သက္ထားသူဇာ

Covid-19 ကြောင့်ပြိုင်ပွဲတွေမသွားရသေးပေမဲ့ လက်ရှိနေနေတဲ့ နေရာမှာ ကြက်တောင်ကွင်းရှိတာကြောင့် ဖေဖေနဲ့အတူ Training တွေကိုတေ...
01/05/2020

Covid-19 ကြောင့်ပြိုင်ပွဲတွေမသွားရသေးပေမဲ့ လက်ရှိနေနေတဲ့ နေရာမှာ ကြက်တောင်ကွင်းရှိတာကြောင့် ဖေဖေနဲ့အတူ Training တွေကိုတော့ ဆက်လုပ်ဖြစ်နေပါတယ်ရှင့်။

အားလုံးပဲ Stay Safe, Stay Active ပါနော်😍

Great news! Badminton Asia Development newsletter maiden issue is now out. Enjoy reading!

Check out the link for your pdf copy.

https://www.dropbox.com/s/cfzb99ym8tz2pm5/BA%20newsletter%20Maiden.pdf?dl=0

Happy Myanmar New Year 🇲🇲နှစ်သစ်မှာပျော်ရွှင်ကြပါစေ 💛
17/04/2020

Happy Myanmar New Year 🇲🇲
နှစ်သစ်မှာပျော်ရွှင်ကြပါစေ 💛

Covid 19 ကာကွယ်ရေးအတွက် "မျှဝေသောလက်များ ပျဉ်းမနား" ပရဟိတ အသင်းကို အလျှူငွေ နှစ်သိန်း ကျပ် (၂၀၀,၀၀၀) မနေ့က သွားရောက်လျှူ...
04/04/2020

Covid 19 ကာကွယ်ရေးအတွက် "မျှဝေသောလက်များ ပျဉ်းမနား" ပရဟိတ အသင်းကို အလျှူငွေ နှစ်သိန်း ကျပ် (၂၀၀,၀၀၀) မနေ့က သွားရောက်လျှူဒါန်းခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးစက်နေပါပြီ။  ဒါပေမယ့် အကြောက်လွန် အစိုးရိ...
25/03/2020

တကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးစက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံး ဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။

== ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။

== တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။

== အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။

== ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးစက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။

သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။

အခုနောက်ဆုံး ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ချက် နိုင်ငံ တို့မှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ...
12/03/2020

အခုနောက်ဆုံး ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ချက် နိုင်ငံ တို့မှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပေမဲ့ ပြိုင်ပွဲမကျင်းပ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာနေပါပြီရှင့်။

နောက်လာမယ့် နိုင်ငံတကာပွဲစဉ်များ မှာလည်း COVID-19 ကြောင့် ကျင်းပဖြစ်မဖြစ် မသေချာတဲ့အတွက် လေ့ကျင့်ချိန်များ မနစ်နာစေရန် မြန်မာနိုင်ငံကို ပြန်လာနေပါတယ်။🤩

စောင့်ကြည့်အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Myanmar’s Pride Awards 2019 ရဲ့ “Best in Sports”ကဏ္ဍအတွက် ဆုရရှိခဲ့ပါတယ်ရှင့်။🤩ညီမရဲ့ ပရိတ်သတ်များ၊ Vote ပေးခဲ့ကြတဲ့သူမျ...
05/03/2020

Myanmar’s Pride Awards 2019 ရဲ့ “Best in Sports”ကဏ္ဍအတွက် ဆုရရှိခဲ့ပါတယ်ရှင့်။🤩

ညီမရဲ့ ပရိတ်သတ်များ၊ Vote ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။🤩

Kenya International Series 2020 ပြိုင်ပွဲမှာ Round 1 နှင့် Round 2 တို့မှာ အနိုင်ရရှိပြီး QUARTER FINAL ပွဲစဉ်တွင် ပြိုင...
01/03/2020

Kenya International Series 2020 ပြိုင်ပွဲမှာ Round 1 နှင့် Round 2 တို့မှာ အနိုင်ရရှိပြီး QUARTER FINAL ပွဲစဉ်တွင် ပြိုင်ဘက်ဟောင်း Uganda ပွဲတွင်အနိုင်ရရှိခဲ့သော အိန္နိယ ကစားသမား AAKARSHI KASHYAP အား ယခု ပွဲတွင် ၃ ပွဲ ကစားပြီး ရှုံးသွားပါသဖြင့် ကွာတားဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်လိုက်ရပါတယ်ရှင့်။

ဆက်လက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲများမှာ အကောင်းဆုံးဆက်လက်ကြိုးစားသွားပါမယ်။

Kenya International Series 2020 ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ် မှာ Pakistan ကစားသမားကို အနိုင်ရရှိပြီး ပြိုင်ပွဲရဲ့ ဒုတိယ အဆ...
28/02/2020

Kenya International Series 2020 ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ် မှာ Pakistan ကစားသမားကို အနိုင်ရရှိပြီး ပြိုင်ပွဲရဲ့ ဒုတိယ အဆင့်ကို တက်သွားပြီး မနက်ဖြန် (29.2.2020) နေ့လည် ၂နာရီ ခန့်မှာ Kenya ကစားသမား Kivisi Andia သို့မဟုတ် Faith Cherop နဲ့ ယှဉ်ပြိုင်ကစားရပါမယ်ရှင့်။

Thank You Ye' Dagun Taung Cityအိုလံပစ်ခရီးလမ်းကို အကောင်းဆုံး ဆက်လက်ကြိုးစားလျောက်လမ်းနေနိုင်ပြီး ထောက်ပံ့ကူညီပေးထားတဲ့ ...
24/02/2020

Thank You Ye' Dagun Taung City

အိုလံပစ်ခရီးလမ်းကို အကောင်းဆုံး ဆက်လက်ကြိုးစားလျောက်လမ်းနေနိုင်ပြီး ထောက်ပံ့ကူညီပေးထားတဲ့ Ye' Dagun Taung City ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။😍

သမီး မနေ့က ယူဂန်ဒါ International series 2020 ပြိုင်ပွဲမှာ အနိင်ရဗိုလ်စွဲခဲ့ပါတယ်။
နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်ပွဲတွေရတိုင်း ဝမ်းသာမိပါတယ်။
အမိ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အလံတော်နဲ့အတူ အောင်ပွဲခံရတယ် ပိုပြီးဝမ်းသာရပါတယ်။
သမီးရဲ့ အိုလံပစ် ခရီးလမ်းမှာ အတူလျောက်လှမ်းပေးနေတဲ့ မန္တလေးမြို့က ရေတံခွန်တောင်စီးတီး အိမ်ယာစီမံကိန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်။

#သက်ထားသူဇာ

https://www.facebook.com/yedaguntaungcity/

showroom googlemap location
https://goo.gl/maps/kwjDQqnvWRQnTZcQA

Uganda International Series 2020 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါပြီရှင့်။🤩🤩ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်...
23/02/2020

Uganda International Series 2020 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါပြီရှင့်။🤩🤩

ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်နေပါတယ်ရှင့်။

အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Olympic ဝင်ခွင့်ရရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးစားသွားပါမယ်။

27. 2 2020 ကနေ 01. 03. 2020 အထိ ကျင်းပမဲ့ Kenya International Future Series 2020 အတွက် မနက်ဖြန် Kenya နိုင်ငံကို သွားပါမယ်ရှင့်


Uganda International Series 2020 Semi Final မှာ Mauritius ကစားသမားကို အနိုင်ရရှိပြီး ယနေ့ညနေ့မှာပဲ Final ကို India ကစားသ...
23/02/2020

Uganda International Series 2020 Semi Final မှာ Mauritius ကစားသမားကို အနိုင်ရရှိပြီး ယနေ့ညနေ့မှာပဲ Final ကို India ကစားသမား AAKARSHI KASHYAP နဲ့ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်ရှင့်။

Uganda International Series 2020 Semi Final ပွဲစဉ်များကို မြန်မာစံတော်ချိန် နေ့လည်  ၁၂:၃၀ ခန့်တွင် စတင်ကစားရမှာဖြစ်ပြီး ...
23/02/2020

Uganda International Series 2020
Semi Final ပွဲစဉ်များကို မြန်မာစံတော်ချိန် နေ့လည် ၁၂:၃၀ ခန့်တွင် စတင်ကစားရမှာဖြစ်ပြီး ညီမကပွဲစဉ် နံပတ် ၃ မှာ ကစားရမှာ ဖြစ်ပါတယ်ရှင့်။

Address

Yankin
Yangon
959565

Alerts

Be the first to know and let us send you an email when သက္ထားသူဇာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သက္ထားသူဇာ:

Shortcuts

Share

Category