Yangon Golf Club

Yangon Golf Club Heathly, Friendship, Sporting to come Our YGC

Monsoon Cup ပြိုင်ပွဲNett Score (အကြောပေး) Winner - Zaw Min (81-17=64)Gross Score (အကြောမဲ့) Winner - Htay Aung (76)ရရှိ...
22/08/2026

Monsoon Cup ပြိုင်ပွဲ

Nett Score (အကြောပေး) Winner - Zaw Min (81-17=64)

Gross Score (အကြောမဲ့) Winner - Htay Aung (76)

ရရှိခဲ့ပါတယ်ခင်ဗျာ…….

ဆုရရှိသူများကို Annual at Home တွင်ဆုချီမြှင့်သွားမည်ဖြစ်ပါ

တယ်ခင်ဗျာ

🏌🏌 Yangon Golf Club ( တညင်းကုန်း ) ကွင်း၏ Club Tournament ပြိုင်ပွဲဖြစ်သော Chinthe Trophy Fourball Match Play Tournament...
13/08/2026

🏌🏌 Yangon Golf Club ( တညင်းကုန်း ) ကွင်း၏ Club Tournament ပြိုင်ပွဲဖြစ်သော Chinthe Trophy Fourball Match Play Tournament ကျင်းပသွားမည်ဖြစ်ပါသည်၊

Fourball ကစားဖော်အား စိတ်ကြိုက် တွဲနိုင်ပါသည်၊

#ရန်ကုန်အသင်း၏ Members ဖြစ်ရမည်၊

ကစားသမား မဖြစ်ရ၊

#ယှဥ်ပြိုင်ရမည့် အတွဲများကို မဲနှိုက်၍ ယုဥ်ပြိုင်စေပါမည်၊

#အတွဲများ အားလုံး H'cap 0 ဖြင့်သာ ယှဥ်ပြိုင်ရပါမည်၊

09882561500၊ 09882561501၊ 09260777228 သို့ဆက်

သွယ်၍ (1.9.2026)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

ပါသည်၊

ရန်ကုန်ဂေါက်ကွင်းမိသားစု

🏌🏌️‍♀️🏌 Yangon Golf Club (တညင်းကုန်း)  Monsoon Cup ပြိုင်ပွဲကို 22.8.2026 တွင် ကျင်းပပြု​လုပ်ပါမည်ခင်ဗျာ....စနေနေ့ ရုံးပ...
10/08/2026

🏌🏌️‍♀️🏌 Yangon Golf Club (တညင်းကုန်း)
Monsoon Cup ပြိုင်ပွဲကို 22.8.2026 တွင် ကျင်းပပြု​လုပ်ပါမည်ခင်ဗျာ....

စနေနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် Member များ အနေဖြင့် မိမိ၏ score card များအား ကယ်ဒီများမှတဆင့် ပြိုင်ပွဲကျင်းပရေး ကော်မတီအား အပ်နှံပေးပါ ခင်ဗျာ....

Nett Score (အကြောပေး) Winner & Runner up

Gross Score (အကြောမဲ့) Winner & Runner up

ဆုများချီမြှင့်မှာဖြစ်ပါတယ်ခင်ဗျာ…….⛳⛳⛳

🎉🎉 Congratulations 🎉🎉ဦးသုမောင်ချို သည် (၈.၈.၂၀၂၆)ရက်နေ့တွင်  ကစားဖော်များဖြစ်သော ဦးမင်းခိုင်၊ ဦးအောင်မင်းလွင်၊ ဦးသီဟ၊ ဦး...
08/08/2026

🎉🎉 Congratulations 🎉🎉

ဦးသုမောင်ချို သည် (၈.၈.၂၀၂၆)ရက်နေ့တွင် ကစားဖော်များဖြစ်သော ဦးမင်းခိုင်၊ ဦးအောင်မင်းလွင်၊
ဦးသီဟ၊ ဦးစန်းဝေထွန်း တို့နှင့်အတူ ​
ဂေါက်သီးရိုက်ကစားစဉ်

ကျင်းအမှတ် (၄)၊ (၁၄၆) ကိုက်အကွာမှ
TaylorMade TP-5 ဘောလုံးကို
Iron - 9 တုတ်ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့် ကျင်းဝင်ခဲ့ပါသည်။ 🏌️‍♂️🏌️‍♂️🏌️‍♂️🏌️‍♂️🏌️‍♂️

🎉 ဂုဏ်ပြုမှတ်တမ်း 🏌️‍♂️🏆ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) YGC ၏ Captain ကြီး ဦးကိုကိုအေး သည် Senior Amateur Championship တွင...
06/08/2026

🎉 ဂုဏ်ပြုမှတ်တမ်း 🏌️‍♂️🏆

ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) YGC ၏ Captain ကြီး ဦးကိုကိုအေး သည် Senior Amateur Championship တွင် (၃) နှစ်ဆက်တိုက် Champion ဆုကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရန်ကုန်ဂေါက်ကွင်းကိုယ်စား အထူးပင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှိုက်လှဲလှဲဂုဏ်ပြုအပ်ပါသည်။

ဤအောင်မြင်မှုသည် Captain ကြီး ဦးကိုကိုအေး၏ ဂေါက်သီးအားကစားအပေါ်

#ကြိုးစားအားထုတ်မှု၊

#စိတ်ဓာတ်ခိုင်မာမှုနှင့်

#ဂေါက်အားကစားအပေါ် အစဉ်တစိုက် အားစိုက်ခဲ့သည့် ရလဒ်ကောင်းတစ်ခုဖြစ်ပါသည်။

ယခုထက်မက အောင်မြင်မှုများကို ဆက်လက်ရရှိကာ ကျန်းမာချမ်းသာ၍ ရန်ကုန်ဂေါက်ကွင်းနှင့် မြန်မာ့ဂေါက်အားကစားအတွက် ဂုဏ်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Congratulations, Captain U Ko Ko Aye!

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းသူအသင်းသားများ ကစားသမားများခင်ဗျာ🙏🙏🙏🙏🙏🙏🙏🙏ကျွန်တော်တို့ရန်ကုန်ဂေါက်ကွင်းဂေါက်ကလပ်၏...
01/08/2026

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းသူအသင်းသားများ ကစားသမားများခင်ဗျာ

🙏🙏🙏🙏🙏🙏🙏🙏

ကျွန်တော်တို့ရန်ကုန်ဂေါက်ကွင်း
ဂေါက်ကလပ်၏ နဂိုလ်မူလအဆောက်အဦးများကို

ရှေးလူကြီးများဖြစ်ကြသည့် အသင်းဝင်မန်ဘာများမှ ရှေးမူမပျက် ထမ်းသိမ်းခဲ့ကြသလို ခေတ်နှင့်လျှော်ညီစွာထိမ်းသိမ်းပြုပြင်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလဲ သမိုင်းမှတ်တမ်းများအရ သိရှိမှတ်သားရပါသည်။

ထိုနည်းတူစွာ ကျွန်တော်များ ရန်ကုန်ဂေါက်ကွင်းမိသားစုများမှလဲ ဆက်လက်၍ ပုခုံးပြောင်းတာဝန်ဆက်လက်ရယူကာ ဂေါက်ကလပ်နှင့် ဂေါက်ကွင်း တိုးတက်မြင့်မား အဆင့်မှီရေးကို အစဉ်တစိုက်ကြိုးစားခဲ့ကြပါသည်။

သို့ပါ၍ အသင်းသူအသင်းသားများ ကစားသမားများ အတွက် သက်သောင့်သက်သာ အနားယူ စားသောက်နိုင်ရေးအတွက် ခေတ်နှင့်လျှော်ညီသည့် Aircon room တစ်ခုအား ပြုလုပ်ဖန်တီးပြီး

Lounge aircon room အဖြစ် ပြုလုပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးပြီဖြစ်ပါ၍

ယနေ့ ၁.၈.၂၀၂၆ ရက်နေ့ စနေနေ့မှ စတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ။

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းသားများ ကစားသမားများခင်ဗျာကျွန်တော်တို့ရန်ကုန်ဂေါက်ကွင်းသည် အင်းစိန်မြို့နယ်အတွင်...
27/07/2026

လေးစားအပ်ပါသော ရန်ကုန်ဂေါက်ကွင်း၏ အသင်းသားများ ကစားသမားများခင်ဗျာ

ကျွန်တော်တို့ရန်ကုန်ဂေါက်ကွင်းသည် အင်းစိန်မြို့နယ်အတွင်းရှိ အခြားနီးစပ်ရာဂေါက်ကွင်းများနှင့်ဆက်စပ်လျှက်ရှိပြီး

ရေကန်များပါတ်လည်ဝိုင်းရံနေသည့်အတွင်းမှ မြေအနိမ့်ဆုံးကွင်းအဖြစ် ဖြစ်တည်လျှက်ရှိပါသည်။

သို့အတွက်ကြောင့် ရေစီးဆင်းမှုများသည် နှစ်ကြာလာသည်နှင့်အမျှ အောက်ဆုံးအပိုင်းဖြစ်သည့် ကျွန်တော်များ ရန်ကုန်ဂေါက်ကွင်းရှိကန်များအတွင်းတွင် အနည်များစုပုံလာပြီး

#ကန်များတိမ်ကောလာခြင်း

# နုံးအနှစ်များပြည့်နှက်လာခြင်း

#ကန်များ၏အောက်ခံကြမ်းပြင်မြင့်တက်လာခြင်းတို့အပြင်

#ရေသန့်စင်မှုရာခိုင်နှုန်းကျဆင်းလာခြင်းတို့ကြောင့် အနံ့အသက်များစိုးဝါးလာခြင်းတို့နှင့် ကြုံတွေ့လာရပါသည်ခင်ဗျာ၊

သို့အတွက်ကြောင့် ပထမဦးစွာ ကျင်းနံပါတ် (၆) နံဘေးရှိကန်အတွင်းမှ နုံးမြေများဆယ်တင်ခြင်းလုပ်ငန်းကို ယနေ့၂၇.၇.၂၀၂၆ ရက်နေ့ တင်္နလာနေ့မှစတင်လုပ်ဆောင်နေပြီဖြစ်ပါသည်ခင်ဗျာ၊

လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းကြောင့်ဖြစ်ပေါ်လျှက်ရှိသည် စက်ကိရိယာအသံများနှင့်ပိုက်ပစ္စည်းများချထားမှုများအား သည်းခံ၍ ကစားပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနိုးဆော်အပ်ပါသည်ခင်ဗျာ။

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

ယနေ့ ၂၇.၇.၂၀၂၆ ရက်နေ့ တနင်္လာနေ့တွင်ရန်ကုန်ဂေါက်ကွင်း၏ ဂေါက်ကလပ်တွင် ရန်ကုန်ဂေါက်ကွင်းမိသားစုများစုပေါင်းပြုလုပ်သောဝါဆို...
27/07/2026

ယနေ့ ၂၇.၇.၂၀၂၆ ရက်နေ့ တနင်္လာနေ့တွင်

ရန်ကုန်ဂေါက်ကွင်း၏ ဂေါက်ကလပ်တွင် ရန်ကုန်ဂေါက်ကွင်းမိသားစုများစုပေါင်းပြုလုပ်သော

ဝါဆိုသင်္က္ကန်းကပ်လှူပူဇော်ပွဲအား နံနက် ၀၅:၃၀ ချိန်တွင် သံင်္ဃာ ၅ ပါးပင့်ဆောင်၍

ဝါဆိုသင်္က္ကန်း ဝတ္တုနှင့် လှူဖွယ်မျိုးစုံတို့အား ဆပ်ကပ်လှူဒါန်းခဲ့ပြီး အာရုဏ်ဆွမ်းကပ်လှူ ပူဇော်ခဲ့ကြပါသည်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ယင်းနောက် ရန်ကုန်ဂေါက်ကွင်းဝန်ထမ်းမိသားစုများ ကယ်ဒီမိသားစုများအား မုန့်ဟင်းငါးဖြင့်ဧည့်ခံကျွေးမွေးပြီး

နံနက် ၀၇:၀၀ ချိန်မှ ၀၉:၀၀ ချိန်ထိ မင်းကွန်းဆရာတော်ကြီး၏တရားဒေသနာတော်အား ကွင်းအတွင်းဖွင့်လှစ်ကာ မြင်အပ် မမြင်အပ်သောပုဂိုလ်များအားလုံးအား အမျှပေးဝေ ခဲ့ကြပါသည်ခင်ဗျာ။

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

(၁၉) ဇူလိုင် – ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစာလွှာယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှ...
19/07/2026

(၁၉) ဇူလိုင် – ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစာလွှာ

ယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်အပေါင်းတို့၏ ကျေးဇူးတရားကို အောက်မေ့သတိရရမည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်အပေါင်းတို့အား Yangon Golf Club မိသားစုမှ လေးနက်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်။

၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို အစဉ်အမြဲ ဂုဏ်ယူအောက်မေ့လျက် ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုး သာယာဝပြောသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အသစ်ကြီး ဖြစ်ပေါ်လာစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

“အာဇာနည်အပေါင်းတို့အား အလေးပြုပါ၏။”

Yangon Golf Club
19 July – Martyrs’ Day 🇲🇲

21/06/2026

🌬️ အေးမြသန့်ရှင်းတဲ့ ပတ်ဝန်းကျင်အတွက် 🌬️

Yangon Golf Club တွင် ဧည့်သည်တော်များ ပိုမိုသက်သောင့်သက်သာရှိစေရန် ယင်ကောင်များ အနှောင့်အယှက်မဖြစ်စေရေးအတွက်

(Fly Repellent Fan) များကို ထားရှိအသုံးပြုလျက်ရှိပါသည်။

သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဝန်ဆောင်မှုအရည်အသွေးကို အစဉ်အမြဲ ဦးစားပေးဆောင်ရွက်နေသော Yangon Golf Club မှ

ဧည့်သည်တော်များအား ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

လေးစားလျှက်

ရန်ကုန်ဂေါက်ကွင်းမိသားစု

Address

Kha Yae Pin Street, Danyingone Ward, Insein Tsp
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959260777228

Alerts

Be the first to know and let us send you an email when Yangon Golf Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Golf Club:

Shortcuts

Share