Redevils Burma

Redevils Burma မန်ချက်စတာ ယူနိုက်တက် သတင်းစုံ

24/11/2025

Matchday vibes! 🔴🔵 Manchester United vs Everton — who’s taking the win today?

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး အဲရစ် တန်ဟတ်၏ ပြောကြားချက်🔱 “ဒီနှစ်ရာသီရဲ့ ၄ ပွဲမြောက် Clean Sheet လို့ ကျွန်တော်ထင်တာပါပဲ...
06/10/2024

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး အဲရစ် တန်ဟတ်၏ ပြောကြားချက်

🔱 “ဒီနှစ်ရာသီရဲ့ ၄ ပွဲမြောက် Clean Sheet လို့ ကျွန်တော်ထင်တာပါပဲဗျာ။"

🔱 “ကျွန်တော်တို့ရဲ့ အရမ်းကောင်းတဲ့ စုဖွဲ့မှုနဲ့ စည်းလုံးညီညွှတ်မှုတွေကို မြင်ကြမှာပါ။”

🔱 “အသင်းမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေရှိပါတယ်။ ကြံ့ကြံ့ခံနိုင်ပြီး အလျော့မပေးတဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။”

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်၏ ပြောကြားချက်🔱 “အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲပါပ...
06/10/2024

🗣️ အက်စတွန်ဗီလာနှင့် ပွဲအပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်၏ ပြောကြားချက်

🔱 “အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ အသင်းနှစ်သင်းစလုံးက အကောင်းဆုံးအနေအထားမှာရှိမနေပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဖိအားတစ်ပုံတစ်ပင်နဲ့ ခက်ခက်ခဲခဲကစားသွားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ဒီပွဲကို အနိုင်ကန်ဖို့လာတယ်လို့ ကျွန်တော်မခံစားရပါဘူး။ သေရေးရှင်ရေးအတွက် တစ်ပွဲထိုး နည်းဗျူဟာနဲ့ ကစားခဲ့ဟန်တူပါတယ်။”

🔴 မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိကာ မိနစ် ၃၀၈ ဂိုးပေါက်ပျ...
06/10/2024

🔴 မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိကာ မိနစ် ၃၀၈ ဂိုးပေါက်ပျောက်ခဲ့သည်။

🔴 အက်စတွန်ဗီလာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရီးမီးယားလိဂ်မှ ချီးမြှင့်သော အကောင်းဆုံး ကစားသမားဆု (Player of The M...
06/10/2024

🔴 အက်စတွန်ဗီလာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရီးမီးယားလိဂ်မှ ချီးမြှင့်သော အကောင်းဆုံး ကစားသမားဆု (Player of The Match) ကို မန်ချက်စတာယူနိုက်တက် ဗဟိုနောက်ခံကစားသမား ဂျော်နီ အီဗန့်မှ ရရှိခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၇ပွဲပြီးရလဒ်Aston Villa 0-0 Manchester United
06/10/2024

ပရီးမီးယားလိဂ် ပွဲစဉ် ၇

ပွဲပြီးရလဒ်

Aston Villa 0-0 Manchester United

🔴 ပရီးမီးယားလိဂ် ပွဲစဉ် ၇🔱 မန်ချက်စတာယူနိုက်တက်ပွဲထွက်လူစာရင်းAston Villa Vs Manchester United MM time - 6 October 2024 ...
06/10/2024

🔴 ပရီးမီးယားလိဂ် ပွဲစဉ် ၇

🔱 မန်ချက်စတာယူနိုက်တက်ပွဲထွက်လူစာရင်း

Aston Villa Vs Manchester United
MM time - 6 October 2024 7:30 pm

🗣️ နည်းပြ အဲရစ် တန်ဟတ်၏ အနာဂတ်နှင့် ပတ်သတ်၍ ရှယ်ယာရှင်ပိုင်ရှင်သစ် Sir Jim Ratcliffe၏ ပြောကြားချက်🔱 “အဲရစ် တန်ဟတ် ထုတ်ပယ...
04/10/2024

🗣️ နည်းပြ အဲရစ် တန်ဟတ်၏ အနာဂတ်နှင့် ပတ်သတ်၍ ရှယ်ယာရှင်ပိုင်ရှင်သစ် Sir Jim Ratcliffe၏ ပြောကြားချက်

🔱 “အဲရစ် တန်ဟတ် ထုတ်ပယ်ခံရနိုင်လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်လို့ ကျွန်တော်မဖြေချင်ပါဘူး။ အဲရစ် တန်ဟတ်ကို ကျွန်တော်ကြိုက်ပါတယ်။ အရမ်းတော်တဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူကြီးကြပ်နေတဲ့ စီမံခန့်ခွဲရေးအဖွဲ့က အကောင်းဆုံး ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာ ဆုံးဖြတ်ရမှာပါ။”

🔱 “ယခုအသင်းကို ဦးဆောင်နေကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဇွန်၊ဇူလိုင်လလောက်ကမှ အတူလက်တွဲအလုပ်လုပ်ခဲ့ကြတာပါ။ Omar Berrada၊ Dan Ashworth တို့ ဇူလိုင်လမှ အသင်းကိုရောက်တာပါ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ သူတို့မရှိကြသေးပါဘူး။”

🔱 “သူတို့အသင်းကို ရောက်တာ အရမ်း မကြာသေးပါဘူး။ ရက်သတ္တပတ် အနည်းငယ်ပဲရှိပါသေးတယ်။ ဒါကြောင့် အခြေအနေကို သေချာလေ့လာဆန်းစစ်ပြီး ဓမ္မဓိဌာန်ကျကျ ဆုံးဖြတ်ချက်ချပါလိမ့်မယ်”

🔱 “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အလွန်ရှင်းလင်းပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရှိသင့်ရှိထိုက်တဲ့ နေရာကို ပြန်ရောက်တာ ကျွန်တော်တို့မြင်ချင်ပါတယ်။ အခု အဲဒီနေရာကို ပြန်မရောက်သေးတာ သိသာထင်ရှားပါတယ်။”

🔴⚪️ ၂၀၂၄/၂၅ ရာသီ မားကပ် ရက်ရှ်ဖို့ဒ်နှင့် အမ်ဘာပေတို့၏ ပယ်နယ်တီမပါဝင်သော ဂိုးဖန်တီးမှုနှင့် သွင်းဂိုးမှတ်တမ်း🔱 မားကပ် ရက...
04/10/2024

🔴⚪️ ၂၀၂၄/၂၅ ရာသီ မားကပ် ရက်ရှ်ဖို့ဒ်နှင့် အမ်ဘာပေတို့၏ ပယ်နယ်တီမပါဝင်သော ဂိုးဖန်တီးမှုနှင့် သွင်းဂိုးမှတ်တမ်း

🔱 မားကပ် ရက်ဖို့ဒ် - ၆
👑 အမ်ဘာပေ - ၅

🗣️ ရာသီကုန်မှ ဝေဖန်ပါဟု နည်းပြ အဲရစ် တန်ဟတ် ပြောကြား🔱 “ဒီအချိန်မှာ ဝေဖန်လေကန်နေတာ မစောလွန်းဘူးလားဗျာ။ အခုအချိန်လောက်နဲ့ ...
04/10/2024

🗣️ ရာသီကုန်မှ ဝေဖန်ပါဟု နည်းပြ အဲရစ် တန်ဟတ် ပြောကြား

🔱 “ဒီအချိန်မှာ ဝေဖန်လေကန်နေတာ မစောလွန်းဘူးလားဗျာ။ အခုအချိန်လောက်နဲ့ အကဲမဖြတ်ပါနဲ့အုန်း။ ကျွန်တော်တို့ကို ရာသီကုန်မှ ဝေဖန်ပါ။ ကျွန်တော်တို့ တိုးတက်ကောင်းမွန်အောင် ကြိုးစားနေပါတယ်။”

🔱 “ပြီးခဲ့တဲ့ ရာသီ၂ ခုမှာ ဖလား ၂ လုံးရပြီးပြီလေဗျာ။ စောင့်လဲကြည့်ကြပါဦးဗျာ။”

ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၂ပွဲပြီးရလဒ်FC Porto              3-3         Manchester United ⚽ Pêpe 27'                     ...
03/10/2024

ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၂

ပွဲပြီးရလဒ်

FC Porto 3-3 Manchester United
⚽ Pêpe 27' ⚽ Rashford 7'
⚽ Omorodion 34', 50' ⚽ Højlund 20'
⚽ Maguire 90+1'
🟥 B. Fernandes 82'

Address

Yangon

Telephone

+959782334700

Website

Alerts

Be the first to know and let us send you an email when Redevils Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Redevils Burma:

Share

Category