13/10/2021
ဖက်တီးကြီး ဖြစ်လို့ အနားယူသွားတာလား တချိန်က ပရီးမီးယားလိဂ်က အရည်အသွေးရှိ ကစားသမား ...
ဆမ်မီးရ် နာဆရီ - တချိန်က ပရီးမီးယားလိဂ်မှာ အာဆင်နယ် ကွင်းလယ်ဖန်တီးရှင် တဦးပါ။ အာဆင်နယ်မှာ ဖာဘရီဂတ်-နာဆရီ တွဲလုံးလေးတွေနဲ့ လှလှပပ ပုံဖော်ကစားခဲ့ဟန်တွေက အရသာရှိခဲ့လှပါတယ်။
အဲ့ဒီနောက် နာဆရီဟာ အာဆင်နယ်ကို ခြေစုံကန်၊ ငွေပုံပေးတဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းတွေ တစနဲ့ တစ ကျဆင်းလာပါတော့တယ်။
အဲ့ဒီနောက် စပိန်ကလပ် ဆီဗီလာ၊ တူရကီ အသင်းငယ်လေး အန်တယ်ယာစပေါ တို့အထိ ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးဇာတ်ခုံပေါ်ကနေ တဖြည်းဖြည်း မှေးမှိန်လာပါတယ်။
ဒီကြားထဲ ဆေးစစ်ရာမှာ မူးယစ်ဆေး တွေ့ရှိခဲ့လို့ တနှစ် ဘောလုံးကစားခြင်းကနေ ပွဲပယ်ခံရပါတယ်။
အဲ့ဒီနောက် အင်္ဂလန်မြေက ဝက်စ်ဟမ်းဆီ ၆ လကြာ ပြန်လာခဲ့ပေမယ့် ဘာခြေစွမ်းမှ မကျန်တော့ပါဘူး။ နောက်ဆုံးအနေနဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်မှာ ကစားပြီး ၂၀၂၀ ခုနှစ်မှာ ဘယ်အသင်းကမှ ခေါ်ယူခြင်း မရှိတော့ဘဲ ၂၀၂၁ စက်တင်ဘာ မှာတော့ ကစားသမားဘဝ အနားယူကြောင်း ပြောခဲ့ပါတယ်။
လက်ရှိ အနားယူချိန်မှာ နာဆရီရဲ့ အသက်ဟာ ၃၄ နှစ်သာ ရှိသေးပါတယ်။ ၂၀၁၀ ရဲ့ ပြင်သစ်အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တဲ့ နာဆရီက အခုချိန်မှာတော့ ပုံထဲကအတိုင်း ဖက်တီးကြီး ဖြစ်နေပါပြီ။
သူသာ အာဆင်နယ်ကို ခြေစုံမကန်ခဲ့ရင် ငွေကြေးရဲ့နောက်ကို မလိုက်ခဲ့ရင် ဒီထက်ပိုအဆင့်မြင့်တဲ့ ပိုခမ်းနားတဲ့ ဘောလုံးသမားတဦး ဖြစ်ခဲ့လေမလား ...