20/05/2026
'စောင့်ရကျိုး နပ်ခဲ့သူများ'
၂၀၀၃-၀၄ မှာ ရွှေဖလားဆွတ်ခူးပြီးနောက်ပိုင်း (၂၁)နှစ်သောအချိန်ကာလမှာ အာဆင်နယ်ပရိသတ်ဖြစ်ရတာ ဒဏ်ရာတွေအထပ်ထပ်နဲ့ပါ။
ရာသီတစ်ခုစတင်တိုင်း အမှတ်ပေးချန်ပီယံဆုကို အကြိမ်ကြိမ်အဖန်ဖန်ငံ့လင့်ရင်း အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် (၂၁)ရာသီစလုံး ဆုဖလားနဲ့လွဲချော်ခဲ့ရတယ်။ ဂန်းနားပရိသတ်တွေရဲ့ဘဝဟာ သိမ်ငယ်စရာကောင်းလွန်းခဲ့တယ်။
ပြီးခဲ့တဲ့(၃)ရာသီဆိုရင် ပိုလို့တောင်ဆိုးတယ်။ ရာသီတစ်လျှောက်လုံးနီးပါး ထိပ်ဆုံးကနေလွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ပြီးမှ ရာသီကုန်ခါနီးခြေချော်မှုတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြိုင်ဘက်တွေလက်ထဲ ရင်နာနာနဲ့ထည့်ပေးလိုက်ရလို့ပါပဲ။
ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဟာ အသင်းကိုစွန့်ပစ်မသွားကြဘူး။ "တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့"ဆိုတဲ့စိတ်ဓါတ်နဲ့ ယုံကြည်ချက်ခိုင်မာစွာ စောင့်မျှော်နေခဲ့ရာ အခုဆိုရင်တော့ သူတို့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။
ပြီးခဲ့တဲ့(၃)ရာသီကတည်းက အမှတ်ပေးချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့သင့်တဲ့ဂန်းနားတွေဟာ ဒီရာသီမှာတော့ ပိုမိုတောင့်တင်းကျစ်လျစ်လာတဲ့ခံစစ်နဲ့ game changer လို့ဆိုရမယ့် တည်ကန်ဘောတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကြောင့် ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန်ကိုင်မြှောက်နိုင်ခဲ့ပါပြီ။
တကယ်တော့ ဒီရာသီဟာ ထူးဆန်းလွန်းပါတယ်။ (၂၁)နှစ်လုံး ဝမ်းနည်းမျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေ ဝမ်းသာမျက်ရည်နဲ့အဆုံးသတ်ခဲ့ရသလို (၂၉)နှစ်ထိ အချစ်ရဲ့လှည့်စားလိမ်ညာမှုတွေကြောင့် ချစ်ရမှာကိုအယုံအကြည်မရှိတော့သူ စာရေးသူ admin လည်း အချစ်စစ်နဲ့တွေ့သွားတဲ့အချိန်ကာလဖြစ်နေလို့ပါပဲ။
ဒါကြောင့်မို့ ၂၀၂၆ ခုနှစ်ဟာ admin နဲ့ အာဆင်နယ်ပရိသတ်တွေ စောင့်ရကျိုးနပ်တဲ့ မင်္ဂလာနှစ်သစ်လို့ဆိုရပါမယ်။
crd