨

မနှစ်က ဆောက်တမ်တန်နဲ့အတူ ခြေစွမ်းပြခဲ့တဲ့ အသက် 20 အရွယ် အယ်ဘေးနီးယားတိုက်စစ်မှူးလေးကို အန်တိုနီယိုနေရာအတွက် ရေရှည်အစားထိုးမှာဖြစ်ပြီး ဒီရာသီ ဝက်စ်ဟမ်းအသင်းရဲ့ စတုတ္ထမြောက်ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

"မန်စီးတီး နဲ့ လီဗာပူးလ် မှာ ဘယ်အသင်းကို ပိုမုန်းသလဲဆိုရင် ၊ လီဗာပူးလ်ပါ၊ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်က သမိုင်းကြောင်းရှ...
18/07/2022

"မန်စီးတီး နဲ့ လီဗာပူးလ် မှာ ဘယ်အသင်းကို ပိုမုန်းသလဲဆိုရင် ၊ လီဗာပူးလ်ပါ၊ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်က သမိုင်းကြောင်းရှိလို့ပါ၊ မန်စီးတီးကြတော့ အဲ့ဒီလို မကြိုက်ဖို့ ကြီးမားတဲ့ အကြောင်းပြချက်မရှိပါဘူး၊ ဒါကြောင့် လီဗာပူးလ် နဲ့ ပြိုင်ဆိုင်မှုက ပိုပြီး နက်ရှိုင်းပါတယ်"

ရပ်ရှ်ဖိုဒ့် (ယူနိုက်တက်ကစားသမား)🗣

♣️  Gab, Gab, Gab! ဂါဘီ သုံးယောက် အဝေးဂျာစီ နဲ့ လန်းထွက်နေပီ🖤
18/07/2022

♣️ Gab, Gab, Gab!

ဂါဘီ သုံးယောက် အဝေးဂျာစီ နဲ့ လန်းထွက်နေပီ🖤

Done Deal ✅ရိုးမားအသင်းဟာ ဂျူဗင်တပ်စ်ကထွက်လာတဲ့ ပေါ်လို ဒီဘာလားကို ၃နှစ်စာချုပ် အလွတ်နဲ့ ခေါ်လိုက်ပါတယ်။နည်းပြ မော်ရင်ညိ...
18/07/2022

Done Deal ✅

ရိုးမားအသင်းဟာ ဂျူဗင်တပ်စ်ကထွက်လာတဲ့ ပေါ်လို ဒီဘာလားကို ၃နှစ်စာချုပ် အလွတ်နဲ့ ခေါ်လိုက်ပါတယ်။နည်းပြ မော်ရင်ညိုရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ရောမမြေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 :Arsenal Away Kit 2022/2023 🖤💛အာဆင်နယ် အသင်းဟာ ၂၀၂၂-၂၃ ​ဘောလုံးရာသီမှာ ဝတ်ဆင် ကစားမယ့် အဝေးကွင်းဂျာစီကို တရားဝင...
18/07/2022

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 :

Arsenal Away Kit 2022/2023 🖤💛

အာဆင်နယ် အသင်းဟာ ၂၀၂၂-၂၃ ​ဘောလုံးရာသီမှာ ဝတ်ဆင် ကစားမယ့် အဝေးကွင်းဂျာစီကို တရားဝင် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ် ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Goal 4 You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category