Football Symphony

Football Symphony Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Football Symphony, Sports, 12, Yangon.
(3)

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရိုလာကိုစတာဖြစ်ခဲ့တဲ့ပွဲပါပဲ။ လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ပြသတဲ့ ခြေစွမ်းမျိုးကို ယူန...
17/01/2025

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရိုလာကိုစတာဖြစ်ခဲ့တဲ့ပွဲပါပဲ။ လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ပြသတဲ့ ခြေစွမ်းမျိုးကို ယူနိုက်တက်တို့ ဒီပွဲမှာ မပြသနိုင်ခဲ့ဘဲ ကံဆိုးရင် ဆောက်သမ်တန်ကို ဂိုးပြတ်ရှုံးသွားနိုင်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပထမပိုင်းမှာလည်း ထောင့်ကန်ဘောကနေ အူဂါတေးနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် တောက်လျှောက် ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်တို့ ရှုံးပွဲတွေ့ပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် (၈၂) မိနစ်မှာတော့ အာမတ်က ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

မိနစ် (၉၀) မှာတော့ အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကနေ အာမတ်က ကြုံသလို ကန်သွင်းရင်း ဦးဆောင်ဂိုးရခဲ့သလို နောက် (၄) မိနစ်မှာတော့ ပြိုင်ဘက်နောက်ခံလူကို သူကိုယ်တိုင်ဖိအားပေးပြီး ရလာတဲ့ ဘောလုံးကို အာမတ်က ဂိုးလွတ်ကြီးထဲ ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ချီးကျူးရမှာက အမော်ရင်ရဲ့ လူစားလဲမှုတွေပါပဲ။ အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ လုပ်ခဲ့ပြီး ဒါတွေက အသင်းကို ချက်ချင်းအကျိုးပြုစေခဲ့ပါတယ်။ အန်တိုနီ၊ ဇက်ဇီ၊ အဲရစ်ဆင်တို့ကို ထည့်လိုက်တာက ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပြီး (၂၀၂၅) ရဲ့ ပထမဆုံး အိမ်ကွင်းပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့ပါတယ်။

ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဘာယင်ဒါ 🧤🔴• ပင်နယ်တီ ၂ ကြိမ် ကာကွယ်• အရေးပါတဲ့ ကာကွယ် မှု - ၆ ကြိမ်• ပွဲစဉ်ရဲ့အကောင...
13/01/2025

ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဘာယင်ဒါ 🧤🔴

• ပင်နယ်တီ ၂ ကြိမ် ကာကွယ်
• အရေးပါတဲ့ ကာကွယ် မှု - ၆ ကြိမ်
• ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု

နိုင်ငံတကာရှိ ဘောပွဲတွေကို ပထမပိုင်း / ဒုတိယပိုင်း သီးသန့်ကစားလို့ရတဲ့ 𝐌𝐨𝐮𝐧𝐠𝟓𝟓𝟔 ဆော့ဝဲလ်ကို 𝟓 နှစ်တိုင်တိုင်နာမည်ပျက်မရှ...
13/01/2025

နိုင်ငံတကာရှိ ဘောပွဲတွေကို ပထမပိုင်း / ဒုတိယပိုင်း သီးသန့်ကစားလို့ရတဲ့ 𝐌𝐨𝐮𝐧𝐠𝟓𝟓𝟔 ဆော့ဝဲလ်ကို 𝟓 နှစ်တိုင်တိုင်နာမည်ပျက်မရှိပဲ 𝟐𝟒 နာရီ ဝန်ဆောင်မူပေးပြီး ငွေကြေးယုံကြည်စိတ်ချရတဲ့ 𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 ( 𝐒𝐇 𝐒𝐩𝐨𝐫𝐭𝐬 )ဆီမှာ ဆော့ကစားလို့ရနေပါပြီဗျို့😘

အကောင့်သစ် ၁၀ % ဘောနပ် ရပါမယ်ဗျ✅

𝐌𝐨𝐮𝐧𝐠𝟓𝟓𝟔…ကစားရန် 👇👇👇

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦/𝐕𝐢𝐛𝐞𝐫-𝟎𝟗𝟖𝟖𝟓𝟓𝟓𝟓𝟑𝟏𝟏 ကိုဆက်သွယ်ပါ😘

အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့် ကို ခေါ် ယူရန် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်...
10/01/2025

အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့် ကို ခေါ် ယူရန် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းရဲ့ နောက်ပိုင်း ပွဲစဉ် တွေ
မွာ ကစားခွင့် မရေတာ့ပဲ အသင်းကနေ ရောင်းထုတ် ဖို့ ပြင်ဆင် နေတယ်လို့လည်း သတင်းထွက်နေတာပဲ ဖြစ်ပါတယ်

Credit

"အချက်အလက်တွေအရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်"လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွ...
07/01/2025

"အချက်အလက်တွေအရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်"

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်တိုက်စစ် ကစားသမားတွေအဖြစ် ဒီဘရိုင်း၊ ဘရူနိုနဲ့ အိုဒီဂတ်တို့ကို ထိပ်ဆုံးကနေ သတ်မှတ်ထားကြပါတယ်။
ဒီဘရိုင်းကတော့ ခြွင်းချက်မရှိ အကောင်းဆုံးကစားတစ်ယောက်ဆိုပေမယ့် ယခုနှစ်ရာသီမှာ ပြသထားတဲ့ စွမ်းဆောင်ရည်တွေအရ ဘရူနိုကို အကောင်းဆုံးလို့ သတ်မှတ်ရမယ့် အနေအထားပါ။
ဒီကစားသမား (၃) ယောက်ရဲ့ ပြိုင်ပွဲစုံ စွမ်းဆောင်ရည်တွေကို ကြည့်လိုက်မယ်ဆိုရင်

ဒီဘရိုင်းက (၂) ဂိုးသွင်း- (၃) ကြိမ် ဖန်တီး၊
ဘရူနိုက (၄) ဂိုးသွင်း- (၆) ကြိမ်ဖန်တီး၊
အိုဒီဂတ်က (၁) ဂိုးသွင်း- (၄) ကြိမ်ဖန်တီး

ဒီအချက်အလက်တွေအရ ဘယ်သူက အကောင်းဆုံးကစားသမားလဲဆိုတာ ငြင်းစရာမလိုလောက်တော့ဘူး ထင်ပါတယ်။

မနေ့က ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ နောက်ဆုံးမိနစ် အခွင့်အရေး လွဲချော်မှုပါ။ ဇက်ဇီ ခင်းပေးလိုက်တဲ့ ဘောလုံးကို မက်...
06/01/2025

မနေ့က ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ နောက်ဆုံးမိနစ် အခွင့်အရေး လွဲချော်မှုပါ။ ဇက်ဇီ ခင်းပေးလိုက်တဲ့ ဘောလုံးကို မက်ဂွိုင်းရား ကန်ခွင့်ရခဲ့ပေမယ့် ဘောလုံးက ခြေသလုံးနဲ့ ထိပြီး မိုးပေါ် ထောင်တက်သွားခဲ့ပါတယ်။

အချိန်ပို (၇) မိနစ် ပေးထားချိန်မှာ နောက်ဆုံးမိနစ်အတွင်း ရရှိခဲ့တဲ့ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာ ယူနိုက်တက်အတွက်တော့ တကယ်ကို နစ်နာခဲ့ပါတယ်။ လီဗာပူး ကစားသမားနှစ်ယောက်ကလည်း ဂိုးရှေ့မှာ ပိတ်ထားပေမယ့် ထိချက်သာ မှန်ခဲ့ရင် ဂိုးနိုင်ခြေရှိခဲ့တာပါ။

ဒါပေမယ့် ဒီဂိုးက ဝင်သွားရင်တော့ VAR ကို သေသေချာချာ ပြန်ကြည့်ရမယ့် အနေအထားမျိုးဖြစ်ပြီး မက်ဂွိုင်းရားအတွက် ခင်းပေးတဲ့ ဇက်ဇီတစ်ယောက် လူကျွံအနေအထားမျိုးမှာ ရောက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီရလဒ်ကတော့ မန်ယူနိုက်တက်ဖန်တွေတောင် မျှော်လင့်ထားကြမယ်မထင်ပါဘူး ။ လီဗာပူးကွင်းမှာ မရှုံးလိုက်ရတာနဲ့တင် ရလဒ်က ကျေနပ်စရာဖ...
06/01/2025

ဒီရလဒ်ကတော့ မန်ယူနိုက်တက်ဖန်တွေတောင် မျှော်လင့်ထားကြမယ်မထင်ပါဘူး ။ လီဗာပူးကွင်းမှာ မရှုံးလိုက်ရတာနဲ့တင် ရလဒ်က ကျေနပ်စရာဖြစ်ခဲ့မှာပါ ။ အမှတ်ပေးဇယားအနေအထားကတော့ အများကြီးကြိုးစားရဦးမှာပါ ။ ဘာပဲဖြစ်ဖြစ် အခုညရလဒ်က မန်ယူနိုက်တက်ဖန်တွေကို ပျော်ရွှင်စေခဲ့သလို အချို့ကိုလည်း ပျော်ရွှင်ရစေခဲ့ပါတယ် ။

Premier League
Full Time:

Liverpool 2-2 Man UTD

ပြင်သစ်ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို ခေါ်ယူရန် ချိတ်ဆက်မှုများ ရှ...
04/01/2025

ပြင်သစ်ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို ခေါ်ယူရန် ချိတ်ဆက်မှုများ ရှိနေပြီ ဖြစ်ပါတယ် 🇫🇷🔴

[ESPN]

ဇန်နဝါရီ အပြောင်းအရွေ့မှာ အခြားကလပ်အသင်းများနဲ့ အကြိုသဘောတူ စာချုပ်ချုပ်ဆိုနိုင်မည့် မန်ယူနိုက်တက်ကစားသမားများစာရင်း- အာ...
03/01/2025

ဇန်နဝါရီ အပြောင်းအရွေ့မှာ အခြားကလပ်အသင်းများနဲ့ အကြိုသဘောတူ စာချုပ်ချုပ်ဆိုနိုင်မည့် မန်ယူနိုက်တက်ကစားသမားများစာရင်း

- အာမက်ဒီယာလို 🇨🇮
- ဟယ်ရီမက်ဂွိုင်းယား 🏴󠁧󠁢󠁥󠁮󠁧󠁿
- အဲရစ်ဆင် 🇩🇰
- ဗစ်တာလင်ဒီလော့ဖ် 🇸🇪
- ဂျွန်နီအီဗန် 🇮🇪
- တွန်ဟီတန် 🏴󠁧󠁢󠁥󠁮󠁧󠁿

ဘောလုံးအားကစားသမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်မာဒီရာဆိုတဲ့ ကျွန်းမြို့လေးကနေ ဘောလုံးစင်မြင့်ထက်မှာ ထွန်းတောက်ခဲ့သူက...
02/01/2025

ဘောလုံးအားကစားသမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်

မာဒီရာဆိုတဲ့ ကျွန်းမြို့လေးကနေ ဘောလုံးစင်မြင့်ထက်မှာ ထွန်းတောက်ခဲ့သူ

ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အသင်းလိုက်ဆုတွေ ၊ တစ်ဦးချင်းဆုတွေ ၊ ရွှေဖိနပ်ဆုတွေ ရယူနိုင်ခဲ့သူ

ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့သူ

အကောင်းဆုံး နောက်တန်းကစားသမားတွေရှိတဲ့ စီးရီးအေလို နေရာမှာ ဂိုးရာချီသွင်းယူခဲ့သူ

ညာသန်ကစားသမား ဖြစ်ပေမယ့် ဘယ်ခြေနဲ့ ဂိုးရာချီသွင်းယူထားသူ

Headed goal ပေါင်းများစွာ သွင်းယူထားခဲ့သူ

ပြင်းပြတဲ့နိုင်လိုစိတ်နဲ့ အံ့ဖွယ် comebcak ပွဲပေါင်းများစွာ ကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖြစ်စေခဲ့သူ

ပေါ်တူဂီအသင်းတခါမှ မရရှိဖူးတဲ့ ဆုဖလားတွေကို ၂ ကြိမ်တိုင်ရယူပေးခဲ့သူ ၊ အသင်းရဲ့ မှတ်တမ်းများစွာကို စံချိန်သစ်ရေးထိုးခဲ့သူ

ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားလို့ ပြောစမှတ်ပြုကြတဲ့ လီယွန်နယ် မက်ဆီ နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ဆုတွေ ရယူနိုင်ခဲ့သူ

ဂိုးသွင်းရတာကို နှစ်သက်တဲ့ ဘောလုံးသမားတိုင်းအတွက် ကဏ္ဍတိုင်းမှာ စံပြုရလောက်တဲ့ ကစားသမား . . .

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ၂၀၂၄ ကို သွင်းဂိုးပေါင်းများစွာ နဲ့ အောင်မြင်စွာ နှုတ်ဆက်ခဲ့ပါပြီ

TRANSFER NEWS ‼️ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ဇစ်ခ်ခီးကို အငှားနဲ့ ခေါ်ယူဖို့ ယူနိုက်တက်အသင်းနှင့် သဘောတူညီမှု ရရှိရန်...
01/01/2025

TRANSFER NEWS ‼️

ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ဇစ်ခ်ခီးကို အငှားနဲ့ ခေါ်ယူဖို့ ယူနိုက်တက်အသင်းနှင့် သဘောတူညီမှု ရရှိရန် အလွန်နီးစပ်တဲ့ အနေအထားရောက်ရှိနေပြီဖြစ်ပါတယ် ။

ဂျူဗင်တပ်အနေနဲ့ ရာသီကုန်ရင် ချန်ပီယံလိဂ်၀င်ခွင့် ရရှိပါက အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့အချက် စာချုပ်ထဲမှာ ထည့်သွင်းသွားမယ်လို့ သိရပါတယ် ။

Address

12
Yangon
39

Alerts

Be the first to know and let us send you an email when Football Symphony posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Football Symphony:

Share

Category