MH Sports

Call Directions Contact the business

MH Sports 𝐈𝐛𝐞𝐭𝟕𝟖𝟗, 𝟓𝟓𝟓𝐌𝐢𝐱 အကောင့်ဖွင့်ကစားရန်

𝗩𝗶𝗯𝗲𝗿 𝟬𝟵 𝟰𝟰𝟮 𝟮𝟵𝟴 𝟳𝟬𝟵
Telegram - https://t.me/myohlaingibet789

🔴ယူနိူက်တက်အသင်းအတွက် ကားလို့စ်ဘာလီဘာ ကစားပြီ မန်ချက်စတာယူနိုက်တက်က Lausanne-Sport ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တယ်လ...
02/10/2026

🔴ယူနိူက်တက်အသင်းအတွက် ကားလို့စ်ဘာလီဘာ ကစားပြီ

မန်ချက်စတာယူနိုက်တက်က Lausanne-Sport ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တယ်လို့သိရပါတယ်

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ Carrington လေ့ကျင့်ရေးကွင်းမှာ ပရိသတ်မရှိဘဲခြေစမ်းပွဲအဖြစ် Lausanne-Sport နဲ့ကစားခဲ့တဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ Matthijs de Ligt နဲ့ Carlos Baleba တို့ နှစ်ဦးစလုံး ပွဲထွက်ကစားခဲ့ကြပါတယ်။

သတင်းတွေအရ ဒီပွဲမှာ ပထမအသင်းကစားသမားတွေနဲ့ အကယ်ဒမီလူငယ်ကစားသမားတွေကို ပေါင်းစပ်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတာက မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့်
Sekou Kone ကတော့ ဒီပွဲမှာ Lausanne-Sport ဘက်ကနေ ပါဝင်ကစားခဲ့တယ်လို့လည်း သိရပါတယ်။ 🔴

🚨 BREAKING NEWS ! မန်ချက်စတာယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၄၃ သန်းဝန်းကျင်နဲ့ ရောင်းချဖို့ စဉ်း...
02/10/2026

🚨 BREAKING NEWS !

မန်ချက်စတာယူနိုက်တက်က အသင်းခေါင်းဆောင်
ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၄၃ သန်းဝန်းကျင်နဲ့ ရောင်းချဖို့ စဉ်းစားသွားနိုင်ပါတယ်။

🇵🇹 ဖာနန်ဒက်စ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေဖို့ ဆန္ဒရှိနေပြီး နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ပရောဂျက်အပေါ် ယုံကြည်မှုရှိနေတယ် လို့ သိရပါတယ်။

🔴 ယူနိုက်တက်ဘက်ကလည်း အသက်အရွယ်ကြီးလာပြီး လစာမြင့်မားတဲ့ ကစားသမားတွေကို ရေရှည်စာချုပ်ကြီးတွေ ပေးအပ်ရာမှာ သတိထားတဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်။

📌 Source:
PhotoCredit

⚽️ ၂၀၀၄ ယူရိုပြိုင်ပွဲ⚽️ ၂၀၀၆ ကမ္ဘာ့ဖလား⚽️ ၂၀၀၈ ယူရိုပြိုင်ပွဲ⚽️ ၂၀၁၀ ကမ္ဘာ့ဖလား⚽️ ၂၀၁၂ ယူရိုပြိုင်ပွဲ⚽️ ၂၀၁၄ ကမ္ဘာ့ဖလား...
01/10/2026

⚽️ ၂၀၀၄ ယူရိုပြိုင်ပွဲ
⚽️ ၂၀၀၆ ကမ္ဘာ့ဖလား
⚽️ ၂၀၀၈ ယူရိုပြိုင်ပွဲ
⚽️ ၂၀၁၀ ကမ္ဘာ့ဖလား
⚽️ ၂၀၁၂ ယူရိုပြိုင်ပွဲ
⚽️ ၂၀၁၄ ကမ္ဘာ့ဖလား
⚽️ ၂၀၁၆ ယူရိုပြိုင်ပွဲ
⚽️ ၂၀၁၇ Confederations Cup
⚽️ ၂၀၁၈ ကမ္ဘာ့ဖလား
⚽️ ၂၀၁၉ Nations League
⚽️ ၂၀၂၀ ယူရိုပြိုင်ပွဲ
⚽️ ၂၀၂၁ Nations League
⚽️ ၂၀၂၂ ကမ္ဘာ့ဖလား
⚽️ ၂၀၂၃ Nations League
⚽️ ၂၀၂၄ ယူရိုပြိုင်ပွဲ
⚽️ ၂၀၂၅ Nations League
⚽️ ၂၀၂၆ ကမ္ဘာ့ဖလား

🇵🇹👏 ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

🔥 ဒါဟာ Ronaldo ရဲ့ နိုင်ငံတကာဘောလုံးသမိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

🚨𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 !!!မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာနောက်ခံလူ Tomas Araujo ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာနေပါ...
01/10/2026

🚨𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 !!!

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာနောက်ခံလူ Tomas Araujo ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာနေပါတယ်။

ယူနိုက်တက်ဘက်က Araujo ရဲ့ ကစားပုံကို အကြိမ်ကြိမ် စောင့်ကြည့်စစ်ဆေးထားပြီး၊ ပြီးခဲ့တဲ့လက AC Milan နဲ့ပွဲမှာ သူပြသခဲ့တဲ့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ကိုယ်တိုင်တွေ့မြင်ခဲ့ပါတယ်။

Araujo ရဲ့ အားသာချက်တစ်ခုကတော့ ဗဟိုနောက်ခံလူ (Centre-back) အဖြစ်သာမက ညာနောက်ခံလူ (Right-back) အဖြစ်ပါ ကစားနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေကလည်း အများအပြားရှိနေပါတယ်။အရေးကြီးတာကတော့ Araujo ရဲ့ စာချုပ်ထဲမှာ ပြောင်းရွှေ့ကြေး(Release Clause) ယူရို ၈၀ သန်း (£68m / $90m) သတ်မှတ်ထားတာပါ။

ဒါကြောင့် သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ဘယ်လောက်အထိ ပေးချေရနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမှာ ဖြစ်ပါတယ်။

Source — []
PhotoCredit

🚨🎙️ David Ornstein  မန်ချက်စတာစီးတီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ ပြစ်ဒဏ်အပေါ် ပြောကြားချက်“မန်ချက်စတာစီးတီးဟာ စွဲချက်တွေအားလုံ...
01/10/2026

🚨🎙️ David Ornstein

မန်ချက်စတာစီးတီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ ပြစ်ဒဏ်အပေါ် ပြောကြားချက်

“မန်ချက်စတာစီးတီးဟာ စွဲချက်တွေအားလုံးမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရတဲ့အတွက်၊ အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ရပ် ချမှတ်ခံရမယ်လို့ ယူဆရပါတယ်။
ဒါကတော့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါ။ ဒါပေမယ့် ချမှတ်မယ့်ပြစ်ဒဏ်က ထွက်ပေါ်ထားတဲ့ စီရင်ချက်နဲ့ အချိုးညီလောက်အောင် ပြင်းထန်မယ်ဆိုရင်၊ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ ဆက်ကစားနေမယ်လို့တော့ မထင်ပါဘူး။”လို့ပြောလာပါတယ်

[]

🚨BREAKING Carlos Balebaဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းအစီစဥ်တွေအပြည့်အဝလုပ်ဆောင်နေပြီဖြစ်ပြီး အခုတစ်ပတ်ပွဲစ...
30/09/2026

🚨BREAKING

Carlos Balebaဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ
လေ့ကျင့်ခန်းအစီစဥ်တွေအပြည့်အဝလုပ်ဆောင်နေပြီဖြစ်ပြီး အခုတစ်ပတ်ပွဲစဥ်က်ိုပါဝင်ကစားသွားနိုင်ဖို့ အပြင်းထန်လုပ်ဆောင်လျက်ရှိနေတာပါ

ဒါ့အပြင် ပတ်ဝန်းကျင်သစ်နဲ့ ပိုပြီး ယဉ်ပါးကျွမ်းဝင်လာတာနဲ့အမျှ သူရဲ့ ပျော်ပျော်နေတတ်ပြီး တက်ကြွရွှင်လန်းတဲ့ စရိုက်တွေအရ အသင်းနဲ့အတူအတော်လေးအံဝင်ခွင်ကျဖြစ်လာပြီလို့လည်းဆိုပါတယ်

{TheAthletic}
PhotoCredit

🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 — Amad ဟာ ဩဂုတ်လအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကနေ အခြေအနေကောင်းကောင်းနဲ့ ပြန်လည်တိုးတက်လာနေပြီး မြက်ခင်းပေါ်မှာ လေ့ကျ...
30/09/2026

🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆

— Amad ဟာ ဩဂုတ်လအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကနေ အခြေအနေကောင်းကောင်းနဲ့ ပြန်လည်တိုးတက်လာနေပြီး မြက်ခင်းပေါ်မှာ လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ 💪🔴

သူဟာ ပြန်လည်ကစားနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပြီး ဒီနေ့မှာလည်း နိုင်ငံအသင်းတာဝန်ထမ်းဆောင်ဖို့ မသွားဘဲ Carrington လေ့ကျင့်ရေးကွင်းမှာ ဆက်လက်လေ့ကျင့်ခဲ့ပါတယ်။ 🔴

(Source: )
PhotoCredit

🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် မန်ချက်စတာယူနိုက်တက်က Jean-Philippe Mateta ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပိုမိ...
29/09/2026

🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆

ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် မန်ချက်စတာယူနိုက်တက်က Jean-Philippe Mateta ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာနေပါတယ်။ Jason Wilcox က Crystal Palace တိုက်စစ်မှူး Mateta ကို အထူးစိတ်ဝင်စားနေပါတယ်။

Mateta ရဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း Palace ကနေ ထွက်ခွာလိုနေတဲ့ Mateta အတွက် United နဲ့ ဆက်သွယ်ထားပြီးဖြစ်ပါတယ်။ Mateta ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Palace ကနေ ထွက်ခွာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ အသက် ၂၉ နှစ်အရွယ် Mateta ကို Benjamin Šeško အတွက် ပြိုင်ဘက်/အစားထိုးရွေးချယ်စရာ တိုက်စစ်မှူးတစ်ဦးအဖြစ် မြင်ထားပါတယ်။

ဒါ့အပြင် Mateta ရဲ့ အနာဂတ်ဟာ Joshua Zirkzee ရဲ့ အနာဂတ်နဲ့လည်း ဆက်စပ်လာနိုင်ပါတယ်။ Jason Wilcox ဟာ Zirkzee ကို အသင်းကနေ ရောင်းချ/ထွက်ခွာစေလိုနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Mateta ရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် Palace အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်အခြေအနေကို ရှောင်ရှားနိုင်ဖို့ ဇန်နဝါရီအပြောင်းအရွှေ့က အရေးကြီးတဲ့အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

Source |
PhotoCredit

မက်ဆီနဲ့ မာရာဒိုနာတို့ဟာ 🇦🇷 အာဂျင်တီးနားအသင်းရဲ့ နံပါတ် ၁၀ ဂျာစီကို  ၁၇ နှစ်စီ ဝတ်ဆင်ခဲ့ကြပါတယ်။မက်ဆီဟာ အောက်တိုဘာ ၆ ရက်...
29/09/2026

မက်ဆီနဲ့ မာရာဒိုနာတို့ဟာ 🇦🇷 အာဂျင်တီးနားအသင်းရဲ့ နံပါတ် ၁၀ ဂျာစီကို ၁၇ နှစ်စီ ဝတ်ဆင်ခဲ့ကြပါတယ်။

မက်ဆီဟာ အောက်တိုဘာ ၆ ရက်နေ့မှာ အာဂျင်တီးနားအသင်းအတွက် နှုတ်ဆက်ပွဲ ကစားဖို့ရှိနေတာကြောင့် သူ့ရဲ့ အထင်ကရ နံပါတ် ၁၀ နဲ့ ၁၇ နှစ်ကြာ ခရီးစဉ်ဟာ
ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ် ။ 🥹

လီယို မက်ဆီဟာ ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနားအသင်းအတွက် ပွဲဦးထွက်ခဲ့ပေမယ့် နံပါတ် ၁၀ ကိုတော့ ၂၀၀၉ ခုနှစ်မှာ ရီကယ်မေးလ် (Riquelme) ဆီက လွှဲပြောင်းရယူခဲ့တာပါ။ နံပါတ် ၁၀ ဝတ်ဆင်ပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ ဗင်နီဇွဲလားနဲ့ပွဲ၌ ဂိုးတစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ✨

ပိုပြီး အံ့ဩစရာကောင်းတာက မာရာဒိုနာရဲ့ နံပါတ် ၁၀ ခေတ်ဟာလည်း အတိအကျ ၁၇ နှစ်ကြာခဲ့တာပါ။ 👑

မာရာဒိုနာဟာ အသက် ၁၆ နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ နံပါတ် ၁၀ ကို စတင်ဝတ်ဆင်ခဲ့ပြီး၊ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ၁၉၉၄ ခုနှစ် ဖြစ်ပါတယ်။

ဒါဟာ တိုက်ဆိုင်မှုတစ်ခုလား? 👀🩵🇦🇷

ယူနိုက်တက် တာဝန်ရှိသူတွေဟာတိုက်စစ်ပိုင်းမှာ Shea Lacey၊ Noah Ajayi နဲ့ Tynan Thompson တို့ ၃ ဦးဟာ အသင်းရဲ့ အာရုံစိုက်မှု...
29/09/2026

ယူနိုက်တက် တာဝန်ရှိသူတွေဟာတိုက်စစ်ပိုင်းမှာ Shea Lacey၊ Noah Ajayi နဲ့ Tynan Thompson တို့ ၃ ဦးဟာ အသင်းရဲ့ အာရုံစိုက်မှုကို အထူးရရှိနေကြပါတယ်။

ယူနိုက်တက်ဟာ ဒီလူငယ် ၃ ဦးရဲ့ တိုးတက်မှုအပေါ် အလွန်ကျေနပ်နေပြီး၊ အထူးသဖြင့် Shea Lacey က ဒီလအတွင်း နောက်ထပ်ခြေလှမ်းတစ်ဆင့် ထပ်မံ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

Lacey ဟာ မကြာမီအနာဂတ်မှာ ပထမအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်လာနိုင်ဖို့ ကိုယ်တိုင်အခွင့်အရေးရအောင် ဆက်လက်ကြိုးစားနေပါတယ်။

အသင်းအကယ်ဒမီမှာ အရည်သွေးမြင့် လူငယ်ကစားသမားတွေ အများကြီးရှိနေသေးတယ်လို့ ယုံကြည်ထားပြီး လူငယ်တွေကို ပထမအသင်းကြီးဆီ ပိုမိုတက်လှမ်းခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ 🙌

Source: {MEN}
PhotoCredit

Address

Yangon

Telephone

+959442298709

Website

Alerts

Be the first to know and let us send you an email when MH Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MH Sports:

Shortcuts

Share

Category