UCSY Basketball Club

UCSY Basketball Club University's Basketball Club

04/12/2022

ကျောင်းသားများကိုသေဒဏ်စီရင်လျက်ရှိသော စစ်အာဏာရှင်၏ ကျွန်ပညာရေးစနစ်အောက်တွင် အမွေဆိုးခံယူပြီး ကျောင်းတက်လျက်ရှိ‌သော UCSY မှ ကျောင်းသားများက Basketball Activity များပြုလုပ်လျက်ရှိကြောင်းကြားသိရပါသည်။

ကျွန်တော်တို့ UCSY Basketball Club သည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကာ CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည့်အတွက် လက်ရှိ UCSY အမည်ဖြင့် ပြုလုပ်ဆောင်ရွက်နေသော Basketball activity အားလုံးသည် ကျွန်တော်တို့ page နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်းကြေငြာလိုက်ပါသည်။

တစ်ဆက်တည်းမှာ အာဏာတည်မြဲဖို့အတွက် ပညာရေးယန္တရားကို ဆက်လက်လည်ပတ်စေရန်နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းနေသော စစ်ကောင်စီ၏ ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဝမ်းနည်းကြေကွဲခြင်းကျွန်တော်တို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်သည် Covid-19 ရောဂါဖြင့် ယနေ...
30/07/2021

ဝမ်းနည်းကြေကွဲခြင်း

ကျွန်တော်တို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်သည် Covid-19 ရောဂါဖြင့် ယနေ့ ဇူလိုင်လ (၃၀) ရက်နေ့တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြောင်း ကြားသိရပါသည်။

ကျွန်တော်တို့ UCSY basketball club အနေဖြင့် ယခုဆုံရှူံးမှုအပေါ် များ စိတ်မကောင်းဖြစ်ပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။

တီချယ်ကြီး ကောင်းရာဘုံဘဝသို့ ရောက်ရှိရန် ကျွန်တော်တို့ UCSY basketball club အနေဖြင့် တောင်းဆုပြုအပ်ပါသည်။

အားလုံးပဲ မင်္ဂလာပါ !!! UCSY page လေးပြန်လာပါပြီခင်ဗျ😁။ ဒီတစ်ပတ်တော့ကျွန်တော်တို့ page က နေ basketball ရဲ့ယခုအသုံးပြုနေတ...
16/12/2020

အားလုံးပဲ မင်္ဂလာပါ !!! UCSY page လေးပြန်လာပါပြီခင်ဗျ😁။ ဒီတစ်ပတ်တော့ကျွန်တော်တို့ page က နေ basketball ရဲ့ယခုအသုံးပြုနေတဲ့ အခြေခံ rule တွေကို ပြောပြ ပေးမှာဖြစ်ပါတယ်ခင်ဗျာ🤗။ ဂိမ်းကစားနည်းတစ်ခုဆော့ပြီဆိုရင်တော့ သူ့ရဲ့အခြေခံ စည်းမျဉ်းတွေသိမှ မျှမျှတတနဲ့ဆော့နိုင်မှာဆိုတော့ အားလုံးအတွက်လည်း စိတ်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်ခင်ဗျ။ ပြောပြပေးသွားမယ့်ထဲမှာကစားနေကျလူတွေတောင် သိပ်မသိတာလေးတွေပါမယ်ထင်ပါတယ်။ အဓိကတော့ တစ်ခါမှမဆော့ဖူးသေးတဲ့ သူတွေအတွက်ရည်ရွယ်ပြီး ဒါလေးတွေမျှဝေလိုက်တာပါဗျ😉။ အပြည့်စုံကြီးတော့လည်းမဟုတ်ပါဘူး ဒါပေမယ့် ဒီဟာလေးတွေသိရင် အပျော်အပါးဆော့ကစားတာလောက်တော့ အဆင်ပြေသွားလောက်မယ်ထင်ပါတယ်ဗျ😆😁။

By VC & Yan


အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျ🤗။ အားလုံးကိုဗစ်ကပ်ကြီးနဲ့အိမ်ထဲမှာနေနေကြတာပျင်းနေမှာစိုးလို့ UCSY Basketb...
25/11/2020

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျ🤗။ အားလုံးကိုဗစ်ကပ်ကြီးနဲ့အိမ်ထဲမှာနေနေကြတာပျင်းနေမှာစိုးလို့ UCSY Basketball page ကနေ ဒီတစ်ပတ် မှာတော့ Street style နဲ့ basketball ကို art တစ်ခုလိုလှလှပပကစားတတ်တဲ့ ကစားသမားတစ်ယောက်ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျာ🤗။


🏀 The Birth of Basketball & It's Father 🏀 အားလုံးပဲ မင်္ဂလာပါဗျာ။ UCSY Basketball Page လေးရဲ့ fourth week တင်ဆက်မှုလေးပြ...
18/11/2020

🏀 The Birth of Basketball & It's Father 🏀

အားလုံးပဲ မင်္ဂလာပါဗျာ။ UCSY Basketball Page လေးရဲ့ fourth week တင်ဆက်မှုလေးပြန်လည်ရောက်ရှိလာပါပြီဗျ🤗။ ဒီတစ်ပတ်ကျွန်တော်တို့ ပြောပြပေးမဲ့အကြောင်းရာကတော့ Basketball ဆိုတဲ့ ကစားနည်း🏀 ကိုလောကကြီးထဲခေါ်ဆောင်လာပေးခဲ့တဲ့ ဖခင်ကြီး "Father of Basketball" ရဲ့ biography လေးနဲ့ basketball ကစားနည်းရဲ့ငယ်ဘဝအကြောင်းလေးပါ။ ဟုတ်ကဲ့ စာဖတ်သူတွေဖတ်မမှားပါဘူး basketball ကစားနည်းရဲ့ငယ်ဘဝလို့ပြောလိုက်တာပါဗျ😉။ ဒီကစားနည်းလေးကလည်းလူတွေလိုပဲ ငယ်ရာကနေတဖြေးဖြေး ကြီးလာပြီး လိုအပ်ချက်တွေ နဲ့ အဆင်မပြေမှုတွေကို တ​ဖြေးဖြေး ပြင်ဆင်လာခဲ့ရင်း evolve ဖြစ်လာခဲ့တာပါပဲ။ ဘာလို့လဲဆို သူကိုစစချင်း တီထွင်ခဲ့တုန်းကနဲ့ ခုလက်ရှိကစားနေကြတာနဲ့က တော်တော်လေးကွဲပြားခဲ့လို့ပါပဲ။ စိတ်ဝင်စားသွားပြီမလား သိချင်ရင် ဆက်ဖတ်သွားနော် 😝။ ဒါကြောင့် Basketball တို့သားအဖကြောင်းကို ကျွန်တော်တို့တတ်နိုင်သလောက်သေချာရှင်းပြထားပါတယ်ဗျ😁။

Authors: VC & Yan

​ရှေ့တစ်ပတ်ကတင်ထားတဲ့ NBA အကြောင်းနဲ့ Basketball Player Positions အကြောင်းလေးကိုအောက်က link မှာဝင်ဖတ်နိုင်ပါတယ်ဗျ😁။

https://m.facebook.com/story.php?story_fbid=203282514506090&id=105642030936806


🏀Baksetball Player Positions & About NBA🏀Hello guys! အားလုံးပဲမင်္ဂလာပါဗျ😁။ အားလုံးကျန်းကျန်းမာမာရှိကြရဲ့လား?🤗 ရှိပါစေလိ...
11/11/2020

🏀Baksetball Player Positions & About NBA🏀

Hello guys! အားလုံးပဲမင်္ဂလာပါဗျ😁။ အားလုံးကျန်းကျန်းမာမာရှိကြရဲ့လား?🤗 ရှိပါစေလို့လည်း ဆုတောင်းပေးပါတယ်ဗျာ🤗။ ဒီတစ်ပတ်ကျွန်တော်တို့ UCSY Basketball Page လေးကနေပြောပြသွားမှာကတော့ player position တွေနဲ့ NBA က term တချို့နဲ့ All-Star ပွဲအကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အကယ်၍ သူငယ်ချင်းတို့က Basketball ကစားတဲ့သူဆိုရင်တော့ basketball position တွေအကြောင်းကိုသိကိုသိမှရမှာပါဗျာ။ မဟုတ်ရင် ကိုစီးတဲ့မြင်း အထီးလား အမ လား မသိသလိုပဲ ကိုယ့်ရဲ့နေရာကိုယ်မသိပဲ ကွင်းထဲမှာယောင်တောင်တောင်ဖြစ်နေတော့မှာပါ။ ကစားရတာတော့မကြိုက်ဘူး ပွဲတွေတော့ကြည့်တယ်ဆိုရင်လည်း ဒါလေးတွေသိထားတော့ ကြည့်ရတာပိုနားလည်တာပေါ့ဗျ😉။

Authors: VC & Yan



🏀One of the greatest of all time basketball defenders (Scottie Pippen)🏀 Hola!  အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ Th...
04/11/2020

🏀One of the greatest of all time basketball defenders (Scottie Pippen)🏀

Hola! အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ Thathingyut Festival လေးဖြစ်ပါစေခင်ဗျ😁။ ပြီးတော့ပြီးသွားပြီဒါပေမယ့်ကျွန်တော်တို့ကခုမှတင်လို့ ခုမှပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ😁။ ကျွန်တော်တို့ UCSY Basketball Page ရဲ့ဒုတိယအပတ်တင်ဆက်မှုလေးပြန်လည်ရောက်ရှိလာပါပြီဗျ😁။ အရင်တစ်ခါက "GOAT" ကြီး Michael Jordan အကြောင်းတင်ဆက်ပြီးပြီ ဆိုတော့ ဒီတစ်ခါဘယ်သူ့အကြောင်းပြောပြမယ်ထင်လဲ 🤔မသိဘူးမလား🌚။ Jordan ကြီးရဲ့အအောင်မြင်မှုတွေ ကိုဖတ်ကြည့်ပြီးပြီးဆိုတော့ သူအဲ့လိုအောင်မြင်မှုတွေက သူ့တစ်ယောက်တည်း ကြိုးစားမှုသူ့ talent နဲ့ပဲရရှိခဲ့တယ်ထင်နေရင်တော့ မှားသွားမယ်နော်ဟင်းဟင်း။ Jordan အကြောင်းလေးမဖတ်ရသေးရင် အရှေ့တစ်ပတ်က post လေးမှာဝင်ဖတ်နိုင်ပါတယ်ဗျ link လေးချပေးထားတယ်😁။ Basketball ဆိုတာသာမန်အားဖြင့် 3 ယောက်တစ်ဖွဲ့ တို့ 5 ယောက်တစ်ဖွဲ့ တို့ကစားရတာမဟုတ်လားဗျ (1 on 1) ကတော့ခဏပယ်ထား😆 အဲ့လိုအုပ်စုလိုက်ကစားရတာဖြစ်တဲ့အတွက် အရေးကြီးဆုံးအရာတစ်ခုကဘာဖြစ်မယ်ထင်လဲဗျ။ ဟုတ်ပါတယ် team work ပါပဲ (အမယ်... ဖတ်တဲ့လူကဖြေမဖြေတော့မသိဘူး ကိုယ့်ပါကိုယ်မေး ကိုယ်ပါကိုဖြေလိုက်ပြီ Good!😆)။ ဒါကြောင့်ဒီတစ်ခါမှာတော့ Chicago Bulls ကြီးအောင်မြင်အောင် Jordan ကဦးဆောင်ခဲ့တာဟုတ်ပါတယ် ဒါပေမယ့်သူတစ်ယောက်တည်းနဲ့တော့ဒီလိုဖြစ်လာတာမဟုတ်ပါဘူး Jordan နဲ့အတူ Chicago Bulls ကို Champion အသင်းဖြစ်အောင် transform လုပ်ပေးခဲ့တဲ့ အဓိက ကစားသမားတွေ ရှိပါသေးတယ်ခင်ဗျာ။ အဲ့ဒီထဲက Scottie Pippen ဆိုသူကိုရွေးထားတာပဲ ဖြစ်ပါတယ်ခင်ဗျ😉။ ဒီ post လေးကိုလည်း ကျွန်တော်တို့ VC နဲ့ Yan တို့ ကပဲထပ်မံ ပြီးတင်ဆက်လိုက်ကြောင်းပါဗျ🤗။

ဒါလေးက ​ရှေ့တစ်ပတ်ကတင်တဲ့ Jordan post ရဲ့ link လေးပါခင်ဗျ။

https://m.facebook.com/story.php?story_fbid=199816741519334&id=105642030936806


The Greatest of All time Basketball Player (or) Michael Jordanအားလုံးပဲ မင်္ဂလာပါခင်ဗျာ ကိုဗစ်ကာလအတွင်း အိမ်ထဲအောင်းနေရလ...
28/10/2020

The Greatest of All time Basketball Player (or) Michael Jordan

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ကိုဗစ်ကာလအတွင်း အိမ်ထဲအောင်းနေရလို့ပျင်းနေကြပြီလားဗျ။ ကျွန်တော်တို့ UCSY Basketball page လေးကနေပြီး အိမ်မှာနေရင်း အပျင်းလည်းပြေ Baketball အကြောင်း ဗဟုသုတလေးလည်းဖတ်လို့ရအောင် Basketball ​နဲ့ပတ်သက်တဲ့အကြောင်းလေးတွေ တင်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ယခု ပထမဆုံး အပတ်အတွက်ကတော့ ကျွန်တော်တို့ ရဲ့ "GOAT"🐐🐐 ကြီး Michael Jordan အကြောင်းလေးကိုကျွန်တော်တို့သိလောက် ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ 😇။ တ​ ခြားသူငယ်ချင်းတွေလည်းဖတ်ရအောင် share ပေးလို့ရပါတယ်ဗျ။😁


Address

Yangon

Website

Alerts

Be the first to know and let us send you an email when UCSY Basketball Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category