17/04/2025
မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်မောင်မောင်လွင်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က ရွေးချယ်ခဲ့ပါတယ်။
လာမယ့် မေလ ၂၈ ရက်မှာ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အာဆီယံ ညွန့်ပေါင်း ASEAN-All Stars တို့ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။
ဒီခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်ကို အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF ကမြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ် ခဲ့တာဖြစ်ပါတယ်။
မောင်မောင်လွင်ဟာ လက်ရှိအချိန် ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC တွင် ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF ကထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံ ညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါတယ်။