BDCT - Burma Di Classico Times

BDCT - Burma Di Classico Times Love Jersey Join BDCT

တော်ပါတော့......အဲဗာရက်ကိစ္စကတော့ တကယ်တော်သင့်ပါပြီလက်ရှိ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ပါအဲဗာရက် က တီကိုမှာ ဆက်နေဖိ...
29/08/2026

တော်ပါတော့......

အဲဗာရက်ကိစ္စကတော့ တကယ်တော်သင့်ပါပြီ

လက်ရှိ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ပါ
အဲဗာရက် က တီကိုမှာ ဆက်နေဖို့တောင် ခက်ခဲတဲ့အနေထားရောက်နေသူဖြစ်တယ်
ပြောချင်တာ တီကို ရော အဲဗာရက် ရော တိုင်ပတ်နေတာ
အာဆင်နယ်ကခေါ်မယ်ဆို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့စံချိန်တင် လုပ်ခလစာပေးရမှာပါ
အာဆင်နယ်လိုအသင်းရဲ့သမိုင်းတလျောက် စံချိန်တင်‌ေပြာင်း‌ ရွှေ့ကြေးနဲ့ ခေါ်ယူတဲ့ ကစားက အသင်းကိုမလာချင်ပဲ မဖြစ်လို့သာလာရတဲ့ အဲဗာရက် လိုကစားသမားတော့ မဖြစ်စေချင်ပါ
အဲဗာရက်ကြိုက်လားဆို ကြိုက်ပါတယ်
သို့သော် အသင်းကို မလာချင်လိူ့ နောက်ဆုံးချိန်ထိငြင်းနေတဲ့ သူမျိုးကိုတော့ တာ့တာ ပါ
အဲဗာရက်သည် မက်ဆီ မဟုတ်သလို ရော်နယ်ဒို လဲဟုတ်မနေပါ
..ထို့ကြောင့် အဲဗာရက် ကိစ္စ ဒီမှာတင်ရပ်သင့်ပါပြီ....

Breaking!!!လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကို နယူးကာဆယ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဂွမ်မာရက်စ် ရောက်ရှိလာပါပ...
05/08/2026

Breaking!!!

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကို နယူးကာဆယ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဂွမ်မာရက်စ် ရောက်ရှိလာပါပြီ

Gunners Era Soon..

ဂိုဒေါင်ရှင်း fan version 10000နဲ့​ ရမယ်​အမျိုးတို့Cb မှာ​မေးလို့​ရပါတယ်​ 👋
02/08/2026

ဂိုဒေါင်ရှင်း fan version 10000နဲ့​ ရမယ်​အမျိုးတို့
Cb မှာ​မေးလို့​ရပါတယ်​ 👋

အာဆင်နယ်ဖန်တွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိတဲ့ အခိုက်အတန့်
02/08/2026

အာဆင်နယ်ဖန်တွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိတဲ့ အခိုက်အတန့်

ဒီဘဲလဲ UCLမရဖူးဘူး 🤭
20/07/2026

ဒီဘဲလဲ UCLမရဖူးဘူး 🤭

14/07/2026

ပေးဂိုး၁ဂိုးသာရှိသေးတဲ့ စပိန်နဲ့ သွင်းဂိုး ၁၆ဂိုးနဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ ပြင်သစ်အသင်း 🤔

10/07/2026

Spain leagueက Belgium Leagueထက်ကောင်းတယ်ဆိုပေမယ့်
Spain ဟာ Belgium လောက်တော့ ...

09/07/2026

ပါရာဂွေးကကောင်တွေ ပြင်သစ်ကို ရှယ်လူချတာကို ဒိုင်ကဘာလို့ရပ်ကြည့်နေခဲ့တာလဲ? 🤔

06/07/2026

ခင်ဗျားတို့ရော ဒီညက The Last dance ဖြစ်သွားမယ်ထင်လား

ဘောလုံးလောကမှာ နည်းပြတချို့ဟာ ဖလားပေါင်းများစွာ ဆွတ်ခူးထားလို့ နာမည်ကြီးလာကြသလို၊ တချို့ကတော့ ထူးထူးခြားခြား အောင်မြင်မှ...
05/07/2026

ဘောလုံးလောကမှာ နည်းပြတချို့ဟာ ဖလားပေါင်းများစွာ ဆွတ်ခူးထားလို့ နာမည်ကြီးလာကြသလို၊ တချို့ကတော့ ထူးထူးခြားခြား အောင်မြင်မှုမရှိပေမယ့် အမြဲတမ်း အသင်းကြီးတွေက အခွင့်အရေးပေးခံနေရတာမျိုးလည်း ရှိပါတယ်။

ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ ဒုတိယအမျိုးအစားထဲမှာ ပါဝင်နေတဲ့ နည်းပြတစ်ယောက်ပါ။

မာတီနက်ဇ်ရဲ့ နည်းပြဘဝကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလန်မှာ အသင်းငယ်တွေကို ကိုင်တွယ်ခဲ့ပြီး Wigan နဲ့အတူ FA Cup တစ်လုံးကလွဲရင် ထင်ရှားတဲ့ ဆုဖလားတွေ မရှိခဲ့ပါဘူး။

Wigan၊ Everton စတဲ့အသင်းတွေမှာ ကစားပုံလှပေမယ့် ခံစစ်ပိုင်းအားနည်းတဲ့ နည်းပြအဖြစ် လူသိများခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ သူ့အတွက် အကြီးမားဆုံး အခွင့်အရေး ရောက်လာပါတယ်။ အဲဒါကတော့ ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက် ကို ကိုင်တွယ်ခွင့်ရခဲ့တာပါ။

Kevin De Bruyne၊ Eden Hazard၊ Romelu Lukaku၊ Thibaut Courtois၊ Vincent Kompany စတဲ့ ကမ္ဘာ့အဆင့်ကြယ်ပွင့်တွေ ပြည့်နေတဲ့ အသင်းကို ရခဲ့ပေမယ့် မာတီနက်ဇ် လက်ထက်မှာ ဘယ်လ်ဂျီယံဟာ မျှော်လင့်ထားတဲ့ ကမ္ဘာ့ဖလား၊ ယူရိုဖလား တစ်လုံးမှ မရခဲ့ပါဘူး။

2018 ကမ္ဘာ့ဖလားမှာ တတိယနေရာရခဲ့တာက သူ့ရဲ့ အကောင်းဆုံးရလဒ်ဖြစ်ပြီး၊ 2020 ယူရိုမှာ ကွာတားဖိုင်နယ်၊ 2022 ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်ကနေတောင် မတက်နိုင်ဘဲ ရွှေရောင်မျိုးဆက်ရဲ့ အိပ်မက်ကို အဆုံးသတ်စေခဲ့ပါတယ်။

ဘယ်လ်ဂျီယံကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ မာတီနက်ဇ်ဟာ နောက်ထပ် အံ့ဩစရာ အခွင့်အရေးတစ်ခု ထပ်ရခဲ့ပါတယ်။

အဲဒါကတော့ ပေါ်တူဂီလက်ရွေးစင်အသင်း ကို ကိုင်တွယ်ခွင့်ပါ။

ဒီအချိန်က ပေါ်တူဂီအတွက် အရေးကြီးဆုံးကာလဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်လာနိုင်သလို၊ Bruno Fernandes၊ Bernardo Silva၊ Rafael Leão၊ Vitinha၊ João Neves စတဲ့ မျိုးဆက်သစ်တွေ အကောင်းဆုံးအရွယ်ကို ရောက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ အောင်မြင်မှုကြီးကြီးမားမား မရှိတဲ့ နည်းပြတစ်ယောက်ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာ အခုထိ ဆွေးနွေးစရာ ဖြစ်နေဆဲပါ။

မာတီနက်ဇ်ကို ယုံကြည်တဲ့သူတွေကတော့ သူဟာ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းတယ်၊ တိုက်စစ်ဦးစားပေး ဘောလုံးကစားစေတယ်၊ အသင်းအတွင်း စည်းလုံးမှုအားကောင်းအောင် ထိန်းနိုင်တယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ သူ့ရဲ့ အားနည်းချက်တွေက ဘယ်လ်ဂျီယံလက်ထက်ကလိုပဲ မပြောင်းလဲသေးဘူးလို့ မြင်ကြပါတယ်။

အရေးကြီးပွဲတွေမှာ နည်းဗျူဟာအပြောင်းအလဲ နှေးကွေးတာ၊ ခံစစ်ဖွဲ့စည်းပုံ မတည်ငြိမ်တာနဲ့ ပွဲအတွင်း ဖတ်ရှုနိုင်စွမ်းအပေါ် မေးခွန်းထုတ်ခံနေရဆဲ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်မှာလည်း ပေါ်တူဂီဟာ အနိုင်တွေ ရနေသော်လည်း ကစားပုံအရ ပရိသတ်တွေကို အပြည့်အဝ ကျေနပ်စေတယ်လို့ ပြောဖို့ ခက်နေဆဲပါ။

အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိပေမယ့် အသင်းလိုက်ကစားပုံက အားရစရာ မဖြစ်သေးဘူးဆိုတဲ့ အသံတွေ ထွက်နေပါတယ်။

အခုတော့ မာတီနက်ဇ်ရဲ့ ရှေ့မှာ အကြီးမားဆုံး စမ်းသပ်မှု ရောက်လာပါပြီ။

သူ့ရဲ့ မွေးရပ်မြေ စပိန် အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စပိန်ဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံထားရပြီး ကစားပုံ၊ နည်းဗျူဟာ၊ အသင်းလိုက်ညီညွတ်မှု အားလုံးက အထင်ကြီးစရာ ဖြစ်နေပါတယ်။

ဒီပွဲဟာ ပေါ်တူဂီအတွက်သာမက မာတီနက်ဇ်ရဲ့ နည်းပြဘဝကို သက်သေပြရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံမှာ လက်လွတ်ခဲ့တဲ့ အခွင့်အရေးတွေကို ပေါ်တူဂီမှာ ပြန်လည်အကောင်အထည်ဖော်နိုင်မလား၊ ဒါမှမဟုတ် "အသင်းကြီးကို ကိုင်တွယ်ခွင့်ရပေမယ့် အောင်မြင်မှုမယူနိုင်တဲ့ နည်းပြ" ဆိုတဲ့ ဝေဖန်မှုတွေကိုပဲ ထပ်ပြီး ကြားရဦးမလား...
အဖြေကိုတော့ စပိန်နဲ့ ရင်ဆိုင်ရမယ့် မိနစ် ၉၀ ကပဲ ပြောပြပေးသွားပါလိမ့်မယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when BDCT - Burma Di Classico Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BDCT - Burma Di Classico Times:

Shortcuts

Share

Category