10/08/2019
ထွန်းထွန်းမင်းကတော့ တရားဝင်စိန်ခေါ်လိုက်ပြီ
ဒေ့ဗ်(ခေါ်)ဒေဝကို တရားဝင်စိန်ခေါ်ခြင်း
ကျနော် ဒေဝနဲ့သုံးကြိမ်တိုင်တိုင်ထိုးခဲ့ဖူးပါတယ်
နှစ်ပွဲကသရေဖြစ်ပြီး တစ်ပွဲမှာတော့ ကျနော့်ဒူး အရွတ်ပြတ်ပြီး ရှုံးခဲ့ဖူးပါတယ် ကျနော့်ခြေထောက်ကအရင်လောက်ပြန်မရတော့ပေမဲ့ အရင်လောက်နီးနီးပြန်ရအောင်တော့ ကျနော်ကြိုးစားလေ့ကျင့်ယူထားပါတယ်
ပရိတ်သတ်တွေအတွက် ဒီပွဲရဲ့အဖြေကိုပြတ်ပြတ်သားသားဖြစ်စေချင်တာရယ် ကျနော်ရဲ့အိမ်မက်တစ်ခုကို အကောင်ထည်ဖော်ချင်တာရယ် အဲ့အတွက်ကြောင့်ကျနော် ဒေ့ဗ်(ခေါ်)ဒေဝ ကိုနောက်ဆုံးအကြိမ်အနေနဲ့ ဘယ်သူရှုံးရှုံး ဘယ်သူနိုင်နိုင် ပြတ်ပြတ်သားသားဖြစ်သွားအောင်( ၃မိနစ် ၅ ချီထိုးပြီး အရှုံး အနိုင်မပေါ်မခြင်း ၅မိနစ် ၅ ချီအထိ)ထိုးချင်ပါတယ် အမှတ်ပေးစနစ်မပါပဲ အရှုံးအနိုင်ပေါ်တဲ့အထိထိုးချင်ပါတယ်
ကျနော်ရဲ့ဖြစ်ချင်တဲ့ ဆန္ဒနဲ့စိန်ခေါ်လိုက်တာပါ ဘယ်အဖွဲ့အစည်း ဘယ်မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှမပါပဲ တရားဝင်စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်
ပရိတ်သတ်အားလုံးကို ချစ်ခင်လေးစာလျှက်